
(Zawgyi)⤵⤵⤵




BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ဖွဲ့စည်းပုံပြင်ရေး သမ္မတပူတင် အဆိုပြု
ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ ပူတင်ဟာ သမ္မတအဖြစ် ၄ ကြိမ်မြောက် အရွေးခံထားရ

ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုအစီအစဉ်ကို တိုင်းပြည်ရဲ့ ဥပဒေပြုအဖွဲ့တွေကို ချပြအပြီးမှာ ရုရှားအစိုးရဟာ လက်ရှိ အုပ်ချုပ်မှု အနေအထားတွေကနေ နုတ်ထွက်လိုက်ပါတယ်။

သမ္မတ ပူတင်ရဲ့ အဆိုပြုအစီအစဉ်ကိုသာ လူထုက ထောက်ခံမှုပြုမယ်ဆိုရင်တော့ အုပ်ချုပ်မှုအာဏာဟာ သမ္မတကနေ လွှတ်တော်ကို ရောက်သွားမှာဖြစ်ပါတယ်။

မစ္စတာ ပူတင်ဟာ သမ္မတအဖြစ် ၄ ကြိမ်မြောက် အရွေးခံထားရတာဖြစ်ပြီး အခုသက်တမ်းက လာမယ့် ၂၀၂၄ မှာ ကုန်ဆုံးမှာပါ။

လွှတ်တော်ကနေ အုပ်ချုပ်မှုအာဏာ တိုက်ရိုက်ကိုင်တွယ်နိုင်မယ့် ဒီအဆိုပြုချက်ဟာ အာဏာကို နောက်ကွယ်ကနေ ဆက်လက်ရယူဖို့ သမ္မတပူတင်ရဲ့ ကြိုးစားမှု ဖြစ်တယ်လို့လည်း သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။

BBC Burmese
https://www.bbc.com
ဖွဲ့စည်းပုံပြင်ရေး သမ္မတပူတင် အဆိုပြု ဖွဲ့စည်းပုံပြင်ရေး သမ္မတပူတင် အဆိုပြု Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.