ၾကားျဖတ္လုပ္ေဆာင္မႈဆုိင္ရာ ဆုံးျဖတ္ခ်က္ ၂၃ ရက္ေန႔ ICJ ခ်မွတ္မည္

ICJ တရားရုံးတြင္ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ ျမန္မာကုိယ္စား ထြက္ဆုိေနစဥ္။

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ လူမ်ဳိးတံုးသတ္ျဖတ္မႈလုပ္ရပ္ေတြ ဆက္ၿပီးမျဖစ္ေအာင္ တားဆီးေရး ျမန္မာႏိုင္ငံက ၾကားျဖတ္ လိုက္နာ လုပ္ေဆာင္ရမယ့္ အခ်က္ေတြကို ခ်မွတ္ေပးဖို႔ အျပည္ျပည္ဆုိင္ရာ တရားခံု႐ံုး ICJ မွာ ဂမ္ဘီယာႏုိင္ငံက ေလွ်ာက္ထားခ်က္ အေပၚ လာမယ့္ ဇန္နဝါရီလ ၂၃ ရက္ေန႔မွာ ICJ က ဆံုးျဖတ္ခ်က္ခ်ေတာ့မယ္လုိ႔ ဂမ္ဘီယာ တရားေရးဌာနက Twitter မွာ အဂၤါေန႔က ေၾကညာပါတယ္။

ၾကားျဖတ္လုပ္ေဆာင္ရမယ့္ အခ်က္ေတြအျဖစ္ ဂမ္ဘီယာႏိုင္ငံက တင္ျပထားတာ အခ်က္ ၅ ခ်က္ရွိပါတယ္။ အဲဒါေတြကေတာ့ (၁) Genocide ျပစ္မႈျဖစ္ေစတဲ့၊ ဒါမွမဟုတ္ အကူအညီေပးတဲ့ လုပ္ရပ္ေတြကို တားဆီးေရး လုပ္ေဆာင္ႏုိင္သမွ်အားလံုးကို ခ်က္ျခင္း လုပ္ေဆာင္ဖို႔၊ (၂) စစ္တပ္၊ ဒါမွမဟုတ္ စစ္တပ္နဲ႔ပတ္သက္တဲ့ အဖြဲ႔အစည္းေတြ၊ စစ္တပ္ေထာက္ခံအားေပးတဲ့ အဖြဲ႔အစည္းေတြက Genocide က်ဴးလြန္ျခင္းမရွိေအာင္ တားဆီးဖုိ႔၊ (၃) ICJ မွာ ဂမ္ဘီယာရဲ႕ ေလွ်ာက္ထားခ်က္ထဲပါတဲ့ ျဖစ္ရပ္ေတြနဲ႔ဆက္စပ္တဲ့ သက္ေသအေထာက္အထားေတြကို မဖ်က္္ဆီးဖို႔၊ (၄) ျမန္မာနဲ႔ ဂမ္ဘီယာ ႏွစ္ႏုိ္င္ငံစလံုး အေနနဲ႔ လက္ရွိ အျငင္းပြားမႈ ပိုႀကီးလာေအာင္၊ ဒါမွမဟုတ္ ပိုၾကာသြားေအာင္၊ ဒါမွမဟုတ္ ေျဖရွင္းရပိုခက္ေအာင္ မလုပ္ဖို႔၊ (၅) ၾကားျဖတ္ လိုက္နာလုပ္ေဆာင္ဖို႔ ICJ က အမိန္႔ ထုတ္မယ္ဆုိရင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္မႈ အစီရင္ခံစာကို ၄ လအတြင္း ခံုံ႐ံုးကို ျပန္တင္ျပဖို႔ ဆိုတာေတြ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံကို ကိုယ္စားျပဳၿပီး ICJ မွာ ဦးေဆာင္တင္ျပခဲ့တဲ့ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ဒီအမႈ ကို ICJ က ၾကားနာမယ့္ အမႈစာရင္းထဲကေန ပယ္ဖ်က္ေပးဖို႔၊ အဲဒီလိုမဟုတ္ဘူးဆိုရင္လည္း တျခားတနည္းအေနနဲ႔ ဂမ္ဘီယာႏုိ္င္ငံက တင္သြင္းထားတဲ့ ၾကားျဖတ္အေရးယူ ေဆာင္ရြက္ခ်က္ေတြ ခ်မွတ္ေပးေရး ပန္ၾကားခ်က္ကို ပယ္ဖ်က္ေပးဖို႔ ဒီဇင္ဘာလကလုပ္တဲ့ ၾကားနာပြဲ ေနာက္ဆံုးေန႔မွာ ေလွ်ာက္ထားခဲ့ပါတယ္။

ျမန္မာႏုိင္ငံဟာ လူမ်ဳိးတုံးသတ္ျဖတ္မႈ တားဆီးေရးဆိုင္ရာ ႏုိင္ငံတကာ သေဘာတူညီခ်က္ကို ခ်ဳိးေဖာက္ထားတယ္လို႔ စြပ္စြဲၿပီး ဂမ္ဘီယာႏုိင္ငံက ျမန္မာႏုိင္ငံကို ICJ မွာ တရားစြဲထားတာကုိ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလ ၁၀ ရက္ေန႔ကေန ၁၂ ရက္ေန႔အထိ ၾကားနာပြဲေတြလုပ္ခဲ့ပါတယ္။

ရခိုုင္ျပည္နယ္ေျမာက္ပိုင္းမွာ လံုျခံဳေရးတပ္ဖြဲ႔ေတြကို ARSA အဖြဲ႔က ဝင္တိုက္ၿပီးတဲ့ေနာက္ တပ္မေတာ္က နယ္ေျမရွင္းလင္းေရး လုပ္တာကေန ႐ိုဟင္ဂ်ာမြတ္ဆလင္ သိန္းနဲ႔ခ်ီၿပီးေတာ့ ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးသြားတဲ့ ျဖစ္ရပ္ေတြနဲ႔ ဆက္စပ္ၿပီး လူမ်ဳိးတံုး သတ္ျဖတ္မႈတားဆီးေရး သေဘာတူညီခ်က္ကို ျမန္မာႏုိင္ငံက ခ်ဳိးေဖာက္ ထားတယ္လုိ႔ ဂမ္ဘီယာႏုိင္ငံက စြပ္စြဲထားတာပါ။

ARSA အဖြဲ႔ကို အၾကမ္းဖက္ဝါဒီ အဖြဲ႔တဖြဲ႔အျဖစ္ ျမန္မာအစိုးရက သတ္မွတ္ ေၾကညာထားပါတယ္။

႐ိုဟင္ဂ်ာလို႔ ေခၚဆိုတာကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ဒီစြပ္စြဲခ်က္ေတြကို ေတာက္ေလွ်ာက္ျငင္းဆန္ထားသလို လူ႔အခြင့္ အေရးခ်ဳိးေဖာက္တဲ့ လုပ္ရပ္ေတြ က်ဴးလြန္ထားတာကို အေထာက္အထားနဲ႔ ေတြ႔ရွိရင္ ဥပေဒနဲ႔အညီ အေရးယူမွာ ျဖစ္တယ္လို႔ ေျပာထားၿပီး စံုစမ္းစစ္ေဆးတာေတြ လုပ္ေနတယ္လို႔လည္း ေျပာထားပါတယ္။

------------------

[Unicode]

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်ပြီးမဖြစ်အောင် တားဆီးရေး မြန်မာနိုင်ငံက ကြားဖြတ် လိုက်နာ လုပ်ဆောင်ရမယ့် အချက်တွေကို ချမှတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ တရားခုံရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက လျှောက်ထားချက် အပေါ် လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ICJ က ဆုံးဖြတ်ချက်ချတော့မယ်လို့ ဂမ်ဘီယာ တရားရေးဌာနက Twitter မှာ အင်္ဂါနေ့က ကြေညာပါတယ်။

ကြားဖြတ်လုပ်ဆောင်ရမယ့် အချက်တွေအဖြစ် ဂမ်ဘီယာနိုင်ငံက တင်ပြထားတာ အချက် ၅ ချက်ရှိပါတယ်။ အဲဒါတွေကတော့ (၁) Genocide ပြစ်မှုဖြစ်စေတဲ့၊ ဒါမှမဟုတ် အကူအညီပေးတဲ့ လုပ်ရပ်တွေကို တားဆီးရေး လုပ်ဆောင်နိုင်သမျှအားလုံးကို ချက်ခြင်း လုပ်ဆောင်ဖို့၊ (၂) စစ်တပ်၊ ဒါမှမဟုတ် စစ်တပ်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ စစ်တပ်ထောက်ခံအားပေးတဲ့ အဖွဲ့အစည်းတွေက Genocide ကျူးလွန်ခြင်းမရှိအောင် တားဆီးဖို့၊ (၃) ICJ မှာ ဂမ်ဘီယာရဲ့ လျှောက်ထားချက်ထဲပါတဲ့ ဖြစ်ရပ်တွေနဲ့ဆက်စပ်တဲ့ သက်သေအထောက်အထားတွေကို မဖျက်ဆီးဖို့၊ (၄) မြန်မာနဲ့ ဂမ်ဘီယာ နှစ်နိုင်ငံစလုံး အနေနဲ့ လက်ရှိ အငြင်းပွားမှု ပိုကြီးလာအောင်၊ ဒါမှမဟုတ် ပိုကြာသွားအောင်၊ ဒါမှမဟုတ် ဖြေရှင်းရပိုခက်အောင် မလုပ်ဖို့၊ (၅) ကြားဖြတ် လိုက်နာလုပ်ဆောင်ဖို့ ICJ က အမိန့် ထုတ်မယ်ဆိုရင် အကောင်အထည်ဖော် ဆောင်ရွက်မှု အစီရင်ခံစာကို ၄ လအတွင်း ခုံံရုံးကို ပြန်တင်ပြဖို့ ဆိုတာတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ICJ မှာ ဦးဆောင်တင်ပြခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအမှု ကို ICJ က ကြားနာမယ့် အမှုစာရင်းထဲကနေ ပယ်ဖျက်ပေးဖို့၊ အဲဒီလိုမဟုတ်ဘူးဆိုရင်လည်း တခြားတနည်းအနေနဲ့ ဂမ်ဘီယာနိုင်ငံက တင်သွင်းထားတဲ့ ကြားဖြတ်အရေးယူ ဆောင်ရွက်ချက်တွေ ချမှတ်ပေးရေး ပန်ကြားချက်ကို ပယ်ဖျက်ပေးဖို့ ဒီဇင်ဘာလကလုပ်တဲ့ ကြားနာပွဲ နောက်ဆုံးနေ့မှာ လျှောက်ထားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်ထားတယ်လို့ စွပ်စွဲပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲထားတာကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကြားနာပွဲတွေလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေကို ARSA အဖွဲ့က ဝင်တိုက်ပြီးတဲ့နောက် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်တာကနေ ရိုဟင်ဂျာမွတ်ဆလင် သိန်းနဲ့ချီပြီးတော့ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ဖြစ်ရပ်တွေနဲ့ ဆက်စပ်ပြီး လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေး သဘောတူညီချက်ကို မြန်မာနိုင်ငံက ချိုးဖောက် ထားတယ်လို့ ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားတာပါ။

ARSA အဖွဲ့ကို အကြမ်းဖက်ဝါဒီ အဖွဲ့တဖွဲ့အဖြစ် မြန်မာအစိုးရက သတ်မှတ် ကြေညာထားပါတယ်။

ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒီစွပ်စွဲချက်တွေကို တောက်လျှောက်ငြင်းဆန်ထားသလို လူ့အခွင့် အရေးချိုးဖောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ထားတာကို အထောက်အထားနဲ့ တွေ့ရှိရင် ဥပဒေနဲ့အညီ အရေးယူမှာ ဖြစ်တယ်လို့ ပြောထားပြီး စုံစမ်းစစ်ဆေးတာတွေ လုပ်နေတယ်လို့လည်း ပြောထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
ၾကားျဖတ္လုပ္ေဆာင္မႈဆုိင္ရာ ဆုံးျဖတ္ခ်က္ ၂၃ ရက္ေန႔ ICJ ခ်မွတ္မည္ ၾကားျဖတ္လုပ္ေဆာင္မႈဆုိင္ရာ ဆုံးျဖတ္ခ်က္ ၂၃ ရက္ေန႔ ICJ ခ်မွတ္မည္ Reviewed by THITHTOOLWIN on 07:44 Rating: 5
Powered by Blogger.