ျမန္မာ့အေရး ႏိုင္ငံတကာအေရးယူမႈ တ႐ုတ္ဟန္႔တားမႈမလုပ္ဖို႔ AI တိုက္တြန္း


(Zawgyi/Unicode)

ျမန္မာႏုိင္ငံက လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအတြက္ တာ၀န္ခံမႈရွိေရး ႏုိင္ငံတကာရဲ႕ ႀကိဳးပမ္းမႈေတြကို တ႐ုတ္ႏုိင္ငံက ဟန္႔တားတာေတြ မလုပ္ဖုိ႔နဲ႔ ျမန္မာႏုိင္ငံက ဖြ႔ံၿဖိဳးေရး လုပ္ငန္းေတြမွာ ပြင့္လင္းျမင္သာမႈရွိေရး ႏုိင္ငံတကာ လူ႔အခြင့္အေရး လႈပ္ရွားမႈအဖဲြ႔တခုျဖစ္တဲ့ Amnesty International က တုိက္တြန္းလုိက္ပါတယ္။

ကုလသမဂၢ လုံၿခံဳေရးေကာင္စီမွာ ဗီတုိအာဏာ ပုိင္ဆုိင္ထားတဲ့ တ႐ုတ္ႏုိင္ငံအေနနဲ႔ ျမန္မာႏုိင္ငံက စစ္ေခါင္းေဆာင္ေတြ တာ၀န္ခံမႈရွိေအာင္ ႀကိဳးပမ္းေနတာေတြကုိ ဟန္႔တားမႈေတြ မလုပ္ဖုိ႔ တ႐ုတ္သမၼတ Xi Jinping ရဲ႕ ခရီးစဥ္မတုိင္ခင္ ဒီေန႔မွာပဲ ေၾကညာခ်က္ထုတ္ျပန္ တုိက္တြန္းလုိက္တာပါ။

တ႐ုတ္ႏုိင္ငံရဲ႕ လုပ္ရပ္ဟာ ႏုိင္ငံတ၀ွမ္းက လူနည္းစုေတြအေပၚ က်ဳးလြန္တဲ့ စစ္ရာဇ၀တ္မႈေတြနဲ႔ ႀကီးေလးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို အားေပးရာ ေရာက္ႏုိင္တယ္လုိ႔လည္း Amnesty International အဖဲြ႔ရဲ႕ အေရွ႕ေတာင္အာရွေရးရာ ညႊန္ၾကားေရးမွဴး Nicholas Bequelin က ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ ႐ုိဟင္ဂ်ာ ဒုကၡသည္ တသန္းေလာက္ ေရာက္ေနသလုိ၊ ၆ သိန္းေလာက္ဟာလည္း ျမန္မာႏုိင္ငံထဲမွာ ဆုိးရြားတဲ့ အေျခအေနေတြေအာက္ ေနထုိင္ေနရေၾကာင္းနဲ႔ ျပႆနာကုိ ေျဖရွင္းဖုိ႔ ႀကိဳးပမ္းရာမွာ ျမန္မာအစုိးရအေပၚ တ႐ုတ္ႏုိင္ငံက ဖိအားေပးဖုိ႔ ပ်က္ကြက္ခဲ့မယ္ဆုိရင္ ထိေရာက္မႈရွိမွာမဟုတ္သလုိ ဆုိးက်ဳိးေတြသာ ေပၚေပါက္ႏုိင္တယ္လုိ႔လည္း သတိေပးခဲ့တာပါ။

႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ လက္မခံတဲ့ ျမန္မာအစုိးရကေတာ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြနဲ႔ ပတ္သက္လုိ႔ ႏုိင္ငံတကာက စြပ္စဲြေနသေလာက္ က်ဳးလြန္ခဲ့တာ မရွိေၾကာင္း ျငင္းဆန္ထားေပမဲ့ ဒုကၡသည္ေတြကုိ ျပန္လက္ခံဖုိ႔ အသင့္ရွိေၾကာင္း ေျပာဆုိထားပါတယ္။ Amnesty International ရဲ႕ ထုတ္ျပန္ခ်က္မွာပဲ တ႐ုတ္သမၼတရဲ႕ ျမန္မာႏုိင္ငံခရီးစဥ္အတြင္း အေရးႀကီးတဲ့ စီးပြားေရးနဲ႔ အေျခခံအေဆာက္အအုံ စီမံကိန္းေတြကုိ လက္မွတ္ေရးထုိးမယ္လုိ႔ ေမွ်ာ္လင့္ထားေပမဲ့ ပြင့္လင္းျမင္သာမႈေတြ အားနည္းေနတဲ့အေပၚ စိတ္ပ်က္ေၾကာင္းလည္း ေျပာဆုိထားတာပါ။ စီမံကိန္းေတြကုိ အေကာင္အထည္ေဖာ္ရာမွာ လူမႈအသုိင္းအ၀န္းေတြနဲ႔ လူ႔အခြင့္အေရး၊ ပြင့္လင္းျမင္သာမႈကိစၥေတြကုိ တုိင္ပင္ညွိႏႈိင္းဖုိ႔ အေရးႀကီးေၾကာင္းလည္း သတိေပးထားပါတယ္။

.....................

မြန်မာ့အရေး နိုင်ငံတကာအရေးယူမှု တရုတ်ဟန့်တားမှုမလုပ်ဖို့ AI တိုက်တွန်း

(Unicode)

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိရေး နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကို တရုတ်နိုင်ငံက ဟန့်တားတာတွေ မလုပ်ဖို့နဲ့ မြန်မာနိုင်ငံက ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိရေး နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Amnesty International က တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာ ပိုင်ဆိုင်ထားတဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေ တာဝန်ခံမှုရှိအောင် ကြိုးပမ်းနေတာတွေကို ဟန့်တားမှုတွေ မလုပ်ဖို့ တရုတ်သမ္မတ Xi Jinping ရဲ့ ခရီးစဉ်မတိုင်ခင် ဒီနေ့မှာပဲ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

တရုတ်နိုင်ငံရဲ့ လုပ်ရပ်ဟာ နိုင်ငံတဝှမ်းက လူနည်းစုတွေအပေါ် ကျုးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အားပေးရာ ရောက်နိုင်တယ်လို့လည်း Amnesty International အဖွဲ့ရဲ့ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး Nicholas Bequelin က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာ ဒုက္ခသည် တသန်းလောက် ရောက်နေသလို၊ ၆ သိန်းလောက်ဟာလည်း မြန်မာနိုင်ငံထဲမှာ ဆိုးရွားတဲ့ အခြေအနေတွေအောက် နေထိုင်နေရကြောင်းနဲ့ ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းရာမှာ မြန်မာအစိုးရအပေါ် တရုတ်နိုင်ငံက ဖိအားပေးဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ထိရောက်မှုရှိမှာမဟုတ်သလို ဆိုးကျိုးတွေသာ ပေါ်ပေါက်နိုင်တယ်လို့လည်း သတိပေးခဲ့တာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်မခံတဲ့ မြန်မာအစိုးရကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက စွပ်စွဲနေသလောက် ကျုးလွန်ခဲ့တာ မရှိကြောင်း ငြင်းဆန်ထားပေမဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ အသင့်ရှိကြောင်း ပြောဆိုထားပါတယ်။ Amnesty International ရဲ့ ထုတ်ပြန်ချက်မှာပဲ တရုတ်သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း အရေးကြီးတဲ့ စီးပွားရေးနဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေကို လက်မှတ်ရေးထိုးမယ်လို့ မျှော်လင့်ထားပေမဲ့ ပွင့်လင်းမြင်သာမှုတွေ အားနည်းနေတဲ့အပေါ် စိတ်ပျက်ကြောင်းလည်း ပြောဆိုထားတာပါ။ စီမံကိန်းတွေကို အကောင်အထည်ဖော်ရာမှာ လူမှုအသိုင်းအဝန်းတွေနဲ့ လူ့အခွင့်အရေး၊ ပွင့်လင်းမြင်သာမှုကိစ္စတွေကို တိုင်ပင်ညှိနှိုင်းဖို့ အရေးကြီးကြောင်းလည်း သတိပေးထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
ျမန္မာ့အေရး ႏိုင္ငံတကာအေရးယူမႈ တ႐ုတ္ဟန္႔တားမႈမလုပ္ဖို႔ AI တိုက္တြန္း ျမန္မာ့အေရး ႏိုင္ငံတကာအေရးယူမႈ တ႐ုတ္ဟန္႔တားမႈမလုပ္ဖို႔ AI တိုက္တြန္း Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.