ပင္ေလာင္းမွာ မယ္ေတာ္မာရီ႐ုပ္တု ဖ်က္ဆီးခံရ

ဖ်က္စီးခံရတဲ့ ပင္ေလာင္းၿမိဳ႕နယ္ တကန္ကူး႐ြာက မယ္ေတာ္႐ုပ္တုကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရွမ္းျပည္နယ္ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ပင္ေလာင္းၿမိဳ႕နယ္ ဘန႔္ဘာေက်း႐ြာအုပ္စု တကန္ကူးေက်း႐ြာမွာ လူနည္းစုျဖစ္တဲ့ ကယန္းလူမ်ိဳးေတြ ကိုးကြယ္ေနတဲ့ မယ္ေတာ္႐ုပ္တု ဖ်က္စီးခံရတာေၾကာင့္ သက္ဆိုင္ရာက အျမန္ဆုံးစီစစ္အေရးယူေပးဖို႔ ကယန္းအမ်ိဳးသား ညီၫြတ္ေရး ဦးေဆာင္ေကာ္မတီက ေတာင္းဆိုထားပါတယ္။

ရွမ္းျပည္နယ္ ပအိုဝ္းကိုယ္ပိုင္အုပ္ခြင့္ရေဒသ ပင္ေလာင္းၿမိဳ႕နယ္ရွိ ကယန္းလူမ်ိဳးေတြေနထိုင္တဲ့ တကန္ကူး ေက်း႐ြာမွာရွိတဲ့ ကက္သလစ္ဘာသာဝင္ေတြ တည္ေဆာက္ထားတဲ့ မယ္ေတာ္႐ုပ္တု ဖ်က္စီးခံရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၁၈ နဲ႔ ၁၉ရက္ေန႔ေတြမွာ တကန္ကူးေက်း႐ြာပိုင္ ဟားေရတံခြန္အနီးက လူနည္းစု ကယန္းလူမ်ိဳး ကက္သလစ္ခရစၥယာန္ဘာသာဝင္ေတြရဲ႕ တည္ထားကိုးကြယ္ေနတဲ့ မယ္ေတာ္႐ုပ္တုကို  လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕က ေက်ာက္တုံးေတြနဲ႔ ပစ္ေပါက္တာ၊ေသနတ္နဲ႔ ပစ္ခတ္တာေၾကာင့္ မယ္ေတာ္႐ုပ္တု ပ်က္စီးသြားတယ္လို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးမို႔ကေျပာပါတယ္။

“အေျခအေနက နဖူးမွာက်ည္မွန္ထားတယ္၊ ႏွာေခါင္းနဲ႔ မ်က္လုံးၾကားမွာေပါ့ေနာ္၊ လက္မွာေတာ့ ႐ိုက္ခ်ိဳးခံထားရတယ္၊ လက္ဖဝါးႏွစ္ဖက္၊”

တကန္ကူးေက်း႐ြာဟာ အိမ္ေျခ ၁၃နီးပါးရွိၿပီး ကက္သလက္ဘာသာဝင္ ကယန္းလူမ်ိဳးေတြခ်ည္းေနတဲ့ ေက်း႐ြာျဖစ္ပါတယ္။

ဒီလူနည္းစု ကယန္းလူမ်ိဳးေတြ တည္ေဆာက္ကိုးကြယ္တဲ့ မယ္ေတာ္႐ုပ္တုနားမွာ ပအိုဝ္းဌာေနျပည္သူစစ္ (PNA) လက္ေအာက္ခံတပ္ တစ္ခုရွိၿပီး ဒီ႐ုပ္တုကိုဖ်က္စီးတာဟာ ဒီအဖြဲ႕ကျပဳလုပ္တာလို႔ ေဒသခံေတြ၊ အရပ္ဖက္ အဖြဲ႕ေတြက စြပ္စြဲေျပာဆိုတာေတြရွိပါတယ္။

“မဟုတ္ပါဘူး၊ က်ေနာ္တို႔အဖြဲ႕က ဘာသာေရးကိစၥတို႔ လူမ်ိဳးေရးကိစၥတို႔ဆို လက္ေရွာင္တယ္၊ အဲဒါမ်ိဳး က်ေနာ္တို႔မလုပ္ဘူး”

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ပအိုဝ္ဌာေနျပည္သူစစ္ PNA အဖြဲ႕က ဗိုလ္မႉးႀကီး ေအာင္သန္းကို ဆက္သြယ္ေမးျမန္းရာ မွာေတာ့ သူတို႔အဖြဲ႕မဟုတ္ဘူးလို႔ ျငင္းဆိုပါတယ္။

ဒီတကန္ကူးေက်း႐ြာနားမွာ ပအိုဝ္ဌာေန ျပည္သူစစ္အဖြဲ႕ PNAက သစ္ေတာႀကိဳးဝိုင္းျပဳလုပ္ထားၿပီး ဒီႀကိဳးဝိုင္းကို ေစာင့္ေရွာက္ဖို႔ တပ္ဖြဲ႕ဝင္အနည္းငယ္ စခန္းခ်ထားတာရွိတယ္လို႔ ဗိုလ္မႉးႀကီးေအာင္သန္း ကေျပာပါတယ္။

ဒီလိုလူနည္းစုဘာသာဝင္ေတြ ကိုးကြယ္တဲ့႐ုပ္တုကို ဖ်က္စီးတာဟာ ဘာသာေရးလြတ္လပ္ခြင့္နဲ႔ လူ႔အခြင့္ေရး ခ်ိဳးေဖာက္တာျဖစ္တာေၾကာင့္ မလိုလားအပ္တဲ့ျပႆနာေတြ မျဖစ္ေအာင္ အစိုးရအေနနဲ႔ အျမန္ဆုံးစစ္ေဆး အေရးယူေပးဖို႔  ကယန္းအမ်ိဳးသားညီၫြတ္ေရး ဦးေဆာင္ေကာ္မတီေတာင္းဆို ထားပါတယ္။

ဒီလို႐ုပ္တုကို ဖ်က္စီးတာဟာ လူနည္းစုတိုင္းရင္းသားေတြ အခြင့္အေရးကို ခ်ိဳးေဖာက္တာလို႔ ကယန္းအမ်ိဳးသား ညီၫြတ္ေရး ဦးေဆာင္ေကာ္မတီ အတြင္းေရးမႉး ခြန္းတင္ႏုကေျပာပါတယ္။

“အခုလို႔ဖ်က္စီးလိုက္တာက လက္ရွိက်ေနာ္တို႔ ျပည္တြင္းၿငိမ္းခ်မ္းေရးလည္း မရေသးဘူးေပါ့ေနာ္၊ ရႈပ္ေထြးတဲ့ အေျခအေနရွိတယ္၊ ပိုၿပီးေတာ့ က်ေနာ္တို႔လူနည္းစုေတြက ပိုၿပီးေတာ့ၿခိမ္းေျခာက္ခံရတယ္၊ ဖြဲ႕စည္းပုံ အေျခခံဥပေဒက ေပးတဲ့အခြင့္အေရးေတြလည္း ဆုံးရႈံးတယ္၊ လူ႔အခြင့္အေရးလည္း ဆုံးရႈံးတယ္၊ အဲလိုမ်ိဳးလည္းသူတို႔က ေျပာင္ေျပာင္တင္းတင္းခ်ိဳးေဖာက္လိုက္တယ္”

ဘန႔္ဘာေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ခြန္ထီးျဖဴကေတာ့ ၿပီးခဲ့တဲ့ ၁၇ရက္ေန႔တုန္းက အဲဒီေက်း႐ြာကို သြားေရာက္ခဲ့ကာ ျပႆနာမျဖစ္ေအာင္ညႇိႏႈိးေပးခဲ့ၿပီး လက္ရွိအေျခအေနကိုေတာ့  သူမသိဘူးလို႔ ေျပာပါတယ္။

ကရင္နီလူငယ္မ်ားသမဂၢ အေထြေထြအတြင္းေရးမႉး ခြန္ဘားနဒ္ကေတာ့ ဒီလိုမ်ိဳးထိလြယ္ရွလြယ္ ျဖစ္တာကို က်ဴးလြန္တဲ့သူေတြကို အေရးယူသင့္တယ္လို႔ ေျပာပါတယ္။

“အဓိကဘာသာေရးနဲ႔ ေသာ္လည္းေကာင္း လူမ်ိဳးေရးနဲ႔ေသာ္လည္းေကာင္း ဒီလိုမ်ိဳးအၾကမ္း ဘက္နည္းနဲ႔ ေျဖရွင္းတာထက္စာရင္ တရားဝင္ေခၚယူညႇိႏႈိင္းတာက မၿငိမ္းခ်မ္းဘူးလားေပါ့ေနာ္၊ ဘာသာေရးဆိုတာ သိမ္ေမြ႕တယ္၊ဒါေပမဲ့ ထိလြယ္ရွလြယ္ျဖစ္တယ္ အဲအေျခအေနမ်ိဳးမွာ ဒီလိုမ်ိဳးလူတစ္စုက လုပ္တဲ့အေပၚမွာ တာဝန္ရွိသူေတြအေနနဲ႔ ထိထိေရာက္ေရာက္ ကိုင္တြယ္ေျဖရွင္းသင့္တယ္”

ဒီမယ္ေတာ္႐ုပ္တု တည္ေဆာက္ဖို႔အတြက္ ေဒသဆိုင္ရာ အာဏာပိုင္ေတြကို ခြင့္ျပဳခ်က္ေတာင္းခံျခင္းမရွိဘဲ တည္ေဆာက္ထားတာလို႔ PNA တာဝန္ရွိသူေတြကေျပာပါတယ္။

ဒီမယ္ေတာ္႐ုပ္တုပူေဇာ္ပြဲကို လာမယ့္ဇန္နဝါရီ ၂၃ ရက္နဲ႔ ၂၄ ရက္ေန႔ေတြမွာ က်င္းပဖို႔ရွိၿပီး ေဒသခံေတြက ေနာက္ထပ္ လာေရာက္ဖ်က္စီးမွာကို စိုးရိမ္ေနၾကပါတယ္။

ဒီကိစၥေတြနဲ႔ ပတ္သက္ၿပီး ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသတာဝန္ရွိသူေတြကို ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားေပမယ့္ ဆက္သြယ္လို႔မရေသးပါဘူး။

ဒီေဒသမွာ ဗုဒၶဘာသာကိုးကြယ္တဲ့ ပအိုဝ္းတိုင္းရင္းသားေတြ အမ်ားစုေနထိုင္ၿပီး ခရစၥယာန္ကိုးကြယ္တဲ့ ကယန္းလူမ်ိဳး ၅၀၀နီးပါးရွိတယ္လို႔သိရပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ပင်လောင်းမှာ မယ်တော်မာရီရုပ်တု ဖျက်ဆီးခံရ

ဖျက်စီးခံရတဲ့ ပင်လောင်းမြို့နယ် တကန်ကူးရွာက မယ်တော်ရုပ်တုကို တွေ့ရစဉ်
ဓာတ်ပုံ - ခွန်းတင်နု

ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘန့်ဘာကျေးရွာအုပ်စု တကန်ကူးကျေးရွာမှာ လူနည်းစုဖြစ်တဲ့ ကယန်းလူမျိုးတွေ ကိုးကွယ်နေတဲ့ မယ်တော်ရုပ်တု ဖျက်စီးခံရတာကြောင့် သက်ဆိုင်ရာက အမြန်ဆုံးစီစစ်အရေးယူပေးဖို့ ကယန်းအမျိုးသား ညီညွတ်ရေး ဦးဆောင်ကော်မတီက တောင်းဆိုထားပါတယ်။

ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်ရှိ ကယန်းလူမျိုးတွေနေထိုင်တဲ့ တကန်ကူး ကျေးရွာမှာရှိတဲ့ ကက်သလစ်ဘာသာဝင်တွေ တည်ဆောက်ထားတဲ့ မယ်တော်ရုပ်တု ဖျက်စီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ နဲ့ ၁၉ရက်နေ့တွေမှာ တကန်ကူးကျေးရွာပိုင် ဟားရေတံခွန်အနီးက လူနည်းစု ကယန်းလူမျိုး ကက်သလစ်ခရစ္စယာန်ဘာသာဝင်တွေရဲ့ တည်ထားကိုးကွယ်နေတဲ့ မယ်တော်ရုပ်တုကို  လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ကျောက်တုံးတွေနဲ့ ပစ်ပေါက်တာ၊သေနတ်နဲ့ ပစ်ခတ်တာကြောင့် မယ်တော်ရုပ်တု ပျက်စီးသွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမို့ကပြောပါတယ်။

“အခြေအနေက နဖူးမှာကျည်မှန်ထားတယ်၊ နှာခေါင်းနဲ့ မျက်လုံးကြားမှာပေါ့နော်၊ လက်မှာတော့ ရိုက်ချိုးခံထားရတယ်၊ လက်ဖဝါးနှစ်ဖက်၊”

တကန်ကူးကျေးရွာဟာ အိမ်ခြေ ၁၃နီးပါးရှိပြီး ကက်သလက်ဘာသာဝင် ကယန်းလူမျိုးတွေချည်းနေတဲ့ ကျေးရွာဖြစ်ပါတယ်။

ဒီလူနည်းစု ကယန်းလူမျိုးတွေ တည်ဆောက်ကိုးကွယ်တဲ့ မယ်တော်ရုပ်တုနားမှာ ပအိုဝ်းဌာနေပြည်သူစစ် (PNA) လက်အောက်ခံတပ် တစ်ခုရှိပြီး ဒီရုပ်တုကိုဖျက်စီးတာဟာ ဒီအဖွဲ့ကပြုလုပ်တာလို့ ဒေသခံတွေ၊ အရပ်ဖက် အဖွဲ့တွေက စွပ်စွဲပြောဆိုတာတွေရှိပါတယ်။

“မဟုတ်ပါဘူး၊ ကျနော်တို့အဖွဲ့က ဘာသာရေးကိစ္စတို့ လူမျိုးရေးကိစ္စတို့ဆို လက်ရှောင်တယ်၊ အဲဒါမျိုး ကျနော်တို့မလုပ်ဘူး”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပအိုဝ်ဌာနေပြည်သူစစ် PNA အဖွဲ့က ဗိုလ်မှူးကြီး အောင်သန်းကို ဆက်သွယ်မေးမြန်းရာ မှာတော့ သူတို့အဖွဲ့မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

ဒီတကန်ကူးကျေးရွာနားမှာ ပအိုဝ်ဌာနေ ပြည်သူစစ်အဖွဲ့ PNAက သစ်တောကြိုးဝိုင်းပြုလုပ်ထားပြီး ဒီကြိုးဝိုင်းကို စောင့်ရှောက်ဖို့ တပ်ဖွဲ့ဝင်အနည်းငယ် စခန်းချထားတာရှိတယ်လို့ ဗိုလ်မှူးကြီးအောင်သန်း ကပြောပါတယ်။

ဒီလိုလူနည်းစုဘာသာဝင်တွေ ကိုးကွယ်တဲ့ရုပ်တုကို ဖျက်စီးတာဟာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်ရေး ချိုးဖောက်တာဖြစ်တာကြောင့် မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်အောင် အစိုးရအနေနဲ့ အမြန်ဆုံးစစ်ဆေး အရေးယူပေးဖို့  ကယန်းအမျိုးသားညီညွတ်ရေး ဦးဆောင်ကော်မတီတောင်းဆို ထားပါတယ်။

ဒီလိုရုပ်တုကို ဖျက်စီးတာဟာ လူနည်းစုတိုင်းရင်းသားတွေ အခွင့်အရေးကို ချိုးဖောက်တာလို့ ကယန်းအမျိုးသား ညီညွတ်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး ခွန်းတင်နုကပြောပါတယ်။

“အခုလို့ဖျက်စီးလိုက်တာက လက်ရှိကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေးလည်း မရသေးဘူးပေါ့နော်၊ ရှုပ်ထွေးတဲ့ အခြေအနေရှိတယ်၊ ပိုပြီးတော့ ကျနော်တို့လူနည်းစုတွေက ပိုပြီးတော့ခြိမ်းခြောက်ခံရတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးတဲ့အခွင့်အရေးတွေလည်း ဆုံးရှုံးတယ်၊ လူ့အခွင့်အရေးလည်း ဆုံးရှုံးတယ်၊ အဲလိုမျိုးလည်းသူတို့က ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တယ်”

ဘန့်ဘာကျေးရွာအုပ်ချုပ်ရေးမှူး ခွန်ထီးဖြူကတော့ ပြီးခဲ့တဲ့ ၁၇ရက်နေ့တုန်းက အဲဒီကျေးရွာကို သွားရောက်ခဲ့ကာ ပြဿနာမဖြစ်အောင်ညှိနှိုးပေးခဲ့ပြီး လက်ရှိအခြေအနေကိုတော့  သူမသိဘူးလို့ ပြောပါတယ်။

ကရင်နီလူငယ်များသမဂ္ဂ အထွေထွေအတွင်းရေးမှူး ခွန်ဘားနဒ်ကတော့ ဒီလိုမျိုးထိလွယ်ရှလွယ် ဖြစ်တာကို ကျူးလွန်တဲ့သူတွေကို အရေးယူသင့်တယ်လို့ ပြောပါတယ်။

“အဓိကဘာသာရေးနဲ့ သော်လည်းကောင်း လူမျိုးရေးနဲ့သော်လည်းကောင်း ဒီလိုမျိုးအကြမ်း ဘက်နည်းနဲ့ ဖြေရှင်းတာထက်စာရင် တရားဝင်ခေါ်ယူညှိနှိုင်းတာက မငြိမ်းချမ်းဘူးလားပေါ့နော်၊ ဘာသာရေးဆိုတာ သိမ်မွေ့တယ်၊ဒါပေမဲ့ ထိလွယ်ရှလွယ်ဖြစ်တယ် အဲအခြေအနေမျိုးမှာ ဒီလိုမျိုးလူတစ်စုက လုပ်တဲ့အပေါ်မှာ တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသင့်တယ်”

ဒီမယ်တော်ရုပ်တု တည်ဆောက်ဖို့အတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေကို ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ တည်ဆောက်ထားတာလို့ PNA တာဝန်ရှိသူတွေကပြောပါတယ်။

ဒီမယ်တော်ရုပ်တုပူဇော်ပွဲကို လာမယ့်ဇန်နဝါရီ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ကျင်းပဖို့ရှိပြီး ဒေသခံတွေက နောက်ထပ် လာရောက်ဖျက်စီးမှာကို စိုးရိမ်နေကြပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

ဒီဒေသမှာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ပအိုဝ်းတိုင်းရင်းသားတွေ အများစုနေထိုင်ပြီး ခရစ္စယာန်ကိုးကွယ်တဲ့ ကယန်းလူမျိုး ၅၀၀နီးပါးရှိတယ်လို့သိရပါတယ်။

RFA Burmese
https://www.rfa.org
ပင္ေလာင္းမွာ မယ္ေတာ္မာရီ႐ုပ္တု ဖ်က္ဆီးခံရ ပင္ေလာင္းမွာ မယ္ေတာ္မာရီ႐ုပ္တု ဖ်က္ဆီးခံရ Reviewed by THITHTOOLWIN on 23:04 Rating: 5
Powered by Blogger.