
(Zawgyi)⤵⤵⤵





မြတ်ယသော်
------------
(Unicode)⤵⤵⤵
အီရတ်နဲ့ ဆက်စပ်လေးနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို လုံခြုံရေးသတိပေးချက် ထုတ်ပြန်

လက်ရှိ အီရတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေကြောင့် ဆော်ရီအာရေဗျနိုင်ငံ၊ ဘာရိန်းနိုင်ငံ၊ ကာ တာနိုင်ငံနဲ့ အိုမန်နိုင်ငံတွေမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ ရီယာဒ် မြို့မှာရှိတဲ့ မြန်မာသံရုံးက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်မှာ ဒီလေးနိုင်ငံမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဒေသတွင်း အခြေအနေများကို မျက်ခြေ မပြတ်စောင့်ကြည့်ဖို့၊ သက်ဆိုင်ရာနိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို စနစ်တ ကျ လိုက်နာဖို့နဲ့ အခက်အခဲရှိရင် အကူညီတောင်းခံနိုင်ဖို့ သံရုံးဖုန်းနံပါတ်တွေ ပါရှိပါတယ်။

ဇန်နဝါရီ ၂ ရက်က ဘဂ္ဂဒက်မြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လေကြောင်းဒုံးကျဉ် သုံးစင်းနဲ့ တိုက် ခိုက်ခံရမှုကြောင့် တိုက်ခိုက်မှုခံရခြင်းကြောင့် ဆီးရီးယားကနေ ရောက်ရှိလာတဲ့ အီရန်နိုင်ငံ တပ်မတော်မှ ဗိုလ်မှူးချုပ် Qassim Suleimani ( powerful commander of Iran’s Revolutionary Guards Corps, Maj. Gen. Qassim Suleimani, )၊ အီရတ် ဒုတိယပြည်သူ့စစ်ခေါင်းဆောင် Abu Mahdi al- Muhandis အ ပါအဝင် အီရတ်စစ်သည် ၅ ဦး သေဆုံးခဲ့တယ်လို့ အီရတ်နဲ့ လက်ဘနွန်နိုင်ငံပိုင် မီဒီယာများမှာ ဖော်ပြခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ အမေရိကန်ဘက်က ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ အီရန်ခေါင်းဆောင်တွေကလည်း အမေရိကန် တို့ရဲ့ တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန် ကလဲ့စားချေမယ်ဆိုပြီး ကြုံးဝါးပြောဆိုနေကြပါတယ်။

ဘဂ္ဂဒက်မြို့က အီရတ်နိုင်ငံသား တော်တော်များများကတော့ ဒီသေဆုံးမှုသတင်း ကြားရပြီးတဲ့နောက်မှာ လမ်း မတွေပေါ်ထွက်လာပြီး အောင်ပွဲသဖွယ် ဆင်နွှဲနေကြပါတယ်။ ဒီတပ်မှူး သေဆုံးမှုအပေါ် ဆွန်နီမူဆလင်တွေ တော်တော်များများ နေထိုင်ကြတဲ့ နိုင်ငံတွေနဲ့ ပင်လယ်ကွေ့နိုင်ငံတွေက အကောင်းမြင် တုံ့ပြန်ခဲ့ကြတယ်လို့ သိရပါတယ်။

မြတ်ယသော်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
အီရတ်နဲ့ ဆက်စပ်လေးနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို လုံခြုံရေးသတိပေးချက် ထုတ်ပြန် အီရတ်နဲ့ ဆက်စပ်လေးနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို လုံခြုံရေးသတိပေးချက် ထုတ်ပြန် Reviewed by THITHTOOLWIN on 21:22 Rating: 5
Powered by Blogger.