ခ်င္း ပလက္၀ ညမထြက္ရအမိန္႔ရက္တိုးမည္

ပလက္၀ၿမိဳ႕(Photo khonumthung.news )

(Zawgyi/Unicode)

အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႔တို႔ ၾကား တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ခ်င္းျပည္နယ္ ပလက္ဝ ၿမိဳ႕နယ္မွာ ထုတ္ျပန္ထားတဲ့ ပုဒ္မ ၁၄၄ ညမထြက္အမိန္႔ကို နယ္ေျမလံုၿခံဳေရးအရ ေနာက္ထပ္ ႏွစ္လ ထပ္ထိုးမယ္လို႔ ခ်င္းျပည္နယ္ အစုိးရအဖြဲ႕က ေျပာပါတယ္။ ပလက္ဝ ၿမိဳ႕နယ္ထဲမွာ တိုက္ပြဲေတြလည္း ဆက္ၿပီး ျဖစ္ပြားေနဆဲပါ။ ဒီသတင္းအျပည့္အစံု ကိုေတာ့ ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က တင္ျပေပးမွာပါ။

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ ည (၆) နာရီကေန မနက္ (၆) နာရီအထိ အျပင္မထြက္ရနဲ႔ လူ(၅) ဦးထက္ ပိုၿပီး စု မေနရဆိုတဲ့ ပုဒ္မ (၁၄၄) အမိန႔္ ထုတ္ျပန္ထားတာဟာ ဒီလ ၉ရက္ေန႔မွာ သက္တမ္း ကုန္ဆံုး ေတာ့မွာ ျဖစ္ၿပီး ဒါကို ေနာက္ထပ္ ႏွစ္လ သက္တမ္း ထပ္တိုးဖုိ႔ ရွိတယ္လို႔ ခ်င္းျပည္နယ္ အစိုးရအဖြဲ႔ေျပာခြင့္ရ ဦးစိုးထက္ က ေျပာပါတယ္။

“ညမထြက္ရ ထုတ္ဖို႔ အစီအစဥ္ရွိတယ္။ ဘာလို႔လဲဆိုေတာ့ လံုၿခံဳေရး အေျခအေနအရ အခုအခ်ိန္ထိမေအး ခ်မ္းေသးဘူး။ ႏွစ္လ ျပည့္ၿပီးတဲ့ အခ်ိန္မွာေတာ့ extension လုပ္ဖို႔ က်ေနာ္တို႔ ေသခ်ာေပါက္ ထုတ္မွာပါ။ ႏွစ္လပဲေပါ့။ နယ္ေျမေအးခ်မ္းတာနဲ႔ က်ေနာ္တို႔ ျပန္ေျဖေလ်ာ့ၿပီးေတာ့ က်ေနာ္တို႔ ရပ္မွာေပါ့။ နယ္ေျမက အခုအခ်ိန္ထိ ေအးခ်မ္း တယ္လို႔ ေျပာလို႔ မရေသးေတာ့ ညမထြက္ရအမိန္႔ကို ႏွစ္လစီ extension ထုတ္သြားဖို႔ ရွိပါတယ္။”

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္တို႔မွာ ၂၀၁၉ ခုႏွစ္အတြင္းက အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႔တို႔ တိုက္ပြဲေတြ ျပင္းထန္ခဲ့ေပမယ့္ မေန႔က ႏွစ္ဆန္းတရက္ေန႔မွာေတာ့ ရခိုင္(AA) ကိုးကန္႔ (MNDAA) နဲ႔ တအာင္း(TNLA) လက္နက္ကိုင္ အဖြဲ႔ေတြျဖစ္တဲ့ ေျမာက္ပိုင္း ညီေနာင္မဟာမိတ္ ၃ ဖြဲ႔က တစ္ဖက္သတ္ ႏွစ္လ အပစ္ရပ္ သြားမယ္လို႔ ေၾကညာခဲ့ပါတယ္။

ေျမာက္ပိုင္း ညီေနွာင္ မဟာမိတ္ ၃ဖြဲ႔က အခုလို အပစ္ရပ္ဖို႔ ထုတ္ျပန္ခဲ့တာေၾကာင့္ အရင္ကထက္ နယ္ေျမေအးခ်မ္းလာႏိုင္တယ္လို႔ ခ်င္းျပည္နယ္ အစုိးရအဖြဲ ႔ ေျပာခြင့္ရ ဦးစိုးထက္က ေျပာပါတယ္။

‘အရင္ထက္စာရင္ေတာ့ အခု AA အခုေျမာက္ပိုင္းမဟာမိတ္ ၃ဖြဲ႔နဲ႔ အတူ တစ္ဖက္သတ္ စစ္ေရး ႏွစ္လ အပစ္ရပ္စဲတယ္ ဆိုတဲ့အတြက္ ဒါက ေအးခ်မ္းမွာ ေသခ်ာေပါက္ပဲ။ ေသခ်ာေပါက္ ေအးခ်မ္းမယ္လို႔ က်ေနာ္ထင္ပါတယ္။ ပုဒ္မ ၁၄၄ ကေတာ့ ဒီအတိုင္းပဲ extention ေသခ်ာေပါက္ ဆက္လုပ္သြားမွာပါ ခင္မ်ာ။”

ဒါေပမယ့္ အခုလို ေၾကညာတဲ့ေန႔မွာပဲ ရေသ့ေတာင္ ၿမိဳ႕နယ္နဲ႔ ဘူးသီးေတာင္ ၿမိဳ႕နယ္ ေတြဘက္မွာ ႀကိဳၾကားႀကိဳၾကား ပစ္ခတ္မႈ ရွိသလို ခ်င္းျပည္နယ၊္ ပလက္ဝၿမိဳ႕ နယ္ မွာလည္း တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း နဲ႔ ဒီ ပစ္ခတ္မႈေတြ အတြင္း တပ္မေတာ္ဘက္က ေသဆံူးသူေတြ ရွိတယ္လို႔ AAအဖြဲ႔က သတင္း ထုတ္ျပန္ ခဲ့တာပါ။ ဒီလို ပစ္ခတ္ေသဆံုးမႈေတြနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ ဘက္ကေတာ့ တစံုတရာ တုံ႔ျပန္ အတည္ျပဳတာ မရွိေသးပါဘူး။

ေျမာက္ပိုင္း ညီေႏွာင္မဟာမိတ္ ၃ဖြဲ႔ က ထုတ္ျပန္တဲ့ တဖက္သတ္ အပစ္ရပ္မယ္ ဆိုတာ ပတ္သတ္ၿပီး အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ေျပာခြင့္ ဗုိလ္မွဴးႀကီး ဝင္းေဇာ္ဦးက အခုလိုေျပာပါတယ္။

“အဲတာက သူတို႔ပါ သူတို႔ထုတ္တာ က်ေနာ္တို႔နဲ႔ ဘာမွမဆိုင္ဘူး။ က်ေနာ္တို႔က လုပ္စရာရွိတာကို လုပ္မွာ။ ဒါပဲေနာ္။”

ခ်င္းျပည္နယ္ ၊ပလက္ဝၿမိဳ႕နယ္မွာ ႏိုင္ဝင္ဘာလ ၉ရက္ေန႔ကတည္းက ထုတ္ျပန္ထားတဲ့ ညမထြက္ရ အမိန္႔ဟာ ဒီလ ၉ရက္ေန႔မွာ သက္တမ္း ကုန္ဆံုးေတာ့ မွာျဖစ္ၿပီး ဒါကို ေနာက္ထပ္ ႏွစ္လ သက္တမ္း ထပ္တိုး ထုတ္ျပန္သြားဖို႔ ရွိေနတာပါ။

အလားတူပဲ အစိုးရတပ္နဲ႔ AAအဖြဲ႔တို႔ တိုက္ပြြဲေတြ ျဖစ္ပြားေနတဲ့ရခိုင္ျပည္ေျမာက္ပိုင္းက ရေသ့ေတာင္၊ ပုဏၰားကြ်န္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦးနဲ႔ မင္းျပားၿမိဳ႕နယ္ေတြမွာလည္းၿပီးခဲ့တဲ့ ၂၀၁၉ ဧၿပီလ ကတည္းကညမထြက္ရအမိန္႔ ပုဒ္မ ၁၄၄ ထုတ္ျပန္ထား တာျဖစ္ပါတယ္။

.................

ချင်း ပလက်၀ ညမထွက်ရအမိန့်ရက်တိုးမည်

(Unicode)

အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်မှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်အမိန့်ကို နယ်မြေလုံခြုံရေးအရ နောက်ထပ် နှစ်လ ထပ်ထိုးမယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။ ပလက်ဝ မြို့နယ်ထဲမှာ တိုက်ပွဲတွေလည်း ဆက်ပြီး ဖြစ်ပွားနေဆဲပါ။ ဒီသတင်းအပြည့်အစုံ ကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က တင်ပြပေးမှာပါ။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ည (၆) နာရီကနေ မနက် (၆) နာရီအထိ အပြင်မထွက်ရနဲ့ လူ(၅) ဦးထက် ပိုပြီး စု မနေရဆိုတဲ့ ပုဒ်မ (၁၄၄) အမိန့် ထုတ်ပြန်ထားတာဟာ ဒီလ ၉ရက်နေ့မှာ သက်တမ်း ကုန်ဆုံး တော့မှာ ဖြစ်ပြီး ဒါကို နောက်ထပ် နှစ်လ သက်တမ်း ထပ်တိုးဖို့ ရှိတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ပြောခွင့်ရ ဦးစိုးထက် က ပြောပါတယ်။

“ညမထွက်ရ ထုတ်ဖို့ အစီအစဉ်ရှိတယ်။ ဘာလို့လဲဆိုတော့ လုံခြုံရေး အခြေအနေအရ အခုအချိန်ထိမအေး ချမ်းသေးဘူး။ နှစ်လ ပြည့်ပြီးတဲ့ အချိန်မှာတော့ extension လုပ်ဖို့ ကျနော်တို့ သေချာပေါက် ထုတ်မှာပါ။ နှစ်လပဲပေါ့။ နယ်မြေအေးချမ်းတာနဲ့ ကျနော်တို့ ပြန်ဖြေလျော့ပြီးတော့ ကျနော်တို့ ရပ်မှာပေါ့။ နယ်မြေက အခုအချိန်ထိ အေးချမ်း တယ်လို့ ပြောလို့ မရသေးတော့ ညမထွက်ရအမိန့်ကို နှစ်လစီ extension ထုတ်သွားဖို့ ရှိပါတယ်။”

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ၂၀၁၉ ခုနှစ်အတွင်းက အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပေမယ့် မနေ့က နှစ်ဆန်းတရက်နေ့မှာတော့ ရခိုင်(AA) ကိုးကန့် (MNDAA) နဲ့ တအာင်း(TNLA) လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်ဖက်သတ် နှစ်လ အပစ်ရပ် သွားမယ်လို့ ကြေညာခဲ့ပါတယ်။

မြောက်ပိုင်း ညီနှောင် မဟာမိတ် ၃ဖွဲ့က အခုလို အပစ်ရပ်ဖို့ ထုတ်ပြန်ခဲ့တာကြောင့် အရင်ကထက် နယ်မြေအေးချမ်းလာနိုင်တယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရ ဦးစိုးထက်က ပြောပါတယ်။

‘အရင်ထက်စာရင်တော့ အခု AA အခုမြောက်ပိုင်းမဟာမိတ် ၃ဖွဲ့နဲ့ အတူ တစ်ဖက်သတ် စစ်ရေး နှစ်လ အပစ်ရပ်စဲတယ် ဆိုတဲ့အတွက် ဒါက အေးချမ်းမှာ သေချာပေါက်ပဲ။ သေချာပေါက် အေးချမ်းမယ်လို့ ကျနော်ထင်ပါတယ်။ ပုဒ်မ ၁၄၄ ကတော့ ဒီအတိုင်းပဲ extention သေချာပေါက် ဆက်လုပ်သွားမှာပါ ခင်မျာ။”

ဒါပေမယ့် အခုလို ကြေညာတဲ့နေ့မှာပဲ ရသေ့တောင် မြို့နယ်နဲ့ ဘူးသီးတောင် မြို့နယ် တွေဘက်မှာ ကြိုကြားကြိုကြား ပစ်ခတ်မှု ရှိသလို ချင်းပြည်နယ၊် ပလက်ဝမြို့ နယ် မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နဲ့ ဒီ ပစ်ခတ်မှုတွေ အတွင်း တပ်မတော်ဘက်က သေဆူံးသူတွေ ရှိတယ်လို့ AAအဖွဲ့က သတင်း ထုတ်ပြန် ခဲ့တာပါ။ ဒီလို ပစ်ခတ်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး တပ်မတော် ဘက်ကတော့ တစုံတရာ တုံ့ပြန် အတည်ပြုတာ မရှိသေးပါဘူး။

မြောက်ပိုင်း ညီနှောင်မဟာမိတ် ၃ဖွဲ့ က ထုတ်ပြန်တဲ့ တဖက်သတ် အပစ်ရပ်မယ် ဆိုတာ ပတ်သတ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အခုလိုပြောပါတယ်။

“အဲတာက သူတို့ပါ သူတို့ထုတ်တာ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူး။ ကျနော်တို့က လုပ်စရာရှိတာကို လုပ်မှာ။ ဒါပဲနော်။”

ချင်းပြည်နယ် ၊ပလက်ဝမြို့နယ်မှာ နိုင်ဝင်ဘာလ ၉ရက်နေ့ကတည်းက ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်ဟာ ဒီလ ၉ရက်နေ့မှာ သက်တမ်း ကုန်ဆုံးတော့ မှာဖြစ်ပြီး ဒါကို နောက်ထပ် နှစ်လ သက်တမ်း ထပ်တိုး ထုတ်ပြန်သွားဖို့ ရှိနေတာပါ။

အလားတူပဲ အစိုးရတပ်နဲ့ AAအဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ရခိုင်ပြည်မြောက်ပိုင်းက ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာလည်းပြီးခဲ့တဲ့ ၂၀၁၉ ဧပြီလ ကတည်းကညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား တာဖြစ်ပါတယ်။

သက္ႏိုင္/VOA Burmese
https://burmese.voanews.com
ခ်င္း ပလက္၀ ညမထြက္ရအမိန္႔ရက္တိုးမည္ ခ်င္း ပလက္၀ ညမထြက္ရအမိန္႔ရက္တိုးမည္ Reviewed by THITHTOOLWIN on 22:38 Rating: 5
Powered by Blogger.