၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလ ၄ ရက္ (လြတ္လပ္ေရးေန႔တြင္ ထုတ္ေဝမည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံပါ ၁၀၀၀/-က်ပ္တန္ ေငြစကၠဴ ပုံစံသစ္၏ ပုံသ႑ာန္ႏွင့္ အမွတ္အသားမ်ား

(Zawgyi)⤵⤵⤵
ေနျပည္ေတာ္ ၃ ဇန္နဝါရီ

၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလ ၄ ရက္ (လြတ္လပ္ေရးေန႔) တြင္ ထုတ္ေဝမည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံပါ ၁၀၀၀/-က်ပ္တန္ ေငြစကၠဴ ပုံစံသစ္၏ မ်က္ႏွာစာဘက္တြင္ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း ၏ပုံႏွင့္ ေက်ာဘက္တြင္ လႊတ္ေတာ္အေဆာက္အဦပုံ ႐ိုက္ႏွိပ္ထားပါသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံပါ ၁၀၀ဝိ/-တန္ ေငြစကၠဴ ပုံစံသစ္၏ အ႐ြယ္အစားမွာ အလ်ား ၁၅၀ မီလီမီတာႏွင့္ အနံ ၇၀ မီလီမီတာရွိပါသည္။ ေပၚလြင္ေသာအေရာင္မွာ အျပာေရာင္ျဖစ္ပါသည္။

ေငြစကၠဴ ေဆးသား႐ိုက္ႏွိပ္ရာတြင္ ေဖာင္းႂကြပုံႏွိပ္နည္းစနစ္ျဖင့္ ႐ိုက္ႏွိပ္ထားသည့္အတြက္ ေငြစကၠဴ၏တန္ဖိုးဂဏန္းႏွင့္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ စာသားေနရာမ်ားသည္ ပီျပင္ထင္ရွားသည့္အျပင္ လက္ျဖင့္ စမ္းသပ္ၾကည့္ပါက ၾကမ္းတမ္းမႈရွိေၾကာင္းေတြ႕ရွိရပါသည္။ ေငြစကၠဴ နံပါတ္ကို ျမန္မာအကၡရာ ျမန္မာဂဏန္းျဖင့္ အလ်ားလိုက္၊ အဂၤလိပ္အကၡရာ အဂၤလိပ္ဂဏန္းျဖင့္ ေဒါင္လိုက္႐ိုက္ႏွိပ္ထားပါသည္။ ။

ေငြစကၠဴ၏ မ်က္ႏွာစာဘက္ရွိ ဘယ္/ညာ အစြန္းမ်ားတြင္ အျမင္အာ႐ုံအားနည္းသူမ်ားအတြက္ လက္ျဖင့္ထိေတြ႕စမ္းသပ္ၾကည့္ပါက အာ႐ုံခံသိရွိႏိုင္သည့္ ေဖာင္းႂကြလိုင္းတိုမ်ဥ္းေၾကာင္းငယ္(၁၁)ေၾကာင္းစီ ႐ိုက္ႏွိပ္ထားပါသည္။ ေငြစကၠဴ ပုံစံသစ္ကို အလင္းေရာင္တြင္ ေထာင္ၾကည့္ပါက ေငြစကၠဴ မ်က္ႏွာစာဘက္ ဗိုလ္ခ်ဳပ္႐ုပ္ပုံ၏ လက္ဝဲဘက္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံေရစာကို ရွင္းလင္းစြာေတြ႕ျမင္ႏိုင္ပါသည္။

လုံၿခဳံေရးႀကိဳးအား တစ္ဝက္ဖုံးတစ္ဝက္ေပၚေဒါင္လိုက္ျမႇဳပ္ထားၿပီး ေရာင္ေျပးနည္းပညာမ်ားျဖင့္ ျပဳလုပ္ထားသည့္အတြက္ ေငြစကၠဴ လႈပ္ရွားမႈ ရႈေထာင့္တိုင္းတြင္ ေ႐ႊေရာင္မွအစိမ္းေရာင္သို႔ ထူးျခားစြာ ႐ုပ္လုံးႂကြအေရာင္ေျပာင္းလဲမႈကို ျမင္ေတြ႕ႏိုင္ပါသည္။ ေငြစကၠဴ မ်က္ႏွာစာ၏ လက္ယာဘက္ရွိ ျမန္မာစာသား “တစ္ေထာင္က်ပ္”နံေဘးခဲေရာင္ဧရိယာအား ၄၅ ဒီဂရီခန႔္ တိမ္းေစာင္းၾကည့္ပါက အဂၤလိပ္အကၡရာ “CBM” မ်ားကို ေတြ႕ျမင္ႏိုင္ပါသည္။ ေငြစကၠဴကိုတည့္တည့္ၾကည့္ပါက မေတြ႕ႏိုင္ေသာ္လည္း တိမ္းေစာင္း ၾကည့္ပါက ေငြစကၠဴ၏ ေက်ာဘက္ခါးလယ္တြင္ ေဒါင္လိုက္႐ိုက္ႏွိပ္ထားသည့္ ေ႐ႊေရာင္ကႏုတ္ကြက္အား ေတြ႕ျမင္ႏိုင္ပါသည္။

ဗိုလ္ခ်ဳပ္႐ုပ္ပုံပါ ၁၀၀ဝိ/-တန္ ေငြစကၠဴ ပုံစံသစ္အား ႐ုံးဖြင့္ရက္ျဖစ္ေသာ (၇-၁-၂၀၂၀) ရက္ေန႔မွစ၍ ဘဏ္မ်ားမွ ျဖန႔္ေဝေပးသြားမည္ျဖစ္ပါသည္။ လက္ရွိသုံးစြဲလ်က္ရွိေသာ ၁၀၀ဝိ/-တန္ ေငြစကၠဴမ်ားသည္လည္း တရားဝင္ေငြအျဖစ္ ဆက္လက္တည္ရွိေနမည္ ျဖစ္ပါသည္။

သတင္းစဥ္
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-------------
(Unicode)⤵⤵⤵
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့တွင် ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၁၀၀၀/-ကျပ်တန် ငွေစက္ကူ ပုံစံသစ်၏ ပုံသဏ္ဍာန်နှင့် အမှတ်အသားများ

နေပြည်တော် ၃ ဇန်နဝါရီ

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၁၀၀၀/-ကျပ်တန် ငွေစက္ကူ ပုံစံသစ်၏ မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ပုံနှင့် ကျောဘက်တွင် လွှတ်တော်အဆောက်အဦပုံ ရိုက်နှိပ်ထားပါသည်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၁၀၀ဝိ/-တန် ငွေစက္ကူ ပုံစံသစ်၏ အရွယ်အစားမှာ အလျား ၁၅၀ မီလီမီတာနှင့် အနံ ၇၀ မီလီမီတာရှိပါသည်။ ပေါ်လွင်သောအရောင်မှာ အပြာရောင်ဖြစ်ပါသည်။

ငွေစက္ကူ ဆေးသားရိုက်နှိပ်ရာတွင် ဖောင်းကြွပုံနှိပ်နည်းစနစ်ဖြင့် ရိုက်နှိပ်ထားသည့်အတွက် ငွေစက္ကူ၏တန်ဖိုးဂဏန်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာသားနေရာများသည် ပီပြင်ထင်ရှားသည့်အပြင် လက်ဖြင့် စမ်းသပ်ကြည့်ပါက ကြမ်းတမ်းမှုရှိကြောင်းတွေ့ရှိရပါသည်။ ငွေစက္ကူ နံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ်အက္ခရာ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက်ရိုက်နှိပ်ထားပါသည်။ ။

ငွေစက္ကူ၏ မျက်နှာစာဘက်ရှိ ဘယ်/ညာ အစွန်းများတွင် အမြင်အာရုံအားနည်းသူများအတွက် လက်ဖြင့်ထိတွေ့စမ်းသပ်ကြည့်ပါက အာရုံခံသိရှိနိုင်သည့် ဖောင်းကြွလိုင်းတိုမျဉ်းကြောင်းငယ်(၁၁)ကြောင်းစီ ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူ ပုံစံသစ်ကို အလင်းရောင်တွင် ထောင်ကြည့်ပါက ငွေစက္ကူ မျက်နှာစာဘက် ဗိုလ်ချုပ်ရုပ်ပုံ၏ လက်ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံရေစာကို ရှင်းလင်းစွာတွေ့မြင်နိုင်ပါသည်။

လုံခြုံရေးကြိုးအား တစ်ဝက်ဖုံးတစ်ဝက်ပေါ်ဒေါင်လိုက်မြှုပ်ထားပြီး ရောင်ပြေးနည်းပညာများဖြင့် ပြုလုပ်ထားသည့်အတွက် ငွေစက္ကူ လှုပ်ရှားမှု ရှုထောင့်တိုင်းတွင် ရွှေရောင်မှအစိမ်းရောင်သို့ ထူးခြားစွာ ရုပ်လုံးကြွအရောင်ပြောင်းလဲမှုကို မြင်တွေ့နိုင်ပါသည်။ ငွေစက္ကူ မျက်နှာစာ၏ လက်ယာဘက်ရှိ မြန်မာစာသား “တစ်ထောင်ကျပ်”နံဘေးခဲရောင်ဧရိယာအား ၄၅ ဒီဂရီခန့် တိမ်းစောင်းကြည့်ပါက အင်္ဂလိပ်အက္ခရာ “CBM” များကို တွေ့မြင်နိုင်ပါသည်။ ငွေစက္ကူကိုတည့်တည့်ကြည့်ပါက မတွေ့နိုင်သော်လည်း တိမ်းစောင်း ကြည့်ပါက ငွေစက္ကူ၏ ကျောဘက်ခါးလယ်တွင် ဒေါင်လိုက်ရိုက်နှိပ်ထားသည့် ရွှေရောင်ကနုတ်ကွက်အား တွေ့မြင်နိုင်ပါသည်။

ဗိုလ်ချုပ်ရုပ်ပုံပါ ၁၀၀ဝိ/-တန် ငွေစက္ကူ ပုံစံသစ်အား ရုံးဖွင့်ရက်ဖြစ်သော (၇-၁-၂၀၂၀) ရက်နေ့မှစ၍ ဘဏ်များမှ ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။ လက်ရှိသုံးစွဲလျက်ရှိသော ၁၀၀ဝိ/-တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်။

သတင်းစဉ်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလ ၄ ရက္ (လြတ္လပ္ေရးေန႔တြင္ ထုတ္ေဝမည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံပါ ၁၀၀၀/-က်ပ္တန္ ေငြစကၠဴ ပုံစံသစ္၏ ပုံသ႑ာန္ႏွင့္ အမွတ္အသားမ်ား ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလ ၄ ရက္ (လြတ္လပ္ေရးေန႔တြင္ ထုတ္ေဝမည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံပါ ၁၀၀၀/-က်ပ္တန္ ေငြစကၠဴ ပုံစံသစ္၏ ပုံသ႑ာန္ႏွင့္ အမွတ္အသားမ်ား Reviewed by THITHTOOLWIN on 00:09 Rating: 5
Powered by Blogger.