ညမထြက္ရအမိန႔္ထုတ္ထားတဲ့ ေျမာက္ဦးမွာ ညပိုင္းအေရးေပၚက်န္းမာေရးေစာင့္ေရွာက္မႈေပးဖို႔ ဒုကၡသည္ေတြေတာင္းဆို

ညမထြက္ရအမိန႔္ေၾကာင့္ အေရးေပၚေဆးဝါးကုသမႈခံယူဖို႔ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရ
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕မွာ ည ၉ နာရီကေန မနက္ ၅ နာရီအထိ ညမထြက္ရအမိန႔္ (ကာဖ်ဴး) ထုတ္ျပန္ထားတာေၾကာင့္ ေျမာက္ဦးၿမိဳ႕ေပၚမွာရွိေနတဲ့ ေဒသခံေတြနဲ႔ စစ္ေဘးဒုကၡသည္ေတြဟာ အေရးေပၚေဆးဝါးကုသမႈခံယူဖို႔ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရတယ္လို႔ ဘီဘီစီကိုေျပာပါတယ္။

အမိန႔္ထုတ္ျပန္ထားတဲ့အခ်ိန္အတြင္းက်န္းမာေရးကိစၥေၾကာင့္ ၿမိဳ႕ျပင္မွာရွိတဲ့ ေဆး႐ုံႀကီးကိုသြားဖို႔ အေရးေပၚကား ေခၚယူလို႔မရတာေတြ၊ ေဒသခံကားသမားေတြက ပစ္ခတ္ခံရမွာကိုစိုးရိမ္ၿပီး မလိုက္ရဲၾကတာေၾကာင့္ အခက္ႀကဳံေနၾကရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ဒါေၾကာင့္ အလြယ္တကူူေဆးဝါးကုသမႈခံယူႏိုင္ေရးအတြက္ ဒုကၡသည္စခန္းဒါမွမဟုတ္ ၿမိဳ႕တြင္း တစ္ေနရာမွာ ေဆးခန္းတစ္ခုေလာက္ဖြင့္လွစ္ေပးဖို႔အတြက္ စစ္ေဘးေရွာင္ဒုကၡသည္ေတြက ေတာင္းဆို ၾကပါတယ္။

''ေဆး႐ုံသြားတဲ့လမ္း ေငြေတာင္ေပါက္တံတားထိပ္မွာ စစ္တပ္ကရွိေနတဲ့အတြက္ အေရးေပၚကားေတြ မလာရဲတာလည္းမမွားဘူး။ ကြၽန္ေတာ္တို႔ကလည္း လူကိုယ္တိုင္သယ္သြားမွာကလည္း ခဲယဥ္းပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔မွာ က်န္းမာေရးအခက္အခဲရွိပါတယ္။ ဒီျပႆနာကိုေျဖရွင္းဖို႔အတြက္ ဒီတိုင္းဆိုရင္ ကြၽန္ေတာ္တို႔ ေသစရာလမ္းပဲရွိတယ္။ ၿမိဳ႕မိၿမိဳ႕ဖေတြအေနနဲ႔ စခန္းမွာမဟုတ္ေတာင္ ၿမိဳ႕ထဲမွာျဖစ္ျဖစ္ လြယ္လြယ္ကူကူ ေဆးကုသႏိုင္ေအာင္ ေဆးခန္းတစ္ခန္းေလာက္ေတာ့ ထားသင့္တယ္လို႔ ေမွ်ာ္လင့္ပါတယ္။''လို႔ လက္ေကာက္စခန္းမွာေနထိုင္တဲ့ ဒုကၡသည္တစ္ဦးကေျပာပါတယ္။

ေျမာက္ဦးၿမိဳထဲကေန ေဆး႐ုံရွိတဲ့ ထမၼရာဇ္ၿမိဳ႕သစ္ကို တစ္မိုင္ေလာက္သာကြာေဝးေပမယ့္ အဲ့ဒီေဆး႐ုံကို သြားတဲ့လမ္းမွ ရွိတဲ့ ေငြေတာင္ေပါက္တံတားမွာ တပ္မေတာ္တပ္စခန္းေတြရွိေနတဲ့အတြက္ မသြားရဲၾက သလို ဌာနဆိုင္ရာေတြနဲ႔လည္း ဆက္စပ္မႈမရွိတာေၾကာင့္ အခုလိုေတာင္းဆိုၾကရတာလို႔ ဒုကၡသည္အခ်ိဳ႕ကေျပာပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
ညမထွက်ရအမိန့်ကြောင့် အရေးပေါ်ဆေးဝါးကုသမှုခံယူဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရ
ညမထွက်ရအမိန့်ထုတ်ထားတဲ့ မြောက်ဦးမှာ ညပိုင်းအရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဒုက္ခသည်တွေတောင်းဆို

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် (ကာဖျူး) ထုတ်ပြန်ထားတာကြောင့် မြောက်ဦးမြို့ပေါ်မှာရှိနေတဲ့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေဟာ အရေးပေါ်ဆေးဝါးကုသမှုခံယူဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဘီဘီစီကိုပြောပါတယ်။

အမိန့်ထုတ်ပြန်ထားတဲ့အချိန်အတွင်းကျန်းမာရေးကိစ္စကြောင့် မြို့ပြင်မှာရှိတဲ့ ဆေးရုံကြီးကိုသွားဖို့ အရေးပေါ်ကား ခေါ်ယူလို့မရတာတွေ၊ ဒေသခံကားသမားတွေက ပစ်ခတ်ခံရမှာကိုစိုးရိမ်ပြီး မလိုက်ရဲကြတာကြောင့် အခက်ကြုံနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါကြောင့် အလွယ်တကူူဆေးဝါးကုသမှုခံယူနိုင်ရေးအတွက် ဒုက္ခသည်စခန်းဒါမှမဟုတ် မြို့တွင်း တစ်နေရာမှာ ဆေးခန်းတစ်ခုလောက်ဖွင့်လှစ်ပေးဖို့အတွက် စစ်ဘေးရှောင်ဒုက္ခသည်တွေက တောင်းဆို ကြပါတယ်။

''ဆေးရုံသွားတဲ့လမ်း ငွေတောင်ပေါက်တံတားထိပ်မှာ စစ်တပ်ကရှိနေတဲ့အတွက် အရေးပေါ်ကားတွေ မလာရဲတာလည်းမမှားဘူး။ ကျွန်တော်တို့ကလည်း လူကိုယ်တိုင်သယ်သွားမှာကလည်း ခဲယဉ်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ကျန်းမာရေးအခက်အခဲရှိပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် ဒီတိုင်းဆိုရင် ကျွန်တော်တို့ သေစရာလမ်းပဲရှိတယ်။ မြို့မိမြို့ဖတွေအနေနဲ့ စခန်းမှာမဟုတ်တောင် မြို့ထဲမှာဖြစ်ဖြစ် လွယ်လွယ်ကူကူ ဆေးကုသနိုင်အောင် ဆေးခန်းတစ်ခန်းလောက်တော့ ထားသင့်တယ်လို့ မျှော်လင့်ပါတယ်။''လို့ လက်ကောက်စခန်းမှာနေထိုင်တဲ့ ဒုက္ခသည်တစ်ဦးကပြောပါတယ်။

မြောက်ဦးမြိုထဲကနေ ဆေးရုံရှိတဲ့ ထမ္မရာဇ်မြို့သစ်ကို တစ်မိုင်လောက်သာကွာဝေးပေမယ့် အဲ့ဒီဆေးရုံကို သွားတဲ့လမ်းမှ ရှိတဲ့ ငွေတောင်ပေါက်တံတားမှာ တပ်မတော်တပ်စခန်းတွေရှိနေတဲ့အတွက် မသွားရဲကြ သလို ဌာနဆိုင်ရာတွေနဲ့လည်း ဆက်စပ်မှုမရှိတာကြောင့် အခုလိုတောင်းဆိုကြရတာလို့ ဒုက္ခသည်အချို့ကပြောပါတယ်။

BBC Burmese
https://www.bbc.com
ညမထြက္ရအမိန႔္ထုတ္ထားတဲ့ ေျမာက္ဦးမွာ ညပိုင္းအေရးေပၚက်န္းမာေရးေစာင့္ေရွာက္မႈေပးဖို႔ ဒုကၡသည္ေတြေတာင္းဆို ညမထြက္ရအမိန႔္ထုတ္ထားတဲ့ ေျမာက္ဦးမွာ ညပိုင္းအေရးေပၚက်န္းမာေရးေစာင့္ေရွာက္မႈေပးဖို႔ ဒုကၡသည္ေတြေတာင္းဆို Reviewed by THITHTOOLWIN on 23:12 Rating: 5
Powered by Blogger.