ေႏြေက်ာင္းပိတ္ရက္ မူလအတိုင္းျပန္သတ္မွတ္ဖို႔ ဆရာမ်ားအဖြဲ႕ခ်ဳပ္ ေတာင္းဆို

ျမစ္ႀကီးနားၿမိဳ႕ အမွတ္ ၁ အေျခခံပညာအထက္တန္းေက်ာင္းက ေက်ာင္းသူေက်ာင္းသားေတြကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
အေျခခံပညာေက်ာင္းေတြရဲ႕ ပညာသင္ကာလကို မတ္လကုန္အထိ သတ္မွတ္လိုက္တဲ့အေပၚ ျပင္ဆင္ေျပာင္းလဲမႈ မလုပ္ဘူးဆိုရင္ ဆရာ၊ ဆရာမေတြအေနနဲ႔ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မဲ႐ုံတာဝန္ေတြကို ကူညီေဆာင္႐ြက္ ေတာ့မွာ မဟုတ္ေၾကာင္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္က မေန႔က ေၾကညာခ်က္ထုတ္ျပန္ ေျပာလိုက္ပါတယ္။

အေထြေထြ ေ႐ြးေကာက္ပြဲ က်င္းပတဲ့အခါ မဲ႐ုံးမႉး၊ လက္ေထာက္မဲ႐ုံမႉးအပါအဝင္ မဲ႐ုံဝန္ထမ္း အေရအတြက္ဟာ တစ္သိန္းေက်ာ္ခန႔္လိုအပ္တာျဖစ္ၿပီး လိုအပ္တဲ့ မဲ႐ုံဝန္ထမ္းအေရအတြက္ကို အေျခခံပညာအဆင့္ ဆရာ၊ ဆရာမ ေတြဟာ တႏိုင္ငံလုံးအတိုင္းအတာနဲ႔ အမ်ားဆုံးျဖည့္ဆည္းေဆာင္႐ြက္ေပးေနတာျဖစ္ပါတယ္။

ပညာေရးဝန္ႀကီးဌာနက လက္ရွိပညာသင္ႏွစ္ျဖစ္တဲ့ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ကစလို႔ အေျခခံပညာေက်ာင္းေတြ ကို မတ္လအထိတိုးျမႇင့္လိုက္ၿပီလို႔ ၂၀၁၉ ဧၿပီလေလာက္ကတည္းက ေၾကညာခဲ့ၿပီး ဆရာ၊ ဆရာမေတြနဲ႔ ေက်ာင္း သားမိဘေတြက မျဖစ္သင့္ေၾကာင္း ေဝဖန္ကန႔္ကြက္မႈေတြရွိခဲ့ပါတယ္။

ဒါေပမဲ့လို႔ ပညာေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူေတြက မတ္လကုန္အထိ ေက်ာင္းတက္ရမယ္ဆိုတဲ့ မူဝါဒကို ေျပာင္းလဲမွာ မဟုတ္ေၾကာင္း ဒီလထဲျပဳလုပ္တဲ့ ပညာေရးဝန္ႀကီးဌာနရဲ႕ ေဆြးေႏြးပြဲေတြမွာ ေျပာခဲ့ပါတယ္။

ဒီေျပာဆိုခ်က္ေတြေၾကာင့္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္ကလည္း မေန႔က ေၾကညာခ်က္ တစ္ေစာင္ထုတ္ျပန္ၿပီး တုံ႔ျပန္လာပါတယ္။ အဲ့ဒီေၾကညာခ်က္မွာ မတ္လအထိ ေက်ာင္းတက္ရမယ္ဆိုတဲ့ မူဝါဒကို ဆက္လက္အေကာင္အထည္ေဖာ္မယ္ဆိုရင္ ဆရာ၊ ဆရာမေတြအေနနဲ႔ သူတို႔မူလတာဝန္ေတြနဲ႔ လုံးဝမသက္ဆိုင္ တဲ့ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ မဲ႐ုံတာဝန္ေတြကို မကူညီ၊ မပူးေပါင္းဘဲ ဆန႔္က်င္သြားမယ္လို႔ ေျပာလာ ပါတယ္။

ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္က ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမိုးေအာင္က အားလုံးတားေန တဲ့ၾကားက ပညာေရးဝန္ႀကီးဌာနအေနနဲ႔ အခုလို ဆက္လက္ေဆာင္႐ြက္တဲ့အတြက္ အဖြဲ႕ခ်ဳပ္က အခုလိုေၾကညာ ခ်က္ထုတ္ရတာလို႔ ဆိုပါတယ္။

“မေဆာင္႐ြက္လို႔မရဘူး။ ေနမေကာင္းတဲ့သူ၊ ေဆးခြင့္တင္တဲ့သူကလြဲရင္ က်န္တဲ့သူေတြက အကုန္လုံးေစာင့္ရ ပါတယ္။ တခါတေလက်ရင္ ရပ္ကြက္ထဲကလည္း ေခၚတယ္၊ ေက်ာင္းကလည္း ေခၚတယ္ ႏွစ္ေနရာျဖစ္ေနရင္ ဘယ္ေနရာသြားရမွန္း မသိတဲ့ဟာလည္း ျဖစ္ပါတယ္။ ဟုတ္ပါၿပီ။ ဒါဟာ ဆရာ၊ ဆရာမေတြကို ယုံၾကည္လို႔ ခိုင္းတယ္ဆိုရင္ ေအာက္ေျခက ဆရာ၊ ဆရာမေတြရဲ႕ စကားေတြလည္း ျပန္လည္ယုံၾကည္သင့္ပါတယ္။ တစ္ဦးနဲ႔ တစ္ဦး အျပန္အလွန္ေပါ့။ အားလုံးတားေနတဲ့ကိစၥကို ဆက္လုပ္တဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ကလည္း ျပန္ ၿပီးေတာ့ အက်ပ္ကိုင္တဲ့သေဘာပါပဲ။”

မတ္လဟာ ရာသီဥတုအားျဖင့္ ပူအိုက္သလို တခ်ိဳ႕ေဒသေတြက ေက်ာင္းေတြမွာ ေရအခက္အခဲရွိေၾကာင္း၊ ဆရာ၊ ဆရာမေတြအေနနဲ႔လည္း သင္႐ိုးသစ္ေတြအတြက္ သင္တန္းျပန္တက္ရတာေတြ၊ စာေမးပြဲေျဖရတာေတြရွိတဲ့ အတြက္ မအားလပ္ႏိုင္ေၾကာင္း ေျပာပါတယ္။

ပညာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္မွာ ေလးတန္းနဲ႔ ရွစ္တန္း စာေမးပြဲေတြကို ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ကေန မတ္လ ၃ ရက္ေန႔အထိ စစ္ေဆးသြားမွာျဖစ္ေၾကာင္း၊ တကၠသိုလ္ဝင္တန္း စာေမးပြဲကို မတ္လ ၁၁ ရက္ေန႔ကေန ၂၀ ရက္ေန႔အတြင္း စစ္ေဆးမွာျဖစ္ပါတယ္။

က်န္အတန္းေတြကို ေက်ာင္းတြင္းစစ္စာေမးပြဲအေနနဲ႔ မတ္လ ၂၃ ရက္ေန႔ကေန မတ္လ ၃၀ ရက္ေန႔ အထိ စစ္ေဆးသြားမယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ ေလးတန္း နဲ႔ ရွစ္တန္းဟာ စာေမးပြဲေျဖၿပီးမွ ေက်ာင္းျပန္တက္ရမယ့္ အေျခအေနေတြ ရွိေနပါတယ္။

ရန္ကုန္ၿမိဳ႕၊ ေတာင္ဒဂုံမွာ ေနထိုင္တဲ့ ကိုးတန္းနဲ႔ ေျခာက္တန္း ေက်ာင္းသားႏွစ္ေယာက္မိခင္ ေဒၚျမင့္သန္း ကလည္း ပညာေရးဝန္ႀကီးဌာနရဲ႕ ေျပာင္းလဲလိုက္တဲ့ စာသင္ၾကားခ်ိန္ မူဝါဒ အေျပာင္းအလဲကို ကန႔္ကြက္တယ္လို႔ ေျပာပါတယ္။

“ဝန္ႀကီးေျပာသလို ထိန္းေပးထားတဲ့သေဘာမ်ိဳးေျပာတာက ကေလးငယ္ေတြက မွန္တယ္။ အမတို႔ကေလးေတြ က အေမေတြကို ကူညီေနတဲ့ ကေလးေတြျဖစ္တဲ့အတြက္ အမတို႔အတြက္ေတာ့ အဆင္မေျပဘူး။ ေဈးဆိုင္ေတြ ဘာေတြ ကူေရာင္းရတယ္ေလ။ လြယ္အိတ္ဖိုး၊ စာအုပ္ဖိုး၊ အဝတ္အစားဖိုးေတြကို ကေလးေတြက သူတို႔ေႏြရာသီ သုံးလမွာ အမတို႔ အညာမွာေနခဲ့တုန္းက ရွာရတယ္။ေငြစုရတယ္။ တခ်ိဳ႕ဆို ေန႔စားအလုပ္လုပ္ၿပီးမွ ေငြစုရတဲ့ ကေလးေတြရွိတယ္။”

ပညာေရးဝန္ႀကီးဌာနအေနနဲ႔ ဆရာ၊ ဆရာမေတြ၊ မိဘေတြနဲ႔ ေက်ာင္းသူ၊ေက်ာင္းသားေတြရဲ႕ အခက္အခဲေတြကို လ်စ္လ်ဴရႈၿပီး အတင္းအဓမၼစာသင္ကာလကို တိုးျမႇင့္လိုက္တာဟာ ဒီမိုကေရစီစနစ္ကို ဆန႔္က်င္ရာေရာက္သလို  မတ္လကုန္အထိ စာသင္ကာလတိုးျမႇင့္လိုက္ျခင္းဟာ ေက်ာင္းသူ၊ ေက်ာင္းသားေတြရဲ႕ ပညာအရည္အခ်င္းကို ထူးျခားစြာ တိုးတက္ျမင့္မားလာေစမွာ မဟုတ္ဘူးလို႔လည္း ဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္က ဆိုပါတယ္။

အေျခခံပညာဦးစီးဌာန၊ ၫြန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္မွာ အေျခခံပညာ အတန္းေတြအေနနဲ႔ မတ္လကုန္အထိ ေက်ာင္းတက္ရမယ္ဆိုတဲ့ မူဝါဒကို ကန႔္ကြက္ေနတာေတြရွိေပမယ့္ မူအရ ေျပာင္းလဲလို႔မရတာေၾကာင့္ ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ အခုလ ၂ ရက္ ေန႔က ပ်ဥ္းမနားၿမိဳ႕မွာ ျပဳလုပ္တဲ့ ပညာေရးဝန္ႀကီးဌာနရဲ႕ ေဆြးေႏြးပြဲ အခမ္းအနားမွာ ေျပာၾကားခဲ့ပါတယ္။

ဦးကိုေလးဝင္းကို RFA က ဖုန္းနဲ႔ ဒီေန႔ အႀကိမ္ႀကိမ္ ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းပိတ္ထားတဲ့အတြက္ အဆက္ အသြယ္မရခဲ့ပါဘူး။

ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာတဲ့ အဖြဲ႕ေတြကေတာ့ ဆရာ၊ ဆရာမေတြအေနနဲ႔ မဲ႐ုံတာဝန္ေတြကို မထမ္းေဆာင္ေတာ့ဘူးဆိုရင္ ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ လုပ္ငန္းေဆာင္႐ြက္ရမႈ ပိုမိုမ်ားလာၿပီး အခက္အခဲတခ်ိဳ႕ရွိလာႏိုင္တယ္လို႔ ေျပာပါတယ္။

ဒါေပမဲ့လို႔ ေ႐ြးေကာက္ပြဲ မဲ႐ုံဝန္ထမ္းတာဝန္ေတြကို ႏိုင္ငံဝန္ထမ္းေတြ၊ ဆရာ၊ ဆရာမေတြကိုပဲ အသုံးျပဳတာထက္ လူငယ္ေတြ၊ တကၠသိုလ္ေက်ာင္းသူ၊ ေက်ာင္းသားေတြ၊ ရပ္႐ြာအတြင္း သမာသမတ္က်သူေတြကို ထည့္သြင္းအသုံး ျပဳတာမ်ိဳးျဖစ္သင့္တယ္လို႔ ေျပာၾကပါတယ္။

“အစဥ္အလာအရ ၂၀၁၀ တုန္း ဆရာ၊ ဆရာမေတြပဲသုံးခဲ့ေတာ့ အလြယ္တကူ ဆရာ၊ ဆရာမေတြကို သုံးလို႔ရမယ္။ ေနာက္ၿပီးေတာ့မွ ႏိုင္ငံဝန္ထမ္းျဖစ္တဲ့အတြက္ သူတို႔ပိုၿပီးေတာ့မွ လုပ္ထုံးလုပ္နည္းေတြအရ ၫြန္ၾကားလို႔ရမယ္။ ဒါေၾကာင့္မို႔ သူတို႔ အဲ့လိုမ်ိဳးလုပ္တာ ေရရွည္မွာေတာ့ အဲဒါမ်ိဳးကမေကာင္းဘူး။ ႏိုင္ငံတကာမွာလည္း အဲေဒသမွာ ရွိတဲ့ မဲဆႏၵရွင္ေတြ ပါဝင္ၿပီးေဆာင္႐ြက္ၾကတာ။ ဒါမွလည္း ျပည္သူလူထုက ပိုၿပီးေတာ့မွ နားလည္လာမွာ။”

ဒါကေတာ့ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕ တစ္ခုျဖစ္တဲ့ PACE အဖြဲ႕ရဲ႕ အမႈေဆာင္ ဒါ႐ိုက္တာ စိုင္းရဲေက်ာ္စြာျမင့္ ေျပာသြားတာပါ။

ဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္ရဲ႕ ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္လို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္က ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္ႏိုင္ကို RFA က ဒီေန႔ဖုန္းနဲ႔ အႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ေပမယ့္ လက္ခံေျဖၾကားတာမရွိပါဘူး။

ျပည္တကၠသိုလ္တာဝန္ခံ ပါေမာကၡခ်ဳပ္ ေဒါက္တာ ေအာင္ေအာင္မင္းက ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္က ေ႐ြးေကာက္ပြဲမွာ ကူညီေဆာင္႐ြက္မွာ မဟုတ္ေတာ့ေၾကာင္း ထုတ္ျပန္ခ်က္ဟာ အဖြဲ႕ခ်ဳပ္ရဲ႕ ထုတ္ျပန္ခ်က္သာျဖစ္ၿပီး ဆရာ၊ ဆရာမ အားလုံးရဲ႕ သေဘာထားက ဒီလိုမျဖစ္ႏိုင္ဘူးလို႔ သုံးသပ္ပါတယ္။

“က်ေနာ္နားလည္တာကေတာ့ သူတို႔အနည္းစုရဲ႕ ဆႏၵေတြနဲ႔ပဲ ထုတ္လိုက္တယ္လို႔ ထင္တာပဲ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ေၾကညာခ်က္က ခ်က္ျခင္းထြက္တာကိုး။ ေနာက္ၿပီးေတာ့ အခုမီဒီယာေပၚမွာ ေတြ႕ေနရတာ၊ တခ်ိဳ႕ဆရာ၊ ဆရာမေတြက ဒီဟာကို လက္မခံဘူးလို႔ ေျပာေနတယ္။ သူတို႔က ထမ္းေဆာင္မွာပဲလို႔ ေျပာေနတာရွိေတာ့ က်ေနာ္ေတာ့ မဆိုင္ဘူးလို႔ ထင္တယ္။ ဒါက်ေနာ္တစ္ေယာက္တည္းရဲ႕အျမင္ပါ။”

ဒီေန႔မွာလည္း အေျခခံနဲ႔ အဆင့္ျမင့္ပညာေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈေကာ္မတီကလည္း  စာသင္ခ်ိန္ကာလ တိုးျမႇင့္လိုက္တာနဲ႔ စာေမးပြဲကာလေျပာင္းလဲလိုက္တာကို အရင္ႏွစ္ေတြအတိုင္းျပန္ထားဖို႔နဲ႔ ျပင္ဆင္ေျပာင္းလဲမႈ မလုပ္ဘူးဆိုရင္ ျဖစ္ေပၚလာမယ့္ အက်ိဳးဆက္ေတြဟာ ပညာေရးဝန္ႀကီးဌာနကသာ တိုက္႐ိုက္တာဝန္ရွိမွာျဖစ္ တယ္လို႔ ေၾကညာခ်က္ ထုတ္ျပန္ေျပာလာပါတယ္။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲအတြက္ ေကာက္ယူထားတဲ့ အေျခခံမဲစာရင္းအရ မဲေပးႏိုင္သူဦးေရ ၃၇ သန္း ေက်ာ္ထိရွိတဲ့အတြက္ ၂၀၁၅ ေ႐ြးေကာက္ပြဲကထက္ လူဦးေရ ၃ သန္းခန႔္ ပိုမ်ားလာတယ္လို႔ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကေျပာထားပါတယ္။ မဲေပးႏိုင္သူအေရအတြက္ ၃ သန္းခန႔္တိုးလာတဲ့အတြက္ မဲ႐ုံအေရအတြက္ ေတြလည္း တိုးလာႏိုင္တာေၾကာင့္ မဲ႐ုံဝန္ထမ္းအေရအတြက္လည္း ပိုမိုလိုအပ္လာႏိုင္ေၾကာင္း တင္ျပလိုက္ ရပါတယ္။

RFA Burmese
https://www.rfa.org
---------
(Unicode)⤵⤵⤵
နွေကျောင်းပိတ်ရက် မူလအတိုင်းပြန်သတ်မှတ်ဖို့ ဆရာများအဖွဲ့ချုပ် တောင်းဆို

မြစ်ကြီးနားမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းက ကျောင်းသူကျောင်းသားတွေကို တွေ့ရစဉ်
Photo: RFA

အခြေခံပညာကျောင်းတွေရဲ့ ပညာသင်ကာလကို မတ်လကုန်အထိ သတ်မှတ်လိုက်တဲ့အပေါ် ပြင်ဆင်ပြောင်းလဲမှု မလုပ်ဘူးဆိုရင် ဆရာ၊ ဆရာမတွေအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲရုံတာဝန်တွေကို ကူညီဆောင်ရွက် တော့မှာ မဟုတ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က မနေ့က ကြေညာချက်ထုတ်ပြန် ပြောလိုက်ပါတယ်။

အထွေထွေ ရွေးကောက်ပွဲ ကျင်းပတဲ့အခါ မဲရုံးမှူး၊ လက်ထောက်မဲရုံမှူးအပါအဝင် မဲရုံဝန်ထမ်း အရေအတွက်ဟာ တစ်သိန်းကျော်ခန့်လိုအပ်တာဖြစ်ပြီး လိုအပ်တဲ့ မဲရုံဝန်ထမ်းအရေအတွက်ကို အခြေခံပညာအဆင့် ဆရာ၊ ဆရာမ တွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အများဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနက လက်ရှိပညာသင်နှစ်ဖြစ်တဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကစလို့ အခြေခံပညာကျောင်းတွေ ကို မတ်လအထိတိုးမြှင့်လိုက်ပြီလို့ ၂၀၁၉ ဧပြီလလောက်ကတည်းက ကြေညာခဲ့ပြီး ဆရာ၊ ဆရာမတွေနဲ့ ကျောင်း သားမိဘတွေက မဖြစ်သင့်ကြောင်း ဝေဖန်ကန့်ကွက်မှုတွေရှိခဲ့ပါတယ်။

ဒါပေမဲ့လို့ ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေက မတ်လကုန်အထိ ကျောင်းတက်ရမယ်ဆိုတဲ့ မူဝါဒကို ပြောင်းလဲမှာ မဟုတ်ကြောင်း ဒီလထဲပြုလုပ်တဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ဆွေးနွေးပွဲတွေမှာ ပြောခဲ့ပါတယ်။

ဒီပြောဆိုချက်တွေကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကလည်း မနေ့က ကြေညာချက် တစ်စောင်ထုတ်ပြန်ပြီး တုံ့ပြန်လာပါတယ်။ အဲ့ဒီကြေညာချက်မှာ မတ်လအထိ ကျောင်းတက်ရမယ်ဆိုတဲ့ မူဝါဒကို ဆက်လက်အကောင်အထည်ဖော်မယ်ဆိုရင် ဆရာ၊ ဆရာမတွေအနေနဲ့ သူတို့မူလတာဝန်တွေနဲ့ လုံးဝမသက်ဆိုင် တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရုံတာဝန်တွေကို မကူညီ၊ မပူးပေါင်းဘဲ ဆန့်ကျင်သွားမယ်လို့ ပြောလာ ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမိုးအောင်က အားလုံးတားနေ တဲ့ကြားက ပညာရေးဝန်ကြီးဌာနအနေနဲ့ အခုလို ဆက်လက်ဆောင်ရွက်တဲ့အတွက် အဖွဲ့ချုပ်က အခုလိုကြေညာ ချက်ထုတ်ရတာလို့ ဆိုပါတယ်။

“မဆောင်ရွက်လို့မရဘူး။ နေမကောင်းတဲ့သူ၊ ဆေးခွင့်တင်တဲ့သူကလွဲရင် ကျန်တဲ့သူတွေက အကုန်လုံးစောင့်ရ ပါတယ်။ တခါတလေကျရင် ရပ်ကွက်ထဲကလည်း ခေါ်တယ်၊ ကျောင်းကလည်း ခေါ်တယ် နှစ်နေရာဖြစ်နေရင် ဘယ်နေရာသွားရမှန်း မသိတဲ့ဟာလည်း ဖြစ်ပါတယ်။ ဟုတ်ပါပြီ။ ဒါဟာ ဆရာ၊ ဆရာမတွေကို ယုံကြည်လို့ ခိုင်းတယ်ဆိုရင် အောက်ခြေက ဆရာ၊ ဆရာမတွေရဲ့ စကားတွေလည်း ပြန်လည်ယုံကြည်သင့်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်ပေါ့။ အားလုံးတားနေတဲ့ကိစ္စကို ဆက်လုပ်တဲ့အတွက်ကြောင့် ကျနော်တို့ကလည်း ပြန် ပြီးတော့ အကျပ်ကိုင်တဲ့သဘောပါပဲ။”

မတ်လဟာ ရာသီဥတုအားဖြင့် ပူအိုက်သလို တချို့ဒေသတွေက ကျောင်းတွေမှာ ရေအခက်အခဲရှိကြောင်း၊ ဆရာ၊ ဆရာမတွေအနေနဲ့လည်း သင်ရိုးသစ်တွေအတွက် သင်တန်းပြန်တက်ရတာတွေ၊ စာမေးပွဲဖြေရတာတွေရှိတဲ့ အတွက် မအားလပ်နိုင်ကြောင်း ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ လေးတန်းနဲ့ ရှစ်တန်း စာမေးပွဲတွေကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ စစ်ဆေးသွားမှာဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့အတွင်း စစ်ဆေးမှာဖြစ်ပါတယ်။

ကျန်အတန်းတွေကို ကျောင်းတွင်းစစ်စာမေးပွဲအနေနဲ့ မတ်လ ၂၃ ရက်နေ့ကနေ မတ်လ ၃၀ ရက်နေ့ အထိ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ဒါကြောင့် လေးတန်း နဲ့ ရှစ်တန်းဟာ စာမေးပွဲဖြေပြီးမှ ကျောင်းပြန်တက်ရမယ့် အခြေအနေတွေ ရှိနေပါတယ်။

ရန်ကုန်မြို့၊ တောင်ဒဂုံမှာ နေထိုင်တဲ့ ကိုးတန်းနဲ့ ခြောက်တန်း ကျောင်းသားနှစ်ယောက်မိခင် ဒေါ်မြင့်သန်း ကလည်း ပညာရေးဝန်ကြီးဌာနရဲ့ ပြောင်းလဲလိုက်တဲ့ စာသင်ကြားချိန် မူဝါဒ အပြောင်းအလဲကို ကန့်ကွက်တယ်လို့ ပြောပါတယ်။

“ဝန်ကြီးပြောသလို ထိန်းပေးထားတဲ့သဘောမျိုးပြောတာက ကလေးငယ်တွေက မှန်တယ်။ အမတို့ကလေးတွေ က အမေတွေကို ကူညီနေတဲ့ ကလေးတွေဖြစ်တဲ့အတွက် အမတို့အတွက်တော့ အဆင်မပြေဘူး။ ဈေးဆိုင်တွေ ဘာတွေ ကူရောင်းရတယ်လေ။ လွယ်အိတ်ဖိုး၊ စာအုပ်ဖိုး၊ အဝတ်အစားဖိုးတွေကို ကလေးတွေက သူတို့နွေရာသီ သုံးလမှာ အမတို့ အညာမှာနေခဲ့တုန်းက ရှာရတယ်။ငွေစုရတယ်။ တချို့ဆို နေ့စားအလုပ်လုပ်ပြီးမှ ငွေစုရတဲ့ ကလေးတွေရှိတယ်။”

ပညာရေးဝန်ကြီးဌာနအနေနဲ့ ဆရာ၊ ဆရာမတွေ၊ မိဘတွေနဲ့ ကျောင်းသူ၊ကျောင်းသားတွေရဲ့ အခက်အခဲတွေကို လျစ်လျူရှုပြီး အတင်းအဓမ္မစာသင်ကာလကို တိုးမြှင့်လိုက်တာဟာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ရာရောက်သလို  မတ်လကုန်အထိ စာသင်ကာလတိုးမြှင့်လိုက်ခြင်းဟာ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာအရည်အချင်းကို ထူးခြားစွာ တိုးတက်မြင့်မားလာစေမှာ မဟုတ်ဘူးလို့လည်း ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ဆိုပါတယ်။

အခြေခံပညာဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ အခြေခံပညာ အတန်းတွေအနေနဲ့ မတ်လကုန်အထိ ကျောင်းတက်ရမယ်ဆိုတဲ့ မူဝါဒကို ကန့်ကွက်နေတာတွေရှိပေမယ့် မူအရ ပြောင်းလဲလို့မရတာကြောင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အခုလ ၂ ရက် နေ့က ပျဉ်းမနားမြို့မှာ ပြုလုပ်တဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ဆွေးနွေးပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဦးကိုလေးဝင်းကို RFA က ဖုန်းနဲ့ ဒီနေ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပိတ်ထားတဲ့အတွက် အဆက် အသွယ်မရခဲ့ပါဘူး။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေကတော့ ဆရာ၊ ဆရာမတွေအနေနဲ့ မဲရုံတာဝန်တွေကို မထမ်းဆောင်တော့ဘူးဆိုရင် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လုပ်ငန်းဆောင်ရွက်ရမှု ပိုမိုများလာပြီး အခက်အခဲတချို့ရှိလာနိုင်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့လို့ ရွေးကောက်ပွဲ မဲရုံဝန်ထမ်းတာဝန်တွေကို နိုင်ငံဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေကိုပဲ အသုံးပြုတာထက် လူငယ်တွေ၊ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေ၊ ရပ်ရွာအတွင်း သမာသမတ်ကျသူတွေကို ထည့်သွင်းအသုံး ပြုတာမျိုးဖြစ်သင့်တယ်လို့ ပြောကြပါတယ်။

“အစဉ်အလာအရ ၂၀၁၀ တုန်း ဆရာ၊ ဆရာမတွေပဲသုံးခဲ့တော့ အလွယ်တကူ ဆရာ၊ ဆရာမတွေကို သုံးလို့ရမယ်။ နောက်ပြီးတော့မှ နိုင်ငံဝန်ထမ်းဖြစ်တဲ့အတွက် သူတို့ပိုပြီးတော့မှ လုပ်ထုံးလုပ်နည်းတွေအရ ညွန်ကြားလို့ရမယ်။ ဒါကြောင့်မို့ သူတို့ အဲ့လိုမျိုးလုပ်တာ ရေရှည်မှာတော့ အဲဒါမျိုးကမကောင်းဘူး။ နိုင်ငံတကာမှာလည်း အဲဒေသမှာ ရှိတဲ့ မဲဆန္ဒရှင်တွေ ပါဝင်ပြီးဆောင်ရွက်ကြတာ။ ဒါမှလည်း ပြည်သူလူထုက ပိုပြီးတော့မှ နားလည်လာမှာ။”

ဒါကတော့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ တစ်ခုဖြစ်တဲ့ PACE အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် ပြောသွားတာပါ။

ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကို RFA က ဒီနေ့ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ပြည်တက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ အောင်အောင်မင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ ကူညီဆောင်ရွက်မှာ မဟုတ်တော့ကြောင်း ထုတ်ပြန်ချက်ဟာ အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်သာဖြစ်ပြီး ဆရာ၊ ဆရာမ အားလုံးရဲ့ သဘောထားက ဒီလိုမဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။

“ကျနော်နားလည်တာကတော့ သူတို့အနည်းစုရဲ့ ဆန္ဒတွေနဲ့ပဲ ထုတ်လိုက်တယ်လို့ ထင်တာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကြေညာချက်က ချက်ခြင်းထွက်တာကိုး။ နောက်ပြီးတော့ အခုမီဒီယာပေါ်မှာ တွေ့နေရတာ၊ တချို့ဆရာ၊ ဆရာမတွေက ဒီဟာကို လက်မခံဘူးလို့ ပြောနေတယ်။ သူတို့က ထမ်းဆောင်မှာပဲလို့ ပြောနေတာရှိတော့ ကျနော်တော့ မဆိုင်ဘူးလို့ ထင်တယ်။ ဒါကျနော်တစ်ယောက်တည်းရဲ့အမြင်ပါ။”

ဒီနေ့မှာလည်း အခြေခံနဲ့ အဆင့်မြင့်ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီကလည်း  စာသင်ချိန်ကာလ တိုးမြှင့်လိုက်တာနဲ့ စာမေးပွဲကာလပြောင်းလဲလိုက်တာကို အရင်နှစ်တွေအတိုင်းပြန်ထားဖို့နဲ့ ပြင်ဆင်ပြောင်းလဲမှု မလုပ်ဘူးဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေဟာ ပညာရေးဝန်ကြီးဌာနကသာ တိုက်ရိုက်တာဝန်ရှိမှာဖြစ် တယ်လို့ ကြေညာချက် ထုတ်ပြန်ပြောလာပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကောက်ယူထားတဲ့ အခြေခံမဲစာရင်းအရ မဲပေးနိုင်သူဦးရေ ၃၇ သန်း ကျော်ထိရှိတဲ့အတွက် ၂၀၁၅ ရွေးကောက်ပွဲကထက် လူဦးရေ ၃ သန်းခန့် ပိုများလာတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောထားပါတယ်။ မဲပေးနိုင်သူအရေအတွက် ၃ သန်းခန့်တိုးလာတဲ့အတွက် မဲရုံအရေအတွက် တွေလည်း တိုးလာနိုင်တာကြောင့် မဲရုံဝန်ထမ်းအရေအတွက်လည်း ပိုမိုလိုအပ်လာနိုင်ကြောင်း တင်ပြလိုက် ရပါတယ်။

RFA Burmese
https://www.rfa.org
ေႏြေက်ာင္းပိတ္ရက္ မူလအတိုင္းျပန္သတ္မွတ္ဖို႔ ဆရာမ်ားအဖြဲ႕ခ်ဳပ္ ေတာင္းဆို ေႏြေက်ာင္းပိတ္ရက္ မူလအတိုင္းျပန္သတ္မွတ္ဖို႔ ဆရာမ်ားအဖြဲ႕ခ်ဳပ္ ေတာင္းဆို Reviewed by THITHTOOLWIN on 01:49 Rating: 5
Powered by Blogger.