ပညာေရးဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးရဲ႕ ေျပာၾကားခ်က္အေပၚ တုံ႔ျပန္မႈမ်ား

မိဘေတြစီးပြားပိုရွာႏိုင္ဖို႔ အေျခခံပညာေက်ာင္းေတြကို မတ္လ ၃၁ အထိ တက္ဖို႔သတ္မွတ္ထားတယ္လို႔ ပညာေရးဝန္ႀကီးက ေျပာပါတယ္။
(Zawgyi)⤵⤵⤵
မိဘေတြ စီးပြားေရးပိုလုပ္ႏိုင္ဖို႔ အေျခခံပညာေက်ာင္းေတြကို တစ္လတိုးဖြင့္ရတာျဖစ္တယ္လို႔ ပညာေရးဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးရဲ႕ ေျပာၾကားခ်က္အေပၚ ဆရာဆရာမေတြနဲ႔ ေက်ာင္းသား မိဘေတြ အပါအဝင္ လူထုၾကား ေဝဖန္ကန႔္ကြက္မႈေတြ ျပင္းထန္က်ယ္ေလာင္ေနပါတယ္။ ဝန္ႀကီးရဲ႕ ေျပာၾကားခ်က္က ဆရာေတြကို ကေလးထိန္းသေဘာေျပာၾကားတဲ့အတြက္ လက္မခံႏိုင္ဘူးလို႔ ပညာေရးအသိုင္းအဝိုင္းကေျပာၾကားၿပီး ကေလး မိဘေတြဘက္ကလည္း စီးပြားေရးလုပ္ႏိုင္ေအာင္လို႔ ဒီလိုေက်ာင္းတစ္လ ထပ္တိုးတက္ခိုင္းဖို႔မလိုဘူးလို႔ ကန႔္ကြက္တာေတြရွိလာေနပါတယ္။ ဒါနဲ႔ပတ္ သက္ၿပီး ျပည္သူေတြရဲ႕အျမင္ တခ်ိဳ႕ကိုကို စုစည္းေဖာ္ျပလိုက္ပါတယ္။

ေဒၚနီလာဝင္း(မူလတန္းျပ၊ အထက ၃၅၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ မႏၲေလး)
 ေဒၚနီလာဝင္း(မူလတန္းျပ၊ အထက ၃၅၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ မႏၲေလး)

အခုပညာေရစနစ္က တအား ကသိကေအာက္ႏိုင္တယ္။ မတ္လမွာ တကၠသိုလ္ဝင္စာေမးပြဲေတြရွိတယ္။ ၄ တန္းနဲ႔ရွစ္တန္းကလည္း မတ္လထဲ ေရာက္သြား တယ္။ စာေမးပြဲရဲ႕လုပ္ထုံးလုပ္နည္းနဲ႔ ျပင္ဆင္ရတာေၾကာင့္ ဆရာဆရာမေတြေရာ အင္အားအကုန္လုံးကို သုံးရတယ္။ တကၠသိုလ္ဝင္တန္းဆိုလည္း မူလတန္းဆရာ ဆရာမေတြရဲ႕ အင္အားကိုပါ သုံးရတာ။ အတန္းႀကီးေတြစာေမးပြဲေျဖခ်ိန္မွာ အတန္းငယ္ ကေလးေတြကို ပိတ္ထားမွာ။ အဲဒီမွာ တစ္လေက်ာ္ေလာက္ ဟသြားၿပီ။ ေက်ာင္းဖြင့္ရက္သာတိုးတယ္။ ကေလးေတြအတြက္ သင္ၾကားေရးအတြက္လည္းမဟုတ္ဘူး။ ဒီအေျခအေနႀကီးကို ဘယ္လိုမွစဥ္းစားလို႔မရဘူး။ က်န္တဲ့ အတန္းရဲ႕ ၅ တန္း၊ ၆တန္း ၊ ၇တန္း ၊ ၉တန္း ေတြ ေျဖဖို႔က် ဒီအတန္း ေတြၿပီးမွဆိုေတာ့ ဒီကေလး ေတြ ေက်ာင္းကို ျပန္စုမိဖို႔က လက္လုပ္လက္စားမိသားစုက ေပါက္ဖြားလာတဲ့ေက်ာင္းသားေတြနဲ႔ မိဘေတြအေန အထားက်ေတာ့ ျပန္စုဖို႔ ခက္ခဲတယ္။ ၁၂ ပြဲေဈးသည္ေက်ာင္းသားကေလးငယ္ေတြရွိတယ္။ သူတို႔စာေမး ပြဲ အမီျပန္လာႏိုင္မွာလား။ မမီဖို႔မ်ားပါတယ္။ အခု သူေျပာတဲ့စကားက ဝန္ႀကီးအဆင့္နဲ႔ညီတဲ့ ပညာေရးနဲ႔ပတ္သက္ၿပီး ခ်မွတ္ထားတဲ့မူဝါဒကို သုံးသပ္ၿပီး ေျပာတဲ့စကားမဟုတ္ဘဲ လက္လြတ္ စပယ္ေျပာတဲ့စကားျဖစ္ေနတယ္။ ေျမျပင္အေျခအေနကို လည္း သူမေတြးဘူး။ ဒါကို ၫႊန္ခ်ဳပ္က ဇြတ္လုပ္တယ္။ ဝန္ႀကီးကလည္း ဒီလိုေျပာတယ္။ ဝန္ႀကီးေျပာသလိုဆို ကြၽန္မ တာဝန္က်တဲ့နယ္ေျမမွာ ကေလးေတြကို မိဘေတြက စီးပြားရွာဖို႔အတြက္ ေက်ာင္းကိုပို႔တာမဟုတ္ဘူး။ ကေလေတြရဲ႕အားကို ယူၿပီးစီးပြားေရး လုပ္ေနရတဲ့မိဘေတြပါ။ ဒါ ကြၽန္မတု႔ိလို ဆင္ေျခဖုံးလက္လုပ္လက္စားမ်ားတဲ့ေဒသက ေျမျပင္အေျခအေနပါ။ ကြၽန္မတို႔က ေက်ာင္းမတက္ခ်င္ လို႔ေျပာေနတာမဟုတ္ပါဘူး။ တကယ္လက္ေတြ႕က်တဲ့ေျမျပင္အေျခအေနကို သုေတသနလုပ္ၿပီးမွ အားလုံးနဲ႔ ညႇိႏႈိင္းဆုံးျဖတ္သင့္တာကိုေျပာခ်င္တာပါ။

 ေဒၚျဖဴဝင္း(မူလတန္းကေလးမိခင္)
မျဖစ္ႏိုင္တာမွန္း ကေလးက အစ သိပါတယ္ ။ အရာရာကို စဥ္းစား ဆင္ျခင္ၿပီးမွ ျပည္သူနဲ႔ တစ္သားတည္း က်တဲ့ မူဝါဒေတြကို အေကာင္အထည္ေဖာ္သင့္တယ္ ။ ငါတေကာ ေကာၿပီး ငါ လုပ္တာ အမွန္၊ က်န္သူေတြ ေစာဒက တက္ခြင့္မရွိဘူး ဆိုရင္လည္း အာဏာရွင္ က အာဏာရွင္ပါပဲ ။ စီးပြားေရးဆိုတာ တစ္လတည္း လုပ္လို႔ တိုးတက္ လာတယ္ ဆိုရင္ ေက်ာင္းေတြ ဖြင့္ေနတဲ့ ကာလ ေတြ မွာ အဲဒီ လူေတြ က စိတ္မေျဖာင့္ လက္မေျဖာင့္ လုပ္ေနၾကရလို႔လား ။ ျမန္မာႏိုင္ငံ က စီးပြါးေရး ဟာ အခ်ိန္ နဲ႔ အမွ် အလ်ဥ္မီေအာင္ အေျပး အလႊား လုပ္ေနရတာေတြ တစ္လနဲ႔ ႀကီးပြားသြားတာေတြ ရွိေနၿပီလား လို႔ပဲ ေမးခ်င္ပါတယ္ ။ ရွိေနရင္ ၁၂ လ လုံး တစ္လ မွ မပိတ္ပါနဲ႔ .. ။ ကေလးထိန္း ေပးၾကပါ လို႔ပဲ ေျပာပါရေစ ။ ခု ဆို ဆရာဆရာမေတြ ရဲ႕ stress ေတြ အရမ္းမ်ားလာၿပီ ။ ပညာေရးဝန္ထမ္းေတြ ဒီ ပိတ္ရက္ေလးေတြ မွာ အျခားစီးပြါးေရး ပိုရွာဖို႔ ပိတ္ေပးလိုက္တယ္ ဆိုရင္ေတာင္ အဓိပၸာယ္ ရွိပါေသးတယ္ ။ အတန္းႀကီး လို႔ စာမ်ားတဲ့ ၁၀ တန္း ကို အရင္ေျဖေတာ့ေရာ .. ေကာင္းက်ိဳးက ဘာလဲ၊ ဆိုးက်ိဳးက ဘာလဲ ။

အတန္းငယ္လို႔ စာ အရမ္းမမ်ား တဲ့ ကေလးေတြ ကေရာ .. စာေမးပြဲ ဆိုတဲ့ pressure ႀကီး နဲ႔ .. မိဘေတြက တြန္း၊ ကေလးေတြ ပိုဖိအားမ်ား ၊ မိဘေတြ လည္း အလုပ္ေျဖာင့္ေအာင္ မလုပ္ႏိုင္ ေတြ ျဖစ္ၿပီး .. သူေျပာတဲ့ ရည္႐ြယ္ခ်က္ နဲ႔ ေျဖာင့္ေျဖာင့္ႀကီး ဆန႔္က်င္ ေနတဲ့ ပကတိ အေနအထား ကို မ်ား မသိေလေရာ့လားလို႔ ေတြးမိပါတယ္။
ဦးေဇာ္မ်ိဳးလႈိင္ (အတြင္းေရးမႉး၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္)
 ဦးေဇာ္မ်ိဳးလႈိင္ (အတြင္းေရးမႉး၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္)

သူ ပါးစပ္ထဲေတြ႕ရာေျပာပုံရတယ္။ သင္႐ိုးၫႊန္းတမ္းက တစ္ႏွစ္လုံးစာ ၃၆ ပတ္ဆြဲထားၿပီးသား။ သင္႐ိုး သစ္ေရာ၊ သင္႐ိုးေဟာင္းေရာ။ ဒါေတြက ေဖေဖာ္ဝါရီလကုန္မွာ အကုန္ၿပီးၿပီ။ ဒါေတြကို သူမသိလို႔လား။ ခုလိုေျပာတာအံ့ၾသစရာပဲ။ ေနာက္တစ္ခုက ကေလးေတြရဲ႕ အေျခခံပညာေရးမွာ မိဘေတြ စီးပြားေရး လုပ္ႏိုင္ေအာင္ လို႔ဆိုတဲ့ ရည္႐ြယ္ခ်က္မ်ိဳး တစ္ခါမွ ကြၽန္ေတာ္တို႔မၾကားဖူးဘူး။ ကြၽန္ေတာ္တို႔ၾကားခ်င္တာ သင္႐ိုးက ၃၆ ပတ္မကလို႔ ၃၈ ပတ္ဆြဲထားလို႔ မတ္လထိပါတယ္။ သင္႐ိုးကေတာ့ ဒီလိုအျပည့္သင္မွရမွာမို႔ ထပ္ဆြဲတယ္ဆို ဒါမ်ိဳးက ပညာေရးနဲ႔သက္ဆိုင္တဲ့ ခိုင္လုံတဲ့အေၾကာင္းျပခ်က္ကိ ုၾကားခ်င္တာ။

ကြၽန္ေတာ္တို႔အေျခခံပညာေက်ာင္းေတြက ေန႔ကေလးထိန္းေက်ာင္းမွမဟုတ္တာ။ ပညာရပ္ကိုလိုအပ္လို႔ သင္ေပးတဲ့ေက်ာင္းပဲျဖစ္ရမယ္ေလ။ မိဘေတြစီးပြားရွာဖို႔ ကြၽန္ေတာ္တို႔က ကေလးေတြကိုထိန္းေပးမယ္ဆို တာလည္း သဘာဝမက်ဘူး။ ဆရာဆရာမေတြကလည္း ဒီစကားေပၚ ေတာ္ေတာ္မေက်မခ်မ္းျဖစ္ၾကတယ္။ ကြၽန္ေတာ္တို႔က စာသင္ေပးဖို႔လိုအပ္လို႔ တစ္လတိုးတယ္ဆိုရင္ ဘယ္သူမွ မၿငီးျငဴၾကပါဘူး။ သင္ေပးၾကမွာ ပါ။

အစိုးရပညာေရးမူဝါဒကို ေရးဆြဲတဲ့ တျခားေသာ သုေတသနအဖြဲ႕ေတြနဲ႔ သူ အလွမ္းေဝးေနလား စဥ္းစားမိ တယ္။ ဦးကိုေလးဝင္းကလည္း အထက္က ေပၚလစီမိတ္ကာေတြခိုင္းတယ္ေျပာတယ္။ အဲဒါ ႏိုင္ငံ ေတာ္ အစိုးရလား၊ သင္႐ိုးၫႊန္းတမ္းေရးဆြဲေရးအဖြဲ႕ကလား ၊ အမ်ိဳးသားပညာေရးေကာ္မရွင္က ၫႊန္ၾကား တာလား ဒါလည္းရွင္းရွင္းလင္းလင္းမေျပာဘူး။

ၿပီးေတာ့ ေက်ာင္းတက္ခ်ိန္တစ္လပဲတိုးတာ။ စာသင္ခ်ိန္တိုးတာလည္းမဟုတ္ဘူး။ ေဖေဖာ္ဝါရီမွာ စာသင္ၿပီးတာနဲ႔ ေလးတန္း ရွစ္တန္း၊ ဆယ္တန္း စာေမးပြဲေတြေျဖခ်ိန္ သုံးပတ္လုံးမွာ က်န္တဲ့အတန္း ေတြကို ေက်ာင္းပိတ္ထားမွာ။ အဲဒီစာေမးပြဲေတြၿပီးမွ က်န္တဲ့အတန္းေတြက ေက်ာင္းလာၿပီး စာေမးပြဲေျဖ႐ုံေလး လုပ္ရမွာ။ ခိုင္မာတဲ့မူဝါဒနဲ႔ ေက်ာင္းခ်ိန္တိုးတယ္လို႔ ကြၽန္ေတာ္တို႔မယူဆဘူး။
ေဒါက္တာတင္ေအာင္ (ဥကၠ႒၊ ျပည္သူ႔လႊတ္ေတာ္ပညာေရးျမႇင့္တင္မႈေကာ္မတီ)
 ေဒါက္တာတင္ေအာင္ (ဥကၠ႒၊ ျပည္သူ႔လႊတ္ေတာ္ပညာေရးျမႇင့္တင္မႈေကာ္မတီ)
ထိေရာက္မႈရွိရင္ေတာ့ အက်ိဳးမ်ားမွာေပါ့။ အက်ိဳးမ်ားမယ္ဆိုရင္ေတာ့ လုပ္သင့္တာေပါ့။ KG+12 ပညာေရးစနစ္ကို သြားေနတဲ့အခ်ိန္မွာ ဒီစနစ္ရဲ႕သင္႐ိုးေျပာင္းလဲမႈ၊ သင္နည္းစနစ္ေျပာင္းလဲမႈကို ထိေရာက္မယ္ဆိုရင္ ဒါက အက်ိဳးမ်ားမွာေပါ့။ အဲဒီလိုမဟုတ္ဘဲ ဒါက ဆရာဆရာမေတြအတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္မယ္။ မိဘေတြအတြက္လည္းအက်ိဳးမရွိဘူးဆိုရင္ေတာ့ မလုပ္႐ုံေပါ့ေနာ္။ ကြၽန္ေတာ္ သိသေလာက္ကေတာ့ ဒီႏွစ္ ဒါကို သူ(ပညာေရးဝန္ႀကီး) လုပ္မယ္လို႔ ဆုံးျဖတ္ၿပီးၿပီ။ ဒါေၾကာင့္ ဒီႏွစ္ သူလုပ္ၾကည့္မယ္။ လုပ္ၾကည့္တဲ့အခါမွာ အခက္အခဲေတြရွိမယ္ဆိုရင္ေနာင္ႏွစ္သူမလုပ္႐ုံေပါ့။ ဒါက စမ္းၿပီးလုပ္ၾကည့္တယ္လို႔ပဲ ကြၽန္ေတာ္ျမင္ပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးရဲ့ ပြောကြားချက်အပေါ် တုံ့ပြန်မှုများ

Image caption မိဘတွေစီးပွားပိုရှာနိုင်ဖို့ အခြေခံပညာကျောင်းတွေကို မတ်လ ၃၁ အထိ တက်ဖို့သတ်မှတ်ထားတယ်လို့ ပညာရေးဝန်ကြီးက ပြောပါတယ်။

မိဘတွေ စီးပွားရေးပိုလုပ်နိုင်ဖို့ အခြေခံပညာကျောင်းတွေကို တစ်လတိုးဖွင့်ရတာဖြစ်တယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးရဲ့ ပြောကြားချက်အပေါ် ဆရာဆရာမတွေနဲ့ ကျောင်းသား မိဘတွေ အပါအဝင် လူထုကြား ဝေဖန်ကန့်ကွက်မှုတွေ ပြင်းထန်ကျယ်လောင်နေပါတယ်။ ဝန်ကြီးရဲ့ ပြောကြားချက်က ဆရာတွေကို ကလေးထိန်းသဘောပြောကြားတဲ့အတွက် လက်မခံနိုင်ဘူးလို့ ပညာရေးအသိုင်းအဝိုင်းကပြောကြားပြီး ကလေး မိဘတွေဘက်ကလည်း စီးပွားရေးလုပ်နိုင်အောင်လို့ ဒီလိုကျောင်းတစ်လ ထပ်တိုးတက်ခိုင်းဖို့မလိုဘူးလို့ ကန့်ကွက်တာတွေရှိလာနေပါတယ်။ ဒါနဲ့ပတ် သက်ပြီး ပြည်သူတွေရဲ့အမြင် တချို့ကိုကို စုစည်းဖော်ပြလိုက်ပါတယ်။

ဒေါ်နီလာဝင်း(မူလတန်းပြ၊ အထက ၃၅၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး)
Image caption ဒေါ်နီလာဝင်း(မူလတန်းပြ၊ အထက ၃၅၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး)

အခုပညာရေစနစ်က တအား ကသိကအောက်နိုင်တယ်။ မတ်လမှာ တက္ကသိုလ်ဝင်စာမေးပွဲတွေရှိတယ်။ ၄ တန်းနဲ့ရှစ်တန်းကလည်း မတ်လထဲ ရောက်သွား တယ်။ စာမေးပွဲရဲ့လုပ်ထုံးလုပ်နည်းနဲ့ ပြင်ဆင်ရတာကြောင့် ဆရာဆရာမတွေရော အင်အားအကုန်လုံးကို သုံးရတယ်။ တက္ကသိုလ်ဝင်တန်းဆိုလည်း မူလတန်းဆရာ ဆရာမတွေရဲ့ အင်အားကိုပါ သုံးရတာ။ အတန်းကြီးတွေစာမေးပွဲဖြေချိန်မှာ အတန်းငယ် ကလေးတွေကို ပိတ်ထားမှာ။ အဲဒီမှာ တစ်လကျော်လောက် ဟသွားပြီ။ ကျောင်းဖွင့်ရက်သာတိုးတယ်။ ကလေးတွေအတွက် သင်ကြားရေးအတွက်လည်းမဟုတ်ဘူး။ ဒီအခြေအနေကြီးကို ဘယ်လိုမှစဉ်းစားလို့မရဘူး။ ကျန်တဲ့ အတန်းရဲ့ ၅ တန်း၊ ၆တန်း ၊ ၇တန်း ၊ ၉တန်း တွေ ဖြေဖို့ကျ ဒီအတန်း တွေပြီးမှဆိုတော့ ဒီကလေး တွေ ကျောင်းကို ပြန်စုမိဖို့က လက်လုပ်လက်စားမိသားစုက ပေါက်ဖွားလာတဲ့ကျောင်းသားတွေနဲ့ မိဘတွေအနေ အထားကျတော့ ပြန်စုဖို့ ခက်ခဲတယ်။ ၁၂ ပွဲဈေးသည်ကျောင်းသားကလေးငယ်တွေရှိတယ်။ သူတို့စာမေး ပွဲ အမီပြန်လာနိုင်မှာလား။ မမီဖို့များပါတယ်။ အခု သူပြောတဲ့စကားက ဝန်ကြီးအဆင့်နဲ့ညီတဲ့ ပညာရေးနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့မူဝါဒကို သုံးသပ်ပြီး ပြောတဲ့စကားမဟုတ်ဘဲ လက်လွတ် စပယ်ပြောတဲ့စကားဖြစ်နေတယ်။ မြေပြင်အခြေအနေကို လည်း သူမတွေးဘူး။ ဒါကို ညွှန်ချုပ်က ဇွတ်လုပ်တယ်။ ဝန်ကြီးကလည်း ဒီလိုပြောတယ်။ ဝန်ကြီးပြောသလိုဆို ကျွန်မ တာဝန်ကျတဲ့နယ်မြေမှာ ကလေးတွေကို မိဘတွေက စီးပွားရှာဖို့အတွက် ကျောင်းကိုပို့တာမဟုတ်ဘူး။ ကလေတွေရဲ့အားကို ယူပြီးစီးပွားရေး လုပ်နေရတဲ့မိဘတွေပါ။ ဒါ ကျွန်မတု့ိလို ဆင်ခြေဖုံးလက်လုပ်လက်စားများတဲ့ဒေသက မြေပြင်အခြေအနေပါ။ ကျွန်မတို့က ကျောင်းမတက်ချင် လို့ပြောနေတာမဟုတ်ပါဘူး။ တကယ်လက်တွေ့ကျတဲ့မြေပြင်အခြေအနေကို သုတေသနလုပ်ပြီးမှ အားလုံးနဲ့ ညှိနှိုင်းဆုံးဖြတ်သင့်တာကိုပြောချင်တာပါ။

ဒေါ်ဖြူဝင်း(မူလတန်းကလေးမိခင်)
Image caption ဒေါ်ဖြူဝင်း(မူလတန်းကလေးမိခင်)

မဖြစ်နိုင်တာမှန်း ကလေးက အစ သိပါတယ် ။ အရာရာကို စဉ်းစား ဆင်ခြင်ပြီးမှ ပြည်သူနဲ့ တစ်သားတည်း ကျတဲ့ မူဝါဒတွေကို အကောင်အထည်ဖော်သင့်တယ် ။ ငါတကော ကောပြီး ငါ လုပ်တာ အမှန်၊ ကျန်သူတွေ စောဒက တက်ခွင့်မရှိဘူး ဆိုရင်လည်း အာဏာရှင် က အာဏာရှင်ပါပဲ ။ စီးပွားရေးဆိုတာ တစ်လတည်း လုပ်လို့ တိုးတက် လာတယ် ဆိုရင် ကျောင်းတွေ ဖွင့်နေတဲ့ ကာလ တွေ မှာ အဲဒီ လူတွေ က စိတ်မဖြောင့် လက်မဖြောင့် လုပ်နေကြရလို့လား ။ မြန်မာနိုင်ငံ က စီးပွါးရေး ဟာ အချိန် နဲ့ အမျှ အလျဉ်မီအောင် အပြေး အလွှား လုပ်နေရတာတွေ တစ်လနဲ့ ကြီးပွားသွားတာတွေ ရှိနေပြီလား လို့ပဲ မေးချင်ပါတယ် ။ ရှိနေရင် ၁၂ လ လုံး တစ်လ မှ မပိတ်ပါနဲ့ .. ။ ကလေးထိန်း ပေးကြပါ လို့ပဲ ပြောပါရစေ ။ ခု ဆို ဆရာဆရာမတွေ ရဲ့ stress တွေ အရမ်းများလာပြီ ။ ပညာရေးဝန်ထမ်းတွေ ဒီ ပိတ်ရက်လေးတွေ မှာ အခြားစီးပွါးရေး ပိုရှာဖို့ ပိတ်ပေးလိုက်တယ် ဆိုရင်တောင် အဓိပ္ပာယ် ရှိပါသေးတယ် ။ အတန်းကြီး လို့ စာများတဲ့ ၁၀ တန်း ကို အရင်ဖြေတော့ရော .. ကောင်းကျိုးက ဘာလဲ၊ ဆိုးကျိုးက ဘာလဲ ။

အတန်းငယ်လို့ စာ အရမ်းမများ တဲ့ ကလေးတွေ ကရော .. စာမေးပွဲ ဆိုတဲ့ pressure ကြီး နဲ့ .. မိဘတွေက တွန်း၊ ကလေးတွေ ပိုဖိအားများ ၊ မိဘတွေ လည်း အလုပ်ဖြောင့်အောင် မလုပ်နိုင် တွေ ဖြစ်ပြီး .. သူပြောတဲ့ ရည်ရွယ်ချက် နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေတဲ့ ပကတိ အနေအထား ကို များ မသိလေရော့လားလို့ တွေးမိပါတယ်။
ဦးဇော်မျိုးလှိုင် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်)
ဓာတ်ပုံ မူပိုင် Zaw Myo Hlaing
Image caption ဦးဇော်မျိုးလှိုင် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်)

သူ ပါးစပ်ထဲတွေ့ရာပြောပုံရတယ်။ သင်ရိုးညွှန်းတမ်းက တစ်နှစ်လုံးစာ ၃၆ ပတ်ဆွဲထားပြီးသား။ သင်ရိုး သစ်ရော၊ သင်ရိုးဟောင်းရော။ ဒါတွေက ဖေဖော်ဝါရီလကုန်မှာ အကုန်ပြီးပြီ။ ဒါတွေကို သူမသိလို့လား။ ခုလိုပြောတာအံ့သြစရာပဲ။ နောက်တစ်ခုက ကလေးတွေရဲ့ အခြေခံပညာရေးမှာ မိဘတွေ စီးပွားရေး လုပ်နိုင်အောင် လို့ဆိုတဲ့ ရည်ရွယ်ချက်မျိုး တစ်ခါမှ ကျွန်တော်တို့မကြားဖူးဘူး။ ကျွန်တော်တို့ကြားချင်တာ သင်ရိုးက ၃၆ ပတ်မကလို့ ၃၈ ပတ်ဆွဲထားလို့ မတ်လထိပါတယ်။ သင်ရိုးကတော့ ဒီလိုအပြည့်သင်မှရမှာမို့ ထပ်ဆွဲတယ်ဆို ဒါမျိုးက ပညာရေးနဲ့သက်ဆိုင်တဲ့ ခိုင်လုံတဲ့အကြောင်းပြချက်ကိ ုကြားချင်တာ။

ကျွန်တော်တို့အခြေခံပညာကျောင်းတွေက နေ့ကလေးထိန်းကျောင်းမှမဟုတ်တာ။ ပညာရပ်ကိုလိုအပ်လို့ သင်ပေးတဲ့ကျောင်းပဲဖြစ်ရမယ်လေ။ မိဘတွေစီးပွားရှာဖို့ ကျွန်တော်တို့က ကလေးတွေကိုထိန်းပေးမယ်ဆို တာလည်း သဘာဝမကျဘူး။ ဆရာဆရာမတွေကလည်း ဒီစကားပေါ် တော်တော်မကျေမချမ်းဖြစ်ကြတယ်။ ကျွန်တော်တို့က စာသင်ပေးဖို့လိုအပ်လို့ တစ်လတိုးတယ်ဆိုရင် ဘယ်သူမှ မငြီးငြူကြပါဘူး။ သင်ပေးကြမှာ ပါ။

အစိုးရပညာရေးမူဝါဒကို ရေးဆွဲတဲ့ တခြားသော သုတေသနအဖွဲ့တွေနဲ့ သူ အလှမ်းဝေးနေလား စဉ်းစားမိ တယ်။ ဦးကိုလေးဝင်းကလည်း အထက်က ပေါ်လစီမိတ်ကာတွေခိုင်းတယ်ပြောတယ်။ အဲဒါ နိုင်ငံ တော် အစိုးရလား၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့ကလား ၊ အမျိုးသားပညာရေးကော်မရှင်က ညွှန်ကြား တာလား ဒါလည်းရှင်းရှင်းလင်းလင်းမပြောဘူး။

ပြီးတော့ ကျောင်းတက်ချိန်တစ်လပဲတိုးတာ။ စာသင်ချိန်တိုးတာလည်းမဟုတ်ဘူး။ ဖေဖော်ဝါရီမှာ စာသင်ပြီးတာနဲ့ လေးတန်း ရှစ်တန်း၊ ဆယ်တန်း စာမေးပွဲတွေဖြေချိန် သုံးပတ်လုံးမှာ ကျန်တဲ့အတန်း တွေကို ကျောင်းပိတ်ထားမှာ။ အဲဒီစာမေးပွဲတွေပြီးမှ ကျန်တဲ့အတန်းတွေက ကျောင်းလာပြီး စာမေးပွဲဖြေရုံလေး လုပ်ရမှာ။ ခိုင်မာတဲ့မူဝါဒနဲ့ ကျောင်းချိန်တိုးတယ်လို့ ကျွန်တော်တို့မယူဆဘူး။
ဒေါက်တာတင်အောင် (ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီ)
ဓာတ်ပုံ မူပိုင် Hluttaw
Image caption ဒေါက်တာတင်အောင် (ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီ)

ထိရောက်မှုရှိရင်တော့ အကျိုးများမှာပေါ့။ အကျိုးများမယ်ဆိုရင်တော့ လုပ်သင့်တာပေါ့။ KG+12 ပညာရေးစနစ်ကို သွားနေတဲ့အချိန်မှာ ဒီစနစ်ရဲ့သင်ရိုးပြောင်းလဲမှု၊ သင်နည်းစနစ်ပြောင်းလဲမှုကို ထိရောက်မယ်ဆိုရင် ဒါက အကျိုးများမှာပေါ့။ အဲဒီလိုမဟုတ်ဘဲ ဒါက ဆရာဆရာမတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မယ်။ မိဘတွေအတွက်လည်းအကျိုးမရှိဘူးဆိုရင်တော့ မလုပ်ရုံပေါ့နော်။ ကျွန်တော် သိသလောက်ကတော့ ဒီနှစ် ဒါကို သူ(ပညာရေးဝန်ကြီး) လုပ်မယ်လို့ ဆုံးဖြတ်ပြီးပြီ။ ဒါကြောင့် ဒီနှစ် သူလုပ်ကြည့်မယ်။ လုပ်ကြည့်တဲ့အခါမှာ အခက်အခဲတွေရှိမယ်ဆိုရင်နောင်နှစ်သူမလုပ်ရုံပေါ့။ ဒါက စမ်းပြီးလုပ်ကြည့်တယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/50997637
ပညာေရးဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးရဲ႕ ေျပာၾကားခ်က္အေပၚ တုံ႔ျပန္မႈမ်ား ပညာေရးဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးရဲ႕ ေျပာၾကားခ်က္အေပၚ တုံ႔ျပန္မႈမ်ား Reviewed by THITHTOOLWIN on 03:11 Rating: 5
Powered by Blogger.