တ႐ုတ္သမၼတ ျမန္မာျပည္ လာမည္

(Zawgyi)⤵⤵⤵
ဇန္နဝါရီ ၁၅၊၂၀၂၀

ျမန္မာျပည္ ကို တရုတ္ျပည္သူ႔သမၼတႏိုင္ငံ၏ သမၼတ မစၥတာ ရွီက်င့္ဖ်င္ လာေရာက္မည္။

တရုတ္သမၼတ မစၥတာ ရွီက်င့္ဖ်င္သည္ ျမန္မာႏုိင္ငံ ေနျပည္ေတာ္ ကို ဇန္နဝါရီ ၁၇၊ ၁၈ ရက္တြင္ ေရာက္ရွိမည္ဟု သိရသည္။

ျမန္မာ- တရုတ္ ႏွစ္ႏုိင္ငံ သံတမန္ ဆက္ဆံေရး ႏွစ္ (၇၀)ျပည့္ အထိမ္းအမွတ္ အခမ္းအနား ႏွင့္ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ ယဥ္ေက်းမႈ ႏွင့္ ခရီးသြားလာေရး ႏွစ္ စတင္ျခင္း အခမ္းအနားကို လာေရာက္ျခင္းျဖစ္ေၾကာင္းျဖစ္သည္။

တရုတ္သမၼတ မစၥတာ ရွီက်င့္ဖ်င္ ကို ႀကိဳဆုိသည့္ ဆုိင္းဘုတ္မ်ား ကို ေနျပည္ေတာ္တြင္ စေထာင္ၿပီး၊ လံုၿခံဳေရးကိုလည္း တုိးျမင့္ထားေၾကာင္း ေနျပည္ေတာ္ တြင္ေနထုိင္သူမ်ားက ေျပာသည္။

တရုတ္သမၼတ ခရီးစဥ္ အတြင္း ျမန္မာႏုိင္ငံ သမၼတ ဦးဝင္းျမင့္၊ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တို႔ ႏွင့္ ေတြ႔ဆံုသြားရန္ ရွိသည္။

ထုိ႔ျပင္ ႏုိင္ငံေရး ပါတီ အသိုင္းအဝန္းမ်ားႏွင့္ ေတ႔ြရန္ လ်ာထားသည္ ဟုလည္း သိရသည္။

တရုတ္ႏုိင္ငံသည္ ျမန္မာႏုိင္ငံ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ႏွင့္ ကုန္သြယ္ေရး ပိုင္းတြင္ အဓိက က်သည့္ ႏုိင္ငံျဖစ္သည္။

ထုိ႔ေၾကာင့္ တရုတ္သမၼတ ယခု လာသည့္ အခ်ိန္အတြင္း ၿငိမ္းခ်မ္းေရး ကိစၥ၊ သွ်မ္းျပည္ေျမာက္ပိုင္း ကုန္သြယ္ေရး လမ္းေၾကာင္း ေဖာက္လုပ္ေနသည့္ (one belt , one road) စီမံကိန္း ႏွင့္ ျမစ္ဆံုစီမံကိန္း တုိ႔ကို ထည့္သြင္းေဆြးေႏြးရန္ ရွိ၊မရွိ လူ႔အခြင့္အေရး တက္ၾကြလႈပ္ရွားသူမ်ား က စိတ္ဝင္စားေနၾကသည္။

၁၈ႏွစ္တာ ကာလ အတြင္း ျမန္မာႏုိင္ငံကို တရုတ္ႏုိင္ငံသမၼတ တဦး ၏ ပထမဆံုး ခရီးစဥ္ျဖစ္သည္။

၂၀၀၉ ခုနစ္ တြင္ တရုတ္သမၼတ ရွီက်င့္ဖ်င္ ဒုသမၼတျဖစ္ခ်ိန္တြင္ ျမန္မာႏုိင္ငံကို အလည္အပတ္ တႀကိမ္ေရာက္ခဲ့ဖူးသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
-------------
(Unicode)⤵⤵⤵
တရုတ်သမ္မတ မြန်မာပြည် လာမည်

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဇန်နဝါရီ ၁၅၊၂၀၂၀

မြန်မာပြည် ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတ မစ္စတာ ရှီကျင့်ဖျင် လာရောက်မည်။

တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံ နေပြည်တော် ကို ဇန်နဝါရီ ၁၇၊ ၁၈ ရက်တွင် ရောက်ရှိမည်ဟု သိရသည်။

မြန်မာ- တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် (၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနား နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး နှစ် စတင်ခြင်း အခမ်းအနားကို လာရောက်ခြင်းဖြစ်ကြောင်းဖြစ်သည်။

တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင် ကို ကြိုဆိုသည့် ဆိုင်းဘုတ်များ ကို နေပြည်တော်တွင် စထောင်ပြီး၊ လုံခြုံရေးကိုလည်း တိုးမြင့်ထားကြောင်း နေပြည်တော် တွင်နေထိုင်သူများက ပြောသည်။

တရုတ်သမ္မတ ခရီးစဉ် အတွင်း မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ နှင့် တွေ့ဆုံသွားရန် ရှိသည်။

ထို့ပြင် နိုင်ငံရေး ပါတီ အသိုင်းအဝန်းများနှင့် တေ့ွရန် လျာထားသည် ဟုလည်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် ကုန်သွယ်ရေး ပိုင်းတွင် အဓိက ကျသည့် နိုင်ငံဖြစ်သည်။

ထို့ကြောင့် တရုတ်သမ္မတ ယခု လာသည့် အချိန်အတွင်း ငြိမ်းချမ်းရေး ကိစ္စ၊ သျှမ်းပြည်မြောက်ပိုင်း ကုန်သွယ်ရေး လမ်းကြောင်း ဖောက်လုပ်နေသည့် (one belt , one road) စီမံကိန်း နှင့် မြစ်ဆုံစီမံကိန်း တို့ကို ထည့်သွင်းဆွေးနွေးရန် ရှိ၊မရှိ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ က စိတ်ဝင်စားနေကြသည်။

၁၈နှစ်တာ ကာလ အတွင်း မြန်မာနိုင်ငံကို တရုတ်နိုင်ငံသမ္မတ တဦး ၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။

၂၀၀၉ ခုနစ် တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် ဒုသမ္မတဖြစ်ချိန်တွင် မြန်မာနိုင်ငံကို အလည်အပတ် တကြိမ်ရောက်ခဲ့ဖူးသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
တ႐ုတ္သမၼတ ျမန္မာျပည္ လာမည္ တ႐ုတ္သမၼတ ျမန္မာျပည္ လာမည္ Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.