ေဇကမာၻ ကုမၸဏီကို ႏွစ္ ၃၀ ငွားရမ္းထားတဲ့ ကရဝိတ္ဥယ်ာဥ္ကမာၻ ေျမေနရာအတြက္ ငွားရမ္းခ သတ္ မွတ္ထားတာ မရွိဘူးလို႔ဆို

(Zawgyi)⤵⤵⤵
ရန္ကုန္၊ ဇန္န၀ါရီ ၂၄

ကန္ေတာ္ႀကီး သဘာဝဥယ်ာဥ္အတြင္းမွာရွိတဲ့ ကရဝိတ္ဥယ်ာဥ္ကမာၻ ေျမဧရိယာ ၁၉ဒသမ၁၁ ဧကအား ဦး ခင္ေရႊရဲ႕ ေဇကမာၻကုမၸဏီသို႔ ႏွစ္ ၃၀ ေျမငွားရမ္းစာခ်ဳပ္ျဖင့္ လုပ္ပိုင္ခြင့္ေပးထားတာျဖစ္ၿပီး ၂၀၁၇ ၂၀၁၈ ဘ ႑ာေရးႏွစ္အတြက္ ငွားရမ္းခသတ္မွတ္ထားတာ မရွိဘူးလို႔ စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ဒါအျပင္ ကုမၸဏီက အသုံးျပဳေနတဲ့ အေဆာက္အအုံ ၀ဒသမ၂၉ ဧကအတြက္လည္း ငွားရမ္းခမရလို႔ အမ်ားႀကီး နစ္နာေနတယ္လို႔ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌးက ေျပာပါတယ္။

၂၀၁၇- ၂၀၁၈ ဘ႑ာေရးႏွစ္အတြက္ ငွားရမ္းခ သတ္မွတ္ထားျခင္း မရွိပါဘူး။ ကုမၸဏီမွ အသုံးျပဳေနသည့္ အုပ္ခ်ဳပ္မႈ အေဆာက္အအုံ ၀ဒသမ၂၉ ဧကမွာလည္း ငွားရမ္းခမရရွိသျဖင့္ မ်ားစြာနစ္နာေနေၾကာင္း ေတြ႕ရွိရ တယ္လို႔ ဆိုပါတယ္။

ကုမၸဏီ အေနနဲ႔ကေတာ့ ဒီဧရိယာ အားလုံးနီးပါးကို ဆိုင္းခန္းေတြ ငွားစားထားၿပီး ကေလးကစားကြင္း ေနရာကို လည္း ဖ်က္သိမ္းကာ တစ္ဦးလွ်င္ ၅,၀၀၀ က်ပ္ေပးရတဲ့လုပ္ငန္းကို ငွားရမ္းခဲ့ပဲတာ ျဖစ္ပါတယ္။ ဝင္ေပါက္ ကိုလည္း တစ္ဦးလွ်င္ ၃၀၀ က်ပ္ ေကာက္ခံပါတယ္။

လက္ရွိ တိုင္းေဒသႀကီး အစိုးရအေနနဲ႔ အရင္လက္ထက္တုန္းက ကုမၸဏီနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားမႈအား အေသး စိတ္ ျပန္လည္စိစစ္ၿပီး ငွားရမ္းခမရရွိေသာ ေျမဧကေပၚ၌ အသုံးျပဳမႈမ်ားကို သက္ဆိုင္ရာဌာနမွ ေဆာင္႐ြက္ျခင္း သို႔မဟုတ္ စတင္အသုံးျပဳသည့္ေန႔မွစ၍ ငွားရမ္းခ ေပးသြင္းေစျခင္းတို႔ကို ေဆာင္႐ြက္ေစရန္ တိုက္တြန္းအပ္ ပါတယ္" လို႔ ၎ကေျပာပါတယ္။

အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ အခြန္စည္းၾကပ္ေကာက္ခံႏိုင္ျခင္းမရွိတဲ့ ဌာနဆိုင္ရာ လုပ္ငန္းေတြ အေတာ္မ်ားမ်ားရွိ တာေၾကာင့္ ႏိုင္ငံနဲ႔ ျပည္သူအတြက္ ႀကီးမားတဲ့ဆုံးရႈံးမႈပဲလို႔ ဦးလွေဌးက ထပ္မံေျပာဆိုပါတယ္။

" ဒီလိုေကာက္ခံႏိုင္ျခင္း မရွိတာဟာ ႏိုင္ငံအတြက္၊ ျပည္သူအတြက္ အလြန္ႀကီးမားတဲ့ ဆုံးရႈံးမႈတစ္ရပ္ပါပဲ။ က်ပ္ သန္းေပါင္း ေျမာက္မ်ားစြား ဆုံးရႈံးေနတာပဲ ျဖစ္ပါတယ္။ ဒါေတြဟာ သက္ဆိုင္ရာ ဌာနအသီးသီးရဲ႕ လူႀကီးဝန္ ထမ္းေတြမွာလည္း တာဝန္ရွိပါတယ္။ အထက္က ၫႊန္ၾကားသည္ျဖစ္ေစ၊ မၫႊန္ၾကားသည္ျဖစ္ေစ မိမိတာဝန္ အရ ေကာက္ခံရမယ့္ အခြန္အခကို တာဝန္ေက်ပြန္ေအာင္ ေကာက္ခံေပးျခင္းျဖင့္ ႏိုင္ငံ့ဝန္ထမ္းေကာင္း ပီသေအာင္ ေဆာင္႐ြက္ေပးၾကပါလို႔ ေဆြးေႏြးအပ္ပါတယ္" လို႔ ၎ကဆိုပါတယ္။

ဇန္နဝါရီလ ၂၃ ရက္က ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အစည္းအေဝးမွာ စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာအရ အဲဒီလိုေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

ကြန္းဈာန္
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-----------
(Unicode)⤵⤵⤵
ဇေကမ္ဘာ ကုမ္ပဏီကို နှစ် ၃၀ ငှားရမ်းထားတဲ့ ကရဝိတ်ဥယျာဉ်ကမ္ဘာ မြေနေရာအတွက် ငှားရမ်းခ သတ် မှတ်ထားတာ မရှိဘူးလို့ဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ကန်တော်ကြီး သဘာဝဥယျာဉ်အတွင်းမှာရှိတဲ့ ကရဝိတ်ဥယျာဉ်ကမ္ဘာ မြေဧရိယာ ၁၉ဒသမ၁၁ ဧကအား ဦး ခင်ရွှေရဲ့ ဇေကမ္ဘာကုမ္ပဏီသို့ နှစ် ၃၀ မြေငှားရမ်းစာချုပ်ဖြင့် လုပ်ပိုင်ခွင့်ပေးထားတာဖြစ်ပြီး ၂၀၁၇ ၂၀၁၈ ဘ ဏ္ဍာရေးနှစ်အတွက် ငှားရမ်းခသတ်မှတ်ထားတာ မရှိဘူးလို့ စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါအပြင် ကုမ္ပဏီက အသုံးပြုနေတဲ့ အဆောက်အအုံ ဝဒသမ၂၉ ဧကအတွက်လည်း ငှားရမ်းခမရလို့ အများကြီး နစ်နာနေတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။

၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ငှားရမ်းခ သတ်မှတ်ထားခြင်း မရှိပါဘူး။ ကုမ္ပဏီမှ အသုံးပြုနေသည့် အုပ်ချုပ်မှု အဆောက်အအုံ ဝဒသမ၂၉ ဧကမှာလည်း ငှားရမ်းခမရရှိသဖြင့် များစွာနစ်နာနေကြောင်း တွေ့ရှိရ တယ်လို့ ဆိုပါတယ်။

ကုမ္ပဏီ အနေနဲ့ကတော့ ဒီဧရိယာ အားလုံးနီးပါးကို ဆိုင်းခန်းတွေ ငှားစားထားပြီး ကလေးကစားကွင်း နေရာကို လည်း ဖျက်သိမ်းကာ တစ်ဦးလျှင် ၅,၀၀၀ ကျပ်ပေးရတဲ့လုပ်ငန်းကို ငှားရမ်းခဲ့ပဲတာ ဖြစ်ပါတယ်။ ဝင်ပေါက် ကိုလည်း တစ်ဦးလျှင် ၃၀၀ ကျပ် ကောက်ခံပါတယ်။

လက်ရှိ တိုင်းဒေသကြီး အစိုးရအနေနဲ့ အရင်လက်ထက်တုန်းက ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုထားမှုအား အသေး စိတ် ပြန်လည်စိစစ်ပြီး ငှားရမ်းခမရရှိသော မြေဧကပေါ်၌ အသုံးပြုမှုများကို သက်ဆိုင်ရာဌာနမှ ဆောင်ရွက်ခြင်း သို့မဟုတ် စတင်အသုံးပြုသည့်နေ့မှစ၍ ငှားရမ်းခ ပေးသွင်းစေခြင်းတို့ကို ဆောင်ရွက်စေရန် တိုက်တွန်းအပ် ပါတယ်" လို့ ၎င်းကပြောပါတယ်။

အကြောင်းအမျိုးမျိုးနဲ့ အခွန်စည်းကြပ်ကောက်ခံနိုင်ခြင်းမရှိတဲ့ ဌာနဆိုင်ရာ လုပ်ငန်းတွေ အတော်များများရှိ တာကြောင့် နိုင်ငံနဲ့ ပြည်သူအတွက် ကြီးမားတဲ့ဆုံးရှုံးမှုပဲလို့ ဦးလှဌေးက ထပ်မံပြောဆိုပါတယ်။

" ဒီလိုကောက်ခံနိုင်ခြင်း မရှိတာဟာ နိုင်ငံအတွက်၊ ပြည်သူအတွက် အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်ပါပဲ။ ကျပ် သန်းပေါင်း မြောက်များစွား ဆုံးရှုံးနေတာပဲ ဖြစ်ပါတယ်။ ဒါတွေဟာ သက်ဆိုင်ရာ ဌာနအသီးသီးရဲ့ လူကြီးဝန် ထမ်းတွေမှာလည်း တာဝန်ရှိပါတယ်။ အထက်က ညွှန်ကြားသည်ဖြစ်စေ၊ မညွှန်ကြားသည်ဖြစ်စေ မိမိတာဝန် အရ ကောက်ခံရမယ့် အခွန်အခကို တာဝန်ကျေပွန်အောင် ကောက်ခံပေးခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းကောင်း ပီသအောင် ဆောင်ရွက်ပေးကြပါလို့ ဆွေးနွေးအပ်ပါတယ်" လို့ ၎င်းကဆိုပါတယ်။

ဇန်နဝါရီလ ၂၃ ရက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ စာရင်းစစ်ချုပ် အစီရင်ခံစာအရ အဲဒီလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

ကွန်းဈာန်
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေဇကမာၻ ကုမၸဏီကို ႏွစ္ ၃၀ ငွားရမ္းထားတဲ့ ကရဝိတ္ဥယ်ာဥ္ကမာၻ ေျမေနရာအတြက္ ငွားရမ္းခ သတ္ မွတ္ထားတာ မရွိဘူးလို႔ဆို ေဇကမာၻ ကုမၸဏီကို ႏွစ္ ၃၀ ငွားရမ္းထားတဲ့ ကရဝိတ္ဥယ်ာဥ္ကမာၻ ေျမေနရာအတြက္ ငွားရမ္းခ သတ္ မွတ္ထားတာ မရွိဘူးလို႔ဆို Reviewed by THITHTOOLWIN on 20:51 Rating: 5
Powered by Blogger.