ေသဆုံးသူ အီရန္ ဗိုလ္ခ်ဳပ္ႀကီးေနရာ ခ်က္ခ်င္းအစားထိုး၊ ျပင္းျပင္းထန္ထန္ လက္စားေခ်မယ္လို႔ အီရန္ ေျပာ

 အီရတ္နဲ႔တိုက္ခိုက္ခဲ့တဲ့ စစ္ပြဲအၿပီး ၁၉၈၈ မွာ ကာ့ဒ္စ္ Quds အထူးတပ္ဖြဲ႕မွာ စတင္ တာဝန္ထမ္းေဆာင္ခဲ့သူ
(Zawgyi)⤵⤵⤵
အေမရိကန္ရဲ႕ ေသာၾကာေန႔ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ေသဆုံးသြားတဲ့ ဗိုလ္ခ်ဳပ္ႀကီးရဲ႕ ေနရာမွာ အစားထိုးမယ့္သူကို အီရန္ ေခါင္းေဆာင္ အယာတိုလာ ခါေမနီက အခ်ိန္မဆိုင္းဘဲ ေၾကညာခဲ့ပါတယ္။

ေသဆုံးသူ ဗိုလ္ခ်ဳပ္ႀကီး ကာဆမ္ ဆူေလမာနီေနရာကို အသက္ ၆၃ ႏွစ္ အ႐ြယ္ ဗိုလ္မႉးခ်ဳပ္ အစၥေမးခါနီကို အစားထိုးခန႔္အပ္မယ္လို႔ ေၾကညာခဲ့တာပါ။

ဗိုလ္မႉးခ်ဳပ္ အစၥေမးခါနီဟာ အီရန္ စစ္တပ္က ကာ့ဒ္စ္ Quds အထူးတပ္ဖြဲ႕ရဲ႕ ဦးစီးခ်ဳပ္ ျဖစ္လာမွာပါ။

အဲဒီ ဗိုလ္မႉးခ်ဳပ္ အစၥေမးခါနီဟာ အီရန္စစ္တပ္ကို ၁၉၈၀ မွာ ဝင္ေရာက္ခဲ့ၿပီး ၁၉၈၀-၈၈ အီရန္-အီရတ္ စစ္ပြဲမွာ ပါဝင္တိုက္ခိုက္ခဲ့ပါတယ္။
အေရွ႕အလယ္ပိုင္းက အီရန္စစ္ဆင္ေရးေတြကို ဦးေဆာင္ကြပ္ကဲခဲ့သူ ဗိုလ္ခ်ဳပ္ႀကီး ကာဆမ္ ဆူေလမာနီ
အဲဒီစစ္ပြဲအၿပီးမွာေတာ့ သူဟာ ကာ့ဒ္စ္ အထူးတပ္ဖြဲ႕မွာ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

အေမရိကန္၊ အစၥေရးနဲ႔ ေဒသတြင္းက သူတို႔ရဲ႕ မဟာမိတ္ေတြကို အဲဒီဗိုလ္ခ်ဳပ္ႀကီး အရင္တုန္းက ျပင္းျပင္းထန္ထန္ သေရာ္ေဝဖန္ခဲ့ဖူးပါတယ္။

၂၀၀၁ ခုႏွစ္ စက္တင္ဘာ ၁၁ ရက္ အေမရိကန္ တိုက္ခိုက္ခံရမႈဟာ အေမရိကန္ေတြ ကိုယ့္ကိုယ္ကိုယ္ နစ္နာေအာင္ လုပ္တဲ့ ဖန္တီးမႈသာ ျဖစ္တယ္လို႔ သူက ၂၀၀၈ ခုႏွစ္မွာ ေျပာခဲ့ပါတယ္။ ဒီတိုက္ခိုက္မႈဟာ အေရွ႕အလယ္ပိုင္းမွာ အရႈပ္အေထြးေတြ ျဖစ္ေအာင္ အေမရိကန္ အစိုးရက လုပ္ခဲ့တဲ့ လုပ္ရပ္ျဖစ္တယ္လို႔ စြပ္စြဲခဲ့ပါတယ္။

"အေမရိကန္ေတြ အေရွ႕အလယ္ပိုင္းမွာ ေဒၚလာ ဘီလ်ံ ၇၀၀၀ သုံးခဲ့တယ္။ ဒါေပမဲ့ သူတို႔ ဘာမွ ျပန္မရဘူး။ အခုေတာ့ အေမရိကန္ေတြ ကမာၻမွာ အေႂကြးအထူဆုံးျဖစ္ေနၿပီ"လို႔ သူက ေျပာခဲ့ပါတယ္။
ျပင္းျပင္းထန္ထန္ လက္စားေခ်မယ္

အီရန္ လုံၿခဳံေရးေကာင္စီက ဗိုလ္ခ်ဳပ္ႀကီး ကာဆမ္ ဆူေလမာနီကို တိုက္ခိုက္သတ္ျဖတ္ခဲ့တဲ့အတြက္ အေမရိကန္ကို ျပင္းျပင္းထန္ထန္ တုံ႔ျပန္မယ္လို႔ ေျပာလိုက္ပါတယ္။

"ဒီရာဇဝတ္မႈႀကီးကို လုပ္ရဲခဲ့တဲ့ အေမရိကန္ အစိုးရက ေနာက္ဆက္တြဲ အက်ိဳးဆက္ကို တာဝန္ယူရလိမ့္မယ္" လို႔ အီရန္ မီဒီယာကေန ထုတ္ျပန္ေၾကညာပါတယ္။

"ဒါဟာ အေမရိကန္ေတြ အာရွ အေနာက္ပိုင္းမွာ လုပ္တဲ့ အႀကီးဆုံး အမွားႀကီးပဲ။ ဒါကေန အေမရိကန္ေတြ လြယ္လြယ္နဲ႔ လြတ္လိမ့္မယ္ မထင္နဲ႔" လို႔ ေျပာပါတယ္။

ဒါေပမဲ့ ဘယ္လို လက္တုံ႔ျပန္မယ္ဆိုတာမ်ိဳးကိုေတာ့ တိတိက်က် မေျပာပါဘူး။

ဒါ့အျပင္ ဒီေလေၾကာင္းတိုက္ခိုက္ခံရမႈမွာ အတူ ေသဆုံးခဲ့တဲ့ အီရတ္ ရွီးယား စစ္ေသြးႂကြေခါင္းေဆာင္ အဘူ အယ္လ္မာဒီ မူဟန္ဒစ္ ေသဆုံးခဲ့မႈဟာလည္း အနာဂတ္မွာ အီရန္နဲ႔ အီရတ္ ႏွစ္ႏိုင္ငံအၾကား ခြဲျခားလို႔မရမယ့္ ေပါင္းစည္းမႈ လကၡဏာပဲလို႔လည္း ေျပာခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
သေဆုံးသူ အီရန် ဗိုလ်ချုပ်ကြီးနေရာ ချက်ချင်းအစားထိုး၊ ပြင်းပြင်းထန်ထန် လက်စားချေမယ်လို့ အီရန် ပြော

Image caption အီရတ်နဲ့တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲအပြီး ၁၉၈၈ မှာ ကာ့ဒ်စ် Quds အထူးတပ်ဖွဲ့မှာ စတင် တာဝန်ထမ်းဆောင်ခဲ့သူ

အမေရိကန်ရဲ့ သောကြာနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ဗိုလ်ချုပ်ကြီးရဲ့ နေရာမှာ အစားထိုးမယ့်သူကို အီရန် ခေါင်းဆောင် အယာတိုလာ ခါမေနီက အချိန်မဆိုင်းဘဲ ကြေညာခဲ့ပါတယ်။

သေဆုံးသူ ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီနေရာကို အသက် ၆၃ နှစ် အရွယ် ဗိုလ်မှူးချုပ် အစ္စမေးခါနီကို အစားထိုးခန့်အပ်မယ်လို့ ကြေညာခဲ့တာပါ။

ဗိုလ်မှူးချုပ် အစ္စမေးခါနီဟာ အီရန် စစ်တပ်က ကာ့ဒ်စ် Quds အထူးတပ်ဖွဲ့ရဲ့ ဦးစီးချုပ် ဖြစ်လာမှာပါ။

အဲဒီ ဗိုလ်မှူးချုပ် အစ္စမေးခါနီဟာ အီရန်စစ်တပ်ကို ၁၉၈၀ မှာ ဝင်ရောက်ခဲ့ပြီး ၁၉၈၀-၈၈ အီရန်-အီရတ် စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption အရှေ့အလယ်ပိုင်းက အီရန်စစ်ဆင်ရေးတွေကို ဦးဆောင်ကွပ်ကဲခဲ့သူ ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီ

အဲဒီစစ်ပွဲအပြီးမှာတော့ သူဟာ ကာ့ဒ်စ် အထူးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အမေရိကန်၊ အစ္စရေးနဲ့ ဒေသတွင်းက သူတို့ရဲ့ မဟာမိတ်တွေကို အဲဒီဗိုလ်ချုပ်ကြီး အရင်တုန်းက ပြင်းပြင်းထန်ထန် သရော်ဝေဖန်ခဲ့ဖူးပါတယ်။

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အမေရိကန် တိုက်ခိုက်ခံရမှုဟာ အမေရိကန်တွေ ကိုယ့်ကိုယ်ကိုယ် နစ်နာအောင် လုပ်တဲ့ ဖန်တီးမှုသာ ဖြစ်တယ်လို့ သူက ၂၀၀၈ ခုနှစ်မှာ ပြောခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ အရှေ့အလယ်ပိုင်းမှာ အရှုပ်အထွေးတွေ ဖြစ်အောင် အမေရိကန် အစိုးရက လုပ်ခဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

"အမေရိကန်တွေ အရှေ့အလယ်ပိုင်းမှာ ဒေါ်လာ ဘီလျံ ၇၀၀၀ သုံးခဲ့တယ်။ ဒါပေမဲ့ သူတို့ ဘာမှ ပြန်မရဘူး။ အခုတော့ အမေရိကန်တွေ ကမ္ဘာမှာ အကြွေးအထူဆုံးဖြစ်နေပြီ"လို့ သူက ပြောခဲ့ပါတယ်။
ပြင်းပြင်းထန်ထန် လက်စားချေမယ်

အီရန် လုံခြုံရေးကောင်စီက ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီကို တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့အတွက် အမေရိကန်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ ပြောလိုက်ပါတယ်။

"ဒီရာဇဝတ်မှုကြီးကို လုပ်ရဲခဲ့တဲ့ အမေရိကန် အစိုးရက နောက်ဆက်တွဲ အကျိုးဆက်ကို တာဝန်ယူရလိမ့်မယ်" လို့ အီရန် မီဒီယာကနေ ထုတ်ပြန်ကြေညာပါတယ်။

"ဒါဟာ အမေရိကန်တွေ အာရှ အနောက်ပိုင်းမှာ လုပ်တဲ့ အကြီးဆုံး အမှားကြီးပဲ။ ဒါကနေ အမေရိကန်တွေ လွယ်လွယ်နဲ့ လွတ်လိမ့်မယ် မထင်နဲ့" လို့ ပြောပါတယ်။

ဒါပေမဲ့ ဘယ်လို လက်တုံ့ပြန်မယ်ဆိုတာမျိုးကိုတော့ တိတိကျကျ မပြောပါဘူး။

ဒါ့အပြင် ဒီလေကြောင်းတိုက်ခိုက်ခံရမှုမှာ အတူ သေဆုံးခဲ့တဲ့ အီရတ် ရှီးယား စစ်သွေးကြွခေါင်းဆောင် အဘူ အယ်လ်မာဒီ မူဟန်ဒစ် သေဆုံးခဲ့မှုဟာလည်း အနာဂတ်မှာ အီရန်နဲ့ အီရတ် နှစ်နိုင်ငံအကြား ခွဲခြားလို့မရမယ့် ပေါင်းစည်းမှု လက္ခဏာပဲလို့လည်း ပြောခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ေသဆုံးသူ အီရန္ ဗိုလ္ခ်ဳပ္ႀကီးေနရာ ခ်က္ခ်င္းအစားထိုး၊ ျပင္းျပင္းထန္ထန္ လက္စားေခ်မယ္လို႔ အီရန္ ေျပာ ေသဆုံးသူ အီရန္ ဗိုလ္ခ်ဳပ္ႀကီးေနရာ ခ်က္ခ်င္းအစားထိုး၊ ျပင္းျပင္းထန္ထန္ လက္စားေခ်မယ္လို႔ အီရန္ ေျပာ Reviewed by THITHTOOLWIN on 22:10 Rating: 5
Powered by Blogger.