ရန္ကုန္တိုင္း စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာကို ကန႔္သတ္မႈ ေဝဖန္ခံေနရ

(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ဟာ ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္အတြင္း က်ပ္ေငြ ၅ ဘီလီယံေလာက္ သုံးစြဲခြင့္ရရွိထားၿပီး စာရင္းစစ္ခ်ဳပ္ရဲ႕ စစ္ေဆးေတြ႕ရွိခ်က္ အစီရင္ခံစာမူရင္းကို လႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔ ျပည္သူေတြ မသိရွိေစဖို႔ ကန႔္သတ္ခံထားရတယ္လို႔ ရန္ကုန္ေစာင့္ၾကည့္အဖြဲ႕ Yangon Watch က ေျပာပါတယ္။

၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္အတြက္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ဟာ က်ပ္ေငြ ၄၆၅.၇ ဘီလီယံေလာက္ သုံးစြဲခြင့္ ရရွိခဲ့တဲ့အေပၚ ရန္ကုန္တိုင္းေဒသႀကီး စာရင္းစစ္ခ်ဳပ္ရဲ႕ စစ္ေဆးေတြ႕ရွိခ်က္ အစီရင္ခံစာ မူရင္းကို ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဇူလိုင္လက တိုင္းေဒသႀကီးလႊတ္ေတာ္ကို တင္သြင္းခဲ့ပါတယ္။

အဲဒီလို တင္သြင္းခဲ့ေပမယ့္ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ရဲ႕ တားျမစ္ခ်က္ေၾကာင့္ ျပည္သူ႔ ေငြစာရင္းေကာ္မတီက လြဲၿပီး က်န္လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ျပည္သူေတြ မသိရွိေအာင္ ကန႔္သတ္ခံထားရတယ္လို႔ ရန္ကုန္ ေစာင့္ၾကည့္အဖြဲ႕ တည္ေထာင္သူ ေဒၚညိဳညိဳသင္းက ဒီကေန႔ ရန္ကုန္အေျခစိုက္ သတင္းမီဒီယာေတြကို ေျပာၾကားလိုက္ပါတယ္။

ျမန္မာႏိုင္ငံဟာ ဒီမိုကေရစီစနစ္ကို ရွင္သန္ေအာင္ လုပ္ေဆာင္ေနခ်ိန္မွာ ရန္ကုန္တိုင္းအစိုးရရဲ႕ စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာမူရင္းကို အခုလို ကန႔္သတ္လိုက္တာဟာ ဒီမိုကေရစီ ေနာက္ေၾကာင္းျပန္ရာ ေရာက္တယ္လို႔လည္း ေဒၚညိဳညိဳသင္းက ေျပာပါတယ္။

စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာမူရင္းကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အားလုံးအပါအဝင္ ျပည္သူေတြ သိရွိပိုင္ခြင့္ဟာ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ ေပးထားတဲ့ အခြင့္အေရးျဖစ္ေၾကာင့္နဲ႔ သန႔္ရွင္းတဲ့ အစိုးရ စနစ္တရပ္ျဖစ္လာဖို႔ ရည္႐ြယ္တယ္လို႔ ေဒၚညိဳညိဳသင္းက ေျပာပါတယ္။

ရန္ကုန္ေစာင့္ၾကည့္အဖြဲ႕ရဲ႕ ေလ့လာ ေစာင့္ၾကည့္မႈေတြအရ အဲဒီ အစီရင္ခံစာထဲမွာ YBS ကိစၥေတြ၊ ရန္ကုန္ၿမိဳ႕သစ္ စီမံကိန္းကိစၥေတြ ပါဝင္တာေၾကာင့္ ျပည္သူေတြ သိရွိခြင့္ရဖို႔ အေရးႀကီးတယ္လို႔ ေဒၚညိဳညိဳသင္းက ေျပာပါတယ္။

ရာထူးတာဝန္ကို အလြဲသုံးစားျပဳၿပီး ဥပေဒနဲ႔ ညီတာျဖစ္ေစ၊ မညီတာျဖစ္ေစ တစ္ဦးတစ္ေယာက္ကို အခြင့္အေရး ေပးတာဟာလည္း အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၃ (က)(၁) အရ အဂတိလိုက္စားမႈ ျဖစ္တယ္လို႔ ေျပာပါတယ္။

ရန္ကုန္ေစာင့္ၾကည့္အဖြဲ႕က ဒီကေန႔ ဇန္နဝါရီလ ၆ ရက္စြဲနဲ႔ ထုတ္ျပန္ေၾကညာခ်က္ တစ္ေစာင္ ထုတ္ျပန္ခဲ့ၿပီး ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕နဲ႔ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ေတြကို ေပးပို႔သြားမယ္လို႔လည္း ေျပာပါတယ္။

ရန္ကုန္ေစာင့္ၾကည့္အဖြဲ႕က ေျပာဆိုခ်က္နဲ႔ ပတ္သက္ၿပီး ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ တာဝန္ရွိသူေတြကို ေမးျမန္းဖို႔ RFA က ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

အဲဒီေၾကညာခ်က္ထဲမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္ ဥပေဒေတြအရ အစိုးရအဖြဲ႕ဟာ ျပည္သူ႔ဘ႑ာေငြေတြကို ဘ႑ာေရး စည္းမ်ဥ္းနဲ႔အညီ သုံးစြဲမႈရွိ မရွိ၊ စီမံကိန္းလုပ္ငန္းေတြကို အေကာင္အထည္ ေဖာ္ရာမွာ ႏိုင္ငံေတာ္ နစ္နာမႈရွိ မရွိေတြကို စိစစ္ႏိုင္ၿပီး လႊတ္ေတာ္ကို တင္ျပႏိုင္တဲ့ အခြင့္အေရးဟာ စာရင္းစစ္ခ်ဳပ္ကိုသာ အျပည့္အဝ အာဏာ အပ္ႏွင္းထားတာျဖစ္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

အဲဒါေၾကာင့္ လာမယ့္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ (၁၁)ႀကိမ္ေျမာက္ အစည္းအေဝးမွာ စာရင္းစစ္ခ်ဳပ္ရဲ႕ အစီရင္ခံစာမူရင္းကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ျဖန႔္ေဝၿပီး အမ်ားျပည္သူဆိုင္ရာ စာ႐ြက္စာတမ္းျဖစ္ေစေရး ပူးေပါင္းေဆာင္႐ြက္ဖို႔ တိုက္တြန္းထားပါတယ္။

ဒါ့အျပင္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္အေနနဲ႔ စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာ မူရင္း ထြက္ေပၚမလာတဲ့ ေနာက္ကြယ္မွာ လုပ္ပိုင္ခြင့္ရွိသူေတြရဲ႕ တာဝန္ ပ်က္ကြက္မႈေၾကာင့္ ႏိုင္ငံေတာ္ နစ္နာမႈေတြကို ေဖာ္ထုတ္ရန္၊ လုပ္ပိုင္ခြင့္ကို အလြဲသုံးစားျပဳၿပီး တစ္စုံတစ္ဦး၊ အဖြဲ႕အစည္းကို အက်ိဳးရွိေစတာေတြကို ေဖာ္ထုတ္ရန္၊ အစီရင္ခံစာပါ ကိစၥေတြနဲ႔ပတ္သက္ၿပီး ေက်ာ္ေစာသတင္းအျဖစ္ မွတ္ယူႏိုင္ရန္ျဖစ္ေစ မ်က္ေျခမျပတ္ ေစာင့္ၾကည့္ ေဖာ္ထုတ္သင့္တယ္လို႔လည္း တိုက္တြန္းထားပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာကို ကန့်သတ်မှု ဝေဖန်ခံနေရ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကျပ်ငွေ ၅ ဘီလီယံလောက် သုံးစွဲခွင့်ရရှိထားပြီး စာရင်းစစ်ချုပ်ရဲ့ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာမူရင်းကို လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေ မသိရှိစေဖို့ ကန့်သတ်ခံထားရတယ်လို့ ရန်ကုန်စောင့်ကြည့်အဖွဲ့ Yangon Watch က ပြောပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ ကျပ်ငွေ ၄၆၅.၇ ဘီလီယံလောက် သုံးစွဲခွင့် ရရှိခဲ့တဲ့အပေါ် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရဲ့ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ မူရင်းကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇူလိုင်လက တိုင်းဒေသကြီးလွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။

အဲဒီလို တင်သွင်းခဲ့ပေမယ့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တားမြစ်ချက်ကြောင့် ပြည်သူ့ ငွေစာရင်းကော်မတီက လွဲပြီး ကျန်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေ မသိရှိအောင် ကန့်သတ်ခံထားရတယ်လို့ ရန်ကုန် စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါ်ညိုညိုသင်းက ဒီကနေ့ ရန်ကုန်အခြေစိုက် သတင်းမီဒီယာတွေကို ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ရှင်သန်အောင် လုပ်ဆောင်နေချိန်မှာ ရန်ကုန်တိုင်းအစိုးရရဲ့ စာရင်းစစ်ချုပ် အစီရင်ခံစာမူရင်းကို အခုလို ကန့်သတ်လိုက်တာဟာ ဒီမိုကရေစီ နောက်ကြောင်းပြန်ရာ ရောက်တယ်လို့လည်း ဒေါ်ညိုညိုသင်းက ပြောပါတယ်။

စာရင်းစစ်ချုပ် အစီရင်ခံစာမူရင်းကို လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးအပါအဝင် ပြည်သူတွေ သိရှိပိုင်ခွင့်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးထားတဲ့ အခွင့်အရေးဖြစ်ကြောင့်နဲ့ သန့်ရှင်းတဲ့ အစိုးရ စနစ်တရပ်ဖြစ်လာဖို့ ရည်ရွယ်တယ်လို့ ဒေါ်ညိုညိုသင်းက ပြောပါတယ်။

ရန်ကုန်စောင့်ကြည့်အဖွဲ့ရဲ့ လေ့လာ စောင့်ကြည့်မှုတွေအရ အဲဒီ အစီရင်ခံစာထဲမှာ YBS ကိစ္စတွေ၊ ရန်ကုန်မြို့သစ် စီမံကိန်းကိစ္စတွေ ပါဝင်တာကြောင့် ပြည်သူတွေ သိရှိခွင့်ရဖို့ အရေးကြီးတယ်လို့ ဒေါ်ညိုညိုသင်းက ပြောပါတယ်။

ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး ဥပဒေနဲ့ ညီတာဖြစ်စေ၊ မညီတာဖြစ်စေ တစ်ဦးတစ်ယောက်ကို အခွင့်အရေး ပေးတာဟာလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃ (က)(၁) အရ အဂတိလိုက်စားမှု ဖြစ်တယ်လို့ ပြောပါတယ်။

ရန်ကုန်စောင့်ကြည့်အဖွဲ့က ဒီကနေ့ ဇန်နဝါရီလ ၆ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွေကို ပေးပို့သွားမယ်လို့လည်း ပြောပါတယ်။

ရန်ကုန်စောင့်ကြည့်အဖွဲ့က ပြောဆိုချက်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို မေးမြန်းဖို့ RFA က ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အဲဒီကြေညာချက်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေတွေအရ အစိုးရအဖွဲ့ဟာ ပြည်သူ့ဘဏ္ဍာငွေတွေကို ဘဏ္ဍာရေး စည်းမျဉ်းနဲ့အညီ သုံးစွဲမှုရှိ မရှိ၊ စီမံကိန်းလုပ်ငန်းတွေကို အကောင်အထည် ဖော်ရာမှာ နိုင်ငံတော် နစ်နာမှုရှိ မရှိတွေကို စိစစ်နိုင်ပြီး လွှတ်တော်ကို တင်ပြနိုင်တဲ့ အခွင့်အရေးဟာ စာရင်းစစ်ချုပ်ကိုသာ အပြည့်အဝ အာဏာ အပ်နှင်းထားတာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

အဲဒါကြောင့် လာမယ့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် (၁၁)ကြိမ်မြောက် အစည်းအဝေးမှာ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာမူရင်းကို လွှတ်တော်ကိုယ်စားလှယ်တွေကို ဖြန့်ဝေပြီး အများပြည်သူဆိုင်ရာ စာရွက်စာတမ်းဖြစ်စေရေး ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ စာရင်းစစ်ချုပ် အစီရင်ခံစာ မူရင်း ထွက်ပေါ်မလာတဲ့ နောက်ကွယ်မှာ လုပ်ပိုင်ခွင့်ရှိသူတွေရဲ့ တာဝန် ပျက်ကွက်မှုကြောင့် နိုင်ငံတော် နစ်နာမှုတွေကို ဖော်ထုတ်ရန်၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး တစ်စုံတစ်ဦး၊ အဖွဲ့အစည်းကို အကျိုးရှိစေတာတွေကို ဖော်ထုတ်ရန်၊ အစီရင်ခံစာပါ ကိစ္စတွေနဲ့ပတ်သက်ပြီး ကျော်စောသတင်းအဖြစ် မှတ်ယူနိုင်ရန်ဖြစ်စေ မျက်ခြေမပြတ် စောင့်ကြည့် ဖော်ထုတ်သင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

RFA Burmese
https://www.rfa.org
ရန္ကုန္တိုင္း စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာကို ကန႔္သတ္မႈ ေဝဖန္ခံေနရ ရန္ကုန္တိုင္း စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာကို ကန႔္သတ္မႈ ေဝဖန္ခံေနရ Reviewed by THITHTOOLWIN on 02:00 Rating: 5
Powered by Blogger.