ကပရ ဝန္ထမ္း ၁၆ ဦးကို AA ျပန္လႊတ္

ရခိုင့္တပ္ေတာ္ AA က ျပန္လႊတ္ေပးတဲ့ ကုန္းလမ္းပို႔ေဆာင္ေရး (ကပရ) ယာဥ္ေမာင္းဝန္ထမ္း ၁၆ ဦးကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင့္တပ္ေတာ္ AA က ေအာင္တံခြန္ ေရယာဥ္ေပၚကေန မေန႔က ဖမ္းဆီးသြားတဲ့ ကုန္းလမ္းပို႔ေဆာင္ေရး (ကပရ) ယာဥ္ေမာင္းဝန္ထမ္း ၁၆ ဦးကို ဒီေန႔မနက္က ျပန္လႊတ္ေပးလိုက္ပါတယ္။
စစ္ဘက္နဲ႔ တိုက္႐ိုက္မသက္ဆိုင္သူေတြကို ျပန္လႊတ္ေပးတာျဖစ္ေၾကာင္း တကယ္လို႔ ခရီးသြားမယ္ဆိုရင္ ရခိုင့္တပ္ေတာ္ကို အသိေပးၿပီးမွ သြားလာရမယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျပန္လႊတ္ေပးလိုက္သူေတြကို ဘူးသီးေတာင္ၿမိဳ႕နယ္ ေသကံေက်း႐ြာစာသင္ေက်ာင္းမွာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးနဲ႔ ရပ္မိရပ္ဖေတြထံကို ဒီေန႔ မနက္ ၈ နာရီမထိုးခင္မွာ လႊဲေပးခဲ့တာျဖစ္ေၾကာင္း AA အဖြဲ႕က သတင္းထုတ္ျပန္ ထားပါတယ္။

ဘဂၤလားေဒရွ႕္ႏိုင္ငံက ျပန္ဝင္လာမယ့္ ဒုကၡသည္ေတြကို လက္ခံမယ့္စခန္းမွာ သယ္ယူပို႔ေဆာင္ေရး ယာဥ္ေတြ ေမာင္းဖို႔ ကုန္းလမ္းပို႔ေဆာင္ေရး (ကပရ) ဝန္ထမ္း ၁၈ ဦး မေန႔က စစ္ေတြကေန ဘူးသီးေတာင္ကို ေအာင္တံခြန္ (၇) ေရယာဥ္နဲ႔ သြားခဲ့တာျဖစ္ပါတယ္။

စစ္ေတြ-ဘူးသီးေတာင္ အသြား ရေသ့ေတာင္ၿမိဳ႕နယ္ စဖိုကြၽန္းနဲ႔ အုတ္ဖိုေက်း႐ြာၾကားမွာ ေရယာဥ္ကိုရပ္တန႔္ၿပီး ဖမ္းဆီးေခၚေဆာင္သြားတာ ျဖစ္ပါတယ္။

အဲဒီထဲက ဝန္ထမ္း ၁၆ ဦးကို ရေသ့ေတာင္ၿမိဳ႕နယ္ ၿပိန္းေတာေက်း႐ြာအနီးမွာ AA တပ္ဖြဲ႕ဝင္ အင္အား ၇၀ ေလာက္က ဖမ္းဆီးသြားခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၄ ရက္ေန႔ကလည္း ဘူးသီးေတာင္ၿမိဳ႕နယ္ ေတာင္ဘဇာနယ္ေျမကိုသြားတဲ့ လူဝင္မႈ ႀကီးၾကပ္ေရးအရာရွိ သုံးဦးကို AA အဖြဲ႕က ဖမ္းဆီးသြားခဲ့ၿပီး ဒီေန႔အထိ ျပန္မလႊတ္‌ေသးပါဘူး။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ကပရ ဝန်ထမ်း ၁၆ ဦးကို AA ပြန်လွှတ်

ရခိုင့်တပ်တော် AA က ပြန်လွှတ်ပေးတဲ့ ကုန်းလမ်းပို့ဆောင်ရေး (ကပရ) ယာဉ်မောင်းဝန်ထမ်း ၁၆ ဦးကို တွေ့ရစဉ်
Photo: AA Website

ရခိုင့်တပ်တော် AA က အောင်တံခွန် ရေယာဉ်ပေါ်ကနေ မနေ့က ဖမ်းဆီးသွားတဲ့ ကုန်းလမ်းပို့ဆောင်ရေး (ကပရ) ယာဉ်မောင်းဝန်ထမ်း ၁၆ ဦးကို ဒီနေ့မနက်က ပြန်လွှတ်ပေးလိုက်ပါတယ်။
စစ်ဘက်နဲ့ တိုက်ရိုက်မသက်ဆိုင်သူတွေကို ပြန်လွှတ်ပေးတာဖြစ်ကြောင်း တကယ်လို့ ခရီးသွားမယ်ဆိုရင် ရခိုင့်တပ်တော်ကို အသိပေးပြီးမှ သွားလာရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြန်လွှတ်ပေးလိုက်သူတွေကို ဘူးသီးတောင်မြို့နယ် သေကံကျေးရွာစာသင်ကျောင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေထံကို ဒီနေ့ မနက် ၈ နာရီမထိုးခင်မှာ လွှဲပေးခဲ့တာဖြစ်ကြောင်း AA အဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံက ပြန်ဝင်လာမယ့် ဒုက္ခသည်တွေကို လက်ခံမယ့်စခန်းမှာ သယ်ယူပို့ဆောင်ရေး ယာဉ်တွေ မောင်းဖို့ ကုန်းလမ်းပို့ဆောင်ရေး (ကပရ) ဝန်ထမ်း ၁၈ ဦး မနေ့က စစ်တွေကနေ ဘူးသီးတောင်ကို အောင်တံခွန် (၇) ရေယာဉ်နဲ့ သွားခဲ့တာဖြစ်ပါတယ်။

စစ်တွေ-ဘူးသီးတောင် အသွား ရသေ့တောင်မြို့နယ် စဖိုကျွန်းနဲ့ အုတ်ဖိုကျေးရွာကြားမှာ ရေယာဉ်ကိုရပ်တန့်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

အဲဒီထဲက ဝန်ထမ်း ၁၆ ဦးကို ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာအနီးမှာ AA တပ်ဖွဲ့ဝင် အင်အား ၇၀ လောက်က ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် တောင်ဘဇာနယ်မြေကိုသွားတဲ့ လူဝင်မှု ကြီးကြပ်ရေးအရာရှိ သုံးဦးကို AA အဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး ဒီနေ့အထိ ပြန်မလွှတ်‌သေးပါဘူး။

RFA Burmese
https://www.rfa.org
ကပရ ဝန္ထမ္း ၁၆ ဦးကို AA ျပန္လႊတ္ ကပရ ဝန္ထမ္း ၁၆ ဦးကို AA ျပန္လႊတ္ Reviewed by THITHTOOLWIN on 22:31 Rating: 5
Powered by Blogger.