အိုင္စီေဂ် - ျမန္မာ ျပန္လွန္ေလွ်ာက္လဲခ်က္ တင္ရမယ့္ရက္ ေၾကညာ

 ႏိုင္ငံတကာ တရား႐ုံးမွာ ျမန္မာဘက္က ေခ်ပခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္
(Zawgyi)⤵⤵⤵
ဂ်ီႏိုဆိုက္ ကြန္ဗန္းရွင္း ခ်ိဳးေဖာက္တယ္ဆိုၿပီး ဂမ္ဘီယာက ျမန္မာကို စြပ္စြဲထားတဲ့အမႈအတြက္ ႏွစ္ဖက္အျပန္အလွန္ ကနဦး ေလွ်ာက္လဲခ်က္ေတြ တင္ရမယ့္ရက္ကို ICJ က ဇန္နဝါရီ ၂၈ ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ျမန္မာႏိုင္ငံက လူမ်ိဳးတုံးသတ္ျဖတ္မႈ တားဆီးေရး သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တယ္ဆိုၿပီး ဂမ္ဘီယာက ႏိုင္ငံတကာတရား႐ုံး အိုင္စီေဂ်မွာ တရားစြဲဆိုထားတဲ့ အမႈအတြက္ ဂမ္ဘီယာက ေလွ်ာက္လဲခ်က္ တင္ရမယ့္ရက္အျဖစ္ အခုႏွစ္ ဇူလိုင္ ၂၃ ရက္ကို သတ္မွတ္ထားၿပီး ျမန္မာႏိုင္ငံက ျပန္လွန္ေလွ်ာက္လဲခ်က္ကို အခ်ိန္ ေျခာက္လ ခြာထားၿပီး ၂၀၂၁ ဇန္နဝါရီ ၂၅ ရက္မွာ တင္ရမွာ ျဖစ္ပါတယ္။

ဂ်ီႏိုဆိုက္ ကြန္ဗန္းရွင္းခ်ိဳးေဖာက္တယ္ဆိုၿပီး ဂမ္ဘီယာက တရားစြဲဆိုထားတဲ့ အမႈအတြက္ ၾကားျဖတ္အစီအမံခ်မွတ္ေပးဖို႔ ဂမ္ဘီယာက ေတာင္းဆိုထားတာကို ဇန္နဝါရီ ၂၃ မွာ ICJ က ႐ိုဟင္ဂ်ာေတြကို လူမ်ိဳးတုံးသတ္ျဖတ္မႈက အကာအကြယ္ေပးဖို႔ အပါအဝင္ ၾကားျဖတ္အစီအမံေလးခ်က္ ခ်မွတ္ခဲ့ပါတယ္။

အဲဒီေနာက္ လူမ်ိဳးတုံးသတ္ျဖတ္မႈ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္မႈ ရွိမရွိ အမႈႀကီးအတြက္ စတင္မွာျဖစ္လို႔ ကနဦး ေလွ်ာက္လဲခ်က္ေတြကို ႏွစ္ဖက္ ေလွ်ာက္တင္ရမွာ ျဖစ္တဲ့အတြက္ICJ က ရက္ေတြ ေၾကညာတာ ျဖစ္ပါတယ္။

အဲဒီအဆင့္မွာ လုပ္ေဆာင္ရမွာေတြနဲ႔ ပတ္သက္လို႔ Harvard Law School မွာ ႏိုင္ငံတကာ ဥပေဒေတြကို သင္ၾကားေပးေနတဲ့ ကထိက ေဒၚရည္မြန္ထြန္းက အမႈႀကီးအတြက္ ဂမ္ဘီယာက စာ႐ြက္စာတမ္းေတြကို ျပင္ၿပီးတဲ့ အခ်ိန္က်ရင္ သူတို႔ျပင္တဲ့ စာ႐ြက္စာတမ္းေတြကို ျမန္မာႏိုင္ငံရဲ႕ ေရွ႕ေနေတြကို ေပးၾကည့္မယ္။

ျမန္မာႏိုင္ငံက ေရွ႕ေန႔ကလည္း သူတို႔ရဲ႕ Case ကို ျပန္တင္ျပမယ္။ အဲဒီႏွစ္ခုစလုံးၿပီးေတာ့မွ ခုံ႐ုံးထဲေရာက္မယ္။ ခုံ႐ုံးမွာ စစ္ေဆးဖို႔ ငါးႏွစ္ကေန ခုနစ္ႏွစ္ေလာက္ၾကာႏိုင္တယ္လို႔ ဘီဘီစီကို ေျပာထားပါတယ္။

ဒါ့အျပင္ ၾကားျဖတ္အစီအမံေတြ အမိန႔္ခ်မွတ္တဲ့ေန႔က စၿပီး ေလးလအတြင္း ျမန္မာရဲ႕ေဆာင္႐ြက္မႈေတြကို အစီရင္ခံစာတင္ဖို႔နဲ႔ အဲဒီေနာက္ပိုင္းမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈ အမႈႀကီးအတြက္ အၿပီးသတ္ အမိန႔္မခ်မခ်င္း ေျခာက္လတစ္ႀကိမ္ အစီရင္ခံစာတင္သြင္းဖို႔တို႔ကို ျမန္မာအေနနဲ႔ လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
အိုင်စီဂျေ - မြန်မာ ပြန်လှန်လျှောက်လဲချက် တင်ရမယ့်ရက် ကြေညာ

ဓာတ်ပုံ မူပိုင် International Court of Justice / Handout/Anadolu A
Image caption နိုင်ငံတကာ တရားရုံးမှာ မြန်မာဘက်က ချေပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

ဂျီနိုဆိုက် ကွန်ဗန်းရှင်း ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာက မြန်မာကို စွပ်စွဲထားတဲ့အမှုအတွက် နှစ်ဖက်အပြန်အလှန် ကနဦး လျှောက်လဲချက်တွေ တင်ရမယ့်ရက်ကို ICJ က ဇန်နဝါရီ ၂၈ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာက နိုင်ငံတကာတရားရုံး အိုင်စီဂျေမှာ တရားစွဲဆိုထားတဲ့ အမှုအတွက် ဂမ်ဘီယာက လျှောက်လဲချက် တင်ရမယ့်ရက်အဖြစ် အခုနှစ် ဇူလိုင် ၂၃ ရက်ကို သတ်မှတ်ထားပြီး မြန်မာနိုင်ငံက ပြန်လှန်လျှောက်လဲချက်ကို အချိန် ခြောက်လ ခွာထားပြီး ၂၀၂၁ ဇန်နဝါရီ ၂၅ ရက်မှာ တင်ရမှာ ဖြစ်ပါတယ်။

ဂျီနိုဆိုက် ကွန်ဗန်းရှင်းချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာက တရားစွဲဆိုထားတဲ့ အမှုအတွက် ကြားဖြတ်အစီအမံချမှတ်ပေးဖို့ ဂမ်ဘီယာက တောင်းဆိုထားတာကို ဇန်နဝါရီ ၂၃ မှာ ICJ က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးဖို့ အပါအဝင် ကြားဖြတ်အစီအမံလေးချက် ချမှတ်ခဲ့ပါတယ်။

အဲဒီနောက် လူမျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက်ကို ချိုးဖောက်မှု ရှိမရှိ အမှုကြီးအတွက် စတင်မှာဖြစ်လို့ ကနဦး လျှောက်လဲချက်တွေကို နှစ်ဖက် လျှောက်တင်ရမှာ ဖြစ်တဲ့အတွက်ICJ က ရက်တွေ ကြေညာတာ ဖြစ်ပါတယ်။

အဲဒီအဆင့်မှာ လုပ်ဆောင်ရမှာတွေနဲ့ ပတ်သက်လို့ Harvard Law School မှာ နိုင်ငံတကာ ဥပဒေတွေကို သင်ကြားပေးနေတဲ့ ကထိက ဒေါ်ရည်မွန်ထွန်းက အမှုကြီးအတွက် ဂမ်ဘီယာက စာရွက်စာတမ်းတွေကို ပြင်ပြီးတဲ့ အချိန်ကျရင် သူတို့ပြင်တဲ့ စာရွက်စာတမ်းတွေကို မြန်မာနိုင်ငံရဲ့ ရှေ့နေတွေကို ပေးကြည့်မယ်။

မြန်မာနိုင်ငံက ရှေ့နေ့ကလည်း သူတို့ရဲ့ Case ကို ပြန်တင်ပြမယ်။ အဲဒီနှစ်ခုစလုံးပြီးတော့မှ ခုံရုံးထဲရောက်မယ်။ ခုံရုံးမှာ စစ်ဆေးဖို့ ငါးနှစ်ကနေ ခုနစ်နှစ်လောက်ကြာနိုင်တယ်လို့ ဘီဘီစီကို ပြောထားပါတယ်။

ဒါ့အပြင် ကြားဖြတ်အစီအမံတွေ အမိန့်ချမှတ်တဲ့နေ့က စပြီး လေးလအတွင်း မြန်မာရဲ့ဆောင်ရွက်မှုတွေကို အစီရင်ခံစာတင်ဖို့နဲ့ အဲဒီနောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု အမှုကြီးအတွက် အပြီးသတ် အမိန့်မချမချင်း ခြောက်လတစ်ကြိမ် အစီရင်ခံစာတင်သွင်းဖို့တို့ကို မြန်မာအနေနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
အိုင္စီေဂ် - ျမန္မာ ျပန္လွန္ေလွ်ာက္လဲခ်က္ တင္ရမယ့္ရက္ ေၾကညာ အိုင္စီေဂ် - ျမန္မာ ျပန္လွန္ေလွ်ာက္လဲခ်က္ တင္ရမယ့္ရက္ ေၾကညာ Reviewed by THITHTOOLWIN on 02:19 Rating: 5
Powered by Blogger.