ရခိုင္ေျမာက္ပိုင္း ေရြးေကာက္ပဲြေတြ ထိခိုက္မွာစိုးရိမ္


(Zawgyi/Unicode)

အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႔တို႔ တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္မွာ လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲ မက်င္းပႏုိင္မွာကို ႏိုင္ငံေရးပါတီေတြနဲ႔ ေရြးေကာက္ပြဲ ေစာင့္ၾကည့္အဖြဲ႔ေတြ စိုးရိမ္ေနၾကပါတယ္။ လက္ရွိအေနအထားအရ ရခိုင္ျပည္နယ္မွာ ေရြးေကာက္ပြဲ က်င္းပဖို႔အတြက္ အခက္အခဲ မ်ားစြာရွိေနတာပါ။ ဒီသတင္းအျပည့္အစံုကိုေတာ့ ဗီြအိုေအ သတင္းေထာက္ ကိုသက္ႏိုင္က ေမးျမန္း သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ အစိုးရတပ္နဲ႔ AA အဖြဲ႔တို႔ ၂၀၁၉ တႏွစ္လံုးနီးပါး တိုက္ပြဲေတြ ျပင္းထန္ခဲ့ပါတယ္။ အခုလက္ရွိ ၂၀၂၀ ႏွစ္ဆန္းပိုင္းမွာလည္း တိုက္ပြဲေတြက ဆက္လက္ ျဖစ္ပြားေနဆဲပါ။ အခုလိုတိုက္ပြဲေတြ ျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္မွာ လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲကို မက်င္းပျဖစ္မွာ စိုးရိမ္တယ္လို႔ ရခိုင္ျပည္နယ္ ေရြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႔က ဦးေဆာင္ေကာ္မတီဝင္ ကိုခိုင္ ေကာင္းစံကေျပာပါတယ္။

“အဓိကေတာ့ က်ေနာ္တို႔က ေရြးေကာက္ပြဲ မျဖစ္မွာကို စိုးရိမ္တာေပါ့။ ဘာေၾကာင့္လဲ ဆိုေတာ့ မဲေပးတယ္ ဆိုတာ ျပည္သူေတြရဲ႕ အဆင့္အျမင့္ဆံုးတာဝန္ကို ထမ္းေဆာင္တာျဖစ္တယ္။ ေနာက္တစ္ခုက ေရြးေကာက္ပြဲမရွိဘူး ဆိုရင္ အာဏာရွင္အုပ္ခ်ဳပ္တဲ့ စနစ္လိုမ်ိဳး ျဖစ္သြားမွာေပါ့။ အဲတာေၾကာင့္ ျပည္သူေတြအတြက္ ေရြးေကာက္ပြဲရွိဖို႔ လိုအပ္တယ္လို႔ ျမင္တယ္။ ေနာက္တစ္ခု (စစ္အစိုးရေနာက္ပိုင္း) ေရြးေကာက္ပြဲဟာ ၂၀၁၀ ၂၀၁၅ ႏွစ္ႀကိမ္ပဲ ျဖတ္သန္းခဲ့ရတာဆိုေတာ့ ၂၀၂၀ ေရြးေကာက္ပြဲဟာ ၿပီးခဲ့တဲ့ ၂၀၁၀ ၊ ၂၀၁၅ တုန္းက အမွားေတြ သင္ခန္းစာေတြကိုလည္း တစ္ခ်ိဳ႕ျပည္သူေတြက သိေနၾကပါၿပီ။ ၂၀၂၀ ေရြးေကာက္ပြဲမွာ သူတို႔က သူတို႔ အတြက္ ေကာင္းမြန္မယ့္ လြတ္ေတာ္ကိုယ္စားလွယ္ ေကာင္းမြန္တဲ့ ပါတီကို ေရြးခ်ယ္ခြင့္ရၾကမွာေပါ့။”
လက္ရွိအာဏာရပါတီ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD နဲ႔ ရခိုင္ျပည္နယ္မွာ အင္အားႀကီးပါတီတစ္ခုျဖစ္တဲ့ ANP ပါတီတို႕ကေတာ့ ရခိုင္ျပည္နယ္မွာ ေရြးေကာက္ပြဲ က်င္းပႏိုင္ဖို႔ကိုပဲ လိုလားေနၾကပါတယ္။

လက္ရွိအာဏာရပါတီတစ္ခုျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ပါတီခြဲ စစ္ေတြၿမိဳ႕နယ္ပါတီဥကၠဌဦး စံေရႊေက်ာ္ကလည္း ရခိုင္ျပည္နယ္မွာ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲကို ျဖစ္ေစခ်င္တယ္လို႔ ေျပာပါတယ္။

“က်ေနာ္တစ္ေယာက္တည္း ဆႏၵကို ေျပာရမယ္ ဆိုရင္ေတာ့ ေရြးေကာက္ပြဲ ျဖစ္ခ်င္တာေပါ့ဗ်ာ။ ဘာျဖစ္လို႔လည္း ဆိုေတာ့ က်ေနာ္ တို႔ ဒီမိုကေရစီႏိုင္ငံ ဖယ္ဒရယ္ျပည္ေထာင္စုကို သြားေနတဲ့အခါ လြတ္လပ္ၿပီး တရားမ်ွတတဲ့ ေရြး ေကာက္ပြဲကို ျဖစ္ေစခ်င္တယ္။ ဒါေပမယ့္ ၿငိမ္းခ်မ္းဖို႔ေတာ့ လိုတာေပါ့။ ၿငိမ္းခ်မ္းပါေစလို႔လည္း က်ေနာ္တို႔ ဆုေတာင္းရတာေပါ့။ ျဖစ္ေစခ်င္တဲ့သေဘာကို ေျပာတာပါ မျဖစ္ရင္လည္း က်ေနာ္တို႔ ဘာမွမတတ္ႏိုင္ဘူး။ ျဖစ္ေစခ်င္တာကို ေျပာတာပါ အကုန္လံုးၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ဖယ္ဒရယ္ ျပည္ေထာင္စုကို သြားဖို႔အတြက္။”

ေရြးေကာက္ပြဲ ဆိုတာဟာ ပါလီမန္ဒီမိုကေရစီရဲ႕ အႏွစ္သာရျဖစ္တာေၾကာင့္ လာမည့္ ၂၀၂၀ေရြးေကာက္ပြဲကို မျဖစ္မေန က်င္းျပဳလုပ္ဖို႔ လိုအပ္တယ္လို႔ ရခိုင္ျပည္နယ္ရဲ႕ အင္အားႀကီးပါတီ တစ္ခုျဖစ္တဲ့ ရခိုင္အမ်ိဳးသားပါတီ ANP ေျပာခြင့္ရ ဦးခိုင္ျပည္စိုးက ေျပာပါတယ္။

“က်ေနာ္တို႔ဘက္ကေတာ့ ေရြးေကာက္ပြဲဆိုတာ ပါလီမန္ ဒီမိုေရစီအခင္းအက်င္းရဲ႕ အနွစ္သာရတစ္ခုေပါ့ေနာ္။ ပါလီမန္ ဒီမိုေရစီအခင္းအက်င္းရဲ႕ အႏွစ္သာရမွာေတာ့ ေရြးေကာက္ပြဲ တခုကို မျဖစ္မေနလုပ္ဖို႔ လိုအပ္တယ္လို႔ ျမင္ပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာ ေရြးေကာက္ပြဲလုပ္ဖို႔ အတြက္ အခက္အခဲအမ်ားႀကီး ရွိတယ္ဆိုတာကို ေတာ့ က်ေနာ္တို႔ သေဘာေပါက္တယ္။ ဒါေပမယ့္ အဲဒီအခက္အခဲေတြကို အစုိးရနဲ႔ တပ္မေတာ္ ဘယ္လိုေျဖရွင္းမလဲဆိုတဲ့ အေပၚမွာ အမ်ားႀကီးမႈတည္ ေနလိမ့္မယ္လို႔ထင္ပါတယ္။”
တပ္မေတာ္နဲ႔ စစ္ေရး ပဋိပကၡ ျဖစ္ေနတဲ့ ရခိုင္လက္နက္ကိုင္အဖြဲ႔ AA က ရခိုင္ျပည္နယ္မွာ ေရြးေကာက္ပြဲ က်င္းျပဳလုပ္မယ္ ဆိုရင္ သူတို႔နဲ႔ တုိင္ပင္ေဆြးေႏြးရမယ္လို႔လည္း ေျပာဆိုထားပါတယ္။ ရခိုင္ျပည္နယ္တြင္း တပ္မေတာ္နဲ႔ AA တို႔ၾကား တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ ျဖစ္ပြားေနတာဟာ ေရြးေကာက္ပြဲ က်င္းပ ေရးအတြက္ ႀကံဳေနရတဲ့ ႀကီးမားတဲ့ အခက္အခဲ ျဖစ္ေနတာပါ။ ဒီလို အခက္အခဲ ျဖစ္လာေအာင္ ရည္ရြယ္ လုပ္ေဆာင္ေနသလား ဆိုၿပီး သံသယျဖစ္မိတယ္ လို႔လည္း သူကဆက္ေျပာပါတယ္။

“ျမန္မာႏိုင္ငံမွာ ေရြးေကာက္ပြဲကို ျဖစ္ေစခ်င္တဲ့ အုပ္စုနဲ႔ မျဖစ္ေစခ်င္တဲ့ အုပ္စုဆိုၿပီးေတာ့ ေျပာရမလား၊ ရခိုင္ျပည္နယ္မွာ ေရြးေကာက္ပြဲ မျဖစ္ႏိုင္ တမင္တြန္းေနတာလားဆိုၿပီးေတာ့ က်ေနာ္တို႔ သံသယျဖစ္ပါတယ္။ ဆိုလိုတာက ရခိုင္ျပည္နယ္မွာ စစ္ဆင္ေရး လုပ္ကတည္းကေပါ့ေနာ္ ဒီအေနအထား တစ္ခု ျဖစ္လာလိမ့္မယ္လို႔ က်ေနာ္တို႔ အဲသလို ထင္ထားတယ္။ ထင္တဲ့ အတိုင္းလည္း ျဖစ္လာတယ္။ ဆိုေတာ့ ျပည္သူေတြရဲ႕ လြတ္လပ္စြာေျပာဆိုခြင့္ေတြ နည္းပါးသြားလိမ့္မယ္လို႔ အဲသလို သံုးသပ္ပါတယ္။”

အခုလို စစ္ပြဲေတြ ျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္မွာ ေျမျပင္အေနအထားအရ ေရြးေကာက္ပြဲ က်င္းပႏိုင္ဖို႔ အတြက္ လက္နက္ကိုင္အဖြဲ႔ေတြမွာတာဝန္ရွိတာေၾကာင့္ အစုိးရ တပ္မေတာ္နဲ႔ ရခိုင္လက္ နက္ကိုင္ AAအဖြဲ႔တို႔ ေဆြးေႏြးသင့္တယ္လို႔ ႏိုင္ငံေရးပါတီေတြနဲ႔ ေရြးေကာက္ပြဲေလ့လာေစာင့္ေရး အဖြဲ႔က သံုးသပ္ထားၾကပါတယ္။

...............................

ရခိုင်မြောက်ပိုင်း ရွေးကောက်ပွဲမကျင်းပနိုင်မှာ စိုးရိမ်ရ

(Unicode)

အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်မှာကို နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့တွေ စိုးရိမ်နေကြပါတယ်။ လက်ရှိအနေအထားအရ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် အခက်အခဲ များစွာရှိနေတာပါ။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က မေးမြန်း သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ AA အဖွဲ့တို့ ၂၀၁၉ တနှစ်လုံးနီးပါး တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ အခုလက်ရှိ ၂၀၂၀ နှစ်ဆန်းပိုင်းမှာလည်း တိုက်ပွဲတွေက ဆက်လက် ဖြစ်ပွားနေဆဲပါ။ အခုလိုတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို မကျင်းပဖြစ်မှာ စိုးရိမ်တယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့က ဦးဆောင်ကော်မတီဝင် ကိုခိုင် ကောင်းစံကပြောပါတယ်။

“အဓိကတော့ ကျနော်တို့က ရွေးကောက်ပွဲ မဖြစ်မှာကို စိုးရိမ်တာပေါ့။ ဘာကြောင့်လဲ ဆိုတော့ မဲပေးတယ် ဆိုတာ ပြည်သူတွေရဲ့ အဆင့်အမြင့်ဆုံးတာဝန်ကို ထမ်းဆောင်တာဖြစ်တယ်။ နောက်တစ်ခုက ရွေးကောက်ပွဲမရှိဘူး ဆိုရင် အာဏာရှင်အုပ်ချုပ်တဲ့ စနစ်လိုမျိုး ဖြစ်သွားမှာပေါ့။ အဲတာကြောင့် ပြည်သူတွေအတွက် ရွေးကောက်ပွဲရှိဖို့ လိုအပ်တယ်လို့ မြင်တယ်။ နောက်တစ်ခု (စစ်အစိုးရနောက်ပိုင်း) ရွေးကောက်ပွဲဟာ ၂၀၁၀ ၂၀၁၅ နှစ်ကြိမ်ပဲ ဖြတ်သန်းခဲ့ရတာဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၁၀ ၊ ၂၀၁၅ တုန်းက အမှားတွေ သင်ခန်းစာတွေကိုလည်း တစ်ချို့ပြည်သူတွေက သိနေကြပါပြီ။ ၂၀၂၀ ရွေးကောက်ပွဲမှာ သူတို့က သူတို့ အတွက် ကောင်းမွန်မယ့် လွတ်တော်ကိုယ်စားလှယ် ကောင်းမွန်တဲ့ ပါတီကို ရွေးချယ်ခွင့်ရကြမှာပေါ့။”
လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ရခိုင်ပြည်နယ်မှာ အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ANP ပါတီတို့ကတော့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကိုပဲ လိုလားနေကြပါတယ်။

လက်ရှိအာဏာရပါတီတစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခွဲ စစ်တွေမြို့နယ်ပါတီဥက္ကဌဦး စံရွှေကျော်ကလည်း ရခိုင်ပြည်နယ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

“ကျနော်တစ်ယောက်တည်း ဆန္ဒကို ပြောရမယ် ဆိုရင်တော့ ရွေးကောက်ပွဲ ဖြစ်ချင်တာပေါ့ဗျာ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော် တို့ ဒီမိုကရေစီနိုင်ငံ ဖယ်ဒရယ်ပြည်ထောင်စုကို သွားနေတဲ့အခါ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲကို ဖြစ်စေချင်တယ်။ ဒါပေမယ့် ငြိမ်းချမ်းဖို့တော့ လိုတာပေါ့။ ငြိမ်းချမ်းပါစေလို့လည်း ကျနော်တို့ ဆုတောင်းရတာပေါ့။ ဖြစ်စေချင်တဲ့သဘောကို ပြောတာပါ မဖြစ်ရင်လည်း ကျနော်တို့ ဘာမှမတတ်နိုင်ဘူး။ ဖြစ်စေချင်တာကို ပြောတာပါ အကုန်လုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို သွားဖို့အတွက်။”

ရွေးကောက်ပွဲ ဆိုတာဟာ ပါလီမန်ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တာကြောင့် လာမည့် ၂၀၂၀ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပြုလုပ်ဖို့ လိုအပ်တယ်လို့ ရခိုင်ပြည်နယ်ရဲ့ အင်အားကြီးပါတီ တစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ANP ပြောခွင့်ရ ဦးခိုင်ပြည်စိုးက ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ရွေးကောက်ပွဲဆိုတာ ပါလီမန် ဒီမိုရေစီအခင်းအကျင်းရဲ့ အနှစ်သာရတစ်ခုပေါ့နော်။ ပါလီမန် ဒီမိုရေစီအခင်းအကျင်းရဲ့ အနှစ်သာရမှာတော့ ရွေးကောက်ပွဲ တခုကို မဖြစ်မနေလုပ်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ရွေးကောက်ပွဲလုပ်ဖို့ အတွက် အခက်အခဲအများကြီး ရှိတယ်ဆိုတာကို တော့ ကျနော်တို့ သဘောပေါက်တယ်။ ဒါပေမယ့် အဲဒီအခက်အခဲတွေကို အစိုးရနဲ့ တပ်မတော် ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အပေါ်မှာ အများကြီးမှုတည် နေလိမ့်မယ်လို့ထင်ပါတယ်။”
တပ်မတော်နဲ့ စစ်ရေး ပဋိပက္ခ ဖြစ်နေတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပြုလုပ်မယ် ဆိုရင် သူတို့နဲ့ တိုင်ပင်ဆွေးနွေးရမယ်လို့လည်း ပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ်တွင်း တပ်မတော်နဲ့ AA တို့ကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာဟာ ရွေးကောက်ပွဲ ကျင်းပ ရေးအတွက် ကြုံနေရတဲ့ ကြီးမားတဲ့ အခက်အခဲ ဖြစ်နေတာပါ။ ဒီလို အခက်အခဲ ဖြစ်လာအောင် ရည်ရွယ် လုပ်ဆောင်နေသလား ဆိုပြီး သံသယဖြစ်မိတယ် လို့လည်း သူကဆက်ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို ဖြစ်စေချင်တဲ့ အုပ်စုနဲ့ မဖြစ်စေချင်တဲ့ အုပ်စုဆိုပြီးတော့ ပြောရမလား၊ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မဖြစ်နိုင် တမင်တွန်းနေတာလားဆိုပြီးတော့ ကျနော်တို့ သံသယဖြစ်ပါတယ်။ ဆိုလိုတာက ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေး လုပ်ကတည်းကပေါ့နော် ဒီအနေအထား တစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ အဲသလို ထင်ထားတယ်။ ထင်တဲ့ အတိုင်းလည်း ဖြစ်လာတယ်။ ဆိုတော့ ပြည်သူတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်တွေ နည်းပါးသွားလိမ့်မယ်လို့ အဲသလို သုံးသပ်ပါတယ်။”

အခုလို စစ်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ မြေပြင်အနေအထားအရ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အတွက် လက်နက်ကိုင်အဖွဲ့တွေမှာတာဝန်ရှိတာကြောင့် အစိုးရ တပ်မတော်နဲ့ ရခိုင်လက် နက်ကိုင် AAအဖွဲ့တို့ ဆွေးနွေးသင့်တယ်လို့ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲလေ့လာစောင့်ရေး အဖွဲ့က သုံးသပ်ထားကြပါတယ်။

သက္ႏိုင္/VOA (Burmese)
https://burmese.voanews.com
ရခိုင္ေျမာက္ပိုင္း ေရြးေကာက္ပဲြေတြ ထိခိုက္မွာစိုးရိမ္ ရခိုင္ေျမာက္ပိုင္း ေရြးေကာက္ပဲြေတြ ထိခိုက္မွာစိုးရိမ္ Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.