လားရႈိးၿမိဳ႕တြင္ အမ်ိဳးသား ၂ဦး ေသနတ္ပစ္ခံရၿပီး ေသဆံုး

(Zawgyi)⤵⤵⤵
ဇန္နဝါရီ ၁၅၊၂၀၂၀

သွ်မ္းျပည္ ေျမာက္ပိုင္း လား႐ႈိးၿမိဳ႕နယ္ ေနာင္မြန္ေက်းရြာ အနီးတြင္ အမ်ိဳးသား ၂ဦး ေသနတ္ပစ္ခံရၿပီး ေသဆံုးသြားေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ လားရႈိးၿမိဳ႕နယ္ ေနာင္မြန္ေက်းရြာ အနီးတြင္ ယမန္( ဇန္နဝါရီ ၁၄) ရက္ ည ၇နာရီခြဲတြင္ အမ်ိဳးသား ၂ဦး ကို အမည္မသိ လက္နက္ကိုင္ အဖြဲ႔က ေသနတ္ပစ္သြားေၾကာင္း လား႐ႈိးေဒသခံ အသိုင္းအဝန္း ကေျပာသည္။

“ေသနတ္သံ ၅ခ်က္ၾကားတယ္။ အဲ့မွာ အမ်ိဳးသား ၂ဦး ေသနတ္ပစ္ခံလိုက္ရတာပဲ။ ဘယ္အဖြဲ႔ဆိုတာေတာ့ မသိဘူး။ အ့ဲေနရာက မူးယစ္ေဆးဝါးသံုးစြဲတဲ့သူေတြ သြားတဲ့ေနရာပါ” ဟု လား႐ႈိးေဒသခံ စိုင္းဟန္ က ေျပာသည္။

အမ်ိဳးသား ၂ဦး ေသနတ္ပစ္ခံရၿပီး ေသဆံုးသည့္ေနရာသည္ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားသည့္ေနရာျဖစ္ၿပီး၊ လား႐ႈိးေဒသခံမ်ား မသြားလာရဲသည့္ ေနရာျဖစ္သည္ ဟုလည္း ေဒသခံမ်ား ေျပာျပခ်က္ အရသိရသည္။

“ အဲ့ေနရာက မူးယစ္ေဆးေတြ ေရာင္းေနတာ ပြဲေစ်းတန္း က်ေနတာပဲ။ တဲေတြ ရာနဲ႔ရွိတယ္။ ဘယ္သူမွ သြားမရွင္းၾကဘူး။ ေဒသခံေတြ အဲ့ေနရာကို ျဖတ္သြားဖုိ႔ေၾကာက္ေနၾကတယ္” ဟု ေနာင္မြန္ေက်းရြာ တြင္ေနထုိင္သည့္ စိုင္းေမာင္ က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

ေသနတ္ပစ္ခံရၿပီး ေသဆံုးသူ ၂ဦးကို ယမန္ေန႔ ည ၁၁နာရီ တြင္ လား႐ႈိးျပည္သူ႔ေဆး႐ံုသို႔ ပို႔ေဆာင္ထားေၾကာင္း လည္း စိုင္းေမာင္ က ဆုိသည္။

အဆုိပါ ကိစၥႏွင့္ ပတ္သက္ၿပီး သွ်မ္းသံေတာ္ဆင့္ မွ လားရႈိးၿမိဳ႕ မ အမွတ္(၁) ရဲစခန္းကို ဖုန္းဆက္ေမးျမန္းရာ ျပန္လည္ ေျဖၾကားျခင္းမရွိေပ။

လားရႈိးၿမိဳ႕နယ္ အတြင္း မူးယစ္ေဆးဝါး သံုးစြဲသူမ်ားျပားလာသျဖင့္ ေဒသခံမ်ား စိုးရိမ္ထိတ္လန္႔မႈ မ်ိဳးစံုျဖင့္ သြားလာေနရေၾကာင္း၊ ေန႔ခင္း အခ်ိန္ လုယက္မႈမ်ား၊ ဓားခုတ္မႈမ်ားလည္း မၾကာခဏ ျဖစ္ေသာ္လည္း သက္ဆုိင္ရာ ရဲတပ္ဖြဲ႔မ်ားက ထိေရာက္စြာ ေျဖရွင္းေပးခ်င္းမရွိေၾကာင္းကို လည္း လားရႈိးၿမိဳ႕ လူမႈကူညီေရးတြင္ အလုပ္လုပ္သည့္ ကိုဝင္းကို က ေျပာျပသည္။

“ ေဆးသမားေတြ မ်ားေတာ့ က်ေနာ္တုိ႔ေယာက်ၤားေတြေတာင္ မလံုၿခံဳတဲ့ေနရာျဖစ္ေနတယ္။ အခ်ိန္မေရြး လုယက္မႈ ျဖစ္ႏုိင္ေတာ့ ကိုယ့္ လံုၿခံဳေရးနဲ႔ကိုယ္ သြားလာေနရတယ္” ဟု ကိုဝင္းကို က ဆုိသည္။

သက္ဆုိင္ရာ ရဲတပ္ဖြဲ႔မ်ား အေနျဖင့္ မူးယစ္ေဆးဝါး ကိစၥ၊ ေဒသလံုၿခံဳေရးကို ေသခ်ာလုပ္ေပးရန္ လည္း လား႐ႈိးေဒသခံမ်ားက ေတာင္းဆုိၾကသည္။

“ အခု လုယက္ေနတဲ့သူက သူတုိ႔ရဖုိ႔ပဲသိတယ္။ ဗိုက္ႀကီးသယ္ေတာင္ မေရွာင္ဘူး။ က်မတုိ႔ဘယ္သူ႔ကို အားကိုးရမွန္းေတာင္မသိေတာ့ဘူး” လားရႈိးၿမိဳ႕ ေဒသခံ နန္းလင္းခမ္း က ေျပာသည္။

ဇန္နဝါရီ ၁၁ရက္ေန႔တြင္လည္း သီေပါၿမိဳ႕နယ္ ကံုးမံုေက်းရြာတြင္ အမ်ိဳးသား ၂ဦး ေသနတ္ပစ္သတ္ခံရၿပီး လက္ရွိ အခ်ိန္ထိ တရားခံရွာေဖြ လႊတ္ေျမာက္ေနဆဲ ဟု သိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
----------------
(Unicode)⤵⤵⤵
လားရှိုးမြို့တွင် အမျိုးသား ၂ဦး သေနတ်ပစ်ခံရပြီး သေဆုံး

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဇန်နဝါရီ ၁၅၊၂၀၂၀

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် နောင်မွန်ကျေးရွာ အနီးတွင် အမျိုးသား ၂ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ လားရှိုးမြို့နယ် နောင်မွန်ကျေးရွာ အနီးတွင် ယမန်( ဇန်နဝါရီ ၁၄) ရက် ည ၇နာရီခွဲတွင် အမျိုးသား ၂ဦး ကို အမည်မသိ လက်နက်ကိုင် အဖွဲ့က သေနတ်ပစ်သွားကြောင်း လားရှိုးဒေသခံ အသိုင်းအဝန်း ကပြောသည်။

“သေနတ်သံ ၅ချက်ကြားတယ်။ အဲ့မှာ အမျိုးသား ၂ဦး သေနတ်ပစ်ခံလိုက်ရတာပဲ။ ဘယ်အဖွဲ့ဆိုတာတော့ မသိဘူး။ အဲ့နေရာက မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေ သွားတဲ့နေရာပါ” ဟု လားရှိုးဒေသခံ စိုင်းဟန် က ပြောသည်။

အမျိုးသား ၂ဦး သေနတ်ပစ်ခံရပြီး သေဆုံးသည့်နေရာသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည့်နေရာဖြစ်ပြီး၊ လားရှိုးဒေသခံများ မသွားလာရဲသည့် နေရာဖြစ်သည် ဟုလည်း ဒေသခံများ ပြောပြချက် အရသိရသည်။

“ အဲ့နေရာက မူးယစ်ဆေးတွေ ရောင်းနေတာ ပွဲဈေးတန်း ကျနေတာပဲ။ တဲတွေ ရာနဲ့ရှိတယ်။ ဘယ်သူမှ သွားမရှင်းကြဘူး။ ဒေသခံတွေ အဲ့နေရာကို ဖြတ်သွားဖို့ကြောက်နေကြတယ်” ဟု နောင်မွန်ကျေးရွာ တွင်နေထိုင်သည့် စိုင်းမောင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

သေနတ်ပစ်ခံရပြီး သေဆုံးသူ ၂ဦးကို ယမန်နေ့ ည ၁၁နာရီ တွင် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း လည်း စိုင်းမောင် က ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် မှ လားရှိုးမြို့ မ အမှတ်(၁) ရဲစခန်းကို ဖုန်းဆက်မေးမြန်းရာ ပြန်လည် ဖြေကြားခြင်းမရှိပေ။

လားရှိုးမြို့နယ် အတွင်း မူးယစ်ဆေးဝါး သုံးစွဲသူများပြားလာသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်မှု မျိုးစုံဖြင့် သွားလာနေရကြောင်း၊ နေ့ခင်း အချိန် လုယက်မှုများ၊ ဓားခုတ်မှုများလည်း မကြာခဏ ဖြစ်သော်လည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက ထိရောက်စွာ ဖြေရှင်းပေးချင်းမရှိကြောင်းကို လည်း လားရှိုးမြို့ လူမှုကူညီရေးတွင် အလုပ်လုပ်သည့် ကိုဝင်းကို က ပြောပြသည်။

“ ဆေးသမားတွေ များတော့ ကျနော်တို့ယောင်္ကျားတွေတောင် မလုံခြုံတဲ့နေရာဖြစ်နေတယ်။ အချိန်မရွေး လုယက်မှု ဖြစ်နိုင်တော့ ကိုယ့် လုံခြုံရေးနဲ့ကိုယ် သွားလာနေရတယ်” ဟု ကိုဝင်းကို က ဆိုသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ အနေဖြင့် မူးယစ်ဆေးဝါး ကိစ္စ၊ ဒေသလုံခြုံရေးကို သေချာလုပ်ပေးရန် လည်း လားရှိုးဒေသခံများက တောင်းဆိုကြသည်။

“ အခု လုယက်နေတဲ့သူက သူတို့ရဖို့ပဲသိတယ်။ ဗိုက်ကြီးသယ်တောင် မရှောင်ဘူး။ ကျမတို့ဘယ်သူ့ကို အားကိုးရမှန်းတောင်မသိတော့ဘူး” လားရှိုးမြို့ ဒေသခံ နန်းလင်းခမ်း က ပြောသည်။

ဇန်နဝါရီ ၁၁ရက်နေ့တွင်လည်း သီပေါမြို့နယ် ကုံးမုံကျေးရွာတွင် အမျိုးသား ၂ဦး သေနတ်ပစ်သတ်ခံရပြီး လက်ရှိ အချိန်ထိ တရားခံရှာဖွေ လွှတ်မြောက်နေဆဲ ဟု သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
လားရႈိးၿမိဳ႕တြင္ အမ်ိဳးသား ၂ဦး ေသနတ္ပစ္ခံရၿပီး ေသဆံုး လားရႈိးၿမိဳ႕တြင္ အမ်ိဳးသား ၂ဦး ေသနတ္ပစ္ခံရၿပီး ေသဆံုး Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.