ျမန္မာႏိုင္ငံမွာ ကို႐ိုနာ ပိုးကူးစက္ခံရသူ မရွိေသး

မႏၲေလးေလဆိပ္မွာ ႏွာေခါင္းစည္းထားတဲ့ ခရီးသည္ေတြကို ၂၀၂၀ ဇန္နဝါရီ ၂၄ ရက္ေန႔က ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ကေန စတင္ပ်ံ႕ႏွံ႔ေနတဲ့ ကို႐ိုနာ ဗိုင္းရပ္စ္ပိုး ျမန္မာႏိုင္ငံမွာ ကူးစက္ခံရသူ မရွိေၾကာင္းနဲ႔ ႀကိဳတင္ကာကြယ္ႏွိမ္နင္းေရး လုပ္ေဆာင္ထားေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြက ဒီေန႔ ေျပာလိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕က ကို႐ိုနာဗိုင္းရပ္စ္ပိုးဟာ ႏိုင္ငံအေတာ္မ်ားမ်ားကို ကူးစက္ပ်ံ႕ႏွံ႔ေနလို႔ စိုးရိမ္ေနရတဲ့ အေျခအေနပါ။

တ႐ုတ္ျပည္ကေန ခရီးသြားဝင္ေရာက္မႈမ်ားသလို အိမ္နီးခ်င္းႏိုင္ငံလည္း ျဖစ္ေနတာေၾကာင့္ ျမန္မာႏိုင္ငံဟာလည္း ႀကိဳတင္အကာအကြယ္ေတြ လုပ္ေဆာင္ထားသင့္ေပမယ့္ ျမန္မာအစိုးရက ဘာမွထုတ္ျပန္ေၾကညာတာ၊ ႀကိဳတင္ကာကြယ္တာေတြ မရွိေသးဘူးဆိုၿပီး ဒီရက္ပိုင္း ေဝဖန္ေနၾကတာပါ။

ျပည္သူ႔က်န္းမာေရးဦးစီးဌာန ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာေဒၚခင္ခင္ႀကီးက လက္ရွိမွာ ေရာဂါပိုး ကူးစက္ခံရသူ မရွိေသးေၾကာင္း ေနျပည္ေတာ္မွာ ဒီေန႔ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ  ရွင္းျပပါတယ္။ 

ဒီေန႔ည ရွစ္နာရီမွာ မႏၲေလးၿမိဳ႕ကို ဆိုက္ေရာက္ဖို႔ရွိတဲ့ ဝူဟန္-မႏၲေလး ခရီးစဥ္ကို ဒီေန႔အတြက္ ဖ်က္သိမ္းတယ္လို႔ China Eastern Airlines က ေၾကညာလိုက္ပါတယ္။

ဒီေန႔အတြက္သာ ဖ်က္သိမ္းတာျဖစ္ၿပီး ေနာက္ရက္ေတြကိုေတာ့ ဘယ္လိုရွိမလဲဆိုတာ
မသိေသးဘူးလို႔ အဲလိုင္း မႏၲေလး႐ုံးခြဲက ေျပာပါတယ္။

မႏၲေလးတိုင္း ျပည္သူ႔က်န္းမာေရးနဲ႔ ကုသေရးဦးစီးဌာနက ဦးစီးမႉး ေဒါက္တာသန္းသန္းျမင့္က - အသက္ရႈလမ္းေၾကာင္းကေန ကူးစက္တဲ့ အခုလို ဗိုင္းရပ္စ္ပိုးေတြနဲ႔ပတ္သက္ၿပီး ေရွာင္ၾကဥ္သင့္တာေတြကို ေျပာပါတယ္။

မႏၲေလးၿမိဳ႕ဟာ တ႐ုတ္လူမ်ိဳးေတြ ဝင္ေရာက္မႈမ်ားတဲ့ ေနရာတစ္ခုျဖစ္ပါတယ္။

မႏၲေလးၿမိဳ႕ခံ ကိုစန္းယုေက်ာ္က ႀကိဳတင္ကာကြယ္တဲ့ လုပ္ငန္းစဥ္ေတြကို ဒီထက္ပိုၿပီး လုပ္ေဆာင္သင့္တယ္လို႔ ေျပာပါတယ္။

ဝူဟန္ၿမိဳ႕မွာ စတင္ပ်ံ႕ႏွံ႔ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ တ႐ုတ္ျပည္မမွာ ကူးစက္ခံရသူ အေယာက္ ၈၃၀၊  ေသဆုံးသူ ၂၅ ဦးအထိရွိေနၿပီလို႔ တ႐ုတ္က်န္းမာေရးဌာနကို ကိုးကားၿပီး ဒီကေန႔ Retuers သတင္းဌာနက သတင္းတစ္ပုဒ္မွာ ေဖာ္ျပထားပါတယ္။

ဝူဟန္-ရန္ကုန္ ေလေၾကာင္းခရီးစဥ္ဟာ တစ္ပတ္ကို တစ္ႀကိမ္ရွိၿပီး ဝူဟန္-မႏၲေလး
တိုက္႐ိုက္ခရီးစဥ္က တစ္ပတ္ကို ႏွစ္ႀကိမ္ရွိတယ္လို႔ သိရပါတယ္။

ေရာဂါပိုး စတင္ပ်ံ႕ႏွံ႔ခ်ိန္ဟာ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ အားလပ္ရက္အတြင္း တ႐ုတ္လူမ်ိဳး သန္းနဲ႔ခ်ီၿပီး ခရီးသြားလာခ်ိန္နဲ႔ တိုက္ဆိုင္ေနတာေၾကာင့္ ေရာဂါပိုး ပ်ံ႕ႏွံ႔ဖို႔ ပိုမိုလြယ္ကူေနတယ္လို႔ တ႐ုတ္အစိုးရက ထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
မြန်မာနိုင်ငံမှာ ကိုရိုနာ ပိုးကူးစက်ခံရသူ မရှိသေး

မန္တလေးလေဆိပ်မှာ နှာခေါင်းစည်းထားတဲ့ ခရီးသည်တွေကို ၂၀၂၀ ဇန်နဝါရီ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: San Yu Kyaw

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ပျံ့နှံ့နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ မရှိကြောင်းနဲ့ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ဆောင်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဒီနေ့ ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့က ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ နိုင်ငံအတော်များများကို ကူးစက်ပျံ့နှံ့နေလို့ စိုးရိမ်နေရတဲ့ အခြေအနေပါ။

တရုတ်ပြည်ကနေ ခရီးသွားဝင်ရောက်မှုများသလို အိမ်နီးချင်းနိုင်ငံလည်း ဖြစ်နေတာကြောင့် မြန်မာနိုင်ငံဟာလည်း ကြိုတင်အကာအကွယ်တွေ လုပ်ဆောင်ထားသင့်ပေမယ့် မြန်မာအစိုးရက ဘာမှထုတ်ပြန်ကြေညာတာ၊ ကြိုတင်ကာကွယ်တာတွေ မရှိသေးဘူးဆိုပြီး ဒီရက်ပိုင်း ဝေဖန်နေကြတာပါ။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်ခင်ကြီးက လက်ရှိမှာ ရောဂါပိုး ကူးစက်ခံရသူ မရှိသေးကြောင်း နေပြည်တော်မှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  ရှင်းပြပါတယ်။ 

ဒီနေ့ည ရှစ်နာရီမှာ မန္တလေးမြို့ကို ဆိုက်ရောက်ဖို့ရှိတဲ့ ဝူဟန်-မန္တလေး ခရီးစဉ်ကို ဒီနေ့အတွက် ဖျက်သိမ်းတယ်လို့ China Eastern Airlines က ကြေညာလိုက်ပါတယ်။

ဒီနေ့အတွက်သာ ဖျက်သိမ်းတာဖြစ်ပြီး နောက်ရက်တွေကိုတော့ ဘယ်လိုရှိမလဲဆိုတာ
မသိသေးဘူးလို့ အဲလိုင်း မန္တလေးရုံးခွဲက ပြောပါတယ်။

မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနက ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က - အသက်ရှုလမ်းကြောင်းကနေ ကူးစက်တဲ့ အခုလို ဗိုင်းရပ်စ်ပိုးတွေနဲ့ပတ်သက်ပြီး ရှောင်ကြဉ်သင့်တာတွေကို ပြောပါတယ်။

မန္တလေးမြို့ဟာ တရုတ်လူမျိုးတွေ ဝင်ရောက်မှုများတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

မန္တလေးမြို့ခံ ကိုစန်းယုကျော်က ကြိုတင်ကာကွယ်တဲ့ လုပ်ငန်းစဉ်တွေကို ဒီထက်ပိုပြီး လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။

ဝူဟန်မြို့မှာ စတင်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် တရုတ်ပြည်မမှာ ကူးစက်ခံရသူ အယောက် ၈၃၀၊  သေဆုံးသူ ၂၅ ဦးအထိရှိနေပြီလို့ တရုတ်ကျန်းမာရေးဌာနကို ကိုးကားပြီး ဒီကနေ့ Retuers သတင်းဌာနက သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ဝူဟန်-ရန်ကုန် လေကြောင်းခရီးစဉ်ဟာ တစ်ပတ်ကို တစ်ကြိမ်ရှိပြီး ဝူဟန်-မန္တလေး
တိုက်ရိုက်ခရီးစဉ်က တစ်ပတ်ကို နှစ်ကြိမ်ရှိတယ်လို့ သိရပါတယ်။

ရောဂါပိုး စတင်ပျံ့နှံ့ချိန်ဟာ တရုတ်နှစ်သစ်ကူးပွဲတော် အားလပ်ရက်အတွင်း တရုတ်လူမျိုး သန်းနဲ့ချီပြီး ခရီးသွားလာချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် ရောဂါပိုး ပျံ့နှံ့ဖို့ ပိုမိုလွယ်ကူနေတယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org
ျမန္မာႏိုင္ငံမွာ ကို႐ိုနာ ပိုးကူးစက္ခံရသူ မရွိေသး ျမန္မာႏိုင္ငံမွာ ကို႐ိုနာ ပိုးကူးစက္ခံရသူ မရွိေသး Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.