
(Zawgyi)⤵⤵⤵
မန္တလေး ဇန်နဝါရီ ၁၈





တင်ဇာလှိုင်
Myanmaalinn
------------
(Unicode)⤵⤵⤵
မန္တလေး ဧရာဝတီမြစ်အတွင်း မင်ကွန်း - မန္တလေး ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကာ လူ လေးဦး ထိခိုက်ဒဏ်ရာရရှိ

မန္တလေး ဇန်နဝါရီ ၁၈

မန္တလေးမြို့ ၊ ပုသိမ်ကြီးမြို့နယ်၊ မရမ်းခြံဆိပ်ကမ်း ဧရာဝတီမြစ် အတွင်းတွင် ဇန်နဝါရီ ၁၇ ရက် ညနေ ၄ နာရီ ၅ မိနစ် ခန့်က မင်ကွန်း - မန္တလေး ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ ၄ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှုများမှာအလျား ၆၀ပေ၊ အနံ ၁၅ပေ၊ စောက်က ၄ပေ ကူးတို့ရေယာဉ်တစ်စီး တစ်စီး၊ လှောင်အိမ်ထဲ (ဝမ်းထဲ)တွင် ဒီဇယ်ပေပါ ၇ လုံး၊ ဒီဇယ်ပေပါ ၈ လုံး (ဂါလံ ၄၀၀)၊ ရေခဲသေတ္တာ၊ တီဗွီ၊ အဲယားကွန်း မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်စဉ် ရေယာဉ်အနီး ရေချိုးနေကြသော အမျိုးသား ၃ ယောက် အမျိုးသမီး ၁ ယောက် စုစုပေါင်း ၄ ယောက် မီးအဟပ်ခံရ၍ ထိခိုက်ဒဏ်ရာရမှုကြောင့် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုသည် ညနေ ၄ နာရီ ၅ မိနစ်တွင် စတင်လောင် ကျွမ်းပြီး ညနေ ၄နာရီ ၅၅ မိနစ်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် Level 2အဆင့်ရှိပြီး ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးသတ်ယာဉ် ၃၀စီး၊ အုပ်ချုပ်မှုယာဉ် ၃စီး၊ အထောက်ကူပြုယာဉ် ၅စီး၊ သံန္ဓေ ၇၅ဦး၊ အရံ ၁၈၀ဦးဖြင့် ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

တင်ဇာလှိုင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မန္တလေး ဧရာဝတီမြစ်အတွင်း မင်ကွန်း - မန္တလေး ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကာ လူ လေးဦး ထိခိုက်ဒဏ်ရာရရှိ မန္တလေး ဧရာဝတီမြစ်အတွင်း မင်ကွန်း - မန္တလေး ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကာ လူ လေးဦး ထိခိုက်ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 03:37 Rating: 5
Powered by Blogger.