မင္းျပားၿမိဳ႕နယ္က အုပ္ခ်ဳပ္ေရးမႉးႏွစ္ဦး သတ္ျဖတ္ခံရတာလို႔ မ်က္ျမင္ေတြေျပာ

(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ စိတၱရေက်း႐ြာမွာ ဒီဇင္ဘာ ၁၁ ရက္ေန႔ညက  ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး တစ္ဦးနဲ႔ ေက်း႐ြာတာဝန္ခံ တစ္ဦးကို တပ္မေတာ္စစ္ေၾကာင္းတစ္ခုက သတ္ျဖတ္လိုက္တာလို႔ မ်က္ျမင္သက္ေသႏွစ္ဦးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

တပ္မေတာ္ဘက္ကေတာ့ သူတို႔ႏွစ္ဦးကို ႐ြာထဲမွာ ေသဆုံးလ်က္သား ေတြ႕ရွိခဲ့တာလို႔ ထုတ္ျပန္ထားပါတယ္။

မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအနီးမွာ လုံၿခဳံေရးေဆာင္႐ြက္ေနတဲ့ တပ္မေတာ္စစ္ေၾကာင္းတစ္ခုဟာ ဒီဇင္ဘာ ၁၃ ရက္ေန႔ည ၁၀ နာရီေလာက္က စိတၱရေက်း႐ြာအနီးကို ေရာက္ရွိလာခဲ့ပါတယ္။

အဲဒီအခ်ိန္မွာ ေက်း႐ြာအတြင္း ေနအိမ္တစ္လုံးေပၚကေန ေအေအ အဖြဲ႕က လက္နက္ငယ္ေတြနဲ႔ပစ္ခတ္လို႔ တပ္မေတာ္စစ္ေၾကာင္းက ျပန္လည္ပစ္ခတ္ခ်ိန္ ႐ြာရဲ႕ေတာင္ဘက္ကို ထြက္ေျပးခဲ့ပါတယ္။

အဲဒီျဖစ္စဥ္မွာ တပ္မေတာ္က အရာရွိတစ္ဦး လက္နက္ငယ္ထိမွန္ခဲ့သလို စစ္ေၾကာင္းက ေအေအအဖြဲ႕ ပစ္ခတ္ခဲ့တဲ့ေနအိမ္ကိုစစ္ေဆးရာမွာ ဦးဉာဏ္သိန္းနဲ႔ ဦးေက်ာ္ေအးေမာင္တို႔မွာ လက္နက္ငယ္ဒဏ္ရာနဲ႔ ေသဆုံးလ်က္သားေတြ႕ရတယ္လို႔ဆိုပါတယ္။

ဒါကေတာ့ ဒီဇင္ဘာ ၁၃ ရက္ေန႔က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးကေန ထုတ္ျပန္ခ်က္ျဖစ္ပါတယ္။

ျဖစ္စဥ္ျဖစ္ပြားတဲ့ေနရာအနီးမွာ မသကၤာဖြယ္ရာစုေဝးေနတဲ့ လူ ခုႏွစ္ဦးကို တပ္မေတာ္က ဖမ္းဆီးထိန္းသိမ္း လိုက္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာေဖာ္ျပပါတယ္။

အခင္းျဖစ္တဲ့ေနအိမ္ဟာ စိတၱရေက်း႐ြာမွာေနထိုင္တဲ့ ဖုံသာဝအုပ္စုအုပ္ခ်ဳပ္ေရးမႉး ဦးဉာဏ္သိန္းရဲ႕ေနအိမ္ျဖစ္ၿပီး တပ္မေတာ္ဘက္ကေျပာဆိုခ်က္ဟာ မ်က္ျမင္ေတြ၊ ကိုယ္ေတြ႕ႀကဳံခဲ့ရသူေတြရဲ႕ေျပာဆိုခ်က္နဲ႔ကြဲလြဲေနတာ ေတြ႕ရပါတယ္။

“ကြၽန္ေတာ္တို႔ မီးဖိုမွာ ဝိုင္းၿပီးေတာ့ မီးလႈံေနၾကတယ္ေပါ့ေနာ္။ အဲဒီအခ်ိန္မွာ စစ္ေၾကာင္းကဝင္လာၿပီးေတာ့ ကြၽန္ေတာ္တို႔ အုပ္ခ်ဳပ္ေရးမႉးအိမ္ေရွ႕ကိုေရာက္ၿပီးမွ ပထမတစ္ေယာက္က ေသနတ္တစ္ခ်က္ မိုးေပၚကို ေထာင္ပစ္တယ္။ ေနာက္ထပ္သုံးေယာက္ဝင္လာၿပီးေတာ့ ကြၽန္ေတာ္တို႔ကိုလွမ္းေျပာတာေပါ့ေနာ္။ မင္းတို႔ ေကာင္ေတြ တစ္ေကာင္မွမေျပးနဲ႔ ေျပးတဲ့ေကာင္ေတြကို အကုန္လုံးပစ္သတ္မယ္။ ဖုန္းေျပာေနတဲ့ေကာင္ေတြ လည္း ဖုန္းေတြကိုအကုန္ခ်။ အဲလိုေအာ္ေျပာၿပီးေတာ့ သူက ေနာက္ထပ္ေသနတ္နဲ႔ တရစပ္ပစ္ေတာ့တာပဲခင္ဗ်”

သူကေတာ့ ေသနတ္နဲ႔ပစ္ခတ္ခ်ိန္မွာ ထြက္ေျပးလြတ္ေျမာက္လာခဲ့သူတစ္ဦးပါ။

အဲဒီေန႔က ေက်း႐ြာေက်ာင္းထိုင္ဆရာေတာ္ႀကီးဟာ အေျမာက္သံေတြေၾကာင့္ ေၾကာက္လန႔္ၿပီး အုပ္ခ်ဳပ္ေရးမႉး ဦးဉာဏ္သိန္းရဲ႕ေနအိမ္ထံ ႂကြေရာက္ေနခ်ိန္ကို အေၾကာင္းျပဳၿပီးေတာ့ လူႀကီးလူငယ္ ၂၀ ေက်ာ္ဟာ အိမ္ဝင္းထဲမွာ မီးလႈံၿပီး စကားေျပာေနၾကတာလို႔ဆိုပါတယ္။

အဲဒီေန႔ကျဖစ္စဥ္မွာ ႐ြာထဲမွာရွိတဲ့ အသက္ ၃၉ ႏွစ္အ႐ြယ္ ကေလးတစ္ေယာက္ရဲ႕မိခင္ ေဒၚျဖဴျဖဴဝင္းဟာလည္း ေသနတ္က်ည္ထိမွန္ၿပီး ေသဆုံးခဲ့ပါတယ္။ ဒါေပမဲ့ ေဒၚျဖဴျဖဴဝင္း ေသဆုံးခဲ့ရမႈနဲ႔ပတ္သက္လို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးရဲ႕ ထုတ္ျပန္ခ်က္မွာ မေတြ႕ရပါဘူး။

မိသားစုဝင္ေတြနဲ႔ ကိုယ္ေတြ႕ႀကဳံခဲ့ရသူေတြရဲ႕ေျပာဆိုခ်က္အရ အုပ္ခ်ဳပ္ေရးမႉး ဦးဉာဏ္သိန္းဟာ ေသနတ္ ဒင္ေတြနဲ႔ ႐ိုက္ႏွက္ခံရလို႔ အခင္းျဖစ္ေနရာမွာပဲ ေသဆုံးခဲ့သလို ေက်ာက္ေမာ္ေက်း႐ြာတာဝန္ခံ ဦးေက်ာ္ေအးေမာင္ ကေတာ့ တပ္မေတာ္က ပစ္ခတ္တဲ့က်ည္ေၾကာင့္ အခင္းျဖစ္ေနရာမွာပဲ ဒစ္ရာရခဲ့တယ္လို႔ဆိုပါတယ္။

အဲဒီေနာက္ ဦးေက်ာ္ေအးေမာင္အပါအဝင္ လူ ၁၀ ဦးကို အဲဒီတပ္မေတာ္စစ္ေၾကာင္းက ဖမ္းဆီးေခၚေဆာင္သြား တယ္လို႔ ဆိုပါတယ္။

“ကြၽန္ေတာ္တို႔႐ြာကေနကူးသြားရင္ တစ္ဘက္ကမ္းမွာ သလူေခ်ာင္း႐ြာဆိုတာရွိပါတယ္။ သလူေခ်ာင္း႐ြာထိပ္နား မေရာက္ခင္ ဦးေက်ာ္ေအးေမာင္ကေျပာတယ္။ ကြၽန္ေတာ္ ဆက္မသြားႏိုင္ေတာ့ဘူးလို႔ေျပာတယ္။ သူက ကြၽန္ေတာ္တို႔နဲ႔အတူ ႀကိဳးခ်ည္ၿပီးပါလာတာ။ သူ႔ကိုေတာ့ ႀကိဳးျဖဳတ္ၿပီး ေနာက္ကိုေခၚသြားတယ္။ ကြၽန္ေတာ္တို႔ ေနာက္မွာပဲ သူ႔ကိုသတ္ပစ္လိုက္တယ္ေပါ့ေနာ္။ ကြၽန္ေတာ္တို႔လည္း သူ႐ုန္းသံေလာက္ကိုပဲ ၾကားရတယ္။ ေနာက္ကိုလွည့္မၾကည့္နဲ႔၊ လွည့္ၾကည့္တဲ့ေကာင္ေတြကို အကုန္သတ္မယ္ဆိုၿပီး စစ္ဖိနပ္ေတြနဲ႔ ကန္ေတာ့ ကြၽန္ေတာ္တို႔လည္း လွည့္မၾကည့္ရဲဘူး”

သူကေတာ့ တပ္မေတာ္စစ္ေၾကာင္းကေန အတင္း႐ုန္းထြက္ၿပီး လြတ္ေျမာက္လာသူ ႏွစ္ဦးထဲက တစ္ဦး ျဖစ္ပါတယ္။

အဲဒီျဖစ္ရပ္ေတြက သူ႔ကို ဒီေန႔အထိ ေျခာက္လွန႔္ေနဆဲျဖစ္တယ္လို႔ဆိုပါတယ္။

ထြက္ေျပးလြတ္ေျမာက္လာသူႏွစ္ဦးရဲ႕ ေျပာဆိုခ်က္အရ ေနာက္ ႏွစ္ရက္ခန႔္အၾကာမွာ ေက်ာက္ေမာ္ေက်း႐ြာ တာဝန္ခံ ဦးေက်ာ္ေအးေမာင္ရဲ႕ ႐ုပ္အေလာင္းကို သတ္ျဖတ္ခံရတဲ့ သလူေခ်ာင္း႐ြာအနီးမွာ မိသားစုေတြက ေတြ႕ရွိခဲ့ၾကပါတယ္။

တပ္မေတာ္ရဲ႕ထုတ္ျပန္ခ်က္ေတြဟာ မိသားစုဝင္ေတြ၊ ကိုယ္ေတြ႕ႀကဳံရသူေတြရဲ႕ ေျပာဆိုခ်က္ေတြနဲ႔ ကြဲလြဲေန တာနဲ႔ ပတ္သက္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း ကို RFA က ‌ေမးျမန္းခဲ့ရာမွာ "ဘာမွေတာ့ထပ္ေျပာစရာမရွိပါဘူး။ ကြၽန္ေတာ္တို႔ သတင္းထုတ္ထားတဲ့အတိုင္းပါပဲ။ အဲဒီေဒသခံဆိုတာကလည္း AA အမာခံေတြပဲျဖစ္ပါလိမ့္မယ္။" လို႔ေျပာပါတယ္။

တပ္မေတာ္က ရခိုင္လူငယ္ လူလတ္ပိုင္းေတြကို ေအေအ အဖြဲ႕ဝင္ေတြဆိုတဲ့သံသယနဲ႔ ပစ္မွတ္ထားစစ္ေဆး တာေတြေၾကာင့္ ရခိုင္ေျမာက္ပိုင္းမွာ တပ္မေတာ္စစ္ေၾကာင္းေတြလာၿပီဆိုရင္ ထြက္ေျပးတိမ္းေရွာင္ေလ့ ရွိၾကပါတယ္။

စိတၱရေက်း႐ြာထဲကေန ေခၚေဆာင္သြားသူေတြထဲက က်န္ရွိတဲ့ လူ ခုႏွစ္ဦးကိုလည္း တပ္မေတာ္က ေအေအ အဖြဲ႕နဲ႔ပတ္သက္တယ္ဆိုတဲ့ သံသယနဲ႔ မင္းျပားၿမိဳ႕နယ္ရဲတပ္ဖြဲ႕လက္ထဲကို လႊဲေျပာင္းေပးခဲ့ပါတယ္။

အခင္းျဖစ္တဲ့ေန႔က ထြက္ေျပးလြတ္ေျမာက္လာသူတစ္ဦးေျပာတာက “ကြၽန္ေတာ္တို႔အားကိုးတဲ့ တပ္မေတာ္က ကြၽန္ေတာ္တို႔ကို သံသယေတြနဲ႔ဖမ္းဆီးတယ္။ ႏွိပ္စက္တယ္။ ကြၽန္ေတာ္တို႔က သူတို႔ကို အခ်ိန္တိုင္းေၾကာက္ ၿပီးေတာ့ ေနေနရတဲ့အခါက်ေတာ့ လူငယ္ေတြကို ရကၡိဳင့္တပ္ေတာ္(AA)အဖြဲ႕ထဲကိုေရာက္ေအာင္ သူတို႔ ကိုယ္တိုင္ကပဲ တြန္းအားေပးေနတာလို႔ ျမင္တယ္ဗ်” လို႔ေျပာပါတယ္။

လူငယ္ေတြကို ေအေအအဖြဲ႕ထဲေရာက္ေအာင္ တပ္မေတာ္က တြန္းအားေပးေနသလိုျဖစ္ေနတယ္ဆိုတဲ့ ေျပာဆိုခ်က္နဲ႔ပတ္သက္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း ေျပာတာက

"လက္ေတြ႕ေျမျပင္အေျခအေနကေတာ့ ကြၽန္ေတာ္တို႔ျမင္ေနတာ ႐ြာေတြမွာပဲျဖစ္ျဖစ္ ဘယ္မွာပဲျဖစ္ျဖစ္ တပ္မေတာ္စစ္ေၾကာင္းေတြ ေရာက္သြားတိုင္း လူငယ္လူ႐ြယ္ဆိုတာ မေတြ႕သေလာက္ ရွားသြားပါၿပီ။ ေျပာရရင္ေတာ့ တပ္မေတာ္ကပဲ ဖမ္းဆီးႏွိပ္စက္လို႔ ထြက္ေျပးသေယာင္ ေျပာေပမယ့္ လက္ေတြ႕ေျမျပင္မွာေတာ့ အဲဒီအတိုင္းမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ကေတာ့ ျပည္သူလူထုအေပၚမွာ ကာကြယ္ေစာင့္ေရွာက္ေပးရမယ့္ တာဝန္ရွိပါတယ္။" လို႔ေျပာပါတယ္။

မင္းျပားၿမိဳ႕နယ္ စိတၱရေက်း႐ြာမွာ ျဖစ္ပြားခဲ့တဲ့ျဖစ္ရပ္ဟာ အျခားအုပ္ခ်ဳပ္ေရးမႉးေတြအတြက္ တုန္လႈပ္ ေခ်ာက္ခ်ားစရာျဖစ္ရပ္တစ္ခုျဖစ္ခဲ့ပါတယ္။

မင္းျပားၿမိဳ႕ ျပည္ေတာ္သာရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးေမာင္ဘုေခ်က အခုလိုေျပာပါတယ္။

“စိုးရိမ္ရတာကေတာ့ အခုက အုပ္ခ်ဳပ္ေရးမႉးေတြကို သူတို႔က ပစ္မွတ္ထားလာတာေၾကာင့္ အင္မတန္မွ စိုးရိမ္ရတာေပါ့။ ကြၽန္ေတာ္တို႔က မလုပ္ရဲမကိုင္ရဲေလာက္ေအာင္အထိျဖစ္ေနတယ္။ အိမ္မွာေတာင္ မေနရဲ ေလာက္ေအာင္ျဖစ္ေနတယ္။ ဘယ္ေန႔လာသတ္ၾကမလဲ ဒီလိုစိုးရိမ္ေနရတယ္”

ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးဉာဏ္သိန္းနဲ႔ စိတၱရ႐ြာခံ ေဒၚျဖဴျဖဴဝင္း ေသဆုံးတဲ့ကိစၥအေပၚ မိသားစုကရဲတပ္ဖြဲ႕ထံ အမႈဖြင့္တိုင္ၾကားထားပါတယ္။

၂၀၁၉ ခုႏွစ္ စစ္ေရးကာလမွာ မင္းျပားၿမိဳ႕နယ္ ေက်ာက္ခုတ္ေက်း႐ြာတာဝန္ခံနဲ႔ ေျမပုံၿမိဳ႕နယ္ ကမ္းေထာင္းႀကီး ၿမိဳ႕ အလယ္ပိုင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတို႔ကို အမည္မသိေသနတ္သမားေတြရဲ႕ သတ္ျဖတ္မႈကိုခံခဲ့ရပါတယ္။

ဒါ့အျပင္ ေက်ာက္ေတာ္ၿမိဳ႕နယ္ ေတာင္မင္းကုလားေက်း႐ြာ အုပ္ခ်ဳပ္စုအုပ္ခ်ဳပ္ေရးမႉးဟာလည္း လက္နက္ကိုင္ ေဆာင္ထားသူေတြရဲ႕ ဖမ္းဆီးေခၚေဆာင္ခံရၿပီးေနာက္ ဒီေန႔အထိ ေပ်ာက္ဆုံးေနဆဲျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
မင်းပြားမြို့နယ်က အုပ်ချုပ်ရေးမှူးနှစ်ဦး သတ်ဖြတ်ခံရတာလို့ မျက်မြင်တွေပြော

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စိတ္တရကျေးရွာမှာ ဒီဇင်ဘာ ၁၁ ရက်နေ့ညက  ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးနဲ့ ကျေးရွာတာဝန်ခံ တစ်ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက သတ်ဖြတ်လိုက်တာလို့ မျက်မြင်သက်သေနှစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တပ်မတော်ဘက်ကတော့ သူတို့နှစ်ဦးကို ရွာထဲမှာ သေဆုံးလျက်သား တွေ့ရှိခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

မင်းပြားမြို့နယ် ရာမောင်တံတားအနီးမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းတစ်ခုဟာ ဒီဇင်ဘာ ၁၃ ရက်နေ့ည ၁၀ နာရီလောက်က စိတ္တရကျေးရွာအနီးကို ရောက်ရှိလာခဲ့ပါတယ်။

အဲဒီအချိန်မှာ ကျေးရွာအတွင်း နေအိမ်တစ်လုံးပေါ်ကနေ အေအေ အဖွဲ့က လက်နက်ငယ်တွေနဲ့ပစ်ခတ်လို့ တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ်ချိန် ရွာရဲ့တောင်ဘက်ကို ထွက်ပြေးခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာ တပ်မတော်က အရာရှိတစ်ဦး လက်နက်ငယ်ထိမှန်ခဲ့သလို စစ်ကြောင်းက အေအေအဖွဲ့ ပစ်ခတ်ခဲ့တဲ့နေအိမ်ကိုစစ်ဆေးရာမှာ ဦးဉာဏ်သိန်းနဲ့ ဦးကျော်အေးမောင်တို့မှာ လက်နက်ငယ်ဒဏ်ရာနဲ့ သေဆုံးလျက်သားတွေ့ရတယ်လို့ဆိုပါတယ်။

ဒါကတော့ ဒီဇင်ဘာ ၁၃ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ ထုတ်ပြန်ချက်ဖြစ်ပါတယ်။

ဖြစ်စဉ်ဖြစ်ပွားတဲ့နေရာအနီးမှာ မသင်္ကာဖွယ်ရာစုဝေးနေတဲ့ လူ ခုနှစ်ဦးကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်း လိုက်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အခင်းဖြစ်တဲ့နေအိမ်ဟာ စိတ္တရကျေးရွာမှာနေထိုင်တဲ့ ဖုံသာဝအုပ်စုအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းရဲ့နေအိမ်ဖြစ်ပြီး တပ်မတော်ဘက်ကပြောဆိုချက်ဟာ မျက်မြင်တွေ၊ ကိုယ်တွေ့ကြုံခဲ့ရသူတွေရဲ့ပြောဆိုချက်နဲ့ကွဲလွဲနေတာ တွေ့ရပါတယ်။

“ကျွန်တော်တို့ မီးဖိုမှာ ဝိုင်းပြီးတော့ မီးလှုံနေကြတယ်ပေါ့နော်။ အဲဒီအချိန်မှာ စစ်ကြောင်းကဝင်လာပြီးတော့ ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးအိမ်ရှေ့ကိုရောက်ပြီးမှ ပထမတစ်ယောက်က သေနတ်တစ်ချက် မိုးပေါ်ကို ထောင်ပစ်တယ်။ နောက်ထပ်သုံးယောက်ဝင်လာပြီးတော့ ကျွန်တော်တို့ကိုလှမ်းပြောတာပေါ့နော်။ မင်းတို့ ကောင်တွေ တစ်ကောင်မှမပြေးနဲ့ ပြေးတဲ့ကောင်တွေကို အကုန်လုံးပစ်သတ်မယ်။ ဖုန်းပြောနေတဲ့ကောင်တွေ လည်း ဖုန်းတွေကိုအကုန်ချ။ အဲလိုအော်ပြောပြီးတော့ သူက နောက်ထပ်သေနတ်နဲ့ တရစပ်ပစ်တော့တာပဲခင်ဗျ”

သူကတော့ သေနတ်နဲ့ပစ်ခတ်ချိန်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့သူတစ်ဦးပါ။

အဲဒီနေ့က ကျေးရွာကျောင်းထိုင်ဆရာတော်ကြီးဟာ အမြောက်သံတွေကြောင့် ကြောက်လန့်ပြီး အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းရဲ့နေအိမ်ထံ ကြွရောက်နေချိန်ကို အကြောင်းပြုပြီးတော့ လူကြီးလူငယ် ၂၀ ကျော်ဟာ အိမ်ဝင်းထဲမှာ မီးလှုံပြီး စကားပြောနေကြတာလို့ဆိုပါတယ်။

အဲဒီနေ့ကဖြစ်စဉ်မှာ ရွာထဲမှာရှိတဲ့ အသက် ၃၉ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့မိခင် ဒေါ်ဖြူဖြူဝင်းဟာလည်း သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်ဖြူဖြူဝင်း သေဆုံးခဲ့ရမှုနဲ့ပတ်သက်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ မတွေ့ရပါဘူး။

မိသားစုဝင်တွေနဲ့ ကိုယ်တွေ့ကြုံခဲ့ရသူတွေရဲ့ပြောဆိုချက်အရ အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းဟာ သေနတ် ဒင်တွေနဲ့ ရိုက်နှက်ခံရလို့ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့သလို ကျောက်မော်ကျေးရွာတာဝန်ခံ ဦးကျော်အေးမောင် ကတော့ တပ်မတော်က ပစ်ခတ်တဲ့ကျည်ကြောင့် အခင်းဖြစ်နေရာမှာပဲ ဒစ်ရာရခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနောက် ဦးကျော်အေးမောင်အပါအဝင် လူ ၁၀ ဦးကို အဲဒီတပ်မတော်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွား တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ရွာကနေကူးသွားရင် တစ်ဘက်ကမ်းမှာ သလူချောင်းရွာဆိုတာရှိပါတယ်။ သလူချောင်းရွာထိပ်နား မရောက်ခင် ဦးကျော်အေးမောင်ကပြောတယ်။ ကျွန်တော် ဆက်မသွားနိုင်တော့ဘူးလို့ပြောတယ်။ သူက ကျွန်တော်တို့နဲ့အတူ ကြိုးချည်ပြီးပါလာတာ။ သူ့ကိုတော့ ကြိုးဖြုတ်ပြီး နောက်ကိုခေါ်သွားတယ်။ ကျွန်တော်တို့ နောက်မှာပဲ သူ့ကိုသတ်ပစ်လိုက်တယ်ပေါ့နော်။ ကျွန်တော်တို့လည်း သူရုန်းသံလောက်ကိုပဲ ကြားရတယ်။ နောက်ကိုလှည့်မကြည့်နဲ့၊ လှည့်ကြည့်တဲ့ကောင်တွေကို အကုန်သတ်မယ်ဆိုပြီး စစ်ဖိနပ်တွေနဲ့ ကန်တော့ ကျွန်တော်တို့လည်း လှည့်မကြည့်ရဲဘူး”

သူကတော့ တပ်မတော်စစ်ကြောင်းကနေ အတင်းရုန်းထွက်ပြီး လွတ်မြောက်လာသူ နှစ်ဦးထဲက တစ်ဦး ဖြစ်ပါတယ်။

အဲဒီဖြစ်ရပ်တွေက သူ့ကို ဒီနေ့အထိ ခြောက်လှန့်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူနှစ်ဦးရဲ့ ပြောဆိုချက်အရ နောက် နှစ်ရက်ခန့်အကြာမှာ ကျောက်မော်ကျေးရွာ တာဝန်ခံ ဦးကျော်အေးမောင်ရဲ့ ရုပ်အလောင်းကို သတ်ဖြတ်ခံရတဲ့ သလူချောင်းရွာအနီးမှာ မိသားစုတွေက တွေ့ရှိခဲ့ကြပါတယ်။

တပ်မတော်ရဲ့ထုတ်ပြန်ချက်တွေဟာ မိသားစုဝင်တွေ၊ ကိုယ်တွေ့ကြုံရသူတွေရဲ့ ပြောဆိုချက်တွေနဲ့ ကွဲလွဲနေ တာနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို RFA က ‌မေးမြန်းခဲ့ရာမှာ "ဘာမှတော့ထပ်ပြောစရာမရှိပါဘူး။ ကျွန်တော်တို့ သတင်းထုတ်ထားတဲ့အတိုင်းပါပဲ။ အဲဒီဒေသခံဆိုတာကလည်း AA အမာခံတွေပဲဖြစ်ပါလိမ့်မယ်။" လို့ပြောပါတယ်။

တပ်မတော်က ရခိုင်လူငယ် လူလတ်ပိုင်းတွေကို အေအေ အဖွဲ့ဝင်တွေဆိုတဲ့သံသယနဲ့ ပစ်မှတ်ထားစစ်ဆေး တာတွေကြောင့် ရခိုင်မြောက်ပိုင်းမှာ တပ်မတော်စစ်ကြောင်းတွေလာပြီဆိုရင် ထွက်ပြေးတိမ်းရှောင်လေ့ ရှိကြပါတယ်။

စိတ္တရကျေးရွာထဲကနေ ခေါ်ဆောင်သွားသူတွေထဲက ကျန်ရှိတဲ့ လူ ခုနှစ်ဦးကိုလည်း တပ်မတော်က အေအေ အဖွဲ့နဲ့ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ မင်းပြားမြို့နယ်ရဲတပ်ဖွဲ့လက်ထဲကို လွှဲပြောင်းပေးခဲ့ပါတယ်။

အခင်းဖြစ်တဲ့နေ့က ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးပြောတာက “ကျွန်တော်တို့အားကိုးတဲ့ တပ်မတော်က ကျွန်တော်တို့ကို သံသယတွေနဲ့ဖမ်းဆီးတယ်။ နှိပ်စက်တယ်။ ကျွန်တော်တို့က သူတို့ကို အချိန်တိုင်းကြောက် ပြီးတော့ နေနေရတဲ့အခါကျတော့ လူငယ်တွေကို ရက္ခိုင့်တပ်တော်(AA)အဖွဲ့ထဲကိုရောက်အောင် သူတို့ ကိုယ်တိုင်ကပဲ တွန်းအားပေးနေတာလို့ မြင်တယ်ဗျ” လို့ပြောပါတယ်။

လူငယ်တွေကို အေအေအဖွဲ့ထဲရောက်အောင် တပ်မတော်က တွန်းအားပေးနေသလိုဖြစ်နေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြောတာက

"လက်တွေ့မြေပြင်အခြေအနေကတော့ ကျွန်တော်တို့မြင်နေတာ ရွာတွေမှာပဲဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ် တပ်မတော်စစ်ကြောင်းတွေ ရောက်သွားတိုင်း လူငယ်လူရွယ်ဆိုတာ မတွေ့သလောက် ရှားသွားပါပြီ။ ပြောရရင်တော့ တပ်မတော်ကပဲ ဖမ်းဆီးနှိပ်စက်လို့ ထွက်ပြေးသယောင် ပြောပေမယ့် လက်တွေ့မြေပြင်မှာတော့ အဲဒီအတိုင်းမဟုတ်ပါဘူး။ ကျွန်တော်တို့ကတော့ ပြည်သူလူထုအပေါ်မှာ ကာကွယ်စောင့်ရှောက်ပေးရမယ့် တာဝန်ရှိပါတယ်။" လို့ပြောပါတယ်။

မင်းပြားမြို့နယ် စိတ္တရကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်ဟာ အခြားအုပ်ချုပ်ရေးမှူးတွေအတွက် တုန်လှုပ် ချောက်ချားစရာဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။

မင်းပြားမြို့ ပြည်တော်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ဘုချေက အခုလိုပြောပါတယ်။

“စိုးရိမ်ရတာကတော့ အခုက အုပ်ချုပ်ရေးမှူးတွေကို သူတို့က ပစ်မှတ်ထားလာတာကြောင့် အင်မတန်မှ စိုးရိမ်ရတာပေါ့။ ကျွန်တော်တို့က မလုပ်ရဲမကိုင်ရဲလောက်အောင်အထိဖြစ်နေတယ်။ အိမ်မှာတောင် မနေရဲ လောက်အောင်ဖြစ်နေတယ်။ ဘယ်နေ့လာသတ်ကြမလဲ ဒီလိုစိုးရိမ်နေရတယ်”

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းနဲ့ စိတ္တရရွာခံ ဒေါ်ဖြူဖြူဝင်း သေဆုံးတဲ့ကိစ္စအပေါ် မိသားစုကရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားထားပါတယ်။

၂၀၁၉ ခုနှစ် စစ်ရေးကာလမှာ မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာတာဝန်ခံနဲ့ မြေပုံမြို့နယ် ကမ်းထောင်းကြီး မြို့ အလယ်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို အမည်မသိသေနတ်သမားတွေရဲ့ သတ်ဖြတ်မှုကိုခံခဲ့ရပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာ အုပ်ချုပ်စုအုပ်ချုပ်ရေးမှူးဟာလည်း လက်နက်ကိုင် ဆောင်ထားသူတွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ဒီနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
မင္းျပားၿမိဳ႕နယ္က အုပ္ခ်ဳပ္ေရးမႉးႏွစ္ဦး သတ္ျဖတ္ခံရတာလို႔ မ်က္ျမင္ေတြေျပာ မင္းျပားၿမိဳ႕နယ္က အုပ္ခ်ဳပ္ေရးမႉးႏွစ္ဦး သတ္ျဖတ္ခံရတာလို႔ မ်က္ျမင္ေတြေျပာ Reviewed by THITHTOOLWIN on 22:36 Rating: 5
Powered by Blogger.