ေပါက္ၿမိဳ႕နယ္၌ ေရနံတြင္း မီးေလာင္၊ သုံးဦး ဒဏ္ရာရ

(Zawgyi)⤵⤵⤵
ေနျပည္ေတာ္ ဇန္နဝါရီ ၁၉

ေပါက္ၿမိဳ႕နယ္ သရကၠန္ေက်း႐ြာအနီး၌ ဇန္နဝါရီ ၁၈ ရက္ ညေန ၄ နာရီက ေရနံတြင္းမီးေလာင္မႈျဖစ္ခဲ့ၿပီး လူသုံးဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါေက်း႐ြာေန ဦးေက်ာ္ျမင့္ေထြး (၃၇ႏွစ္)၏ ယာေျမအတြင္း၌ ေရနံတူးေဖာ္သူ က်င္းပိုင္ရွင္ ပခုကၠဴ ၿမိဳ႕နယ္ ကမၼၿမိဳ႕ေန သက္လႈိင္(ခ)ဖိုးသား(၄၇ႏွစ္)၏ ေရနံ တြင္းမွ ထြက္လာေသာ ဂက္စ္ေငြ႕ႏွင့္ မီးစက္၏အပူရွိန္ တို႔ ထိေတြ႕ကာ မီးေလာင္မႈျဖစ္ခဲ့ၿပီး ည ၁၀ နာရီ ၅၅ မိနစ္ တြင္ မီးၿငိမ္းသြားခဲ့သည္။ မီးေလာင္မႈေၾကာင့္ ေရနံတြင္း လုပ္သား ၿမိဳင္ၿမိဳ႕နယ္ စေဘကန္ေက်း႐ြာေန ႏိုင္လင္း (၂၈ႏွစ္)ပါသုံးဦးတြင္ ခႏၶာကိုယ္မီးေလာင္ဒဏ္ရာမ်ားရရွိခဲ့ၿပီး အင္ဂ်င္စက္တစ္လုံး၊ သံပိုက္တစ္ေခ်ာင္းႏွင့္ ေရနံစိမ္း ဂါလန္ ၅၀၀ တို႔ ပ်က္စီးဆုံးရႈံးခဲ့သျဖင့္ သက္လႈိင္(ခ)ဖိုးသား အား ေရျပာနယ္ေျမရဲစခန္း၌ အမႈဖြင့္အေရးယူထား ေၾကာင္း သိရသည္။

 ရဲျပန္ၾကား
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
--------
(Unicode)⤵⤵⤵
Myanmaalinn

ပေါက်မြို့နယ်၌ ရေနံတွင်း မီးလောင်၊ သုံးဦး ဒဏ်ရာရ

နေပြည်တော် ဇန်နဝါရီ ၁၉

ပေါက်မြို့နယ် သရက္ကန်ကျေးရွာအနီး၌ ဇန်နဝါရီ ၁၈ ရက် ညနေ ၄ နာရီက ရေနံတွင်းမီးလောင်မှုဖြစ်ခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာနေ ဦးကျော်မြင့်ထွေး (၃၇နှစ်)၏ ယာမြေအတွင်း၌ ရေနံတူးဖော်သူ ကျင်းပိုင်ရှင် ပခုက္ကူ မြို့နယ် ကမ္မမြို့နေ သက်လှိုင်(ခ)ဖိုးသား(၄၇နှစ်)၏ ရေနံ တွင်းမှ ထွက်လာသော ဂက်စ်ငွေ့နှင့် မီးစက်၏အပူရှိန် တို့ ထိတွေ့ကာ မီးလောင်မှုဖြစ်ခဲ့ပြီး ည ၁၀ နာရီ ၅၅ မိနစ် တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် ရေနံတွင်း လုပ်သား မြိုင်မြို့နယ် စဘေကန်ကျေးရွာနေ နိုင်လင်း (၂၈နှစ်)ပါသုံးဦးတွင် ခန္ဓာကိုယ်မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး အင်ဂျင်စက်တစ်လုံး၊ သံပိုက်တစ်ချောင်းနှင့် ရေနံစိမ်း ဂါလန် ၅၀၀ တို့ ပျက်စီးဆုံးရှုံးခဲ့သဖြင့် သက်လှိုင်(ခ)ဖိုးသား အား ရေပြာနယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

 ရဲပြန်ကြား
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ေပါက္ၿမိဳ႕နယ္၌ ေရနံတြင္း မီးေလာင္၊ သုံးဦး ဒဏ္ရာရ ေပါက္ၿမိဳ႕နယ္၌ ေရနံတြင္း မီးေလာင္၊ သုံးဦး ဒဏ္ရာရ Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.