တိုက္ပြဲေတြေၾကာင့္ ယာဥ္လိုင္းတခ်ိဳ႕ ေျပးဆြဲမႈယာယီရပ္နား

စစ္ေတြၿမိဳ႕ အေဝးေျပးကားဂိတ္ကို ၂ဝ၂ဝ ဇန္နဝါရီ ၅ ရက္ေန႔က ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြေၾကာင့္ နယ္ေျမေအးခ်မ္းမႈမရွိဘဲ ခရီးသြားနည္းပါးလာတယ္ဆိုၿပီး ရန္ကုန္-စစ္ေတြကို ေျပးဆြဲေနတဲ့ ယာဥ္လိုင္းတခ်ိဳ႕ ရပ္နားလိုက္ပါတယ္။

အခုဆိုရင္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းက ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ ရကၡိဳင့္တပ္ေတာ္ AA နဲ႔ တပ္မေတာ္ၾကား တိုက္ပြဲျဖစ္ေနတာ တစ္ႏွစ္ရွိပါၿပီ။ အဲဒီလိုတိုက္ပြဲေတြေၾကာင့္ ခရီးသြားလာမႈ နည္းပါးလာသလို ကုန္စည္စီး ဆင္းမႈလည္း နည္းလာတဲ့အတြက္ ရန္ကုန္-စစ္ေတြကို ေျပးဆြဲေနတဲ့ ယာဥ္လိုင္းတခ်ိဳ႕ ယာယီရပ္နားလိုက္ပါတယ္။

ရန္ကုန္-စစ္ေတြကို ေန႔စဥ္ ေျပးဆြဲေနတဲ့ မိုးေကာင္းကင္ယာဥ္လိုင္းဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁ ရက္ေန႔ကစၿပီး ယာယီရပ္နားလိုက္တာပါ။

ခရီးသည္မရွိသေလာက္ နည္းပါးလာတဲ့အတြက္ ေျပးဆြဲရတဲ့ ကုန္က်စရိတ္ မကာမိဘူးလို႔ မိုးေကာင္းကင္ ယာဥ္လိုင္း တာဝန္ရွိသူ ဦးသန္းႏိုင္ဝင္း က ေျပာပါတယ္။

ယာဥ္လိုင္းေျပးဆြဲတဲ့အခါ ယာဥ္ေမာင္း ႏွစ္ဦး၊ ယာဥ္အကူ ႏွစ္ဦး လိုက္ပါရၿပီး၊ လမ္းေၾကး-တံတားေၾကးနဲ႔ ဆီဖိုးကိုတြက္မယ္ဆိုရင္ ရန္ကုန္-စစ္ေတြ ခရီးစဥ္တစ္ေၾကာင္းစာအတြက္ ေငြက်ပ္ ခုႏွစ္သိန္း ကုန္က်စရိတ္ရွိၿပီး အသြားအျပန္ဆိုရင္ ၁၄ သိန္းကုန္က်စရိတ္ရွိတယ္လို႔ ဆိုပါတယ္။

ခရီးသည္ စီးနင္းလိုက္ပါမႈကေတာ့ ဒီဇင္ဘာလေလာက္ကစၿပီး သိသိသာသာနည္းပါးလာသလို ရန္ကုန္ကေန စစ္ေတြကိုတင္ပို႔တဲ့ ကုန္ပစၥည္းလည္း နည္းပါးလာတာေၾကာင့္ ေျပးဆြဲမႈကို ရပ္နားလိုက္တာလို႔ ဦသန္းႏိုင္ဝင္းက ဆက္ေျပာပါတယ္။

ဘယ္အခ်ိန္မွာ ျပန္လည္ေျပးဆြဲမယ္ဆိုတာကိုေတာ့ သူတို႔အေနနဲ႔ တိတိက်က် သတ္မွတ္ထားျခင္း မရွိေသးပါဘူး။ ခရီးသြားလာမႈ ျပန္မ်ားလာၿပီး ယာဥ္လိုင္းလိုအပ္ခ်က္ေတြရွိလာၿပီဆိုရင္ေတာ့ ျပန္လည္ေျပးဆြဲဖို႔ အစီအစဥ္ ရွိတယ္လို႔ဆိုပါတယ္။

ရန္ကုန္-စစ္ေတြ ေျပးဆြဲေနတဲ့ ယာဥ္လိုင္းေတြအျပင္ စစ္ေတြ-သံတြဲေျပးဆြဲေနတဲ့ ယာဥ္လိုင္းတခ်ိဳ႕လည္း ခရီးသည္ နည္းပါးလာတဲ့အတြက္ ရပ္နားထားရပါတယ္။

႐ိုးမရာဇာယာဥ္လိုင္းထဲက စစ္ေတြ-သံတြဲ ေျပးဆြဲေနတဲ့ယာဥ္ေတြကို ႏိုဝင္ဘာလေလာက္ကစၿပီး ရပ္နားထား တယ္လို႔ ယာဥ္လိုင္းတာဝန္ခံ ကိုမိုး က ေျပာပါတယ္။

ခရီးသည္ကို အဓိကထားေျပးဆြဲတဲ့ ယာဥ္လိုင္းတခ်ိဳ႕ ယာယီရပ္နားလိုက္ရတာျဖစ္ၿပီး ကုန္စည္သီးသန႔္ တင္ပို႔ေနတဲ့ ယာဥ္လိုင္းေတြကေတာ့ ရပ္နားလိုက္ ျပန္ေျပးဆြဲလိုက္နဲ႔ ရပ္တည္ေနရတယ္လို႔ ယာဥ္လိုင္း တာဝန္ရွိသူေတြက ေျပာပါတယ္။

အခုလိုယာဥ္လိုင္းေတြ ရပ္နားလိုက္ရတာဟာ အစိုးရက ရခိုင္ျပည္သူေတြကို လုံၿခဳံမႈမေပးႏိုင္လို႔ ျဖစ္တယ္ဆိုၿပီး မွတ္ခ်က္ေပးလာသူက ရကၡိဳင့္တပ္ေတာ္ AA ေျပာခြင့္ရ ခိုင္သုခ ပါ။

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ အေဝးေျပးကားဂိတ္အတြင္း စစ္ေတြ - ရန္ကုန္၊ စစ္ေတြ - မႏၲေလး၊ စစ္ေတြ-ေနျပည္ေတာ္ယာဥ္လိုင္းေတြနဲ႔ စစ္ေတြ-သံတြဲေျပးဆြဲေနတဲ့ ယာဥ္လိုင္းေလးလိုင္း အပါအဝင္ စုစုေပါင္း ယာဥ္လိုင္း (၂၂)ခု ရွိတယ္လို႔ သိရပါတယ္။

အဲဒီယာဥ္လိုင္းေတြထဲမွာ ခရီးသည္ကို အဓိကထားပို႔ေဆာင္တဲ့ ယာဥ္လိုင္းေတြပါဝင္သလို ကုန္စည္ကို သာပို႔ေဆာင္ေပးတဲ့ ယာဥ္လိုင္းေတြလည္း ပါဝင္ပါတယ္။

ရခိုင္ျပည္နယ္ဟာ ရန္ကုန္ကေန တင္ပို႔တဲ့ အေျခခံစားေသာက္ကုန္အေတာ္မ်ားမ်ားကို မွီခိုေနရတာပါ။ လက္ရွိ မွာေတာ့ နယ္ေျမမတည္ၿငိမ္မႈေတြ၊ စစ္ေဆးမႈ မ်ားတာေတြေၾကာင့္ လမ္းခရီးမွာ အခ်ိန္ၾကန႔္ၾကာတာေတြ ရွိလာ တဲ့အတြက္ ကုန္စည္စီးဆင္းမႈလည္း နည္းပါးလာတယ္လို႔ ဆိုၾကပါတယ္။ အလားတူ ခရီးသည္ေတြဟာလည္း နယ္ေျမမတည္ၿငိမ္မႈေတြေၾကာင့္ ကုန္းလမ္းကေန အသက္စြန႔္သြားလာဖို႔ထက္ ကုန္က်စရိတ္ ပိုမ်ားတဲ့ ေလေၾကာင္းလိုင္းကေန အသြားအလာ ပိုမ်ားလာတယ္လို႔ ေျပာၾကပါတယ္။  ပုံမွန္အားျဖင့္ဆိုရင္ စစ္ေတြကေန ရန္ကုန္ကို ကုန္းလမ္းကေန ေငြက်ပ္ ႏွစ္ေသာင္းေက်ာ္သုံးၿပီး ေရာက္ရွိႏိုင္ေပမယ့္ ေလယာဥ္နဲ႔ဆိုရင္ေတာ့ တစ္သိန္းဝန္းက်င္အထိ သုံးရတာျဖစ္တဲ့အတြက္ ေလယာဥ္နဲ႔ သြားလာတာ နည္းခဲ့တာပါ။ အခုဆိုရင္ေတာ့ AA နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲေတြေၾကာင့္ ၂၀၁၉ ႏွစ္လယ္ေလာက္ကစလို႔ ေလေၾကာင္းလိုင္းကို ပိုမိုေ႐ြးခ်ယ္ အသုံးျပဳလာၾကတယ္ဆိုေပမယ့္ အေျခခံလူတန္းစားေတြအတြက္ကေတာ့ ေလယာဥ္နဲ႔ သြားလာႏိုင္ဖို႔ ခက္ခဲတာေၾကာင့္ အခုလိုယာဥ္လိုင္းေတြ ယာယီရပ္နားလိုက္တာဟာ အခက္အခဲေတြနဲ႔ ႀကဳံေတြ႕ရႏိုင္တယ္လို႔ ေျပာဆိုမႈေတြ ရွိပါတယ္။

တခ်ိန္တည္းမွာလည္း ျပည္နယ္အတြင္း ေျပးဆြဲေနတဲ့ ၾကားကားလို႔ေခၚတဲ့ စစ္ေတြ-ပုဏၰားကြၽန္း-ေက်ာက္ေတာ္- ေျမာက္ဦး-မင္းျပား ကားေလးေတြလည္း ေျပးဆြဲမႈ ရပ္ထားတဲ့အတြက္ ရွပ္ေျပးေတြနဲ႔ပဲ သြားလာၾကေတာ့တယ္လို႔ ဆိုၾကပါတယ္။

RFA Burmese
https://www.rfa.org
--------
(Unicode)⤵⤵⤵
တိုက်ပွဲတွေကြောင့် ယာဉ်လိုင်းတချို့ ပြေးဆွဲမှုယာယီရပ်နား

စစ်တွေမြို့ အဝေးပြေးကားဂိတ်ကို ၂ဝ၂ဝ ဇန်နဝါရီ ၅ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နယ်မြေအေးချမ်းမှုမရှိဘဲ ခရီးသွားနည်းပါးလာတယ်ဆိုပြီး ရန်ကုန်-စစ်တွေကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတချို့ ရပ်နားလိုက်ပါတယ်။

အခုဆိုရင် ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်အတော်များများမှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်ကြား တိုက်ပွဲဖြစ်နေတာ တစ်နှစ်ရှိပါပြီ။ အဲဒီလိုတိုက်ပွဲတွေကြောင့် ခရီးသွားလာမှု နည်းပါးလာသလို ကုန်စည်စီး ဆင်းမှုလည်း နည်းလာတဲ့အတွက် ရန်ကုန်-စစ်တွေကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတချို့ ယာယီရပ်နားလိုက်ပါတယ်။

ရန်ကုန်-စစ်တွေကို နေ့စဉ် ပြေးဆွဲနေတဲ့ မိုးကောင်းကင်ယာဉ်လိုင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ယာယီရပ်နားလိုက်တာပါ။

ခရီးသည်မရှိသလောက် နည်းပါးလာတဲ့အတွက် ပြေးဆွဲရတဲ့ ကုန်ကျစရိတ် မကာမိဘူးလို့ မိုးကောင်းကင် ယာဉ်လိုင်း တာဝန်ရှိသူ ဦးသန်းနိုင်ဝင်း က ပြောပါတယ်။

ယာဉ်လိုင်းပြေးဆွဲတဲ့အခါ ယာဉ်မောင်း နှစ်ဦး၊ ယာဉ်အကူ နှစ်ဦး လိုက်ပါရပြီး၊ လမ်းကြေး-တံတားကြေးနဲ့ ဆီဖိုးကိုတွက်မယ်ဆိုရင် ရန်ကုန်-စစ်တွေ ခရီးစဉ်တစ်ကြောင်းစာအတွက် ငွေကျပ် ခုနှစ်သိန်း ကုန်ကျစရိတ်ရှိပြီး အသွားအပြန်ဆိုရင် ၁၄ သိန်းကုန်ကျစရိတ်ရှိတယ်လို့ ဆိုပါတယ်။

ခရီးသည် စီးနင်းလိုက်ပါမှုကတော့ ဒီဇင်ဘာလလောက်ကစပြီး သိသိသာသာနည်းပါးလာသလို ရန်ကုန်ကနေ စစ်တွေကိုတင်ပို့တဲ့ ကုန်ပစ္စည်းလည်း နည်းပါးလာတာကြောင့် ပြေးဆွဲမှုကို ရပ်နားလိုက်တာလို့ ဦသန်းနိုင်ဝင်းက ဆက်ပြောပါတယ်။

ဘယ်အချိန်မှာ ပြန်လည်ပြေးဆွဲမယ်ဆိုတာကိုတော့ သူတို့အနေနဲ့ တိတိကျကျ သတ်မှတ်ထားခြင်း မရှိသေးပါဘူး။ ခရီးသွားလာမှု ပြန်များလာပြီး ယာဉ်လိုင်းလိုအပ်ချက်တွေရှိလာပြီဆိုရင်တော့ ပြန်လည်ပြေးဆွဲဖို့ အစီအစဉ် ရှိတယ်လို့ဆိုပါတယ်။

ရန်ကုန်-စစ်တွေ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေအပြင် စစ်တွေ-သံတွဲပြေးဆွဲနေတဲ့ ယာဉ်လိုင်းတချို့လည်း ခရီးသည် နည်းပါးလာတဲ့အတွက် ရပ်နားထားရပါတယ်။

ရိုးမရာဇာယာဉ်လိုင်းထဲက စစ်တွေ-သံတွဲ ပြေးဆွဲနေတဲ့ယာဉ်တွေကို နိုဝင်ဘာလလောက်ကစပြီး ရပ်နားထား တယ်လို့ ယာဉ်လိုင်းတာဝန်ခံ ကိုမိုး က ပြောပါတယ်။

ခရီးသည်ကို အဓိကထားပြေးဆွဲတဲ့ ယာဉ်လိုင်းတချို့ ယာယီရပ်နားလိုက်ရတာဖြစ်ပြီး ကုန်စည်သီးသန့် တင်ပို့နေတဲ့ ယာဉ်လိုင်းတွေကတော့ ရပ်နားလိုက် ပြန်ပြေးဆွဲလိုက်နဲ့ ရပ်တည်နေရတယ်လို့ ယာဉ်လိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အခုလိုယာဉ်လိုင်းတွေ ရပ်နားလိုက်ရတာဟာ အစိုးရက ရခိုင်ပြည်သူတွေကို လုံခြုံမှုမပေးနိုင်လို့ ဖြစ်တယ်ဆိုပြီး မှတ်ချက်ပေးလာသူက ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခ ပါ။

ရခိုင်ပြည်နယ် စစ်တွေမြို့ အဝေးပြေးကားဂိတ်အတွင်း စစ်တွေ - ရန်ကုန်၊ စစ်တွေ - မန္တလေး၊ စစ်တွေ-နေပြည်တော်ယာဉ်လိုင်းတွေနဲ့ စစ်တွေ-သံတွဲပြေးဆွဲနေတဲ့ ယာဉ်လိုင်းလေးလိုင်း အပါအဝင် စုစုပေါင်း ယာဉ်လိုင်း (၂၂)ခု ရှိတယ်လို့ သိရပါတယ်။

အဲဒီယာဉ်လိုင်းတွေထဲမှာ ခရီးသည်ကို အဓိကထားပို့ဆောင်တဲ့ ယာဉ်လိုင်းတွေပါဝင်သလို ကုန်စည်ကို သာပို့ဆောင်ပေးတဲ့ ယာဉ်လိုင်းတွေလည်း ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်ဟာ ရန်ကုန်ကနေ တင်ပို့တဲ့ အခြေခံစားသောက်ကုန်အတော်များများကို မှီခိုနေရတာပါ။ လက်ရှိ မှာတော့ နယ်မြေမတည်ငြိမ်မှုတွေ၊ စစ်ဆေးမှု များတာတွေကြောင့် လမ်းခရီးမှာ အချိန်ကြန့်ကြာတာတွေ ရှိလာ တဲ့အတွက် ကုန်စည်စီးဆင်းမှုလည်း နည်းပါးလာတယ်လို့ ဆိုကြပါတယ်။ အလားတူ ခရီးသည်တွေဟာလည်း နယ်မြေမတည်ငြိမ်မှုတွေကြောင့် ကုန်းလမ်းကနေ အသက်စွန့်သွားလာဖို့ထက် ကုန်ကျစရိတ် ပိုများတဲ့ လေကြောင်းလိုင်းကနေ အသွားအလာ ပိုများလာတယ်လို့ ပြောကြပါတယ်။  ပုံမှန်အားဖြင့်ဆိုရင် စစ်တွေကနေ ရန်ကုန်ကို ကုန်းလမ်းကနေ ငွေကျပ် နှစ်သောင်းကျော်သုံးပြီး ရောက်ရှိနိုင်ပေမယ့် လေယာဉ်နဲ့ဆိုရင်တော့ တစ်သိန်းဝန်းကျင်အထိ သုံးရတာဖြစ်တဲ့အတွက် လေယာဉ်နဲ့ သွားလာတာ နည်းခဲ့တာပါ။ အခုဆိုရင်တော့ AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ၂၀၁၉ နှစ်လယ်လောက်ကစလို့ လေကြောင်းလိုင်းကို ပိုမိုရွေးချယ် အသုံးပြုလာကြတယ်ဆိုပေမယ့် အခြေခံလူတန်းစားတွေအတွက်ကတော့ လေယာဉ်နဲ့ သွားလာနိုင်ဖို့ ခက်ခဲတာကြောင့် အခုလိုယာဉ်လိုင်းတွေ ယာယီရပ်နားလိုက်တာဟာ အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိပါတယ်။

တချိန်တည်းမှာလည်း ပြည်နယ်အတွင်း ပြေးဆွဲနေတဲ့ ကြားကားလို့ခေါ်တဲ့ စစ်တွေ-ပုဏ္ဏားကျွန်း-ကျောက်တော်- မြောက်ဦး-မင်းပြား ကားလေးတွေလည်း ပြေးဆွဲမှု ရပ်ထားတဲ့အတွက် ရှပ်ပြေးတွေနဲ့ပဲ သွားလာကြတော့တယ်လို့ ဆိုကြပါတယ်။

RFA Burmese
https://www.rfa.org
တိုက္ပြဲေတြေၾကာင့္ ယာဥ္လိုင္းတခ်ိဳ႕ ေျပးဆြဲမႈယာယီရပ္နား တိုက္ပြဲေတြေၾကာင့္ ယာဥ္လိုင္းတခ်ိဳ႕ ေျပးဆြဲမႈယာယီရပ္နား Reviewed by THITHTOOLWIN on 03:27 Rating: 5
Powered by Blogger.