ရခိုင္ အာဆာတိုက္ခိုက္မႈ ျပစ္မႈက်ဴးလြန္သူေတြကို ဘယ္လို အေရးယူႏိုင္သလဲ

 ေရွ႕ေနခ်ဳပ္႐ုံးက စုံစမ္းစစ္ေဆးဖို႔ တပ္နဲ႔ရဲတပ္ဖြဲ႕အကူအညီနဲ႔စစ္ႏိုင္တယ္လို႔ဆို
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္မွာ အာဆာတိုက္ခိုက္မႈနဲ႔ ေနာက္ဆက္တြဲ ပဋိပကၡေတြမွာ ပါဝင္ခဲ့တဲ့ ျပစ္မႈက်ဴးလြန္သူေတြကို လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရးေကာ္မရွင္(ICOE) ရဲ႕ အၿပီးသတ္အစီရင္ခံစာပါ အႀကံျပဳခ်က္ေတြနဲ႔အညီ စုံစမ္းစစ္ေဆး၊တရားစြဲဆိုဖို႔ ေဆာင္႐ြက္မယ္လို႔ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံးက ဇန္နဝါရီ ၂၂ ရက္မွာ ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ျပစ္မႈက်ဴးလြန္သူေတြထဲမွာ အာဆာလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ အလိုတူ ပူးေပါင္းပါဝင္ခဲ့သူေတြ၊ လုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြနဲ႔ အရပ္သားေတြ ပါဝင္တယ္လို႔ ICOE အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

အဲဒီအစီရင္ခံစာမွာ ေဖာ္ျပထားတဲ့ ျပစ္မႈက်ဴးလြန္သူေတြကို အေရးယူရာမွာ ဥပေဒေၾကာင္းအရ အခ်က္သုံးခ်က္နဲ႔ အေရးယူ ေဆာင္႐ြက္တာေတြ လုပ္ႏိုင္ေၾကာင္းနဲ႔ ေဆာင္႐ြက္ႏိုင္တဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ဝါရင့္တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္က ဘီဘီစီကို အခုလို ေျပာျပပါတယ္။

(၁ ) အရပ္သားေတြနဲ႔ ပတ္သက္တဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ၊ ရာဇဝတ္မႈ က်ဴးလြန္တာေတြ၊ ရခိုင္ေျမာက္ပိုင္းေဒသမွာ က်ဴးလြန္မႈေတြနဲ႔ ပတ္သက္လို႔ အထူးသျဖင့္ အာဆာကို ျပန္လည္ ႏွိမ္နင္းရင္း ျဖစ္ေပၚလာေတြနဲ႔ ပတ္သက္လို႔ အရပ္သားေတြက က်ဴးလြန္ရင္ ေရွ႕ေနခ်ဳပ္႐ုံးက ၂၀၀၈ အေျခခံ ဥပေဒအရ အရပ္ဘက္ တရား႐ုံးေတြက အေရးယူဖို႔ ရွိတယ္။

အဲဒီလို အရပ္ဘက္ ႐ုံးေတြကို တင္ပို႔ရာမွာ ေရွ႕ေနခ်ဳပ္႐ုံးက ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ သို႔မဟုတ္ သူတာဝန္ေပးတဲ့ အဖြဲ႕အစည္းေတြကို တာဝန္ေပးၿပီး အဲဒီအဖြဲ႕ေတြရဲ႕ အစီရင္ခံစာကို မူတည္ၿပီး ေရွ႕ေနခ်ဳပ္႐ုံးက အရပ္ဘက္ ႐ုံးေတြမွာ တရားစြဲႏိုင္မယ္။

(၂ ) စစ္သားေတြက က်ဴးလြန္တဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ၊ ရာဇဝတ္မႈေတြကိုေတာ့ စစ္ဥပေဒခ်ဳပ္႐ုံးက စုံစမ္းစစ္ေဆးၿပီး တရားစြဲႏိုင္မယ္။ စစ္ခုံ႐ုံးနဲ႔ပဲ စစ္မယ္။ ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ အဆုံးအျဖတ္က အတည္ျဖစ္တယ္။ အၿပီးအျပတ္ျဖစ္တယ္။

(၃) အာဆာနဲ႔ အာဆာနဲ႔ ေပါင္းၿပီး အရပ္သား ဘဂၤါလီေတြက က်ဴးလြန္တဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကိုေတာ့ ေရွ႕ေနခ်ဳပ္႐ုံးက စုံစမ္းစစ္ေဆးဖို႔ တာဝန္ရွိတယ္။ သို႔ေသာ္လည္း စစ္ခုံ႐ုံးက ကူညီရမယ္။

ေရွ႕ေနခ်ဳပ္႐ုံးက အလုပ္ႏွစ္ခု ျဖစ္သြားတယ္။ တစ္ခုက သာမန္အရပ္သားေတြ က်ဴးလြန္တဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ၊ စစ္ရာဇဝတ္မႈေတြကို ေရွ႕ေနခ်ဳပ္႐ုံးက ရဲတပ္ဖြဲ႕ကို စုံစမ္းစစ္ေဆးေစၿပီး တရား႐ုံးကို တင္ပို႔တာ။

ေနာက္တစ္ခုက အာဆာကို အားေပးတဲ့ ဘဂၤါလီေတြကို စုံစမ္းစစ္ေဆးတာကို ထမ္းေဆာင္တာလုပ္ႏိုင္တယ္။
ဘယ္သူက တရားစြဲမွာလဲ

ေရွ႕ေနခ်ဳပ္႐ုံးက စုံစမ္းစစ္ေဆးၿပီးရင္ တရားလိုအျဖစ္ ေဆာင္႐ြက္မယ့္သူက ၿမိဳ႕နယ္ဥပေဒ႐ုံးေတြက စတင္ စြဲတင္တာေတြ ျဖစ္လာႏိုင္တယ္လို႔ တရားလႊတ္ေတာ္ ေရွ႕ေန ဦးႀကီးျမင့္က ေျပာပါတယ္။

ျပစ္မႈႀကီးေတြကိုေတာ့ ခ႐ိုင္ဥပေဒ႐ုံးက စြဲမယ္လို႔ ေျပာပါတယ္။

 ရဲစခန္းမွာ လာတိုင္တဲ့ နစ္နာသူေတြဆီကေနလည္း စုံစမ္းစစ္ေဆးမႈေတြလုပ္ႏိုင္
ဘယ္ဥပေဒ၊ပုဒ္မေတြနဲ႔ အေရးယူႏိုင္မလဲ

က်ဴးလြန္သူေတြကို အေရးယူရာမွာ အာဆာနဲ႔ပတ္သက္တဲ့ အမႈေတြကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မေတြနဲ႔ အေရးယူႏိုင္တယ္။ အာဆာကို အားေပးသူေတြကိုလည္း အဲဒီ ဥပေဒ ပုဒ္မေတြနဲ႔ အေရးယူႏိုင္တယ္။

႐ိုး႐ိုးအရပ္သားေတြက သာမန္ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြကို လူသတ္မႈ၊ အျပင္းထန္နာက်င္ေစမႈ၊ သာမန္ ဒဏ္ရာရေစမႈတို႔နဲ႔ တျခားရာဇဝတ္ျပစ္မႈေတြနဲ႔ အေရးယူႏိုင္တယ္။
တရားစီရင္ေရး ဘယ္ေလာက္ၾကာျမင့္ႏိုင္သလဲ

CMP (Case Management Program - မႈခင္းစီမံခန႔္ခြဲမႈ အစီအစဥ္) စီမံခ်က္ခ်ၿပီး ဘယ္ေန႔အၿပီး၊ ဘယ္လအၿပီး စီမံခ်က္နဲ႔ အမႈေတြ စစ္ေနတာျဖစ္လို႔ အရင္ကလို ၾကာျမင့္တာမ်ိဳး မရွိႏိုင္ဘူးလို႔ ဦးႀကီးျမင့္က ေျပာပါတယ္။

က်ဴးလြန္သူေတြကို စစ္ေဆးဖို႔ စိန္ေခၚခ်က္

က်ဴးလြန္သူေတြကို ေရွ႕ေနခ်ဳပ္႐ုံးက လက္ေတြ႕ စစ္ေဆးတဲ့အခါ နည္းလမ္း မွန္မွန္ကန္ကန္ ေဆာင္႐ြက္ရင္ လြယ္ကူႏိုင္တယ္လို႔ ဦးႀကီးျမင့္က ေျပာပါတယ္။ အဲဒီလို စစ္ေဆးတဲ့အခါ ရဲတပ္ဖြဲ႕နဲ႔ တပ္မေတာ္ရဲ႕ အကူအညီကို ရယူၿပီး စစ္ႏိုင္မွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

နစ္နာသူေတြက အမႈဖြင့္တာေတြ ရွိလာႏိုင္လို႔ ရဲစခန္းကို အမႈလာဖြင့္သူေတြကိုလည္း စစ္ေဆးတာေတြ လုပ္ႏိုင္တယ္လို႔ ေျပာပါတယ္။

အာဆာနဲ႔ပတ္သက္တဲ့အမႈေတြကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ အေရးယူႏိုင္တယ္
ICOE အစီရင္ခံစာကို အစိုးရနဲ႔ တပ္ဘယ္လိုေဆာင္႐ြက္မလဲ

ရခိုင္ျပည္နယ္မွာ ၂၀၁၆-၂၀၁၇ အာဆာတိုက္ခိုက္မႈေတြကို တပ္မေတာ္နဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ေတြက တုံ႔ျပန္ရာမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြရွိတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးခဲ့တဲ့ အစီရင္ခံစာ အက်ဥ္းခ်ဳပ္ ဇန္နဝါရီ ၂၁ ရက္မွာ ထြက္လာခဲ့တာ ျဖစ္ပါတယ္။

လက္ရွိ အာဏာရ NLD အစိုးရက ၂၀၁၈ မွာ ဖြဲ႕ေပးခဲ့တဲ့ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္ (Independent Commission of Enquiry - ICOE) ရဲ႕ အဆုံးသတ္ အစီရင္ခံစာ အက်ဥ္းခ်ဳပ္ ထြက္လာၿပီး ေနာက္တစ္ရက္မွာ က်ဴးလြန္သူေတြကို စုံစမ္းစစ္ေဆးဖို႔ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္႐ုံးက ေၾကညာခဲ့ပါတယ္။

ဒီအစီရင္ခံစာထဲက စစ္ရာဇဝတ္မႈေတြ ျဖစ္ခဲ့ႏိုင္တယ္ဆိုတာေတြနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ဘက္ကလည္း ဥပေဒနဲ႔အညီ ဆက္လက္စုံစမ္း စစ္ေဆးသြားမယ္လို႔ တုံ႔ျပန္ထားပါတယ္။

အခုလို ေရွ႕ေနခ်ဳပ္႐ုံးက ေၾကညာခဲ့တဲ့ ေနာက္တစ္ရက္ ဇန္နဝါရီ ၂၃ မွာေတာ့ ျမန္မာဟာ လူမ်ိဳးတုံး သတ္ျဖတ္မႈ တားဆီးတဲ့ ဂ်ီႏိုဆိုက္ ကြန္ဗန္းရွင္းကို ခ်ိဳးေဖာက္တယ္ဆိုၿပီး ဂမ္ဘီယာက တရားစြဲဆို ၾကားျဖတ္အစီအစဥ္ေတြ ခ်မွတ္ေပးဖို႔ ေတာင္းဆိုထားတာကို ႏိုင္ငံတကာ တရား႐ုံး အိုင္စီေဂ်က အဆုံးအျဖတ္ခ်မွတ္မွာပါ။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
ရခိုင် အာဆာတိုက်ခိုက်မှု ပြစ်မှုကျူးလွန်သူတွေကို ဘယ်လို အရေးယူနိုင်သလဲ

ဓာတ်ပုံ မူပိုင် STR/AFP/Getty Images
Image caption ရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးဖို့ တပ်နဲ့ရဲတပ်ဖွဲ့အကူအညီနဲ့စစ်နိုင်တယ်လို့ဆို

ရခိုင်ပြည်နယ်မှာ အာဆာတိုက်ခိုက်မှုနဲ့ နောက်ဆက်တွဲ ပဋိပက္ခတွေမှာ ပါဝင်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူတွေကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE) ရဲ့ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်တွေနဲ့အညီ စုံစမ်းစစ်ဆေး၊တရားစွဲဆိုဖို့ ဆောင်ရွက်မယ်လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဇန်နဝါရီ ၂၂ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြစ်မှုကျူးလွန်သူတွေထဲမှာ အာဆာလက်နက်ကိုင်အဖွဲ့တွေနဲ့ အလိုတူ ပူးပေါင်းပါဝင်ခဲ့သူတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေ ပါဝင်တယ်လို့ ICOE အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာမှာ ဖော်ပြထားတဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးယူရာမှာ ဥပဒေကြောင်းအရ အချက်သုံးချက်နဲ့ အရေးယူ ဆောင်ရွက်တာတွေ လုပ်နိုင်ကြောင်းနဲ့ ဆောင်ရွက်နိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဘီဘီစီကို အခုလို ပြောပြပါတယ်။

(၁ ) အရပ်သားတွေနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရာဇဝတ်မှု ကျူးလွန်တာတွေ၊ ရခိုင်မြောက်ပိုင်းဒေသမှာ ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ အထူးသဖြင့် အာဆာကို ပြန်လည် နှိမ်နင်းရင်း ဖြစ်ပေါ်လာတွေနဲ့ ပတ်သက်လို့ အရပ်သားတွေက ကျူးလွန်ရင် ရှေ့နေချုပ်ရုံးက ၂၀၀၈ အခြေခံ ဥပဒေအရ အရပ်ဘက် တရားရုံးတွေက အရေးယူဖို့ ရှိတယ်။

အဲဒီလို အရပ်ဘက် ရုံးတွေကို တင်ပို့ရာမှာ ရှေ့နေချုပ်ရုံးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သို့မဟုတ် သူတာဝန်ပေးတဲ့ အဖွဲ့အစည်းတွေကို တာဝန်ပေးပြီး အဲဒီအဖွဲ့တွေရဲ့ အစီရင်ခံစာကို မူတည်ပြီး ရှေ့နေချုပ်ရုံးက အရပ်ဘက် ရုံးတွေမှာ တရားစွဲနိုင်မယ်။

(၂ ) စစ်သားတွေက ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရာဇဝတ်မှုတွေကိုတော့ စစ်ဥပဒေချုပ်ရုံးက စုံစမ်းစစ်ဆေးပြီး တရားစွဲနိုင်မယ်။ စစ်ခုံရုံးနဲ့ပဲ စစ်မယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ်က အတည်ဖြစ်တယ်။ အပြီးအပြတ်ဖြစ်တယ်။

(၃) အာဆာနဲ့ အာဆာနဲ့ ပေါင်းပြီး အရပ်သား ဘင်္ဂါလီတွေက ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုတော့ ရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိတယ်။ သို့သော်လည်း စစ်ခုံရုံးက ကူညီရမယ်။

ရှေ့နေချုပ်ရုံးက အလုပ်နှစ်ခု ဖြစ်သွားတယ်။ တစ်ခုက သာမန်အရပ်သားတွေ ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို ရှေ့နေချုပ်ရုံးက ရဲတပ်ဖွဲ့ကို စုံစမ်းစစ်ဆေးစေပြီး တရားရုံးကို တင်ပို့တာ။

နောက်တစ်ခုက အာဆာကို အားပေးတဲ့ ဘင်္ဂါလီတွေကို စုံစမ်းစစ်ဆေးတာကို ထမ်းဆောင်တာလုပ်နိုင်တယ်။
ဘယ်သူက တရားစွဲမှာလဲ

ရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးပြီးရင် တရားလိုအဖြစ် ဆောင်ရွက်မယ့်သူက မြို့နယ်ဥပဒေရုံးတွေက စတင် စွဲတင်တာတွေ ဖြစ်လာနိုင်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

ပြစ်မှုကြီးတွေကိုတော့ ခရိုင်ဥပဒေရုံးက စွဲမယ်လို့ ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ရဲစခန်းမှာ လာတိုင်တဲ့ နစ်နာသူတွေဆီကနေလည်း စုံစမ်းစစ်ဆေးမှုတွေလုပ်နိုင်
ဘယ်ဥပဒေ၊ပုဒ်မတွေနဲ့ အရေးယူနိုင်မလဲ

ကျူးလွန်သူတွေကို အရေးယူရာမှာ အာဆာနဲ့ပတ်သက်တဲ့ အမှုတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေနဲ့ အရေးယူနိုင်တယ်။ အာဆာကို အားပေးသူတွေကိုလည်း အဲဒီ ဥပဒေ ပုဒ်မတွေနဲ့ အရေးယူနိုင်တယ်။

ရိုးရိုးအရပ်သားတွေက သာမန် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို လူသတ်မှု၊ အပြင်းထန်နာကျင်စေမှု၊ သာမန် ဒဏ်ရာရစေမှုတို့နဲ့ တခြားရာဇဝတ်ပြစ်မှုတွေနဲ့ အရေးယူနိုင်တယ်။
တရားစီရင်ရေး ဘယ်လောက်ကြာမြင့်နိုင်သလဲ

CMP (Case Management Program - မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်) စီမံချက်ချပြီး ဘယ်နေ့အပြီး၊ ဘယ်လအပြီး စီမံချက်နဲ့ အမှုတွေ စစ်နေတာဖြစ်လို့ အရင်ကလို ကြာမြင့်တာမျိုး မရှိနိုင်ဘူးလို့ ဦးကြီးမြင့်က ပြောပါတယ်။

ကျူးလွန်သူတွေကို စစ်ဆေးဖို့ စိန်ခေါ်ချက်

ကျူးလွန်သူတွေကို ရှေ့နေချုပ်ရုံးက လက်တွေ့ စစ်ဆေးတဲ့အခါ နည်းလမ်း မှန်မှန်ကန်ကန် ဆောင်ရွက်ရင် လွယ်ကူနိုင်တယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။ အဲဒီလို စစ်ဆေးတဲ့အခါ ရဲတပ်ဖွဲ့နဲ့ တပ်မတော်ရဲ့ အကူအညီကို ရယူပြီး စစ်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

နစ်နာသူတွေက အမှုဖွင့်တာတွေ ရှိလာနိုင်လို့ ရဲစခန်းကို အမှုလာဖွင့်သူတွေကိုလည်း စစ်ဆေးတာတွေ လုပ်နိုင်တယ်လို့ ပြောပါတယ်။
ဓာတ်ပုံ မူပိုင် STR/AFP/Getty Images
Image caption အာဆာနဲ့ပတ်သက်တဲ့အမှုတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူနိုင်တယ်
ICOE အစီရင်ခံစာကို အစိုးရနဲ့ တပ်ဘယ်လိုဆောင်ရွက်မလဲ

ရခိုင်ပြည်နယ်မှာ ၂၀၁၆-၂၀၁၇ အာဆာတိုက်ခိုက်မှုတွေကို တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက တုံ့ပြန်ရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့တဲ့ အစီရင်ခံစာ အကျဉ်းချုပ် ဇန်နဝါရီ ၂၁ ရက်မှာ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အာဏာရ NLD အစိုးရက ၂၀၁၈ မှာ ဖွဲ့ပေးခဲ့တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent Commission of Enquiry - ICOE) ရဲ့ အဆုံးသတ် အစီရင်ခံစာ အကျဉ်းချုပ် ထွက်လာပြီး နောက်တစ်ရက်မှာ ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးဖို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ကြေညာခဲ့ပါတယ်။

ဒီအစီရင်ခံစာထဲက စစ်ရာဇဝတ်မှုတွေ ဖြစ်ခဲ့နိုင်တယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကလည်း ဥပဒေနဲ့အညီ ဆက်လက်စုံစမ်း စစ်ဆေးသွားမယ်လို့ တုံ့ပြန်ထားပါတယ်။

အခုလို ရှေ့နေချုပ်ရုံးက ကြေညာခဲ့တဲ့ နောက်တစ်ရက် ဇန်နဝါရီ ၂၃ မှာတော့ မြန်မာဟာ လူမျိုးတုံး သတ်ဖြတ်မှု တားဆီးတဲ့ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာက တရားစွဲဆို ကြားဖြတ်အစီအစဉ်တွေ ချမှတ်ပေးဖို့ တောင်းဆိုထားတာကို နိုင်ငံတကာ တရားရုံး အိုင်စီဂျေက အဆုံးအဖြတ်ချမှတ်မှာပါ။

BBC Burmese
https://www.bbc.com
ရခိုင္ အာဆာတိုက္ခိုက္မႈ ျပစ္မႈက်ဴးလြန္သူေတြကို ဘယ္လို အေရးယူႏိုင္သလဲ ရခိုင္ အာဆာတိုက္ခိုက္မႈ ျပစ္မႈက်ဴးလြန္သူေတြကို ဘယ္လို အေရးယူႏိုင္သလဲ Reviewed by THITHTOOLWIN on 23:13 Rating: 5
Powered by Blogger.