အသက္ ၃၀ ေက်ာ္ရင္ ဒါေတြမစားနဲ႔ေတာ့ေနာ္

(Zawgyi)⤵⤵⤵
အသက္အ႐ြယ္ႀကီးရင့္လာေလ ဇရာေၾကာင့္ ခႏၶာကိုယ္မွာ ခ်ိဳ႕ယြင္းပ်က္စီးတာေတြက မ်ားလာေလေလပါ။ ဒါေၾကာင့္ ဂ႐ုစိုက္ႏိုင္မွာ ေတာ္ကာက်မယ့္ အခ်ိန္ျဖစ္လာတာပါ။ အသက္ ၃၀ ေက်ာ္လာတဲ့အခါ အသားအေရကစလို႔ ခႏၶာကိုယ္အစိတ္အပိုင္းေတြတိုင္း အားလုံးနီးပါးကို ေသခ်ာထိန္းသိမ္းဖို႔လိုလာမွာပါ။ တကယ္လို႔မ်ား ေသခ်ာဂ႐ုမစိုက္မိဘူးဆိုရင္ အ႐ြယ္မတိုင္ခင္ အိုမင္းမႈက မဖိတ္ေခၚဘဲ သင့္ဆီကိုေပ်ာ္ေပ်ာ္ႀကီးေရာက္လာႏိုင္ပါတယ္။ ဒီေတာ့ ဇရာေၾကာင့္ျဖစ္တဲ့ အိုမင္းမႈကို အခ်ိန္မတိုင္ခင္ေရာက္မလာေစဖို႔ ဒါေလးေတြကို ဂ႐ုစိုက္ေပးေစခ်င္ပါတယ္။

အသက္ ၃၀ေက်ာ္ရင္ ဒါေတြမစားနဲ႔ေတာ့ေနာ္ေလဒီ

အသက္ ၃၀ ေက်ာ္လာၿပီဆိုရင္ ႏုပ်ိဳမႈေတြက အလိုလိုေပ်ာက္ကြယ္သြားေတာ့မွာပါ။ ဒါေၾကာင့္ အခ်ိန္မတိုင္ခင္ အိုမင္းမႈကေန ကာကြယ္တဲ့အေနနဲ႔ ဒီအစားအစာေတြကို မစားဖို႔ေလဒီေလးတို႔ကို သတိေပးပါရေစနာ္။

အခ်ိဳပါတဲ့ ဒိန္ခ်ဥ္

ဒိန္ခ်ဥ္က က်န္းမာေရးအတြက္ သင့္ေတာ္တယ္ဆိုေပမယ့္ အသက္ ၃၀ ေက်ာ္လာၿပီျဖစ္တဲ့ ေလဒီေလး အတြက္ေတာ့ အခ်ိဳကဲေနတဲ့ ဒိန္ခ်ဥ္ေတြက အေရးအေၾကာင္းေတြျဖစ္ေစဖို႔ အားျဖည့္ေပးႏိုင္တာေၾကာင့္ ျဖစ္ႏိုင္ရင္ မစားၾကဖို႔ သတိေပးခ်င္ပါတယ္။ အခ်ိဳကဲေလေလ အသားအေရတင္းရင္းမႈကို ထိခိုက္ေစေလေလပါ။ ဒါေၾကာင့္ အခ်ိဳပါတဲ့ ဒိန္ခ်ဥ္၊ေရခဲမုန္႔တို႔ကို မစားပါနဲ႔။

ဆီသြတ္ဘူးေတြ

၂၀၁၃ ခုႏွစ္က လုပ္ခဲ့တဲ့ေလ့လာမႈတစ္ရပ္အရ ဆီသြတ္ဘူးေတြကို စားသုံးတာက ေသြးေပါင္ခ်ိန္ကို တိုးေစႏိုင္သလို အ႐ြယ္မတိုင္ခင္ အိုမင္းမႈကိုျဖစ္ေစႏိုင္တယ္လို႔ ေတြ႕ရွိခဲ့ရပါတယ္။ ေနာက္တစ္ခ်က္က ဆီသြတ္ဘူးေတြက BPA ပါဝင္ေနတာေၾကာင့္ ေလဒီေလးေတြကို အဝလြန္ေစတာမ်ိဳးလည္း ျဖစ္ေစႏိုင္သလို ကင္ဆာျဖစ္ေစႏိုင္တာမ်ိဳးလည္း ရွိေနပါတယ္။

ကင္ထားတဲ့အသားေတြ

ဒီအစားအစာေတြကလည္း ေလဒီေလးတို႔ကို ထိခိုက္ေစႏိုင္တဲ့ အစားအစာေတြထဲက တစ္ခုပါ။ မီးျပင္းျပင္းေလးနဲ႔ ကင္ထားတဲ့ အသားကင္ေတြက စားေကာင္းတာမွန္ေပမယ့္ အသက္ ၃၀ ေက်ာ္သြားတဲ့ ေလဒီေလးတို႔ရဲ႕ ခႏၶာကိုယ္ကို ထိခိုက္ေစႏိုင္တယ္ဆိုတာက အမွန္ပါ။ ဒါေၾကာင့္ ေလဒီေလးတို႔အေနနဲ႔ အသားကင္ကိုေရွာင္သင့္ပါတယ္။

အခ်ိဳရည္ေတြ

ေလဒီေလးေတြနဲ႔ မသင့္ေတာ္တဲ့အရာေတြထဲမွာ အခ်ိဳရည္ေတြလည္း ပါတယ္ေနာ္။ ေန႔ခင္းေန႔လယ္ ပင္ပန္းေနလို႔ဆိုၿပီး အခ်ိဳရည္ေသာက္မိတာက အေမာေျပေစႏိုင္တယ္ဆိုေပမယ့္ အသားအေရနဲ႔ ခႏၶာကိုယ္အေပၚမွာေတာ့ ထိခိုက္မႈႀကီးႏိုင္တယ္ေနာ္ေလဒီ။ အေၾကာင္းကေတာ့ အခ်ိဳရည္ေတြမွာ သၾကားပါဝင္မႈမ်ားေနတာေၾကာင့္ပါ။

ေပါင္မုန္႔အျဖဴ

မနက္စာကို အမ်ားႀကီးစားမိရင္ အဝလြန္မွာစိုးလို႔ဆိုၿပီး ေပါင္မုန္႔တစ္ခ်ပ္ေလာက္နဲ႔ ေကာ္ဖီ ေသာက္မယ္ဆိုတဲ့ စိတ္ကူးကို အသက္ ၃၀ ေက်ာ္ေနၿပီဆိုရင္ မေတြးပါနဲ႔ေတာ့။ အေၾကာင္းက အသက္ ၃၀ျပည့္ၿပီးၿပီျဖစ္တဲ့ ေလဒီေလးတို႔အတြက္ ေပါင္မုန္႔အျဖဴက အိုမင္းရင့္ေရာင္မႈျဖစ္ေစႏိုင္လို႔ပါ။ ေသြးတြင္းသၾကားဓာတ္ကို တိုးေစႏိုင္လို႔ ဆီးခ်ိဳလည္းျဖစ္ေစႏိုင္ပါေသးတယ္။

ေရးသားသူ Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-------------
(Unicode)⤵⤵⤵
အသက် ၃၀ ကျော်ရင် ဒါတွေမစားနဲ့တော့နော်

အသက်အရွယ်ကြီးရင့်လာလေ ဇရာကြောင့် ခန္ဓာကိုယ်မှာ ချို့ယွင်းပျက်စီးတာတွေက များလာလေလေပါ။ ဒါကြောင့် ဂရုစိုက်နိုင်မှာ တော်ကာကျမယ့် အချိန်ဖြစ်လာတာပါ။ အသက် ၃၀ ကျော်လာတဲ့အခါ အသားအရေကစလို့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေတိုင်း အားလုံးနီးပါးကို သေချာထိန်းသိမ်းဖို့လိုလာမှာပါ။ တကယ်လို့များ သေချာဂရုမစိုက်မိဘူးဆိုရင် အရွယ်မတိုင်ခင် အိုမင်းမှုက မဖိတ်ခေါ်ဘဲ သင့်ဆီကိုပျော်ပျော်ကြီးရောက်လာနိုင်ပါတယ်။ ဒီတော့ ဇရာကြောင့်ဖြစ်တဲ့ အိုမင်းမှုကို အချိန်မတိုင်ခင်ရောက်မလာစေဖို့ ဒါလေးတွေကို ဂရုစိုက်ပေးစေချင်ပါတယ်။

အသက် ၃၀ကျော်ရင် ဒါတွေမစားနဲ့တော့နော်လေဒီ

အသက် ၃၀ ကျော်လာပြီဆိုရင် နုပျိုမှုတွေက အလိုလိုပျောက်ကွယ်သွားတော့မှာပါ။ ဒါကြောင့် အချိန်မတိုင်ခင် အိုမင်းမှုကနေ ကာကွယ်တဲ့အနေနဲ့ ဒီအစားအစာတွေကို မစားဖို့လေဒီလေးတို့ကို သတိပေးပါရစေနာ်။

အချိုပါတဲ့ ဒိန်ချဉ်

ဒိန်ချဉ်က ကျန်းမာရေးအတွက် သင့်တော်တယ်ဆိုပေမယ့် အသက် ၃၀ ကျော်လာပြီဖြစ်တဲ့ လေဒီလေး အတွက်တော့ အချိုကဲနေတဲ့ ဒိန်ချဉ်တွေက အရေးအကြောင်းတွေဖြစ်စေဖို့ အားဖြည့်ပေးနိုင်တာကြောင့် ဖြစ်နိုင်ရင် မစားကြဖို့ သတိပေးချင်ပါတယ်။ အချိုကဲလေလေ အသားအရေတင်းရင်းမှုကို ထိခိုက်စေလေလေပါ။ ဒါကြောင့် အချိုပါတဲ့ ဒိန်ချဉ်၊ရေခဲမုန့်တို့ကို မစားပါနဲ့။

ဆီသွတ်ဘူးတွေ

၂၀၁၃ ခုနှစ်က လုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်အရ ဆီသွတ်ဘူးတွေကို စားသုံးတာက သွေးပေါင်ချိန်ကို တိုးစေနိုင်သလို အရွယ်မတိုင်ခင် အိုမင်းမှုကိုဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ နောက်တစ်ချက်က ဆီသွတ်ဘူးတွေက BPA ပါဝင်နေတာကြောင့် လေဒီလေးတွေကို အဝလွန်စေတာမျိုးလည်း ဖြစ်စေနိုင်သလို ကင်ဆာဖြစ်စေနိုင်တာမျိုးလည်း ရှိနေပါတယ်။

ကင်ထားတဲ့အသားတွေ

ဒီအစားအစာတွေကလည်း လေဒီလေးတို့ကို ထိခိုက်စေနိုင်တဲ့ အစားအစာတွေထဲက တစ်ခုပါ။ မီးပြင်းပြင်းလေးနဲ့ ကင်ထားတဲ့ အသားကင်တွေက စားကောင်းတာမှန်ပေမယ့် အသက် ၃၀ ကျော်သွားတဲ့ လေဒီလေးတို့ရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တယ်ဆိုတာက အမှန်ပါ။ ဒါကြောင့် လေဒီလေးတို့အနေနဲ့ အသားကင်ကိုရှောင်သင့်ပါတယ်။

အချိုရည်တွေ

လေဒီလေးတွေနဲ့ မသင့်တော်တဲ့အရာတွေထဲမှာ အချိုရည်တွေလည်း ပါတယ်နော်။ နေ့ခင်းနေ့လယ် ပင်ပန်းနေလို့ဆိုပြီး အချိုရည်သောက်မိတာက အမောပြေစေနိုင်တယ်ဆိုပေမယ့် အသားအရေနဲ့ ခန္ဓာကိုယ်အပေါ်မှာတော့ ထိခိုက်မှုကြီးနိုင်တယ်နော်လေဒီ။ အကြောင်းကတော့ အချိုရည်တွေမှာ သကြားပါဝင်မှုများနေတာကြောင့်ပါ။

ပေါင်မုန့်အဖြူ

မနက်စာကို အများကြီးစားမိရင် အဝလွန်မှာစိုးလို့ဆိုပြီး ပေါင်မုန့်တစ်ချပ်လောက်နဲ့ ကော်ဖီ သောက်မယ်ဆိုတဲ့ စိတ်ကူးကို အသက် ၃၀ ကျော်နေပြီဆိုရင် မတွေးပါနဲ့တော့။ အကြောင်းက အသက် ၃၀ပြည့်ပြီးပြီဖြစ်တဲ့ လေဒီလေးတို့အတွက် ပေါင်မုန့်အဖြူက အိုမင်းရင့်ရောင်မှုဖြစ်စေနိုင်လို့ပါ။ သွေးတွင်းသကြားဓာတ်ကို တိုးစေနိုင်လို့ ဆီးချိုလည်းဖြစ်စေနိုင်ပါသေးတယ်။

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
အသက္ ၃၀ ေက်ာ္ရင္ ဒါေတြမစားနဲ႔ေတာ့ေနာ္ အသက္ ၃၀ ေက်ာ္ရင္ ဒါေတြမစားနဲ႔ေတာ့ေနာ္ Reviewed by THITHTOOLWIN on 00:16 Rating: 5
Powered by Blogger.