တပ္မေတာ္နဲ႔ KNU ဖာပြန္ၿမိဳ႕နယ္မွာ တိုက္ပြဲျဖစ္

ေကအဲန္ယူ တပ္မဟာ(၇)ဌာနခ်ဳပ္မွာ ၂ဝ၁၆ ခုႏွစ္ကက်င္းပတဲ့ ၆၇ ႏွစ္ေျမာက္ ကရင့္ေတာ္လွန္ေရးေန႔ အခမ္းအနားမွာ KNLA တပ္သားေတြကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕နယ္ ဝါးသိုးခိုေက်း႐ြာမွာ ဇန္နဝါရီ ၂ ရက္ေန႔က တပ္မေတာ္နဲ႔ ကရင္အမ်ိဳးသား အစည္းအ႐ုံး (KNU) တို႔ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။

တပ္မေတာ္နဲ႔ KNU အၾကား ေအာက္ေျခမွာ ပဋိပကၡေတြ မျဖစ္ပြားေရး ေဆြးေႏြးေနစဥ္အတြင္းမွာပဲ ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

တပ္မေတာ္နဲ႔ KNU တို႔ၾကား ႏွစ္ေပါင္းအတန္ၾကာ အပစ္ရပ္ထားၾကၿပီး တိုက္ပြဲႀကီးႀကီးမားမား ျဖစ္ပြားခဲ့ျခင္း မရွိဘဲ ႏွစ္ဆန္းပိုင္းမွာ ေပၚေပါက္လာတဲ့ အျပန္အလွန္ပစ္ခတ္ တိုက္ခိုက္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရတာေတြ ရွိခဲ့ပါတယ္။

KNU အဖြဲ႕က အေဝးကေန လွမ္းပစ္တဲ့အတြက္  တိုက္ပြဲျဖစ္ပြားခဲ့တာလို႔ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ေမာင္ေမာင္လတ္က RFA ကို ဒီကေန႔မွာ  ေျပာပါတယ္။

“ဝါးသိုးခို႐ြာနားမွာျဖစ္တာ။ ျဖစ္တယ္ဆိုတာကလည္း ဟိုဘက္ဒီဘက္ အေဝးကေန ပစ္တယ္ထင္တယ္။ အေဝးကေန ပစ္ၾကတယ္။ KNU ဘက္ကေန လွမ္းပစ္တာ။ လွမ္းပစ္ေတာ့ ဒီဘက္ကလည္း ျပန္ပစ္ အဲဒါပါပဲ။ ဘာေၾကာင့္ျဖစ္လဲဆိုတာေတာ့ မသိဘူး“

တပ္မေတာ္ရဲ႕ ေျပာဆိုခ်က္နဲ႔ပတ္သက္ၿပီး KNU ဗဟိုေျပာေရးဆိုခြင့္ရွိသူေတြဆီကို RFA က ဆက္သြယ္ေမးျမန္းေပ မယ့္လည္း ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ဘားအံၿမိဳ႕မွာရွိတဲ့ KNU ဆက္ဆံေရး႐ုံး ေျပာေရးဆိုခြင့္ရွိသူ ေစာေအာင္ပန္းကေတာ့ တိုက္ပြဲျဖစ္ပြားတယ္ ဆိုတဲ့ေနရာကို KNU တာဝန္ရွိသူေတြ သြားေရာက္စစ္ေဆးေနၿပီး ဆက္သြယ္ေရး ခက္ခဲတဲ့ေဒသျဖစ္တာေၾကာင့္ အေသးစိတ္အေျခအေနကို မသိရေသးေၾကာင္း RFA ကို ဒီေန႔ မနက္က ေျပာပါတယ္။

“အတိအက်ေတာ့ ဆက္သြယ္လို႔ မရဘူး။ တပ္မႉးလည္း သြားေနၾကတုန္းပဲ။ ကြၽန္ေတာ္တို႔နဲ႔ေတာ့ တိုက္႐ိုက္အဆက္သြယ္ မရေသးဘူး။ အဲဘက္က ဖုန္းလိုင္းမရဘူးေလ“

ႏွစ္ဖက္ အျပန္အလွန္ပစ္ခတ္ တိုက္ခိုက္မႈေၾကာင့္ တပ္မေတာ္ဘက္က ထိခိုက္ဒဏ္ရာရတာေတြရွိခဲ့ၿပီး ဝါးသိုးခို႐ြာေဒသခံ ႏွစ္ဦးလည္း စိုးရိမ္စရာ ထိခိုက္ဒဏ္ရာရခဲ့တာေၾကာင့္ ကေမာင္းေဆး႐ုံကတဆင့္ ဘားအံေဆး႐ုံကို တင္ပို႔ထားရတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ ထိခိုက္ဒဏ္ရာရရွိမႈနဲ႔ ပတ္သက္ၿပီး RFA က အတည္ျပဳႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။

ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕နယ္ ကမေမာင္း ေက်း႐ြာအုပ္စုအပိုင္ ဝါးသိုးခိုေက်း႐ြာဟာ ကရင္ျပည္နယ္ အစိုးရအုပ္ခ်ဳပ္ေရး လႊမ္းမိုးတဲ့ နယ္ေျမေဒသမဟုတ္ဘဲ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ ( ၅ ) ထိန္းခ်ဳပ္နယ္ေျမေဒသျဖစ္ပါတယ္။

KNU လက္ေအာက္ခံ တပ္မဟာ ခုႏွစ္ခု ရွိတဲ့အနက္ KNU တပ္မဟာ ( ၅ ) နဲ႔ တပ္မဟာ ( ၃ ) ေဒသေတြမွာ တပ္မေတာ္ရဲ႕ လမ္းေဖာက္လုပ္ေရး လုပ္ငန္းေဆာင္႐ြက္မႈနဲ႔ ပတ္သက္ၿပီး တင္းမာမႈေတြလည္း ရွိေနပါတယ္။

ဒီတင္းမာမႈေတြကို ေဆြးေႏြးအေျဖရွာဖို႔လိုၿပီး ေအာက္ေျခမွာ ပဋိပကၡေတြရွိေနရင္ NCA လမ္းေၾကာင္းကို ထိခိုက္ေစႏိုင္တယ္လို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

တိုက္ပြဲျဖစ္ပြားခဲ့တဲ့ေနရာကိုေတာ့ တပ္က ေနရာယူထားကာ နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ေနၿပီး ေအာက္ေျခ တပ္ေတြ ထပ္မံထိေတြ႕ တိုက္ခိုက္မႈမျဖစ္ေအာင္ KNU ဆက္ဆံေရး႐ုံးေတြဆီကို လွမ္းအေၾကာင္းၾကားထား တယ္လို႔ ဆိုပါတယ္။ ဒီပစ္ခတ္မႈေတြနဲ႔ပတ္သက္ၿပီး  တပ္မေတာ္ဘက္က အေသးစိတ္ မသိရေသးဘဲ ဆက္လက္စုံစမ္းေနတုန္းပဲလို႔ ဗိုလ္မႉးႀကီး ေမာင္ေမာင္လတ္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၂၁ ရက္ေန႔က  ပဲခူးတိုင္း ေက်ာက္ႀကီးၿမိဳ႕နယ္ကေန ေဈးဝယ္ၿပီးျပန္လာတဲ့ ေစာမင္းလူ ေက်း႐ြာက ႐ြာသား ေလးဦးဆီက ဆန္အိတ္ ( ၁၅၀ ) ကို တပ္မေတာ္က သိမ္းဆည္းခဲ့တာေတြ ျဖစ္ခဲ့ပါေသးတယ္။ ေက်း႐ြာသားေတြရဲ႕ ဆန္အိတ္ေတြ သိမ္းဆည္းခံရတာနဲ႔ ပတ္သက္လို႔ ေက်ာက္ႀကီးၿမိဳ႕က KNU ဆက္ဆံေရး႐ုံးကို တိုင္ၾကားခဲ့ၿပီး KNU က ျပန္ေတာင္းေပးေပမယ့္ ႐ြာသားေတြက သြားမယူရဲခဲ့ၾကပါဘူး။

ဒီလို ေအာက္ေျခေတြမွာ ပဋိပကၡျဖစ္တာေတြ  ေလ်ာ့နည္းေစဖို႔အတြက္ ဒီဇင္ဘာ ၂၇ ရက္ေန႔က ေက်ာက္ႀကီး KNU ဆက္ဆံေရး႐ုံးမွာ ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး ဦးေဆာင္တဲ့အဖြဲ႕နဲ႔ KNU ဗဟိုစစ္ဌာနခ်ဳပ္က ဗိုလ္မႉးခ်ဳပ္ မန္းရွာထုေဝၚ ဦးေဆာင္တဲ့အဖြဲ႕ေတြဟာ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကပါေသးတယ္။

လက္ရွိ KNU ဟာ အပစ္ရပ္လက္မွတ္ ေရးထိုးထားေပမယ့္ တရားဝင္ႏိုင္ငံေရး ေဆြးေႏြးပြဲကေန ပါဝင္ေဆြးေႏြးဖို႔ ရပ္ဆိုင္းထာေၾကာင္းလည္း ေၾကညာထားပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
တပ်မတော်နဲ့ KNU ဖာပွန်မြို့နယ်မှာ တိုက်ပွဲဖြစ်

ကေအဲန်ယူ တပ်မဟာ(၇)ဌာနချုပ်မှာ ၂ဝ၁၆ ခုနှစ်ကကျင်းပတဲ့ ၆၇ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားမှာ KNLA တပ်သားတွေကို တွေ့ရစဉ်
Photo: RFA

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ဝါးသိုးခိုကျေးရွာမှာ ဇန်နဝါရီ ၂ ရက်နေ့က တပ်မတော်နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တပ်မတော်နဲ့ KNU အကြား အောက်ခြေမှာ ပဋိပက္ခတွေ မဖြစ်ပွားရေး ဆွေးနွေးနေစဉ်အတွင်းမှာပဲ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တပ်မတော်နဲ့ KNU တို့ကြား နှစ်ပေါင်းအတန်ကြာ အပစ်ရပ်ထားကြပြီး တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားခဲ့ခြင်း မရှိဘဲ နှစ်ဆန်းပိုင်းမှာ ပေါ်ပေါက်လာတဲ့ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

KNU အဖွဲ့က အဝေးကနေ လှမ်းပစ်တဲ့အတွက်  တိုက်ပွဲဖြစ်ပွားခဲ့တာလို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး မောင်မောင်လတ်က RFA ကို ဒီကနေ့မှာ  ပြောပါတယ်။

“ဝါးသိုးခိုရွာနားမှာဖြစ်တာ။ ဖြစ်တယ်ဆိုတာကလည်း ဟိုဘက်ဒီဘက် အဝေးကနေ ပစ်တယ်ထင်တယ်။ အဝေးကနေ ပစ်ကြတယ်။ KNU ဘက်ကနေ လှမ်းပစ်တာ။ လှမ်းပစ်တော့ ဒီဘက်ကလည်း ပြန်ပစ် အဲဒါပါပဲ။ ဘာကြောင့်ဖြစ်လဲဆိုတာတော့ မသိဘူး“

တပ်မတော်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး KNU ဗဟိုပြောရေးဆိုခွင့်ရှိသူတွေဆီကို RFA က ဆက်သွယ်မေးမြန်းပေ မယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဘားအံမြို့မှာရှိတဲ့ KNU ဆက်ဆံရေးရုံး ပြောရေးဆိုခွင့်ရှိသူ စောအောင်ပန်းကတော့ တိုက်ပွဲဖြစ်ပွားတယ် ဆိုတဲ့နေရာကို KNU တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးနေပြီး ဆက်သွယ်ရေး ခက်ခဲတဲ့ဒေသဖြစ်တာကြောင့် အသေးစိတ်အခြေအနေကို မသိရသေးကြောင်း RFA ကို ဒီနေ့ မနက်က ပြောပါတယ်။

“အတိအကျတော့ ဆက်သွယ်လို့ မရဘူး။ တပ်မှူးလည်း သွားနေကြတုန်းပဲ။ ကျွန်တော်တို့နဲ့တော့ တိုက်ရိုက်အဆက်သွယ် မရသေးဘူး။ အဲဘက်က ဖုန်းလိုင်းမရဘူးလေ“

နှစ်ဖက် အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုကြောင့် တပ်မတော်ဘက်က ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပြီး ဝါးသိုးခိုရွာဒေသခံ နှစ်ဦးလည်း စိုးရိမ်စရာ ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် ကမောင်းဆေးရုံကတဆင့် ဘားအံဆေးရုံကို တင်ပို့ထားရတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပတ်သက်ပြီး RFA က အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကမမောင်း ကျေးရွာအုပ်စုအပိုင် ဝါးသိုးခိုကျေးရွာဟာ ကရင်ပြည်နယ် အစိုးရအုပ်ချုပ်ရေး လွှမ်းမိုးတဲ့ နယ်မြေဒေသမဟုတ်ဘဲ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ( ၅ ) ထိန်းချုပ်နယ်မြေဒေသဖြစ်ပါတယ်။

KNU လက်အောက်ခံ တပ်မဟာ ခုနှစ်ခု ရှိတဲ့အနက် KNU တပ်မဟာ ( ၅ ) နဲ့ တပ်မဟာ ( ၃ ) ဒေသတွေမှာ တပ်မတော်ရဲ့ လမ်းဖောက်လုပ်ရေး လုပ်ငန်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး တင်းမာမှုတွေလည်း ရှိနေပါတယ်။

ဒီတင်းမာမှုတွေကို ဆွေးနွေးအဖြေရှာဖို့လိုပြီး အောက်ခြေမှာ ပဋိပက္ခတွေရှိနေရင် NCA လမ်းကြောင်းကို ထိခိုက်စေနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကိုတော့ တပ်က နေရာယူထားကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး အောက်ခြေ တပ်တွေ ထပ်မံထိတွေ့ တိုက်ခိုက်မှုမဖြစ်အောင် KNU ဆက်ဆံရေးရုံးတွေဆီကို လှမ်းအကြောင်းကြားထား တယ်လို့ ဆိုပါတယ်။ ဒီပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး  တပ်မတော်ဘက်က အသေးစိတ် မသိရသေးဘဲ ဆက်လက်စုံစမ်းနေတုန်းပဲလို့ ဗိုလ်မှူးကြီး မောင်မောင်လတ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က  ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ကနေ ဈေးဝယ်ပြီးပြန်လာတဲ့ စောမင်းလူ ကျေးရွာက ရွာသား လေးဦးဆီက ဆန်အိတ် ( ၁၅၀ ) ကို တပ်မတော်က သိမ်းဆည်းခဲ့တာတွေ ဖြစ်ခဲ့ပါသေးတယ်။ ကျေးရွာသားတွေရဲ့ ဆန်အိတ်တွေ သိမ်းဆည်းခံရတာနဲ့ ပတ်သက်လို့ ကျောက်ကြီးမြို့က KNU ဆက်ဆံရေးရုံးကို တိုင်ကြားခဲ့ပြီး KNU က ပြန်တောင်းပေးပေမယ့် ရွာသားတွေက သွားမယူရဲခဲ့ကြပါဘူး။

ဒီလို အောက်ခြေတွေမှာ ပဋိပက္ခဖြစ်တာတွေ  လျော့နည်းစေဖို့အတွက် ဒီဇင်ဘာ ၂၇ ရက်နေ့က ကျောက်ကြီး KNU ဆက်ဆံရေးရုံးမှာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဦးဆောင်တဲ့အဖွဲ့နဲ့ KNU ဗဟိုစစ်ဌာနချုပ်က ဗိုလ်မှူးချုပ် မန်းရှာထုဝေါ် ဦးဆောင်တဲ့အဖွဲ့တွေဟာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။

လက်ရှိ KNU ဟာ အပစ်ရပ်လက်မှတ် ရေးထိုးထားပေမယ့် တရားဝင်နိုင်ငံရေး ဆွေးနွေးပွဲကနေ ပါဝင်ဆွေးနွေးဖို့ ရပ်ဆိုင်းထာကြောင်းလည်း ကြေညာထားပါတယ်။

RFA Burmese
https://www.rfa.org
တပ္မေတာ္နဲ႔ KNU ဖာပြန္ၿမိဳ႕နယ္မွာ တိုက္ပြဲျဖစ္ တပ္မေတာ္နဲ႔ KNU ဖာပြန္ၿမိဳ႕နယ္မွာ တိုက္ပြဲျဖစ္ Reviewed by THITHTOOLWIN on 21:18 Rating: 5
Powered by Blogger.