ပလက္ဝမွာ လုံၿခဳံေရးေၾကာင့္ ေက်ာင္းဆရာ၊ဆရာမေတြ ေျပာင္းေ႐ႊ႕ခြင့္တင္တာ ရာနဲ႔ခ်ီရွိေန

၂၀၁၉ မွာ လုံး၀ ပိတ္ထားရတဲ့ ေက်ာင္းေတြ ရွိလာ
(Zawgyi)⤵⤵⤵
ပလက္ဝၿမိဳ႕နယ္ထဲမွာ တိုက္ပြဲေတြ မၾကာခဏ ျဖစ္ေနတာေၾကာင့္ တစ္ခ်ိဳ႕ေက်ာင္းေတြမွာ ေက်ာင္းဆရာ ဆရာမေတြ မလာေရာက္တာေတြ ရွိသလို တျခားေဒသက လာၿပီး တာဝန္က်ေနတဲ့ ဆရာဆရာမေတြ လည္း နယ္ေျမမလုံၿခဳံမႈေၾကာင့္ ေျပာင္းေ႐ႊ႕ခြင့္စာေတြ တင္လာၾကတယ္လို႔ ပလက္ဝၿမိဳ႕နယ္ ပညာေရးမႉး ဆလိုင္းေအာင္မင္းက ဘီဘီစီကို ေျပာပါတယ္။

အခု ေလွ်ာက္လႊာတင္သူေတြကေတာ့ ပလက္ဝမွာ အနည္းဆုံး တစ္ႏွစ္တာဝန္ထမ္းေဆာင္ၿပီးတဲ့ ဆရာ ဆရာမေတြျဖစ္ၿပီး လာတင္ထားတဲ့ ေလွ်ာက္လႊာ ခန႔္မွန္းေခ် တစ္ရာေက်ာ္ေလာက္ရွိတယ္လို႔ ပလက္၀ ပညာေရးမႉးက ဆိုပါတယ္။

' ' တိုက္ပြဲျဖစ္တဲ့အခ်ိန္မွာသြားလို႔မရတာတို႔ ။ေျပာမယ္ဆိုရင္ ေၾကာက္တာလည္းပါတယ္ေပါ့ ေလ။ ေက်ာင္းအုပ္ဆရာတစ္ေယာက္ရက္ရက္စက္စက္သတ္တာေတြ႕ရၿပီးေနာက္မွာ ဆရာ၊ဆရာမ ေတြကအမ်ား အားျဖင့္ လန႔္ၾကတယ္။ မသြားရဲမလာရဲျဖစ္ေနၾကတယ္။''လို႔ ပလက္ဝပညာေရးမႉးကေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္ထဲက ႐ြာတစ္ခ်ိဳ႕မွာ ဖုန္းလိုင္းအဆက္အသြယ္မေကာင္းတဲ့အျပင္ တိုက္ပြဲေတြကလည္း ပိုျပင္းထန္လာၿပီးေတာ့ ေက်း႐ြာေတာ္ေတာ္မ်ားမ်ားဟာ စစ္ေဘးေရွာင္ေနရတာေၾကာင့္ ဆရာ ဆရာမ တစ္ခ်ိဳ႕က တာဝန္က်ရာ ေဒသေတြကို သြားဖို႔ကို ျငင္းဆန္လာတာေတြရွိတယ္လို႔ ပလက္ဝေဒသ ခံ ေက်ာင္းဆရာ တစ္ဦးျဖစ္တဲ့ ဆရာေအာင္လင္းေဟြ႕က ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္ထဲမွာ စစ္ေဘးေၾကာင့္ ထြက္ေျပးတိမ္းေရွာင္သြားရတဲ့ ႐ြာေတြ (၁၀ )႐ြာမက ရွိေနၿပီး အဲဒီ႐ြာေတြက ေက်ာင္းေတြကေတာ့ လုံး၀ ပိတ္ထားရတဲ့ အေျခအေနမွာ ရွိေနတယ္လို႔ ဆရာ ေအာင္လင္းေဟြ႕ ေဒသရဲ႕ ပညာေရးအေျခအေနကို ေျပာျပပါတယ္။

' ' ဆီေတာင္ရယ္ ခေမာင္းဝရယ္ဆိုမဖြင့္ေတာ့ဘူး။ ႐ြာေတြကလည္းမရွိေတာ့ဘူး။ ေက်ာင္းေတြကလည္း ဖြင့္လိုက္ပိတ္လိုက္နဲ႔ဆိုေတာ့ စာသင္ရတာလည္း စိတ္အေႏွာင့္အယွက္ျဖစ္တာေပါ့။ ကေလးေတြ ကိုယ္တိုင္ေတာင္မွ ။ စိတ္ပါလက္ပါလည္းသင္ယူလို႔မရဘူးျဖစ္ေနတာေပါ့''လို႔ ဆရာေအာင္လင္း ေဟြ႕က ေျပာျပပါတယ္။

ပလက္ဝၿမိဳ႕နယ္မွာ မူလတန္း အလယ္တန္း အထက္တန္း ေက်ာင္းေပါင္း ၃၈၄ ေက်ာင္းရွိၿပီး ၂၀၁၉ မွာ လုံး၀ ပိတ္ထားရတဲ့ ေက်ာင္းေတြအထိ ရွိခဲ့တယ္လို႔ ေဒသခံေက်ာင္းဆရာေတြက ေျပာပါတယ္။

ဒီလို ပိတ္ထားရတဲ့ ေက်ာင္းေတြေနရာမွာ ေဒသခံ လုပ္အားေပး ေက်ာင္းဆရာ ဆရာမေတြကို အစားထိုး ခန႔္အပ္ထားၿပီျဖစ္ေပမယ့္ သင္တန္းမရေသးတဲ့ ဝန္ထမ္းေတြျဖစ္တာေၾကာင့္ ေဒသရဲ႕ ပညာေရးမွာ ထိထိေရာက္ေရာက္ မသင္ႏိုင္ေသးတာေၾကာင့္ အားနည္းခ်က္ေတြရွိေနတယ္လို႔ ပလက္၀ ၿမိဳ႕နယ္ ပညာေရးမႉးက ဘီဘီစီကို ေျပာပါတယ္။

ဒီလပိုင္းထဲမွာပဲ ပလက္ဝၿမိဳ႕နယ္အတြင္းဆီးဖေလာင္းေက်း႐ြာမွာေနထိုင္တဲ့ ေက်ာင္းဆရာ ဦးေအာေဗလ ဟာ လက္နက္ကိုင္ေဆာင္ထားသူအခ်ိဳ႕ရဲ႕ေခၚေဆာင္မႈကိုခံရၿပီးေနာက္ ေတာထဲမွာ ေသဆုံးလွ်က္ျပန္ ေတြ႕ခဲ့ရပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
ပလက်ဝမှာ လုံခြုံရေးကြောင့် ကျောင်းဆရာ၊ဆရာမတွေ ပြောင်းရွှေ့ခွင့်တင်တာ ရာနဲ့ချီရှိနေ

ဓာတ်ပုံ မူပိုင် Kyaw Aungkhumi
Image caption ၂၀၁၉ မှာ လုံး၀ ပိတ်ထားရတဲ့ ကျောင်းတွေ ရှိလာ

ပလက်ဝမြို့နယ်ထဲမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာကြောင့် တစ်ချို့ကျောင်းတွေမှာ ကျောင်းဆရာ ဆရာမတွေ မလာရောက်တာတွေ ရှိသလို တခြားဒေသက လာပြီး တာဝန်ကျနေတဲ့ ဆရာဆရာမတွေ လည်း နယ်မြေမလုံခြုံမှုကြောင့် ပြောင်းရွှေ့ခွင့်စာတွေ တင်လာကြတယ်လို့ ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းက ဘီဘီစီကို ပြောပါတယ်။

အခု လျှောက်လွှာတင်သူတွေကတော့ ပလက်ဝမှာ အနည်းဆုံး တစ်နှစ်တာဝန်ထမ်းဆောင်ပြီးတဲ့ ဆရာ ဆရာမတွေဖြစ်ပြီး လာတင်ထားတဲ့ လျှောက်လွှာ ခန့်မှန်းချေ တစ်ရာကျော်လောက်ရှိတယ်လို့ ပလက်၀ ပညာရေးမှူးက ဆိုပါတယ်။

' ' တိုက်ပွဲဖြစ်တဲ့အချိန်မှာသွားလို့မရတာတို့ ။ပြောမယ်ဆိုရင် ကြောက်တာလည်းပါတယ်ပေါ့ လေ။ ကျောင်းအုပ်ဆရာတစ်ယောက်ရက်ရက်စက်စက်သတ်တာတွေ့ရပြီးနောက်မှာ ဆရာ၊ဆရာမ တွေကအများ အားဖြင့် လန့်ကြတယ်။ မသွားရဲမလာရဲဖြစ်နေကြတယ်။''လို့ ပလက်ဝပညာရေးမှူးကပြောပါတယ်။

ပလက်ဝမြို့နယ်ထဲက ရွာတစ်ချို့မှာ ဖုန်းလိုင်းအဆက်အသွယ်မကောင်းတဲ့အပြင် တိုက်ပွဲတွေကလည်း ပိုပြင်းထန်လာပြီးတော့ ကျေးရွာတော်တော်များများဟာ စစ်ဘေးရှောင်နေရတာကြောင့် ဆရာ ဆရာမ တစ်ချို့က တာဝန်ကျရာ ဒေသတွေကို သွားဖို့ကို ငြင်းဆန်လာတာတွေရှိတယ်လို့ ပလက်ဝဒေသ ခံ ကျောင်းဆရာ တစ်ဦးဖြစ်တဲ့ ဆရာအောင်လင်းဟွေ့က ပြောပါတယ်။

ပလက်ဝမြို့နယ်ထဲမှာ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်သွားရတဲ့ ရွာတွေ (၁၀ )ရွာမက ရှိနေပြီး အဲဒီရွာတွေက ကျောင်းတွေကတော့ လုံး၀ ပိတ်ထားရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆရာ အောင်လင်းဟွေ့ ဒေသရဲ့ ပညာရေးအခြေအနေကို ပြောပြပါတယ်။

' ' ဆီတောင်ရယ် ခမောင်းဝရယ်ဆိုမဖွင့်တော့ဘူး။ ရွာတွေကလည်းမရှိတော့ဘူး။ ကျောင်းတွေကလည်း ဖွင့်လိုက်ပိတ်လိုက်နဲ့ဆိုတော့ စာသင်ရတာလည်း စိတ်အနှောင့်အယှက်ဖြစ်တာပေါ့။ ကလေးတွေ ကိုယ်တိုင်တောင်မှ ။ စိတ်ပါလက်ပါလည်းသင်ယူလို့မရဘူးဖြစ်နေတာပေါ့''လို့ ဆရာအောင်လင်း ဟွေ့က ပြောပြပါတယ်။

ပလက်ဝမြို့နယ်မှာ မူလတန်း အလယ်တန်း အထက်တန်း ကျောင်းပေါင်း ၃၈၄ ကျောင်းရှိပြီး ၂၀၁၉ မှာ လုံး၀ ပိတ်ထားရတဲ့ ကျောင်းတွေအထိ ရှိခဲ့တယ်လို့ ဒေသခံကျောင်းဆရာတွေက ပြောပါတယ်။

ဒီလို ပိတ်ထားရတဲ့ ကျောင်းတွေနေရာမှာ ဒေသခံ လုပ်အားပေး ကျောင်းဆရာ ဆရာမတွေကို အစားထိုး ခန့်အပ်ထားပြီဖြစ်ပေမယ့် သင်တန်းမရသေးတဲ့ ဝန်ထမ်းတွေဖြစ်တာကြောင့် ဒေသရဲ့ ပညာရေးမှာ ထိထိရောက်ရောက် မသင်နိုင်သေးတာကြောင့် အားနည်းချက်တွေရှိနေတယ်လို့ ပလက်၀ မြို့နယ် ပညာရေးမှူးက ဘီဘီစီကို ပြောပါတယ်။

ဒီလပိုင်းထဲမှာပဲ ပလက်ဝမြို့နယ်အတွင်းဆီးဖလောင်းကျေးရွာမှာနေထိုင်တဲ့ ကျောင်းဆရာ ဦးအောဗေလ ဟာ လက်နက်ကိုင်ဆောင်ထားသူအချို့ရဲ့ခေါ်ဆောင်မှုကိုခံရပြီးနောက် တောထဲမှာ သေဆုံးလျှက်ပြန် တွေ့ခဲ့ရပါတယ်။

BBC Burmese
https://www.bbc.com
ပလက္ဝမွာ လုံၿခဳံေရးေၾကာင့္ ေက်ာင္းဆရာ၊ဆရာမေတြ ေျပာင္းေ႐ႊ႕ခြင့္တင္တာ ရာနဲ႔ခ်ီရွိေန ပလက္ဝမွာ လုံၿခဳံေရးေၾကာင့္ ေက်ာင္းဆရာ၊ဆရာမေတြ ေျပာင္းေ႐ႊ႕ခြင့္တင္တာ ရာနဲ႔ခ်ီရွိေန Reviewed by THITHTOOLWIN on 23:14 Rating: 5
Powered by Blogger.