ကန္သမၼတကို တရားစဲြဆိုမႈလုပ္ငန္းစဥ္ အထက္လႊတ္ေတာ္စတင္မည္

Impeachment articles being delivered to the Senate

(Zawgyi/Unicode)

အေမရိကန္သမၼတ Donald Trump အေပၚ တရားစဲြဆုိေရး အထက္လႊတ္ေတာ္ရဲ႕ ၾကားနာစစ္ေဆးမႈ ကနဦးလုပ္ငန္းစဥ္ေတြ ဒီကေန႔ စတင္ေတာ့မွာ ျဖစ္ပါတယ္။ သမၼတအေပၚ စဲြခ်က္ေတြကုိေတာ့ ခုံသမာဓိအဖဲြ႔၀င္ေတြအျဖစ္ ေဆာင္ရြက္ၾကမယ့္ အထက္လႊတ္ေတာ္ အမတ္ေတြထံ ေအာက္လႊတ္ေတာ္ ကုိယ္စားလွယ္ေတြက တရားလုိအျဖစ္ တင္သြင္းၾကမွာပါ။

ၾကားနာစစ္ေဆးမယ့္ လုပ္ငန္းစဥ္ကုိ ႀကီးၾကပ္ဖုိ႔ ႏုိင္ငံေတာ္တရား႐ုံးခ်ဳပ္ တရားသူႀကီး John Roberts က်မ္းသစၥာက်ိန္ဆုိမွာ ျဖစ္သလုိ၊ အထက္လႊတ္ေတာ္အမတ္ ၁၀၀ ဟာလည္း က်မ္းသစၥာ က်ိန္ဆုိၾကမွာ ျဖစ္ပါတယ္။ ေနာက္ဆုံးအစီအစဥ္အျဖစ္ အိမ္ျဖဴေတာ္ကုိ အသိေပးအေၾကာင္းၾကားၿပီး၊ စဲြခ်က္ေတြနဲ႔ ပတ္သက္လုိ႔ သမၼတရဲ႕ ဥပေဒအတုိင္ပင္ခံအဖဲြ႔က ေျဖၾကားဖုိ႔ ဆင့္ေခၚမယ္လုိ႔လည္း အထက္လႊတ္ေတာ္ဥကၠ႒ Mitch McConnell ကေျပာပါတယ္။

အဓိက ၾကားနာစစ္ေဆးမႈေတြကုိေတာ့ ေရွ႕သီတင္းပတ္ အဂၤါေန႔မွာ စတင္မွာပါ။ စဲြခ်က္ေတြကုိေတာ့ ဒီမုိကရက္လႊတ္ေတာ္အမတ္ေတြ အမ်ားစုနဲ႔ ထိန္းခ်ဳပ္ထားတဲ့ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi က မေန႔ဗုဒၶဟူးေန႔ကပဲ အခမ္းအနားနဲ႔ လက္မွတ္ေရးထုိးခဲ့ပါတယ္။ ၾကားနာစစ္ေဆးမႈေတြမွာ သက္ေသအသစ္ေတြကုိ ထြက္ဆုိခြင့္ေပးဖုိ႔ သမၼတရဲ႕ ရီပတ္ဘလစ္ကန္ပါတီက ကုိယ္စားလွယ္ေတြ အမ်ားစုနဲ႔ ထိန္းခ်ဳပ္ထားတဲ့ အထက္လႊတ္ေတာ္ ေခါင္းေဆာင္ေတြကုိ ေအာက္လႊတ္ေတာ္က ဒီမုိကရက္ေတြ ဖိအားေပး ႀကိဳးပမ္းရာက တလေလာက္ ၾကန္႔ၾကာခဲ့ၿပီးေနာက္မွာပဲ ေအာက္လႊတ္ေတာ္က အတည္ျပဳထားတဲ့ စဲြခ်က္ေတြကုိ လႊတ္ေတာ္ဥကၠ႒က လဲႊေျပာင္းေပးလုိက္တာပါ။

အထက္လႊတ္ေတာ္ဥကၠ႒ McConnell ကေတာ့ ၾကားနာစစ္ေဆးမႈ လုပ္ငန္းစဥ္ ေနာက္ပုိင္းက်မွ ဆုံးျဖတ္မယ့္အေၾကာင္း ေျပာဆုိၿပီး သက္ေသဆင့္ေခၚမယ့္ ကိစၥကုိ လက္ခံဖုိ႔ ျငင္းဆန္ထားပါတယ္။ အာဏာအလဲြသုံးစားလုပ္မႈ၊ ကြန္ဂရက္လႊတ္ေတာ္ရဲ႕ လုပ္ငန္းေတြကုိ ေႏွာက္ယွက္မႈနဲ႔ သမၼတ Trump အေပၚ စဲြခ်က္ေတြကုိ တရားလုိအျဖစ္ တင္သြင္းမယ့္ ကုိယ္စားလွယ္ ၇ ေယာက္ကုိေတာ့ ေအာက္လႊတ္ေတာ္မွာ မေန႔ကပဲ တရား၀င္ မဲေပးေရြးခ်ယ္ထားပါတယ္။

(Zawgyi/Unicode)

အမေရိကန်သမ္မတ Donald Trump အပေါ် တရားစွဲဆိုရေး အထက်လွှတ်တော်ရဲ့ ကြားနာစစ်ဆေးမှု ကနဦးလုပ်ငန်းစဉ်တွေ ဒီကနေ့ စတင်တော့မှာ ဖြစ်ပါတယ်။ သမ္မတအပေါ် စွဲချက်တွေကိုတော့ ခုံသမာဓိအဖွဲ့ဝင်တွေအဖြစ် ဆောင်ရွက်ကြမယ့် အထက်လွှတ်တော် အမတ်တွေထံ အောက်လွှတ်တော် ကိုယ်စားလှယ်တွေက တရားလိုအဖြစ် တင်သွင်းကြမှာပါ။

ကြားနာစစ်ဆေးမယ့် လုပ်ငန်းစဉ်ကို ကြီးကြပ်ဖို့ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး John Roberts ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်သလို၊ အထက်လွှတ်တော်အမတ် ၁၀၀ ဟာလည်း ကျမ်းသစ္စာ ကျိန်ဆိုကြမှာ ဖြစ်ပါတယ်။ နောက်ဆုံးအစီအစဉ်အဖြစ် အိမ်ဖြူတော်ကို အသိပေးအကြောင်းကြားပြီး၊ စွဲချက်တွေနဲ့ ပတ်သက်လို့ သမ္မတရဲ့ ဥပဒေအတိုင်ပင်ခံအဖွဲ့က ဖြေကြားဖို့ ဆင့်ခေါ်မယ်လို့လည်း အထက်လွှတ်တော်ဥက္ကဋ္ဌ Mitch McConnell ကပြောပါတယ်။

အဓိက ကြားနာစစ်ဆေးမှုတွေကိုတော့ ရှေ့သီတင်းပတ် အင်္ဂါနေ့မှာ စတင်မှာပါ။ စွဲချက်တွေကိုတော့ ဒီမိုကရက်လွှတ်တော်အမတ်တွေ အများစုနဲ့ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က မနေ့ဗုဒ္ဓဟူးနေ့ကပဲ အခမ်းအနားနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကြားနာစစ်ဆေးမှုတွေမှာ သက်သေအသစ်တွေကို ထွက်ဆိုခွင့်ပေးဖို့ သမ္မတရဲ့ ရီပတ်ဘလစ်ကန်ပါတီက ကိုယ်စားလှယ်တွေ အများစုနဲ့ ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော် ခေါင်းဆောင်တွေကို အောက်လွှတ်တော်က ဒီမိုကရက်တွေ ဖိအားပေး ကြိုးပမ်းရာက တလလောက် ကြန့်ကြာခဲ့ပြီးနောက်မှာပဲ အောက်လွှတ်တော်က အတည်ပြုထားတဲ့ စွဲချက်တွေကို လွှတ်တော်ဥက္ကဋ္ဌက လွဲှပြောင်းပေးလိုက်တာပါ။

အထက်လွှတ်တော်ဥက္ကဋ္ဌ McConnell ကတော့ ကြားနာစစ်ဆေးမှု လုပ်ငန်းစဉ် နောက်ပိုင်းကျမှ ဆုံးဖြတ်မယ့်အကြောင်း ပြောဆိုပြီး သက်သေဆင့်ခေါ်မယ့် ကိစ္စကို လက်ခံဖို့ ငြင်းဆန်ထားပါတယ်။ အာဏာအလွဲသုံးစားလုပ်မှု၊ ကွန်ဂရက်လွှတ်တော်ရဲ့ လုပ်ငန်းတွေကို နှောက်ယှက်မှုနဲ့ သမ္မတ Trump အပေါ် စွဲချက်တွေကို တရားလိုအဖြစ် တင်သွင်းမယ့် ကိုယ်စားလှယ် ၇ ယောက်ကိုတော့ အောက်လွှတ်တော်မှာ မနေ့ကပဲ တရားဝင် မဲပေးရွေးချယ်ထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကန္သမၼတကို တရားစဲြဆိုမႈလုပ္ငန္းစဥ္ အထက္လႊတ္ေတာ္စတင္မည္ ကန္သမၼတကို တရားစဲြဆိုမႈလုပ္ငန္းစဥ္ အထက္လႊတ္ေတာ္စတင္မည္ Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.