ေဘဘီေလးအတြက္ အသင့္ေတာ္ဆုံး ေခါင္းေလွ်ာ္ရည္ ေ႐ြးခ်ယ္မယ္

(Zawgyi)⤵⤵⤵
ေဈးကြက္မွာ ရႏိုင္တဲ့ေဘဘီရွန္ပူေတြက အမ်ားႀကီးရယ္။ ကိုယ့္ေဘဘီအတြက္ ဘာေလးနဲ႔ေကာင္းမလဲ စဥ္းစားရတာေမေမေတြမွာေခါင္းကိုေျခာက္ေရာ။ ကိုယ္သုံးေနတဲ့ ေခါင္းေလွ်ာ္ရည္ေတြ၊ ဆပ္ျပာေတြလည္း ကေလးကို သုံးေပးလို႔မရေတာ့ သူ႔အတြက္ သီးသန္႔ဝယ္ရမွာေပါ့။ ဒီေတာ့ ကေလးအတြက္ အသင့္ေတာ္ဆုံး ေခါင္းေလွ်ာ္ရည္ကို ဘယ္လိုေ႐ြးခ်ယ္ၾကမလဲ။

ဘယ္လိုေကာင္းေၾကာင္း၊ ဘာအတြက္ေကာင္းေၾကာင္း တီဗီေၾကာ္ျငာ၊ အြန္လိုင္းေၾကာ္ျငာေတြရဲ႕ အာမခံခ်က္ေတြကို မ်က္စိစံမွိတ္ ယုံၾကည္လိုက္ေတာ့မွာလား၊ ဒါမွမဟုတ္ အမွတ္တံဆိပ္မ်ားစြာထဲကမွ ကိုယ္တိုင္ေသခ်ာေ႐ြးဝယ္မလား ဆိုတာက ကိုယ့္ေ႐ြးခ်ယ္မႈပါပဲ။

အမွန္ေတာ့ ကေလးငယ္ေတြအတြက္ အသုံးအေဆာင္ပစၥည္းမွန္သမွ်ဟာ ကေလးရဲ႕လိုအပ္ခ်က္ကို မူတည္ၿပီးေ႐ြးခ်ယ္တာ အေကာင္းဆုံးပါပဲ။ တခ်ိဳ႕ကေလးေတြဆိုရင္ ဆပ္ျပာေတြနဲ႔ဓါတ္မတည့္ျဖစ္တတ္တယ္။ တစ္ခါတရံ အေရျပားမွာ အနီကြက္ေတြျဖစ္တတ္တယ္။ ဒါ့ေၾကာင့္ ကေလးအတြက္ အသားအေရထိန္းသိမ္းေရးအသုံးအေဆာင္ေတြဝယ္ရင္ ဒီလိုအခ်က္ေလးေတြ ထည့္စဥ္းစားၾကရပါတယ္။

အဆိပ္သင့္ ဓာတုပစၥည္း

ပထမဆုံး ကေလးေခါင္းေလွ်ာ္ရည္ဟာ အဆိပ္အေတာက္ျဖစ္ေစမယ့္ ဓာတုပစၥည္းေတြမပါရွိတာ ေသခ်ာပါေစ။ Sulfates၊ phthalates နဲ႔ parabens ေတြက ကေလးေခါင္းေလွ်ာ္ရည္နဲ႔လိုးရွင္းေတြမွာ တာရွည္ခံဓါတုပစၥည္းအျဖစ္နဲ႔ပါတတ္ပါတယ္။ ျဖစ္ႏိုင္ရင္ သဘာဝပစၥည္းေတြကေန ထုတ္လုပ္ထားတာေသခ်ာတဲ့ ရွန္ပူအမ်ိဳးအစားကိုေ႐ြးသင့္ပါတယ္။

အေပ်ာ့စားျဖစ္ရမယ္

ကေလးေတြအတြက္က ရွန္ပူအေပ်ာ့စားသုံးတာအေကာင္းဆုံးပါပဲ။ အေပ်ာ့စားဆိုတာက အေရာင္ဆိုးေဆးမပါ၊ အေမႊးနံ႔မပါ၊ ဓါတ္မတည့္ျဖစ္ေစေလာက္တဲ့ပါဝင္ပစၥည္းမပါဘဲ တာရွည္ခံပစၥည္းလည္းမပါတဲ့ ရွန္ပူေတြျဖစ္ပါတယ္။ label ကိုေသခ်ာဖတ္ရင္ ရွန္ပူထဲကပါဝင္ပစၥည္းေတြကိုသိလာမွာျဖစ္လို႔ ထိခိုက္ေစႏိုင္တဲ့ဓါတုပစၥည္းေတြ၊ေရေမႊးနံ႔ေတြ၊ဆိုးေဆးေတြမပါတဲ့ေခါင္းေလွ်ာ္ရည္ကိုပဲ ကေလးအတြက္ေ႐ြးခ်ယ္သင့္ပါတယ္။

တာရွည္ခံပစၥည္းa

ေခါင္းေလွ်ာ္ရည္ေတြမွာ တာရွည္ခံပစၥည္းပါဝင္ေလ့ရွိပါတယ္။ အထူးသျဖင့္ ကေလးငယ္ေတြသုံးတဲ့ေခါင္းေလွ်ာ္ရည္မွာေတာ့ အေပ်ာ့စား တာရွည္ခံပစၥည္းေတြကို သုံးရပါတယ္။ ဥပမာ ဗီတာမင္စီအသီးေတြရဲ႕အေစ့ကေန ရရွိတဲ့ Phenoxyethanol နဲ႔ ဗီတာမင္ေအ၊ စီ၊ အီး တို႔ျဖစ္ပါတယ္။ ဒါေပမယ့္ တာရွည္ခံပစၥည္းဟာ FDA ကခြင့္ျပဳထားတဲ့ ပမာဏနည္းနည္းေလးပဲ ပါရွိရမယ္ဆိုတာ သတိထားၿပီးေသခ်ာစစ္ေဆးပါ။

အေမႊးနံ႔

ေျပာရရင္ ေမေမတို႔ ဘာအသားအေရထိန္းပစၥည္းပဲဝယ္ဝယ္ အနံ႔ေလးေတာ့ အရင္စမ္းသပ္ၾကည့္ၾကတယ္မဟုတ္လား။ အနံ႔ေလးမဆိုးဘူး၊ေမႊးေမႊးေလးဆိုၿပီးေဘဘီေလးေတြကို ဝယ္ေပးခ်င္ေရာ။ တကယ္ေတာ့အဲဒီခ်စ္စဖြယ္အနံ႔ေလးေတြက ကေလးရဲ႕အေရျပားမွာေလာင္ေစမယ့္၊ နီရဲေရာင္ရမ္းေစႏိုင္မယ့္ အမ်ိဳးအမည္မသိဓါတုပစၥည္းေတြ ေပါင္းစပ္ထားတဲ့ အေမႊးနံ႔ေတြဆိုတာ သင္သိပါ့မလား။

ကေလးငယ္ေတြရဲ႕အသားအေရက အရမ္းႏူးညံ့ၿပီးထိခိုက္လြယ္တာေၾကာင့္ အသားမွာ ထိေတြ႕လိုက္သမွ်အားလုံးကို စုပ္ယူႏိုင္စြမ္းေကာင္းပါတယ္။ ဒါ့ေၾကာင့္ ဒီေလာက္အ႐ြယ္ငယ္ငယ္ေလးမွာ ဓါတုပစၥည္းေတြအမ်ားႀကီးထိေတြ႕လိုက္ရတဲ့အခါ ဓါတ္မတည့္မႈေတြျဖစ္လာနိင္ေျခပိုမ်ားေစပါတယ္။ ၾကာလာရင္ အႏၲရာယ္ရွိပါတယ္။

အယ္ကိုေဟာမပါတာကို ေ႐ြးပါ

လူႀကီးေတြသုံးတဲ့ရွန္ပူတခ်ိဳ႕က သုံးလိုက္ရင္ အရမ္းကိုလန္းဆန္းသြားသလိုခံစားရၿပီး ဆံပင္လည္းအေျခာက္ျမန္တာကို ႀကဳံဖူးၾကပါသလား။ အဲဒါက အသားအေရမွာျမန္ျမန္ေျခာက္ေသြ႕ေစတဲ့ အယ္ကိုေဟာပါဝင္ေနလို႔ျဖစ္ပါတယ္။ ကေလးပစၥည္းေတြမွာေတာ့ အသားအရမ္းေျခာက္ေသြ႕ရင္ အေရျပားျပႆနာေတြ၊ နီျမန္းတာေတြျဖစ္လာေစႏိုင္လို႔ အယ္ကိုေဟာမပါဝင္သင့္ပါဘူး။ ဒါ့ေၾကာင့္ label ကိုေသခ်ာဖတ္ၿပီး ကေလးအတြက္ ေခါင္းေလွ်ာ္ရည္မွာ အယ္ကိုေဟာပါမပါ စစ္ေဆးပါ။
ေနာက္တစ္ခ်က္အေနနဲ႔ေမေမတို႔ရဲ႕ဆႏၵက ေဘဘီရွန္ပူဟာ မ်က္စိမစပ္တဲ့အမ်ိဳးအစားလည္းျဖစ္ရမယ္ဆိုတာပါပဲ။ ကေလးကိုေရခ်ိဳးေပးရင္၊ အထူးသျဖင့္ ေခါင္းေလွ်ာ္ေပးတဲ့အခါ မ်က္စိမစပ္မွ အဆင္ေျပမွာပါ။ ဒီအခ်က္ေလးလည္း ထည့္စဥ္းစားရပါမယ္။

ဘာကိုေရွာင္ရမလဲ

Diethanolamine (DEA) သို႔မဟုတ္ Triethanolamine (TEA) တို႔ပါတဲ့ ေဘဘီရွန္ပူေတြကိုေရွာင္ရပါမယ္။ အဲဒီဓါတုပစၥည္းေတြက ရွန္ပူအမ်ားစုမွာပါတတ္တဲ့ တာရွည္ခံပစၥည္းျဖစ္တဲ့ nitritesေတြနဲ႔ ဓါတ္ျပဳမိရင္ ကေလးရဲ႕အေရျပားထဲကို စိမ့္ဝင္ႏိုင္စြမ္းျမန္ဆန္တဲ့ nitrosamines ေတြျဖစ္ေပၚလာႏိုင္ပါတယ္။ nitrosaminesေတြက ကင္ဆာျဖစ္ေစႏိုင္ပါတယ္။

ေရးသားသူ Yun Sandi Nan Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
------------
(Unicode)⤵⤵⤵
ဘေဘီလေးအတွက် အသင့်တော်ဆုံး ခေါင်းလျှော်ရည် ရွေးချယ်မယ်

ဈေးကွက်မှာ ရနိုင်တဲ့ဘေဘီရှန်ပူတွေက အများကြီးရယ်။ ကိုယ့်ဘေဘီအတွက် ဘာလေးနဲ့ကောင်းမလဲ စဉ်းစားရတာမေမေတွေမှာခေါင်းကိုခြောက်ရော။ ကိုယ်သုံးနေတဲ့ ခေါင်းလျှော်ရည်တွေ၊ ဆပ်ပြာတွေလည်း ကလေးကို သုံးပေးလို့မရတော့ သူ့အတွက် သီးသန့်ဝယ်ရမှာပေါ့။ ဒီတော့ ကလေးအတွက် အသင့်တော်ဆုံး ခေါင်းလျှော်ရည်ကို ဘယ်လိုရွေးချယ်ကြမလဲ။

ဘယ်လိုကောင်းကြောင်း၊ ဘာအတွက်ကောင်းကြောင်း တီဗီကြော်ငြာ၊ အွန်လိုင်းကြော်ငြာတွေရဲ့ အာမခံချက်တွေကို မျက်စိစံမှိတ် ယုံကြည်လိုက်တော့မှာလား၊ ဒါမှမဟုတ် အမှတ်တံဆိပ်များစွာထဲကမှ ကိုယ်တိုင်သေချာရွေးဝယ်မလား ဆိုတာက ကိုယ့်ရွေးချယ်မှုပါပဲ။

အမှန်တော့ ကလေးငယ်တွေအတွက် အသုံးအဆောင်ပစ္စည်းမှန်သမျှဟာ ကလေးရဲ့လိုအပ်ချက်ကို မူတည်ပြီးရွေးချယ်တာ အကောင်းဆုံးပါပဲ။ တချို့ကလေးတွေဆိုရင် ဆပ်ပြာတွေနဲ့ဓါတ်မတည့်ဖြစ်တတ်တယ်။ တစ်ခါတရံ အရေပြားမှာ အနီကွက်တွေဖြစ်တတ်တယ်။ ဒါ့ကြောင့် ကလေးအတွက် အသားအရေထိန်းသိမ်းရေးအသုံးအဆောင်တွေဝယ်ရင် ဒီလိုအချက်လေးတွေ ထည့်စဉ်းစားကြရပါတယ်။

အဆိပ်သင့် ဓာတုပစ္စည်း

ပထမဆုံး ကလေးခေါင်းလျှော်ရည်ဟာ အဆိပ်အတောက်ဖြစ်စေမယ့် ဓာတုပစ္စည်းတွေမပါရှိတာ သေချာပါစေ။ Sulfates၊ phthalates နဲ့ parabens တွေက ကလေးခေါင်းလျှော်ရည်နဲ့လိုးရှင်းတွေမှာ တာရှည်ခံဓါတုပစ္စည်းအဖြစ်နဲ့ပါတတ်ပါတယ်။ ဖြစ်နိုင်ရင် သဘာဝပစ္စည်းတွေကနေ ထုတ်လုပ်ထားတာသေချာတဲ့ ရှန်ပူအမျိုးအစားကိုရွေးသင့်ပါတယ်။

အပျော့စားဖြစ်ရမယ်

ကလေးတွေအတွက်က ရှန်ပူအပျော့စားသုံးတာအကောင်းဆုံးပါပဲ။ အပျော့စားဆိုတာက အရောင်ဆိုးဆေးမပါ၊ အမွှေးနံ့မပါ၊ ဓါတ်မတည့်ဖြစ်စေလောက်တဲ့ပါဝင်ပစ္စည်းမပါဘဲ တာရှည်ခံပစ္စည်းလည်းမပါတဲ့ ရှန်ပူတွေဖြစ်ပါတယ်။ label ကိုသေချာဖတ်ရင် ရှန်ပူထဲကပါဝင်ပစ္စည်းတွေကိုသိလာမှာဖြစ်လို့ ထိခိုက်စေနိုင်တဲ့ဓါတုပစ္စည်းတွေ၊ရေမွှေးနံ့တွေ၊ဆိုးဆေးတွေမပါတဲ့ခေါင်းလျှော်ရည်ကိုပဲ ကလေးအတွက်ရွေးချယ်သင့်ပါတယ်။

တာရှည်ခံပစ္စည်းa

ခေါင်းလျှော်ရည်တွေမှာ တာရှည်ခံပစ္စည်းပါဝင်လေ့ရှိပါတယ်။ အထူးသဖြင့် ကလေးငယ်တွေသုံးတဲ့ခေါင်းလျှော်ရည်မှာတော့ အပျော့စား တာရှည်ခံပစ္စည်းတွေကို သုံးရပါတယ်။ ဥပမာ ဗီတာမင်စီအသီးတွေရဲ့အစေ့ကနေ ရရှိတဲ့ Phenoxyethanol နဲ့ ဗီတာမင်အေ၊ စီ၊ အီး တို့ဖြစ်ပါတယ်။ ဒါပေမယ့် တာရှည်ခံပစ္စည်းဟာ FDA ကခွင့်ပြုထားတဲ့ ပမာဏနည်းနည်းလေးပဲ ပါရှိရမယ်ဆိုတာ သတိထားပြီးသေချာစစ်ဆေးပါ။

အမွှေးနံ့

ပြောရရင် မေမေတို့ ဘာအသားအရေထိန်းပစ္စည်းပဲဝယ်ဝယ် အနံ့လေးတော့ အရင်စမ်းသပ်ကြည့်ကြတယ်မဟုတ်လား။ အနံ့လေးမဆိုးဘူး၊မွှေးမွှေးလေးဆိုပြီးဘေဘီလေးတွေကို ဝယ်ပေးချင်ရော။ တကယ်တော့အဲဒီချစ်စဖွယ်အနံ့လေးတွေက ကလေးရဲ့အရေပြားမှာလောင်စေမယ့်၊ နီရဲရောင်ရမ်းစေနိုင်မယ့် အမျိုးအမည်မသိဓါတုပစ္စည်းတွေ ပေါင်းစပ်ထားတဲ့ အမွှေးနံ့တွေဆိုတာ သင်သိပါ့မလား။

ကလေးငယ်တွေရဲ့အသားအရေက အရမ်းနူးညံ့ပြီးထိခိုက်လွယ်တာကြောင့် အသားမှာ ထိတွေ့လိုက်သမျှအားလုံးကို စုပ်ယူနိုင်စွမ်းကောင်းပါတယ်။ ဒါ့ကြောင့် ဒီလောက်အရွယ်ငယ်ငယ်လေးမှာ ဓါတုပစ္စည်းတွေအများကြီးထိတွေ့လိုက်ရတဲ့အခါ ဓါတ်မတည့်မှုတွေဖြစ်လာနိင်ခြေပိုများစေပါတယ်။ ကြာလာရင် အန္တရာယ်ရှိပါတယ်။

အယ်ကိုဟောမပါတာကို ရွေးပါ

လူကြီးတွေသုံးတဲ့ရှန်ပူတချို့က သုံးလိုက်ရင် အရမ်းကိုလန်းဆန်းသွားသလိုခံစားရပြီး ဆံပင်လည်းအခြောက်မြန်တာကို ကြုံဖူးကြပါသလား။ အဲဒါက အသားအရေမှာမြန်မြန်ခြောက်သွေ့စေတဲ့ အယ်ကိုဟောပါဝင်နေလို့ဖြစ်ပါတယ်။ ကလေးပစ္စည်းတွေမှာတော့ အသားအရမ်းခြောက်သွေ့ရင် အရေပြားပြဿနာတွေ၊ နီမြန်းတာတွေဖြစ်လာစေနိုင်လို့ အယ်ကိုဟောမပါဝင်သင့်ပါဘူး။ ဒါ့ကြောင့် label ကိုသေချာဖတ်ပြီး ကလေးအတွက် ခေါင်းလျှော်ရည်မှာ အယ်ကိုဟောပါမပါ စစ်ဆေးပါ။
နောက်တစ်ချက်အနေနဲ့မေမေတို့ရဲ့ဆန္ဒက ဘေဘီရှန်ပူဟာ မျက်စိမစပ်တဲ့အမျိုးအစားလည်းဖြစ်ရမယ်ဆိုတာပါပဲ။ ကလေးကိုရေချိုးပေးရင်၊ အထူးသဖြင့် ခေါင်းလျှော်ပေးတဲ့အခါ မျက်စိမစပ်မှ အဆင်ပြေမှာပါ။ ဒီအချက်လေးလည်း ထည့်စဉ်းစားရပါမယ်။

ဘာကိုရှောင်ရမလဲ

Diethanolamine (DEA) သို့မဟုတ် Triethanolamine (TEA) တို့ပါတဲ့ ဘေဘီရှန်ပူတွေကိုရှောင်ရပါမယ်။ အဲဒီဓါတုပစ္စည်းတွေက ရှန်ပူအများစုမှာပါတတ်တဲ့ တာရှည်ခံပစ္စည်းဖြစ်တဲ့ nitritesတွေနဲ့ ဓါတ်ပြုမိရင် ကလေးရဲ့အရေပြားထဲကို စိမ့်ဝင်နိုင်စွမ်းမြန်ဆန်တဲ့ nitrosamines တွေဖြစ်ပေါ်လာနိုင်ပါတယ်။ nitrosaminesတွေက ကင်ဆာဖြစ်စေနိုင်ပါတယ်။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ေဘဘီေလးအတြက္ အသင့္ေတာ္ဆုံး ေခါင္းေလွ်ာ္ရည္ ေ႐ြးခ်ယ္မယ္ ေဘဘီေလးအတြက္ အသင့္ေတာ္ဆုံး ေခါင္းေလွ်ာ္ရည္ ေ႐ြးခ်ယ္မယ္ Reviewed by THITHTOOLWIN on 00:13 Rating: 5
Powered by Blogger.