တ႐ုတ္မွာေတြ႕တဲ့ ဗိုင္းရပ္စ္အသစ္ေၾကာင့္ေသဆုံးသူ ၉ဦးရွိလာ၊ သေႏၶေျပာင္းလဲၿပီး ကူးစက္ႏိုင္ေၾကာင္း သတိေပး

 ဗိုင္းရပ္စ္ဟာ လူ လူခ်င္း ကူးစက္ႏိုင္
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံမွာျဖစ္ပြားေနတဲ့ ဗိုင္းရပ္စ္အသစ္တစ္မ်ိဳးဟာ သေႏၶေျပာင္းလဲႏိုင္ၿပီး ကူးစက္ႏိုင္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြက သတိေပးေျပာၾကားလိုက္ပါတယ္။

ေလာေလာဆယ္မွာဆိုရင္ ေရာဂါကူးစက္ခံထားရသူ ၄၄၀ ရွိေနၿပီး အဲဒီအထဲက လူ ၉ ဦး ေသဆုံး သြားခဲ့ၿပီလို႔လည္း ဆိုပါတယ္။

အမ်ိဳးသားက်န္းမာေရးေကာ္မရွင္အေနနဲ႔ ဗိုင္းရပ္စ္ပိုးကို ထိန္းခ်ဳပ္ႏိုင္ဖို႔၊ ၿပီးေတာ့ ကာကြယ္ကုသေရးလုပ္ငန္းေတြ လုပ္ေဆာင္ႏိုင္ဖို႔ အေရးႀကီးတဲ့အဆင့္ကို ေရာက္ေနၿပီလို႔လည္း က်န္းမာေရးဌာနတာဝန္ ရွိသူေတြက ေျပာၾကပါတယ္။

အဆိုပါ ဗိုင္းရပ္စ္ဟာ လူ လူခ်င္း ကူးစက္ႏိုင္ေၾကာင္းကို က်န္းမာေရးဌာန တာဝန္ရွိသူေတြက မေန႔က ထုတ္ျပန္ခဲ့တာပါ။
 ေရာဂါကူးစက္ခံထားရသူ ၄၄၀ ရွိေနၿပီး အဲဒီအထဲက လူ ၉ ဦး ေသဆုံးခဲ့
ဗိုင္းရပ္စ္ကူးစက္မႈေတြ က်ယ္က်ယ္ျပန႔္ျပန္ ျဖစ္ေပၚလာၿပီးေနာက္ပိုင္းမွာလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ၊ အမ်ိဳးသားက်န္းမာေရးေကာ္မရွင္ရဲ႕ ဒုတိယဥကၠ႒ျဖစ္သူ လီဘင္း က

''ဒီဗိုင္းရပ္စ္ဟာ အသက္ရႈ လမ္းေၾကာင္းကေန တဆင့္ကူးစက္တယ္ဆိုတဲ့ သက္ေသအေထာက္အထားေတြ ရထား တယ္'' လို႔ ေျပာဆို ခဲ့ပါတယ္။

ဒီဗိုင္းရပ္စ္ ဘယ္လို စတင္ေပၚေပါက္လာသလဲဆိုတဲ့ ရင္းျမစ္ကိုေတာ့ တ႐ုတ္တာဝန္ရွိသူေတြ အေနနဲ႔ မသိရွိေသး ပါဘူး။

ဗိုင္းရပ္စ္ ပိုး စတင္ ေပၚေပါက္လာပုံနဲ႔ ကူးစက္ပုံေတြကို နားလည္ ႏိုင္ ေလ့လာေနဆဲပါ။ သေႏၶေျပာင္းၿပီး ကူးစက္ ႏိုင္တယ္ဆိုတာ ကို သိထားၿပီးပါၿပီ။ ပ်ံ႕ပြားၿပီး ကပ္ေရာဂါအေျခအေနအျဖစ္ ေျပာင္းလဲႏိုင္တယ္လို႔လည္း အမ်ိဳးသား က်န္းမာေရး ေကာ္မရွင္ ဒုတိယ ဥကၠ႒ လီဘင္း က ေျပာဆို ထားပါတယ္။

တ႐ုတ္ ႏိုင္ငံမွာ ႏွစ္သစ္ကူး ကာလ ခရီးအသြားအလာေတြလည္း မ်ားျပားေနၿပီး၊ ႏိုင္ငံျပင္ပကို သြားေရာက္မႈေတြ ရွိေနခ်ိန္မွာ က်န္းမာေရးဌာန တာဝန္ရွိသူေတြအေနနဲ႔ အခုလို သတိေပးခ်က္ေတြ ထုတ္ျပန္လာတာလည္း ျဖစ္ပါတယ္။

ဒီလို ခရီးသြားေတြမ်ားတဲ့ ကာလမွာ ဗိုင္းရပ္စ္ကူးစက္မႈ မ်ားျပားႏိုင္တဲ့ အတြက္ စိုးရိမ္စရာ အေျခအေန တစ္ရပ္ ျဖစ္တယ္လို႔လည္း တာဝန္ရွိသူေတြက ေျပာပါတယ္။

ေရာဂါ ကာကြယ္ေရးအတြက္ တင္းက်ပ္တဲ့ စည္းမ်ဥ္းေတြ ထုတ္ျပန္သြားဖို႔ရွိၿပီး၊ ဗိုင္းရပ္စ္ စတင္ ေပၚေပါက္ ခဲ့တဲ့ ဝူဟန္ေဒသက လူေတြအေန ခရီးသြားလာတာ ကို ေရွာင္ၾကဥ္ ၾကဖို႔နဲ႔ လူ အမ်ားအျပား ရွိတဲ့ ေနရာေတြကို တတ္ႏိုင္သမွ် မသြားဖို႔ ေတာင္းဆိုထားပါတယ္။

ဒါ့အျပင္ ၾကက္၊ ဝက္ အသား ေရာင္းခ်မႈေတြနဲ႔ ေတာ႐ိုင္း တိရစာၦန္ ေရာင္းခ်မႈေတြကိုလည္း မလုပ္ၾကဖို႔ တာဝန္ ရွိသူေတြက တားျမစ္ေနပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
တရုတ်မှာတွေ့တဲ့ ဗိုင်းရပ်စ်အသစ်ကြောင့်သေဆုံးသူ ၉ဦးရှိလာ၊ သန္ဓေပြောင်းလဲပြီး ကူးစက်နိုင်ကြောင်း သတိပေး

ဓာတ်ပုံ မူပိုင် KEVIN FRAYER
Image caption ဗိုင်းရပ်စ်ဟာ လူ လူချင်း ကူးစက်နိုင်

တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုးဟာ သန္ဓေပြောင်းလဲနိုင်ပြီး ကူးစက်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက သတိပေးပြောကြားလိုက်ပါတယ်။

လောလောဆယ်မှာဆိုရင် ရောဂါကူးစက်ခံထားရသူ ၄၄၀ ရှိနေပြီး အဲဒီအထဲက လူ ၉ ဦး သေဆုံး သွားခဲ့ပြီလို့လည်း ဆိုပါတယ်။

အမျိုးသားကျန်းမာရေးကော်မရှင်အနေနဲ့ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်ဖို့၊ ပြီးတော့ ကာကွယ်ကုသရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ အရေးကြီးတဲ့အဆင့်ကို ရောက်နေပြီလို့လည်း ကျန်းမာရေးဌာနတာဝန် ရှိသူတွေက ပြောကြပါတယ်။

အဆိုပါ ဗိုင်းရပ်စ်ဟာ လူ လူချင်း ကူးစက်နိုင်ကြောင်းကို ကျန်းမာရေးဌာန တာဝန်ရှိသူတွေက မနေ့က ထုတ်ပြန်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Reuters
Image caption ရောဂါကူးစက်ခံထားရသူ ၄၄၀ ရှိနေပြီး အဲဒီအထဲက လူ ၉ ဦး သေဆုံးခဲ့

ဗိုင်းရပ်စ်ကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန် ဖြစ်ပေါ်လာပြီးနောက်ပိုင်းမှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ၊ အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ လီဘင်း က

''ဒီဗိုင်းရပ်စ်ဟာ အသက်ရှု လမ်းကြောင်းကနေ တဆင့်ကူးစက်တယ်ဆိုတဲ့ သက်သေအထောက်အထားတွေ ရထား တယ်'' လို့ ပြောဆို ခဲ့ပါတယ်။

ဒီဗိုင်းရပ်စ် ဘယ်လို စတင်ပေါ်ပေါက်လာသလဲဆိုတဲ့ ရင်းမြစ်ကိုတော့ တရုတ်တာဝန်ရှိသူတွေ အနေနဲ့ မသိရှိသေး ပါဘူး။

ဗိုင်းရပ်စ် ပိုး စတင် ပေါ်ပေါက်လာပုံနဲ့ ကူးစက်ပုံတွေကို နားလည် နိုင် လေ့လာနေဆဲပါ။ သန္ဓေပြောင်းပြီး ကူးစက် နိုင်တယ်ဆိုတာ ကို သိထားပြီးပါပြီ။ ပျံ့ပွားပြီး ကပ်ရောဂါအခြေအနေအဖြစ် ပြောင်းလဲနိုင်တယ်လို့လည်း အမျိုးသား ကျန်းမာရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ လီဘင်း က ပြောဆို ထားပါတယ်။

တရုတ် နိုင်ငံမှာ နှစ်သစ်ကူး ကာလ ခရီးအသွားအလာတွေလည်း များပြားနေပြီး၊ နိုင်ငံပြင်ပကို သွားရောက်မှုတွေ ရှိနေချိန်မှာ ကျန်းမာရေးဌာန တာဝန်ရှိသူတွေအနေနဲ့ အခုလို သတိပေးချက်တွေ ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။

ဒီလို ခရီးသွားတွေများတဲ့ ကာလမှာ ဗိုင်းရပ်စ်ကူးစက်မှု များပြားနိုင်တဲ့ အတွက် စိုးရိမ်စရာ အခြေအနေ တစ်ရပ် ဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ရောဂါ ကာကွယ်ရေးအတွက် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်သွားဖို့ရှိပြီး၊ ဗိုင်းရပ်စ် စတင် ပေါ်ပေါက် ခဲ့တဲ့ ဝူဟန်ဒေသက လူတွေအနေ ခရီးသွားလာတာ ကို ရှောင်ကြဉ် ကြဖို့နဲ့ လူ အများအပြား ရှိတဲ့ နေရာတွေကို တတ်နိုင်သမျှ မသွားဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ကြက်၊ ဝက် အသား ရောင်းချမှုတွေနဲ့ တောရိုင်း တိရစ္ဆာန် ရောင်းချမှုတွေကိုလည်း မလုပ်ကြဖို့ တာဝန် ရှိသူတွေက တားမြစ်နေပါတယ်။

BBC Burmese
https://www.bbc.com
တ႐ုတ္မွာေတြ႕တဲ့ ဗိုင္းရပ္စ္အသစ္ေၾကာင့္ေသဆုံးသူ ၉ဦးရွိလာ၊ သေႏၶေျပာင္းလဲၿပီး ကူးစက္ႏိုင္ေၾကာင္း သတိေပး တ႐ုတ္မွာေတြ႕တဲ့ ဗိုင္းရပ္စ္အသစ္ေၾကာင့္ေသဆုံးသူ ၉ဦးရွိလာ၊ သေႏၶေျပာင္းလဲၿပီး ကူးစက္ႏိုင္ေၾကာင္း သတိေပး Reviewed by THITHTOOLWIN on 23:07 Rating: 5
Powered by Blogger.