ဝူဟန္တကၠသိုလ္ ျမန္မာေက်ာင္းသားေတြ အကူအညီလိုအပ္

(ဓါတ္ပံု-NICOLAS ASFOURI / AFP)
(Zawgyi/unicode)

Corona ဗိုင္းရက္စ္ ကူးစက္မႈအဆိုးဆံုးျဖစ္ေနတဲ့ တ႐ုတ္ႏိ္ုင္ငံဝူဟန္ၿမိဳ႕မွာ ျမန္မာေက်ာင္းသား ၆၀ ေလာက္ပိတ္မိေနၿပီး၊သက္ဆိုင္ရာအေနနဲ႔ သူတို႔အတြက္ စားေရးေသာက္ေရးနဲ႔ ေဆးဝါး အကူအညီေပးဖို႔ လိုလားတယ္လို႔ VOA ကို ေျပာပါတယ္။ ျမန္မာသံရံုးဘက္ကေတာ့ ဒီေက်ာင္းသားေတြကို ျပန္ေခၚယူႏိုင္ဖို႔ ႀကိဳးစားေနေပမယ့္၊ တ႐ုတ္ျပည္နယ္အာဏာပိုင္ေတြဘက္က ခြင့္မျပဳေသးတာေၾကာင့္ သူတို႔ ျပန္ခြင့္ မရၾကေသးပါဘူး။ ဝူဟန္ University of Technology က မဟာသိပၸံသင္တန္း တက္ေနတဲ့ ျမန္မာေက်ာင္းသား ကိုစည္သူထြန္း ကို မအင္ၾကင္းႏိုင္ ဆက္သြယ္ေမးျမန္းစဥ္ သူက အခုလိုစေျဖပါတယ္။

ဝူဟန္ေရာက္ ျမန္မာေက်ာင္းသားမ်ား ျပန္ေခၚေရး ညွိႏႈိင္းေဆာင္ရြက္ေန တဲ့သတင္းဖတ္ရႈႏိုင္ပါၿပီ။

ကိုစည္သူထြန္း ။ ။ က်ေနာ္တို႔က ႏိုင္ငံႀကီးေတြကို အားကိုးရမယ့္ အေျခအေနတခုေပါ့ေနာ္။ အားကိုးရမယ္ဆိုတာက က်ေနာ္တို႔က သူတို႔ကို အကူအညီေတာင္းတာမ်ိဳးမဟုတ္ပဲနဲ႔ သူတို႔ေခၚထုတ္ႏိုင္ရင္ က်ေနာ္တို႔ ျပန္ရမယ့္အေျခအေနမ်ိဳး ေရာက္ေနတာေပါ့ေနာ္။ ျမန္မာအစိုးရဘက္ကလည္း သံရံုးကေနတဆင့္ သူတို႔လုပ္တယ္ တျခားႏိုင္ငံေတြနည္းတူ က်ေနာ္တို႔ကို ေခၚထုတ္ဖို႔ ႀကိဳးစားေနတယ္။ ဒါေပမယ့္ ဒီဘက္က တရုတ္အစိုးရ ခ်မွတ္ထားတဲ့ Law ေတြအရ မည္သည့္ႏိုင္ငံျခားသားေတြကိုမဆို ထြက္ခြင့္မျပဳဘူးေပါ့ေနာ္။ လြန္ခဲ့တဲ့ ၂-၃ ရက္ကေနၿပီးေတာ့ သံရံုးေတြ ေတြ႔ဆံုပြဲမွာ ျပန္ေခၚဖို႔ကိစၥကို ျငင္းပယ္လိုက္တယ္ေပါ့ေနာ္။ ဒါေပမယ့္ ဒီ ၂ ရက္ေလာက္ၾကာၿပီးတဲ့အခ်ိန္မွာ မေန႔ညက ဂ်ပန္ေလယာဥ္ေတြ၊ အေမရိကန္ေလယာဥ္ေတြ ေရာက္တယ္လို႔ေျပာတယ္။ ႏိုင္ငံႀကီးေတြအေနနဲ႔ ဒီတရုတ္အစိုးရအေပၚ ဖိအားတခု ေပးေနတယ္လို႔ က်ေနာ္ထင္တယ္ဗ်။ သူတို႔အေနနဲ႔ သူတို႔ ႏိုင္ငံသားေတြကို ေခၚထုတ္ႏိုင္ၿပီဆိုရင္ ႏိုင္ငံတိုင္းကို ခြင့္ျပဳရမယ့္အေျခအေနတခု ေရာက္သြားမွာေပါ့ေနာ္။ သူတို႔ဦးေဆာင္ၿပီးေတာ့ ေခၚထုတ္ႏိုင္ၿပီဆိုရင္ က်ေနာ္တို႔လည္း ျပန္ဖို႔အခြင့္အလမ္းရွိလာမယ္လို႔ ထင္ပါတယ္။

၀ူဟန္ၿမိဳ႕ေရာက္ ႏုိင္ငံသားေတြ ျပန္ေခၚႏုိင္ေရး ႏုိင္ငံတခ်ဳိ႕ စတင္စီစဥ္ေနတဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

ေမး။ ။ တရုတ္ႏိုင္ငံမွာရွိတဲ့ ျမန္မာသံရံုးကေနၿပီးေတာ့ ဒီကိစၥကို ႀကိဳးပမ္းေနတဲ့အေပၚမွာ ဘယ္လိုျမင္သလဲရွင့္။

ကိုစည္သူထြန္း ။ ။ ထိထိေရာက္ေရာက္ေတာ့ သူတို႔လုပ္တယ္လို႔ က်ေနာ္ထင္တယ္။ ဒါေပမယ့္ သူတို႔လုပ္ႏိုင္တဲ့အတိုင္းအတာတခုထက္ ေက်ာ္ေနတဲ့ကိစၥတခုျဖစ္ေနတာေပါ့ေနာ္။

Coronavirus ေၾကာင့္ ေသဆုံးသူ ၁၃၀ ေက်ာ္ရွိေနတဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

ေမး။ ။ ၀ူဟန္မွာ ပိတ္မိေနတဲ့ ျမန္မာေက်ာင္းသားေတြအတြက္ကေရာ Coronavirus ေရာဂါ အႏၱရာယ္က်ေရာက္တဲ့အေျခအေနနဲ႔ ရင္ဆိုင္လိုက္ရတဲ့အတြက္ အဲဒီမွာရွိတဲ့ ျမန္မာေက်ာင္းသားေတြအတြက္ ဘယ္လိုအခက္အခဲေတြ ျဖစ္လာမလဲ ၊ ရင္ဆိုင္ရဖို႔ရွိသလဲ။

ကိုစည္သူထြန္း ။ ။ ၿမိဳ႕ကို သူတို႔ ရုတ္တရက္ပိတ္လိုက္တာေပါ့ေနာ္။ အဲလိုပိတ္လိုက္တဲ့အတြက္ က်ေနာ္တို႔ အဓိကအခက္အခဲကေတာ့ အစားအေသာက္ေတြ အမ်ားႀကီး၀ယ္လို႔ မရလိုက္ဘူး။ ေဆး၀ါးလည္း မ၀ယ္လိုက္ရဘူး။ ထြက္၀ယ္တဲ့အခ်ိန္မွာေတာင္မွ shortage ျဖစ္မွာဆိုးလို႔ ဆိုင္ေတြကေနၿပီးေတာ့ mask ေတြကို တေန႔ တခုပဲ ေရာင္းတဲ့အေျခအေနရွိတယ္။ အခုလံုး၀ ထြက္လို႔မရတဲ့အေျခအေနမွာ international dorm ေတြကို ေက်ာင္းေတြကေနၿပီးေတာ့ mask ကို support ေပးတာရွိတယ္။ အဓိကအခက္အခဲက အစားအေသာက္နဲ႔ ေဆး၀ါးအခက္အခဲ ႀကံဳခဲ့ရတယ္။ အခုလက္ရွိက ထပ္ၿပီးေတာ့ ပိတ္တာကဒီေန႔ ၂၉ ရက္ဆိုရင္ ၆ ရက္ရွိၿပီေပါ့ေနာ္။ ဒီေန႔ဆိုရင္ လံုး၀အျပင္မထြက္ဖို႔အတြက္ ညႊန္ၾကားထားတယ္။ ၿပီးေတာ့ ဒီေနာက္ ဘာျဖစ္မယ္ဆိုတာ က်ေနာ္တို႔ မွန္းလို႔မရေသးဘူးေပါ့ေနာ္ အဲဒီေတာ ့ျပန္ၿပီးေတာ့ ကုႏိုင္မယ့္ ကုထံုးတခုခုကို ေတြ႔တာပဲ ျဖစ္ျဖစ္ ၊ ေဆး၀ါးေတြ႔တာမ်ိဳးပဲျဖစ္ျဖစ္ ေတြ႔သြားခဲ့ရင္ေတာ့ အေကာင္းဆံုးေပါ့ဗ်ာ အဲဒီအေျခအေနကိုပဲ ေမွ်ာ္လင့္ေနရပါတယ္။

ေမး။ ။ အခုလိုအခက္အခဲေတြ ျဖစ္ေနတဲ့အေျခအေနမွာ အလိုအပ္ဆံုးအကူအညီကို ေပးႏိုင္ဖို႔ ျမန္မာအစိုးရကို တိုက္ရိုက္ေမတၱာရပ္ခံဖို႔ဆိုရင္ ဘယ္လိုအကူအညီက အေရးတႀကီးလိုအပ္ေနပါသလဲ။

ကိုစည္သူထြန္း ။ ။ ေလာေလာဆည္က က်ေနာ္တို႔က ျပန္ဖုိ႔ မျဖစ္ႏိုင္ေသးတဲ့အတြက္ အကူအညီေတာင္းခံရမယ္ဆိုရင္ေတာ့ အစားအေသာက္နဲ႔ လိုအပ္တဲ့ေဆး၀ါး အဲဒါေတြကေတာ ့က်ေနာ္အျမန္ဆံုးေရာက္လာေစခ်င္တယ္ခင္ဗ်။ ဘာလို႔လဲဆိုေတာ ့အခုေလာေလာဆည္ က်ေနာ္တို႔မွာ shortage က ေက်ာင္းသားေတြလက္ထဲမွာ ျဖစ္ေတာ့မွာ အဲဒီအတြက္ ေရွ႕ဆက္ၿပီးေတာ့ အခက္အခဲအမ်ားႀကီး ႀကံဳရမွာေပါ့ေနာ္ ၊ အျပင္ထြက္လို႔မရ ၀ယ္လို႔မရဘူးဆိုရင္ ။ အဲဒီေတာ့ က်ေနာ္တို႔ အစိုးရအေနနဲ႔ ဒီသတင္းေတြကို နားေထာင္ျဖစ္မယ္ က်ေနာ္တို႔အေျခအေနကို သိမယ္ဆိုရင္ က်ေနာ္တို႔ကို အစားအေသာက္ ေဆး၀ါးေလးေတြ အျမန္ဆံုးေရာက္ေအာင္ပို႔ဖို႔ ေတာင္းဆိုခ်င္ပါတယ္။ ဒါမွ က်ေနာ္တို႔ ေရွ႕ေလွ်ာက္ ေကာင္းေကာင္းမြန္မြန္ က်န္းက်န္းးမာမာနဲ႔ အသက္ရွင္ေနထုိင္ႏိုင္မွာေပါ့ေနာ္။

ေမး။ ။ coronavirus ျပန္႔ပြားလာတဲ့ ၀ူဟန္ၿမိဳ႕မွာ ကိုယ္က ေက်ာင္းသြားတက္ေနရတဲ့အခါက်ေတာ့ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ ကိုယ့္အေပၚကို ရိုက္ခတ္လာမယ့္အေျခအေနေတြေပါ့ေလ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈေတြေရာ ရွိေနပါသလားရွင့္။

ကိုစည္သူထြန္း ။ ။ ျမန္မာျပည္ထဲ ျပန္မ၀င္လာနဲ႔ ဆိုတာမ်ိဳးေတြ၊ ၿပီးေတာ့ အဲလိုေျပာဆိုတာမ်ိဳးလည္း ရွိတယ္ေပါ့ေနာ္။ ၿပီးေတာ့ ကိုယ့္ဟာကိုယ္ လွ်ာရွည္ၿပီး ေက်ာင္းသြားတက္တာတို႔ အဲလိုေျပာဆိုတာမ်ိဳးလည္း ရွိတယ္။ က်ေနာ္တို႔က ၂ ႏိုင္ငံ သေဘာတူညီခ်က္နဲ႔ Chinese Government scholarship ေပါ့ေနာ္၊ ၿပီးေတာ့ MOFA ဆိုတဲ့ scholarship ေတြလည္းရွိတယ္ တရုတ္ႏိုင္ငံက ေခၚတဲ့ scholarship ေတြကို အစိုးရ၀န္ထမ္းေတြ နဲ႔ အျပင္က Talent ရွိတဲ့ ေက်ာင္းသားေတြ ၀င္ေလွ်ာက္ၾကတယ္ေပါေ့နာ္။ အစိုးရအကူအညီနဲ႔ ၂ ႏိုင္ငံ သေဘာတူညီခ်က္နဲ႔ ေက်ာင္လာတက္ေနတဲ့ သူေတြပါ။ ကိုယ့္ဟာကိုယ္ ပိုက္ဆံခ်မ္းသာလို႔ လာတက္ေနတဲ့သူေတြ မပါပါဘူး ။ ဒီလိုလာတက္ေနတာလည္း တခ်ိန္မွာ က်ေနာ္တို႔ ဒီက ပညာသင္ၿပီးေတာ့ ျမန္မာႏိုင္ငံကို တဖက္ကေနၿပီးေတာ့ အက်ိဳးျပဳဖို႔အတြက္ လာတက္ေနတဲ့ ေက်ာင္းသားေတြပဲေပါ့ေနာ္။ ဒီလိုျပန္မလာနဲ႔ ဆိုတဲ့ bad comment ေတြျမင္ရတဲ့အခ်ိန္မွာ က်ေနာ္တို႔ထဲက တခ်ိဳ႕ကေတာ့ နည္းနည္း Emotional ခံစားတဲ့လူမ်ိဳးကေတာ့ စိတ္ဓါတ္က်တာရွိတယ္ ။ အဲဒီအတြက္ကေတာ့ က်ေန္ာတို႔အေနနဲ႔ကေတာ့ ေလာေလာဆည္ ျဖစ္ႏိုင္ရင္ အဲဒီ comment ေတြကို သြားမဖတ္ဖို႔အတြက္ ျပင္ဆင္ထားတယ္။ အဓိက က်ေနာ္တို႔အခုက အသက္ရွင္ေရးအတြက္ ႀကိဳးစားေနရတာျဖစ္တဲ့အတြက္ မိမိစိတ္ကို ေပ်ာ္ေအာင္ထားဖို႔ ၊ ကိုယ္ကိုးကြယ္တဲ့ ဘာသာတရားကို ဦးညႊတ္ဖို႔၊ ယံုၾကည္သက္၀င္ဖို႔ အဲလိုမ်ိဳးပံုစံနဲ႔ပဲ က်ေနာ္တို႔ အခ်င္းခ်င္း အားေပးျဖစ္ပါတယ္။”

ဝူဟန္ University of Technology က မဟာသိပၸံသင္တန္းတက္ေနတဲ့ ျမန္မာေက်ာင္းသား ကိုစည္သူထြန္း ကို မအင္ၾကင္းႏိုင္ ဆက္သြယ္ေမးျမန္းထားတာပါ။

...................

ဝူဟန်တက္ကသိုလ် မြန်မာကျောင်းသားတွေအကူအညီလိုအပ်

(unicode)

Corona ဗိုင်းရက်စ် ကူးစက်မှုအဆိုးဆုံးဖြစ်နေတဲ့ တရုတ်နိုင်ငံဝူဟန်မြို့မှာ မြန်မာကျောင်းသား ၆၀ လောက်ပိတ်မိနေပြီး၊သက်ဆိုင်ရာအနေနဲ့ သူတို့အတွက် စားရေးသောက်ရေးနဲ့ ဆေးဝါး အကူအညီပေးဖို့ လိုလားတယ်လို့ VOA ကို ပြောပါတယ်။ မြန်မာသံရုံးဘက်ကတော့ ဒီကျောင်းသားတွေကို ပြန်ခေါ်ယူနိုင်ဖို့ ကြိုးစားနေပေမယ့်၊ တရုတ်ပြည်နယ်အာဏာပိုင်တွေဖက်က ခွင့်မပြုသေးတာကြောင့် သူတို့ ပြန်ခွင့် မရကြသေးပါဘူး။ ဝူဟန် University of Technology က မဟာသိပ္ပံသင်တန်းတက်နေတဲ့ မြန်မာကျောင်းသား ကိုစည်သူထွန်း ကို မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းစဉ် သူက အခုလိုစဖြေပါတယ်။

ဝူဟန်ရောက် မြန်မာကျောင်းသားများ ပြန်ခေါ်ရေး ညှိနှိုင်းဆောင်ရွက်နေ တဲ့သတင်းဖတ်ရှုနိုင်ပါပြီ။

ကိုစည်သူထွန်း ။ ။ ကျနော်တို့က နိုင်ငံကြီးတွေကို အားကိုးရမယ့် အခြေအနေတခုပေါ့နော်။ အားကိုးရမယ်ဆိုတာက ကျနော်တို့က သူတို့ကို အကူအညီတောင်းတာမျိုးမဟုတ်ပဲနဲ့ သူတို့ခေါ်ထုတ်နိုင်ရင် ကျနော်တို့ ပြန်ရမယ့်အခြေအနေမျိုး ရောက်နေတာပေါ့နော်။ မြန်မာအစိုးရဘက်ကလည်း သံရုံးကနေတဆင့် သူတို့လုပ်တယ် တခြားနိုင်ငံတွေနည်းတူ ကျနော်တို့ကို ခေါ်ထုတ်ဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် ဒီဘက်က တရုတ်အစိုးရ ချမှတ်ထားတဲ့ Law တွေအရ မည်သည့်နိုင်ငံခြားသားတွေကိုမဆို ထွက်ခွင့်မပြုဘူးပေါ့နော်။ လွန်ခဲ့တဲ့ ၂-၃ ရက်ကနေပြီးတော့ သံရုံးတွေ တွေ့ဆုံပွဲမှာ ပြန်ခေါ်ဖို့ကိစ္စကို ငြင်းပယ်လိုက်တယ်ပေါ့နော်။ ဒါပေမယ့် ဒီ ၂ ရက်လောက်ကြာပြီးတဲ့အချိန်မှာ မနေ့ညက ဂျပန်လေယာဉ်တွေ၊ အမေရိကန်လေယာဉ်တွေ ရောက်တယ်လို့ပြောတယ်။ နိုင်ငံကြီးတွေအနေနဲ့ ဒီတရုတ်အစိုးရအပေါ် ဖိအားတခု ပေးနေတယ်လို့ ကျနော်ထင်တယ်ဗျ။ သူတို့အနေနဲ့ သူတို့ နိုင်ငံသားတွေကို ခေါ်ထုတ်နိုင်ပြီဆိုရင် နိုင်ငံတိုင်းကို ခွင့်ပြုရမယ့်အခြေအနေတခု ရောက်သွားမှာပေါ့နော်။ သူတို့ဦးဆောင်ပြီးတော့ ခေါ်ထုတ်နိုင်ပြီဆိုရင် ကျနော်တို့လည်း ပြန်ဖို့အခွင့်အလမ်းရှိလာမယ်လို့ ထင်ပါတယ်။

ဝူဟန်မြို့ရောက် နိုင်ငံသားတွေ ပြန်ခေါ်နိုင်ရေး နိုင်ငံတချို့ စတင်စီစဉ်နေတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

မေး။ ။ တရုတ်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကနေပြီးတော့ ဒီကိစ္စကို ကြိုးပမ်းနေတဲ့အပေါ်မှာ ဘယ်လိုမြင်သလဲရှင့်။

ကိုစည်သူထွန်း ။ ။ ထိထိရောက်ရောက်တော့ သူတို့လုပ်တယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် သူတို့လုပ်နိုင်တဲ့အတိုင်းအတာတခုထက် ကျော်နေတဲ့ကိစ္စတခုဖြစ်နေတာပေါ့နော်။

မေး။ ။ ဝူဟန်မှာ ပိတ်မိနေတဲ့ မြန်မာကျောင်းသားတွေအတွက်ကရော Coronavirus ရောဂါ အန္တရာယ်ကျရောက်တဲ့အခြေအနေနဲ့ ရင်ဆိုင်လိုက်ရတဲ့အတွက် အဲဒီမှာရှိတဲ့ မြန်မာကျောင်းသားတွေအတွက် ဘယ်လိုအခက်အခဲတွေ ဖြစ်လာမလဲ ၊ ရင်ဆိုင်ရဖို့ရှိသလဲ။

ကိုစည်သူထွန်း ။ ။ မြို့ကို သူတို့ ရုတ်တရက်ပိတ်လိုက်တာပေါ့နော်။ အဲလိုပိတ်လိုက်တဲ့အတွက် ကျနော်တို့ အဓိကအခက်အခဲကတော့ အစားအသောက်တွေ အများကြီးဝယ်လို့ မရလိုက်ဘူး။ ဆေးဝါးလည်း မဝယ်လိုက်ရဘူး။ ထွက်ဝယ်တဲ့အချိန်မှာတောင်မှ shortage ဖြစ်မှာဆိုးလို့ ဆိုင်တွေကနေပြီးတော့ mask တွေကို တနေ့ တခုပဲ ရောင်းတဲ့အခြေအနေရှိတယ်။ အခုလုံး၀ ထွက်လို့မရတဲ့အခြေအနေမှာ international dorm တွေကို ကျောင်းတွေကနေပြီးတော့ mask ကို support ပေးတာရှိတယ်။ အဓိကအခက်အခဲက အစားအသောက်နဲ့ ဆေးဝါးအခက်အခဲ ကြုံခဲ့ရတယ်။ အခုလက်ရှိက ထပ်ပြီးတော့ ပိတ်တာကဒီနေ့ ၂၉ ရက်ဆိုရင် ၆ ရက်ရှိပြီပေါ့နော်။ ဒီနေ့ဆိုရင် လုံးဝအပြင်မထွက်ဖို့အတွက် ညွှန်ကြားထားတယ်။ ပြီးတော့ ဒီနောက် ဘာဖြစ်မယ်ဆိုတာ ကျနော်တို့ မှန်းလို့မရသေးဘူးပေါ့နော် အဲဒီတော့ပြန်ပြီးတော့ ကုနိုင်မယ့် ကုထုံးတခုခုကို တွေ့တာပဲ ဖြစ်ဖြစ် ၊ ဆေးဝါးတွေ့တာမျိုးပဲဖြစ်ဖြစ် တွေ့သွားခဲ့ရင်တော့ အကောင်းဆုံးပေါ့ဗျာ အဲဒီအခြေအနေကိုပဲ မျှော်လင့်နေရပါတယ်။

Coronavirus ကြောင့် သေဆုံးသူ ၁၃၀ ကျော်ရှိနေတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

မေး။ ။ အခုလိုအခက်အခဲတွေ ဖြစ်နေတဲ့အခြေအနေမှာ အလိုအပ်ဆုံးအကူအညီကို ပေးနိုင်ဖို့ မြန်မာအစိုးရကို တိုက်ရိုက်မေတ္တာရပ်ခံဖို့ဆိုရင် ဘယ်လိုအကူအညီက အရေးတကြီးလိုအပ်နေပါသလဲ။

ကိုစည်သူထွန်း ။ ။ လောလောဆည်က ကျနော်တို့က ပြန်ဖို့ မဖြစ်နိုင်သေးတဲ့အတွက် အကူအညီတောင်းခံရမယ်ဆိုရင်တော့ အစားအသောက်နဲ့ လိုအပ်တဲ့ဆေးဝါး အဲဒါတွေကတော့ကျနော်အမြန်ဆုံးရောက်လာစေချင်တယ်ခင်ဗျ။ ဘာလို့လဲဆိုတော့အခုလောလောဆည် ကျနော်တို့မှာ shortage က ကျောင်းသားတွေလက်ထဲမှာ ဖြစ်တော့မှာ အဲဒီအတွက် ရှေ့ဆက်ပြီးတော့ အခက်အခဲအများကြီး ကြုံရမှာပေါ့နော် ၊ အပြင်ထွက်လို့မရ ဝယ်လို့မရဘူးဆိုရင် ။ အဲဒီတော့ ကျနော်တို့ အစိုးရအနေနဲ့ ဒီသတင်းတွေကို နားထောင်ဖြစ်မယ် ကျနော်တို့အခြေအနေကို သိမယ်ဆိုရင် ကျနော်တို့ကို အစားအသောက် ဆေးဝါးလေးတွေ အမြန်ဆုံးရောက်အောင်ပို့ဖို့ တောင်းဆိုချင်ပါတယ်။ ဒါမှ ကျနော်တို့ ရှေ့လျှောက် ကောင်းကောင်းမွန်မွန် ကျန်းကျန်းးမာမာနဲ့ အသက်ရှင်နေထိုင်နိုင်မှာပေါ့နော်။

မေး။ ။ coronavirus ပြန့်ပွားလာတဲ့ ဝူဟန်မြို့မှာ ကိုယ်က ကျောင်းသွားတက်နေရတဲ့အခါကျတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကိုယ့်အပေါ်ကို ရိုက်ခတ်လာမယ့်အခြေအနေတွေပေါ့လေ အဲဒါနဲ့ ပတ်သက်ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရော ရှိနေပါသလားရှင့်။

ကိုစည်သူထွန်း ။ ။ မြန်မာပြည်ထဲ ပြန်မဝင်လာနဲ့ ဆိုတာမျိုးတွေ၊ ပြီးတော့ အဲလိုပြောဆိုတာမျိုးလည်း ရှိတယ်ပေါ့နော်။ ပြီးတော့ ကိုယ့်ဟာကိုယ် လျှာရှည်ပြီး ကျောင်းသွားတက်တာတို့ အဲလိုပြောဆိုတာမျိုးလည်း ရှိတယ်။ ကျနော်တို့က ၂ နိုင်ငံ သဘောတူညီချက်နဲ့ Chinese Government scholarship ပေါ့နော်၊ ပြီးတော့ MOFA ဆိုတဲ့ scholarship တွေလည်းရှိတယ် တရုတ်နိုင်ငံက ခေါ်တဲ့ scholarship တွေကို အစိုးရဝန်ထမ်းတွေ နဲ့ အပြင်က Talent ရှိတဲ့ ကျောင်းသားတွေ ဝင်လျှောက်ကြတယ်ပေါေ့နာ်။ အစိုးရအကူအညီနဲ့ ၂ နိုင်ငံ သဘောတူညီချက်နဲ့ ကျောင်လာတက်နေတဲ့ သူတွေပါ။ ကိုယ့်ဟာကိုယ် ပိုက်ဆံချမ်းသာလို့ လာတက်နေတဲ့သူတွေ မပါပါဘူး ။ ဒီလိုလာတက်နေတာလည်း တချိန်မှာ ကျနော်တို့ ဒီက ပညာသင်ပြီးတော့ မြန်မာနိုင်ငံကို တဖက်ကနေပြီးတော့ အကျိုးပြုဖို့အတွက် လာတက်နေတဲ့ ကျောင်းသားတွေပဲပေါ့နော်။ ဒီလိုပြန်မလာနဲ့ ဆိုတဲ့ bad comment တွေမြင်ရတဲ့အချိန်မှာ ကျနော်တို့ထဲက တချို့ကတော့ နည်းနည်း Emotional ခံစားတဲ့လူမျိုးကတော့ စိတ်ဓါတ်ကျတာရှိတယ် ။ အဲဒီအတွက်ကတော့ ကျနေ်ာတို့အနေနဲ့ကတော့ လောလောဆည် ဖြစ်နိုင်ရင် အဲဒီ comment တွေကို သွားမဖတ်ဖို့အတွက် ပြင်ဆင်ထားတယ်။ အဓိက ကျနော်တို့အခုက အသက်ရှင်ရေးအတွက် ကြိုးစားနေရတာဖြစ်တဲ့အတွက် မိမိစိတ်ကို ပျော်အောင်ထားဖို့ ၊ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားကို ဦးညွှတ်ဖို့၊ ယုံကြည်သက်ဝင်ဖို့ အဲလိုမျိုးပုံစံနဲ့ပဲ ကျနော်တို့ အချင်းချင်း အားပေးဖြစ်ပါတယ်။”

ဝူဟန် University of Technology က မဟာသိပ္ပံသင်တန်းတက်နေတဲ့ မြန်မာကျောင်းသား ကိုစည်သူထွန်း ကို မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းထားတာပါ။

အင္ၾကင္းႏုုိင္/ VOA (Burmese)
https://burmese.voanews.com
ဝူဟန္တကၠသိုလ္ ျမန္မာေက်ာင္းသားေတြ အကူအညီလိုအပ္ ဝူဟန္တကၠသိုလ္ ျမန္မာေက်ာင္းသားေတြ အကူအညီလိုအပ္ Reviewed by THITHTOOLWIN on 02:26 Rating: 5
Powered by Blogger.