အိပ္ျခင္းက စိတ္ဓာတ္က်ျခင္းရဲ႕ လကၡဏာတစ္ခုလား

(Zawgyi)⤵⤵⤵
သင္တစ္ခါတစ္ေလမွာ သင္ပုံမွန္အိပ္စက္ခ်ိန္ထက္ မ်ားစြာပိုအိပ္ေနမိတယ္လို႔ ထင္ပါသလား။ တကယ္လို႔ ဟုတ္တယ္ဆိုရင္ ဒါဟာစိတ္က်ေရာဂါလကၡဏာတစ္ရပ္ ျဖစ္ႏိုင္ပါတယ္။ အိပ္စက္မႈျပႆနာနဲ႔ စိတ္က်ျခင္းတို႔ဟာ ျဖစ္ႏိုင္ေခ်နဲ႔ စ႐ိုက္လကၡဏာတူၾကသလို သူတို႔ကို ကုသရင္လည္း တူညီစြာတုံ႔ျပန္ပါတယ္။ အိပ္စက္မႈျပႆနာဟာ ျပင္းထန္တဲ့ စိတ္က်ေရာဂါနဲ႔လည္း ဆက္စပ္ေနပါတယ္။

အိပ္စက္မႈျပႆနာနဲ႔ စိတ္က်ျခင္းတို႔ ဆက္စပ္မႈကဘာလဲ

အိပ္စက္မႈျပႆနာဟာ စိတ္က်ျခင္းရဲ႕ လကၡဏာ တစ္ခုပါ။ သင့္မွာစိတ္က်ေရာဂါရွိေနၿပီဆိုရင္ သင္ကအရမ္းအိပ္မယ္ ဒါမွမဟုတ္ အိပ္ေရးမဝတာေတြ ျဖစ္တတ္ပါတယ္။ အရမ္းအိပ္တဲ့လူေတြဟာ က်န္းမာေရး မူမမွန္တာပါ။ အမ်ားစုေသာ စိတ္က်ေရာဂါေဝဒနာသည္ေတြမွာ ဆိုရင္ေတာ့ အိပ္မေပ်ာ္ျခင္း ျဖစ္တာပိုမ်ားပါတယ္။

အျပန္အလွန္အားျဖင့္ အိပ္မေပ်ာ္တဲ့သူေတြဟာ အျခားအိပ္ေရးဝသူေတြထက္ စိတ္က်ေဝဒနာ ခံစားရႏိုင္ေခ် ၁၀ ဆ ပိုမ်ားပါတယ္။ စိတ္က်ေရာဂါဟာ သင့္ကိုဝမ္းနည္းေစတယ္။ ေမွ်ာ္လင့္ခ်က္ မဲ့ေစတယ္။ အသုံးမက်သလို အသုံးမဝင္သလို ခံစားရေစတယ္။ ဒါေပမယ့္ သင္ကဝမ္းနည္းမႈကို အခ်ိန္ၾကာၾကာခံစားရၿပီး ပိုလည္းျပင္းထန္လာတဲ့ေနာက္မွာ ဒီေရာဂါကထြက္လာတဲ့ ႐ုပ္ပိုင္းလကၡဏာေတြက သင့္ကိုပုံမွန္ လူေနမႈဘဝနဲ႔ ကင္းကြာေအာင္လုပ္ပါလိမ့္မယ္။ အျခား စိတ္က်ေဝဒနာ လကၡဏာေတြကေတာ့

အရမ္းဝမ္းနည္းသလို ခံစားရျခင္း ဒါမွမဟုတ္ဘာခံစားခ်က္မွ မရွိေတာ့ျခင္း

ေမွ်ာ္လင့္ခ်က္မဲ့၊ တန္ဖိုးမဲ့ၿပီး အျပစ္ရွိသလိုေတြ ခံစားရျခင္း

ေမာပန္းေႏွးေကြးေနျခင္း ဒါမွမဟုတ္ အရမ္းအေလာတႀကီးျဖစ္တတ္ၿပီး ဆတ္ဆတ္ထိမခံျခင္း

တစ္ခါကႀကိဳက္ႏွစ္သက္ဖူးတဲ့ အရာေတြအေပၚလည္း ခံစားခ်က္မဲ့ေနျခင္း

အားမရွိျခင္း

အာ႐ုံစူးစိုက္မႈ ေတြးေခၚမႈနဲ႔ ဆုံးျဖတ္ခ်က္ခ်ရတာေတြ ခက္ခဲလာျခင္း။

စားေသာက္ရာမွာ ေျပာင္းလဲလာသလို ကိုယ္အေလးခ်ိန္လည္း ေျပာင္းလဲလာျခင္း

အိပ္စက္မႈေလ်ာ့နည္းျခင္း ဒါမွမဟုတ္ ပိုတိုးလာျခင္း

တစ္ကယ္လို႔သင္က အေပၚကလကၡဏာေတြထဲက ၅ ခ်က္ေလာက္ကို ၂ ပတ္ဆက္တိုက္ ခံစားေနရၿပီဆိုရင္ သင္ဆရာဝန္နဲ႔ ျပသၿပီး လိုအပ္တဲ့ စစ္ေဆးမႈေတြလုပ္ရပါမယ္။

အိပ္စက္ျခင္းဟာ ဘာေၾကာင့္ အရမ္းအေရးႀကီးတာလဲ။

အအိပ္လြန္တဲ့သူေတြအားလုံးမွာေတာ့ စိတ္က်ေဝဒနာရွိတာ မဟုတ္ပါဘူး။ အျခားအအိပ္လြန္ျခင္းကို ျဖစ္ေစတဲ့အခ်က္ေတြကေတာ့ အရက္နဲ႔ ေဆးေတြေၾကာင့္ ျဖစ္ပါတယ္။ အျခား ေရာဂါေတြ (စိတ္က်ေဝဒနာအပါအဝင္) လည္း အိပ္စက္မႈ လြန္ကဲတာကို ျဖစ္ေစႏိုင္ပါတယ္။ ၿပီးေတာ့အခ်ိဳ႕လူေတြကလည္း ဒီတိုင္းေလးပိုအိပ္စက္ခ်င္လို႔ အိပ္ေနတာေတြရွိပါတယ္။

ဆီးခ်ိဳေသြးခ်ိဳေရာဂါ
အအိပ္လြန္တဲ့သူေတြ ဒါမွမဟုတ္ အိပ္စက္ခ်ိန္မလုံေလာက္သူေတြဟာ ဆီးခ်ိဳေသြးခ်ိဳျဖစ္ဖို႔ ရာခိုင္ႏႈန္းပိုမ်ားပါတယ္။

အဝလြန္ျခင္း

အအိပ္လြန္တာဟာ အဝလြန္ျခင္းကို ျဖစ္ေစပါတယ္။ ဒီ ၂ ခုရဲ႕ ဆက္စပ္မႈကို ျပတဲ့ေလ့လာခ်က္အရ ၉ နာရီကေန ၁၀ နာရီၾကာေအာင္ အိပ္သူ ေတြဟာ ၇ နာရီကေန ၈ နာရီေလာက္ပဲ အိပ္သူေတြထက္ ၆ ႏွစ္အတြင္း အဝလြန္ႏိုင္ေခ် ၂၁ ရာခိုင္ႏႈန္း ပိုမ်ားေနပါတယ္။

ေခါင္းကိုက္ျခင္း

ေကာင္းေကာင္းအိပ္စက္လိုက္တာဟာ ေခါင္းကိုက္ေဝဒနာကို သက္သာေစတယ္လို႔ သင္ထင္ေနပါလိမ့္မယ္။ အမွန္တကယ္က ႐ုံးပိတ္ရက္ေတြ အားလပ္ရက္ခရီးေတြမွာ ၾကာၾကာ အိပ္စက္တာဟာ တစ္ခ်ိဳ႕ေတြကိုေခါင္းကိုက္ ေဝဒနာျဖစ္ေစပါတယ္။ အအိပ္လြန္တာဟာ ဦးေႏွာက္ဓာတ္ပစၥည္း (neurotransmitter) ေတြကိုထိခိုက္ေစၿပီး မိုးလင္းခ်ိန္မွာ ေခါင္းကိုက္ ေစႏိုင္ပါတယ္။

ခါးနာျခင္း

ေရွးအခါက ခါးနာတဲ့သူေတြကို အနားယူဖို႔တိုက္တြန္းၾကပါတယ္။ ဒါေပမယ့္ ေခတ္သစ္ေဆးပညာက ဒီေရွးနည္းဟာမွားယြင္းၿပီး ေဝဒနာကိုပိုဆိုးေစတယ္လို႔ ဆိုပါတယ္။ ပုံမွန္ ေလ့က်င့္ခန္းလုပ္တာကသာ အ႐ိုးအဆစ္ အေကြးအဆန႔္ေတြကို ပုံမွန္ျဖစ္ေစမွာပါ။ ခါးကိုက္ခါးနာျဖစ္ရင္ ေဆးခန္းျပပါ။ ဆရာဝန္က သင့္ကို ပုံမွန္ထက္ ၾကာၾကာအိပ္ေနျခင္းကို ေထာက္ခံမွာမဟုတ္ပါဘူး။

စိတ္က်ေရာဂါ
အိပ္မေပ်ာ္တာဟာ အအိပ္လြန္တာထက္ပိုၿပီး စိတ္က်ေရာဂါနဲ႔ ဆက္စပ္ေသာ္လည္း တကယ္ေတာ့ စိတ္က်ေဝဒနာသည္ ၁၅ရာခိုင္ႏႈန္း ဟာအလြန္အိပ္ၾကပါတယ္။ ဒါဟာလည္း ေရာဂါကို ပိုဆိုးေစပါတယ္။ ျပန္ေကာင္းဖို႔အတြက္ဆိုတာ ပုံမွန္ပဲအိပ္တဲ့ အေလ့အက်င့္ လိုအပ္လို႔ျဖစ္ပါတယ္။

ေသဆုံးျခင္း

ေလ့လာခ်က္ေတြမ်ားစြာရဲ႕ အဆိုအရ တစ္ညကို ၉ နာရီကေန ၁၀ နာရီၾကာေအာင္အိပ္သူ ေတြဟာ ၇ နာရီကေန ၈ နာရီေလာက္ပဲအိပ္သူေတြထက္ ေသဆုံးႏိုင္ေခ် ပိုျမင့္ေနတယ္လို႔ ေျပာပါတယ္။ ေသခ်ာတဲ့ အေထာက္အထားေတာ့ မရွိေသးပါဘူး။ ဒါေပမယ့္ စိတ္က်ျခင္းနဲ႔ လူေနမႈနိမ့္က်ျခင္းတို႔ဟာ ၾကာၾကာအိပ္တာနဲ႔ဆက္စပ္ေနတယ္လို႔ ေလ့လာသူေတြကဆိုပါတယ္။ ဒါ့အျပင္ ဒီအခ်က္ေတြဟာ ၾကာၾကာအိပ္စက္သူေတြရဲ႕ ေသဆုံးမႈျမင့္တက္တာနဲ႔ ဆက္စပ္မႈရွိမယ္လို႔ ယူဆထားၾကပါတယ္။

ေရးသားသူ Phyo Wai Yan
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Kaung Thar
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
------------
(Unicode)⤵⤵⤵
အိပ်ခြင်းက စိတ်ဓာတ်ကျခြင်းရဲ့ လက္ခဏာတစ်ခုလား

သင်တစ်ခါတစ်လေမှာ သင်ပုံမှန်အိပ်စက်ချိန်ထက် များစွာပိုအိပ်နေမိတယ်လို့ ထင်ပါသလား။ တကယ်လို့ ဟုတ်တယ်ဆိုရင် ဒါဟာစိတ်ကျရောဂါလက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ အိပ်စက်မှုပြဿနာနဲ့ စိတ်ကျခြင်းတို့ဟာ ဖြစ်နိုင်ချေနဲ့ စရိုက်လက္ခဏာတူကြသလို သူတို့ကို ကုသရင်လည်း တူညီစွာတုံ့ပြန်ပါတယ်။ အိပ်စက်မှုပြဿနာဟာ ပြင်းထန်တဲ့ စိတ်ကျရောဂါနဲ့လည်း ဆက်စပ်နေပါတယ်။

အိပ်စက်မှုပြဿနာနဲ့ စိတ်ကျခြင်းတို့ ဆက်စပ်မှုကဘာလဲ

အိပ်စက်မှုပြဿနာဟာ စိတ်ကျခြင်းရဲ့ လက္ခဏာ တစ်ခုပါ။ သင့်မှာစိတ်ကျရောဂါရှိနေပြီဆိုရင် သင်ကအရမ်းအိပ်မယ် ဒါမှမဟုတ် အိပ်ရေးမဝတာတွေ ဖြစ်တတ်ပါတယ်။ အရမ်းအိပ်တဲ့လူတွေဟာ ကျန်းမာရေး မူမမှန်တာပါ။ အများစုသော စိတ်ကျရောဂါဝေဒနာသည်တွေမှာ ဆိုရင်တော့ အိပ်မပျော်ခြင်း ဖြစ်တာပိုများပါတယ်။

အပြန်အလှန်အားဖြင့် အိပ်မပျော်တဲ့သူတွေဟာ အခြားအိပ်ရေးဝသူတွေထက် စိတ်ကျဝေဒနာ ခံစားရနိုင်ချေ ၁၀ ဆ ပိုများပါတယ်။ စိတ်ကျရောဂါဟာ သင့်ကိုဝမ်းနည်းစေတယ်။ မျှော်လင့်ချက် မဲ့စေတယ်။ အသုံးမကျသလို အသုံးမဝင်သလို ခံစားရစေတယ်။ ဒါပေမယ့် သင်ကဝမ်းနည်းမှုကို အချိန်ကြာကြာခံစားရပြီး ပိုလည်းပြင်းထန်လာတဲ့နောက်မှာ ဒီရောဂါကထွက်လာတဲ့ ရုပ်ပိုင်းလက္ခဏာတွေက သင့်ကိုပုံမှန် လူနေမှုဘဝနဲ့ ကင်းကွာအောင်လုပ်ပါလိမ့်မယ်။ အခြား စိတ်ကျဝေဒနာ လက္ခဏာတွေကတော့

အရမ်းဝမ်းနည်းသလို ခံစားရခြင်း ဒါမှမဟုတ်ဘာခံစားချက်မှ မရှိတော့ခြင်း

မျှော်လင့်ချက်မဲ့၊ တန်ဖိုးမဲ့ပြီး အပြစ်ရှိသလိုတွေ ခံစားရခြင်း

မောပန်းနှေးကွေးနေခြင်း ဒါမှမဟုတ် အရမ်းအလောတကြီးဖြစ်တတ်ပြီး ဆတ်ဆတ်ထိမခံခြင်း

တစ်ခါကကြိုက်နှစ်သက်ဖူးတဲ့ အရာတွေအပေါ်လည်း ခံစားချက်မဲ့နေခြင်း

အားမရှိခြင်း

အာရုံစူးစိုက်မှု တွေးခေါ်မှုနဲ့ ဆုံးဖြတ်ချက်ချရတာတွေ ခက်ခဲလာခြင်း။

စားသောက်ရာမှာ ပြောင်းလဲလာသလို ကိုယ်အလေးချိန်လည်း ပြောင်းလဲလာခြင်း

အိပ်စက်မှုလျော့နည်းခြင်း ဒါမှမဟုတ် ပိုတိုးလာခြင်း

တစ်ကယ်လို့သင်က အပေါ်ကလက္ခဏာတွေထဲက ၅ ချက်လောက်ကို ၂ ပတ်ဆက်တိုက် ခံစားနေရပြီဆိုရင် သင်ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ရပါမယ်။

အိပ်စက်ခြင်းဟာ ဘာကြောင့် အရမ်းအရေးကြီးတာလဲ။

အအိပ်လွန်တဲ့သူတွေအားလုံးမှာတော့ စိတ်ကျဝေဒနာရှိတာ မဟုတ်ပါဘူး။ အခြားအအိပ်လွန်ခြင်းကို ဖြစ်စေတဲ့အချက်တွေကတော့ အရက်နဲ့ ဆေးတွေကြောင့် ဖြစ်ပါတယ်။ အခြား ရောဂါတွေ (စိတ်ကျဝေဒနာအပါအဝင်) လည်း အိပ်စက်မှု လွန်ကဲတာကို ဖြစ်စေနိုင်ပါတယ်။ ပြီးတော့အချို့လူတွေကလည်း ဒီတိုင်းလေးပိုအိပ်စက်ချင်လို့ အိပ်နေတာတွေရှိပါတယ်။

ဆီးချိုသွေးချိုရောဂါ
အအိပ်လွန်တဲ့သူတွေ ဒါမှမဟုတ် အိပ်စက်ချိန်မလုံလောက်သူတွေဟာ ဆီးချိုသွေးချိုဖြစ်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။

အဝလွန်ခြင်း

အအိပ်လွန်တာဟာ အဝလွန်ခြင်းကို ဖြစ်စေပါတယ်။ ဒီ ၂ ခုရဲ့ ဆက်စပ်မှုကို ပြတဲ့လေ့လာချက်အရ ၉ နာရီကနေ ၁၀ နာရီကြာအောင် အိပ်သူ တွေဟာ ၇ နာရီကနေ ၈ နာရီလောက်ပဲ အိပ်သူတွေထက် ၆ နှစ်အတွင်း အဝလွန်နိုင်ချေ ၂၁ ရာခိုင်နှုန်း ပိုများနေပါတယ်။

ခေါင်းကိုက်ခြင်း

ကောင်းကောင်းအိပ်စက်လိုက်တာဟာ ခေါင်းကိုက်ဝေဒနာကို သက်သာစေတယ်လို့ သင်ထင်နေပါလိမ့်မယ်။ အမှန်တကယ်က ရုံးပိတ်ရက်တွေ အားလပ်ရက်ခရီးတွေမှာ ကြာကြာ အိပ်စက်တာဟာ တစ်ချို့တွေကိုခေါင်းကိုက် ဝေဒနာဖြစ်စေပါတယ်။ အအိပ်လွန်တာဟာ ဦးနှောက်ဓာတ်ပစ္စည်း (neurotransmitter) တွေကိုထိခိုက်စေပြီး မိုးလင်းချိန်မှာ ခေါင်းကိုက် စေနိုင်ပါတယ်။

ခါးနာခြင်း

ရှေးအခါက ခါးနာတဲ့သူတွေကို အနားယူဖို့တိုက်တွန်းကြပါတယ်။ ဒါပေမယ့် ခေတ်သစ်ဆေးပညာက ဒီရှေးနည်းဟာမှားယွင်းပြီး ဝေဒနာကိုပိုဆိုးစေတယ်လို့ ဆိုပါတယ်။ ပုံမှန် လေ့ကျင့်ခန်းလုပ်တာကသာ အရိုးအဆစ် အကွေးအဆန့်တွေကို ပုံမှန်ဖြစ်စေမှာပါ။ ခါးကိုက်ခါးနာဖြစ်ရင် ဆေးခန်းပြပါ။ ဆရာဝန်က သင့်ကို ပုံမှန်ထက် ကြာကြာအိပ်နေခြင်းကို ထောက်ခံမှာမဟုတ်ပါဘူး။

စိတ်ကျရောဂါ
အိပ်မပျော်တာဟာ အအိပ်လွန်တာထက်ပိုပြီး စိတ်ကျရောဂါနဲ့ ဆက်စပ်သော်လည်း တကယ်တော့ စိတ်ကျဝေဒနာသည် ၁၅ရာခိုင်နှုန်း ဟာအလွန်အိပ်ကြပါတယ်။ ဒါဟာလည်း ရောဂါကို ပိုဆိုးစေပါတယ်။ ပြန်ကောင်းဖို့အတွက်ဆိုတာ ပုံမှန်ပဲအိပ်တဲ့ အလေ့အကျင့် လိုအပ်လို့ဖြစ်ပါတယ်။

သေဆုံးခြင်း

လေ့လာချက်တွေများစွာရဲ့ အဆိုအရ တစ်ညကို ၉ နာရီကနေ ၁၀ နာရီကြာအောင်အိပ်သူ တွေဟာ ၇ နာရီကနေ ၈ နာရီလောက်ပဲအိပ်သူတွေထက် သေဆုံးနိုင်ချေ ပိုမြင့်နေတယ်လို့ ပြောပါတယ်။ သေချာတဲ့ အထောက်အထားတော့ မရှိသေးပါဘူး။ ဒါပေမယ့် စိတ်ကျခြင်းနဲ့ လူနေမှုနိမ့်ကျခြင်းတို့ဟာ ကြာကြာအိပ်တာနဲ့ဆက်စပ်နေတယ်လို့ လေ့လာသူတွေကဆိုပါတယ်။ ဒါ့အပြင် ဒီအချက်တွေဟာ ကြာကြာအိပ်စက်သူတွေရဲ့ သေဆုံးမှုမြင့်တက်တာနဲ့ ဆက်စပ်မှုရှိမယ်လို့ ယူဆထားကြပါတယ်။

ရေးသားသူ Phyo Wai Yan
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
အိပ္ျခင္းက စိတ္ဓာတ္က်ျခင္းရဲ႕ လကၡဏာတစ္ခုလား အိပ္ျခင္းက စိတ္ဓာတ္က်ျခင္းရဲ႕ လကၡဏာတစ္ခုလား Reviewed by THITHTOOLWIN on 02:48 Rating: 5
Powered by Blogger.