တ႐ုတ္-ျမန္မာနယ္စပ္ ေ႐ႊလီၿမိဳ႕မွာ ျမန္မာႏိုင္ငံသားေတြ ဖမ္းဆီးခံေနရ

ျမန္မာ-တ႐ုတ္နယ္စပ္ ေ႐ႊလီနယ္စပ္တံတားဝင္ေပါက္ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ျမန္မာ-တ႐ုတ္နယ္စပ္ က်ယ္ေဂါင္နဲ႔ေ႐ႊလီၿမိဳ႕ေတြမွာ အခုရက္ပိုင္း ျမန္မာႏိုင္ငံသားေတြ ဖမ္းဆီးခံရမႈေတြ ဆက္တိုက္ဆိုသလိုျဖစ္လာေနတယ္လို႔ ေ႐ႊလီနဲ႔မူဆယ္ၿမိဳ႕ေတြမွာေနထိုင္တဲ့ ပရဟိတအဖြဲ႕ တာဝန္ရွိသူေတြက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳ႕မွာဆိုရင္ အေထာက္အထားမရွိတဲ့ ျမန္မာႏိုင္ငံသားေတြကို သူတို႔ေနထိုင္တဲ့ တိုက္ခန္းေတြ ထဲအထိ ဝင္ေရာက္ဖမ္းဆီးတာမ်ိဳးရွိတယ္လို႔  ေ႐ႊလီၿမိဳ႕ လူမႈကူညီေရးအသင္း က ဦးစိန္ျမင့္ ကေျပာပါတယ္။

ဖမ္းဆီးမႈေတြနဲ႔ပတ္သက္လို႔ တ႐ုတ္ဘက္က ျမန္မာဘက္အျခမ္းကိုေတာ့ ဘာမွအေၾကာင္းၾကားတာမ်ိဳးမရွိဘူးလို႔ မူဆယ္ခ႐ိုင္အုပ္ခ်ဳပ္ေရးအဖြဲ႕က တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ေနထိုင္ခြင့္စာအုပ္မရွိတဲ့ ျမန္မာႏိုင္ငံသားေတြကို အခုလ ၂၀ ရက္ေန႔ ေနာက္ဆုံးထားထြက္ေပးဖို႔ဆိုတဲ့သတင္းေတြ နယ္စပ္မွာထြက္ေပၚေနမယ့္ တ႐ုတ္ဘက္ကတရားဝင္ အေၾကာင္းၾကားတာမ်ိဳးမရွိေၾကာင္း အရင္ကလည္း တ႐ုတ္ႏွစ္ကူးလေတြမွာ ဒီလိုပဲဖမ္းဆီးမႈေတြရွိတတ္ေၾကာင္း လဝက အရာရွိတစ္ဦးကေျပာပါတယ္။

ၿပီးခဲ့တဲ့ ေလးရက္အတြင္း ေ႐ႊလီဘက္မွာ အေထာက္အထားမျပည္စုံတဲ့ ျမန္မာႏိုင္ငံသား ၂၄၀ ကို ဖမ္းဆီးထားၿပီး အဲအထဲက အသက္ ၁၈ ႏွစ္ မျပည့္တဲ့သူေတြနဲ႔  က်န္းမာေရးမေကာင္းတဲ့သူတခ်ိဳ႕ကိုေတာ့ ျပန္လႊတ္ေပးတယ္လို႔ မူဆယ္ၿမိဳ႕ က႐ုဏာလူမႈကူညီေရးအသင္းက ဦးေသာင္းထြန္း ေျပာပါတယ္။

မူဆယ္နယ္စပ္ကေန တ႐ုတ္ႏိုင္ငံကို သြားေရာက္တဲ့အခါမွာ လည္ပတ္ခြင့္ကဒ္၊  စာအုပ္အနီေတြကို နယ္စပ္ ဂိတ္ေတြမွာ တံဆိပ္႐ိုက္ႏွိပ္ၿပီး သြားလာၾကရတာပါ။

ျမန္မာျပည္မကလာတဲ့သူေတြဆိုရင္ တစ္ပတ္ေနထိုင္ခြင့္ကဒ္နဲ႔ ရွမ္းျပည္ေျမာက္ပိုင္းမွာ ေနထိုင္သူေတြကို စာအုပ္အနီ ထုတ္ေပးထားပါတယ္။ အဲ့ဒီစာအုပ္နဲ႔ကဒ္ျပားေတြဟာ ေျခာက္ညအိပ္ခုႏွစ္ရက္သက္တမ္းပဲရွိတာပါ။

တ႐ုတ္ႏိုင္ငံထဲမွာေနထိုင္ၿပီး အလုပ္လုပ္လိုသူေတြကေတာ့ တစ္ႏွစ္စာ ေနထိုင္ခြင့္စာအုပ္အစိမ္းကို တ႐ုတ္ ယြမ္ေငြရွစ္ရာေက်ာ္ ျမန္မာေငြ က်ပ္ႏွစ္သိန္းေက်ာ္ေလာက္ အကုန္အက်ခံၿပီးလုပ္ၾကရတာပါ။

လက္ရွိမွာတ႐ုတ္ဘက္ေနထိုင္သူေတြဟာ စာအုပ္အနီေတြနဲ႔ေနထိုင္ၿပီး အလုပ္လုပ္ေနသူေတြကို ဖမ္းဆီးစစ္ေဆး တာေတြလုပ္ေနသလို ေဈးဝယ္တဲ့သူေတြ သြားေရာက္လည္ပတ္သူေတြကိုပါ  မသကၤာရင္ဖမ္းဆီးေနတာလို႔ ေ႐ႊလီၿမိဳ႕မွာ အလုပ္လုပ္ေနသူအခ်ိဳ႕ကေျပာပါတယ္။

ဖမ္းဆီးခံရသူေတြကို အရင္က တ႐ုတ္ယြမ္ငါးရာေလာက္နဲ႔ ေ႐ြးလို႔ရေပမယ့္ အခုအခါမွာေတာ့ ျပန္ေ႐ြးလို႔ မရေတာ့ဘူးလို႔ဆိုပါတယ္။

တ႐ုတ္ရဲကဖမ္းဆီးၿပီးရင္ ဆီးစစ္တာေတြပါလုပ္လာၿပီး မူးယစ္ေဆးဝါးသုံးလို႔ ဆီးမေအာင္ရင္မူးယစ္အမႈနဲ႔ ေထာင္ႏွစ္ ႏွစ္ေလာက္အထိခ်မွတ္သလို ဆီးေအာင္သူေတြကိုေတာ့ နယ္စပ္ကေန ျပန္လႊဲေပးတာရွိတယ္လို႔ ဆိုပါတယ္။

ဖမ္းဆီးရမိတဲ့ ျမန္မာႏိုင္ငံသားေတြကို တစ္ပတ္မွာ အဂၤါနဲ႔ ၾကာသပေတးေန႔ေတြတိုင္း တ႐ုတ္ဘက္က ျမန္မာလဝကကို ျပန္လည္လႊဲေျပာင္းေပးေလ့ရွိၿပီး ဖမ္းဆီရမိမႈအေျခအေနအေနအရ လူဦးေရ တစ္ရာကေန ငါရာၾကားေလာက္အထိရွိတတ္တယ္လို႔လည္းသိရပါတယ္။ တ႐ုတ္နယ္စပ္ က်ယ္ေဂါင္နဲ႔ေ႐ႊလီမွာ အလုပ္ လုပ္ေနတဲ့ ျမန္မာႏိုင္ငံသားဦးေရဟာ သိန္းနဲ႔ခ်ီရွိတယ္လို႔ နယ္စပ္မွာေနထိုင္သူေတြကေျပာပါတယ္။

ဒါေၾကာင့္ ႏွစ္ႏိုင္ငံ အစိုးရအေနနဲ႔အလုပ္သမားေတြရဲ႕ အခန္းက႑ကို စဥ္းစားေပးသင့္တယ္လို႔လည္း ဦးစိန္ျမင့္ ကေျပာပါတယ္။

မူဆယ္ကေန တ႐ုတ္ႏိုင္ငံဘက္ကို နန္းေတာ္ ၊ဆင္ျဖဴနဲ႔မန္ဝိန္းဂိတ္ေပါက္သုံးခုကေန ေန႔စဥ္လူဦးေရ ၂၂၀၀ နဲ႔ ၂၄၀၀ ၾကား ဝင္ထြက္သြားလာေနၾကတာမွာ တ႐ုတ္ဘက္က ၂၀၁၉ ဇန္နဝါရီ ၁ ရက္ေန႔ကေနစၿပီး လူဝင္ထြက္မႈ အတြက္ စက္ပစၥည္းနဲ႔နည္းပညာေတြကို ပိုမိုအဆင့္ျမင့္တင္တင္းက်ပ္ေနပါတယ္။

လက္ရွိမွာ ဆင္ျဖဴနဲ႔နန္းေတာ္ေပါက္ေတြကို မနက္ေျခာက္နာရီနဲ႔ ည၈နာရီအထိ၊ ကုန္တင္ကားေတြဝင္ေရာက္တဲ့ မန္ဝိန္းဂိတ္ေပါက္ကို မနက္ ေျခာက္နာရီကေန ဆယ္နာရီခြဲအထိ ဖြင့္လွစ္ထားၿပီး လူဝင္လူထြက္ေတြကို လက္ခံ ေဆာင္႐ြက္ေနတာပါ။

တ႐ုတ္ဘက္က နည္းပညာအဆင့္ျမင့္တင္မႈေတြလုပ္ၿပီးေနာက္ပိုင္း လူဝင္လူထြက္ေတြကို ပိုမိုစီစစ္လာသလို တ႐ုတ္ထဲဝင္မယ့္ ျမန္မာႏိုင္ငံသားေတြနယ္စပ္မွာ ပိုမိုတန္းစီေစာင့္ရတာေတြရွိလာပါတယ္။ လက္ရွိမွာ တ႐ုတ္ ထဲမွာေနထိုင္မယ့္သူေတြကို ေနထိုင္ခြင့္စာအုပ္ေတြလုပ္ကိုင္ၾကဖို႔ ၫႊန္ၾကားထားၿပီး စာအုပ္မရွိသူေတြကို ဆက္တိုက္ဖမ္းဆီးမယ့္ အေျခအေနျဖစ္ေနတယ္လို႔ ေ႐ႊလီၿမိဳ႕မွာ ေနထိုင္သူအခ်ိဳ႕က ေျပာပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့မှာ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံနေရ

မြန်မာ-တရုတ်နယ်စပ် ရွှေလီနယ်စပ်တံတားဝင်ပေါက်ကို တွေ့ရစဉ်
ဓါတ်ပုံ - ကံသာ/ RFA

မြန်မာ-တရုတ်နယ်စပ် ကျယ်ဂေါင်နဲ့ရွှေလီမြို့တွေမှာ အခုရက်ပိုင်း မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်လာနေတယ်လို့ ရွှေလီနဲ့မူဆယ်မြို့တွေမှာနေထိုင်တဲ့ ပရဟိတအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်နိုင်ငံ ရွှေလီမြို့မှာဆိုရင် အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေကို သူတို့နေထိုင်တဲ့ တိုက်ခန်းတွေ ထဲအထိ ဝင်ရောက်ဖမ်းဆီးတာမျိုးရှိတယ်လို့  ရွှေလီမြို့ လူမှုကူညီရေးအသင်း က ဦးစိန်မြင့် ကပြောပါတယ်။

ဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့ တရုတ်ဘက်က မြန်မာဘက်အခြမ်းကိုတော့ ဘာမှအကြောင်းကြားတာမျိုးမရှိဘူးလို့ မူဆယ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နေထိုင်ခွင့်စာအုပ်မရှိတဲ့ မြန်မာနိုင်ငံသားတွေကို အခုလ ၂၀ ရက်နေ့ နောက်ဆုံးထားထွက်ပေးဖို့ဆိုတဲ့သတင်းတွေ နယ်စပ်မှာထွက်ပေါ်နေမယ့် တရုတ်ဘက်ကတရားဝင် အကြောင်းကြားတာမျိုးမရှိကြောင်း အရင်ကလည်း တရုတ်နှစ်ကူးလတွေမှာ ဒီလိုပဲဖမ်းဆီးမှုတွေရှိတတ်ကြောင်း လဝက အရာရှိတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ လေးရက်အတွင်း ရွှေလီဘက်မှာ အထောက်အထားမပြည်စုံတဲ့ မြန်မာနိုင်ငံသား ၂၄၀ ကို ဖမ်းဆီးထားပြီး အဲအထဲက အသက် ၁၈ နှစ် မပြည့်တဲ့သူတွေနဲ့  ကျန်းမာရေးမကောင်းတဲ့သူတချို့ကိုတော့ ပြန်လွှတ်ပေးတယ်လို့ မူဆယ်မြို့ ကရုဏာလူမှုကူညီရေးအသင်းက ဦးသောင်းထွန်း ပြောပါတယ်။

မူဆယ်နယ်စပ်ကနေ တရုတ်နိုင်ငံကို သွားရောက်တဲ့အခါမှာ လည်ပတ်ခွင့်ကဒ်၊  စာအုပ်အနီတွေကို နယ်စပ် ဂိတ်တွေမှာ တံဆိပ်ရိုက်နှိပ်ပြီး သွားလာကြရတာပါ။

မြန်မာပြည်မကလာတဲ့သူတွေဆိုရင် တစ်ပတ်နေထိုင်ခွင့်ကဒ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ နေထိုင်သူတွေကို စာအုပ်အနီ ထုတ်ပေးထားပါတယ်။ အဲ့ဒီစာအုပ်နဲ့ကဒ်ပြားတွေဟာ ခြောက်ညအိပ်ခုနှစ်ရက်သက်တမ်းပဲရှိတာပါ။

တရုတ်နိုင်ငံထဲမှာနေထိုင်ပြီး အလုပ်လုပ်လိုသူတွေကတော့ တစ်နှစ်စာ နေထိုင်ခွင့်စာအုပ်အစိမ်းကို တရုတ် ယွမ်ငွေရှစ်ရာကျော် မြန်မာငွေ ကျပ်နှစ်သိန်းကျော်လောက် အကုန်အကျခံပြီးလုပ်ကြရတာပါ။

လက်ရှိမှာတရုတ်ဘက်နေထိုင်သူတွေဟာ စာအုပ်အနီတွေနဲ့နေထိုင်ပြီး အလုပ်လုပ်နေသူတွေကို ဖမ်းဆီးစစ်ဆေး တာတွေလုပ်နေသလို ဈေးဝယ်တဲ့သူတွေ သွားရောက်လည်ပတ်သူတွေကိုပါ  မသင်္ကာရင်ဖမ်းဆီးနေတာလို့ ရွှေလီမြို့မှာ အလုပ်လုပ်နေသူအချို့ကပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို အရင်က တရုတ်ယွမ်ငါးရာလောက်နဲ့ ရွေးလို့ရပေမယ့် အခုအခါမှာတော့ ပြန်ရွေးလို့ မရတော့ဘူးလို့ဆိုပါတယ်။

တရုတ်ရဲကဖမ်းဆီးပြီးရင် ဆီးစစ်တာတွေပါလုပ်လာပြီး မူးယစ်ဆေးဝါးသုံးလို့ ဆီးမအောင်ရင်မူးယစ်အမှုနဲ့ ထောင်နှစ် နှစ်လောက်အထိချမှတ်သလို ဆီးအောင်သူတွေကိုတော့ နယ်စပ်ကနေ ပြန်လွှဲပေးတာရှိတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေကို တစ်ပတ်မှာ အင်္ဂါနဲ့ ကြာသပတေးနေ့တွေတိုင်း တရုတ်ဘက်က မြန်မာလဝကကို ပြန်လည်လွှဲပြောင်းပေးလေ့ရှိပြီး ဖမ်းဆီရမိမှုအခြေအနေအနေအရ လူဦးရေ တစ်ရာကနေ ငါရာကြားလောက်အထိရှိတတ်တယ်လို့လည်းသိရပါတယ်။ တရုတ်နယ်စပ် ကျယ်ဂေါင်နဲ့ရွှေလီမှာ အလုပ် လုပ်နေတဲ့ မြန်မာနိုင်ငံသားဦးရေဟာ သိန်းနဲ့ချီရှိတယ်လို့ နယ်စပ်မှာနေထိုင်သူတွေကပြောပါတယ်။

ဒါကြောင့် နှစ်နိုင်ငံ အစိုးရအနေနဲ့အလုပ်သမားတွေရဲ့ အခန်းကဏ္ဍကို စဉ်းစားပေးသင့်တယ်လို့လည်း ဦးစိန်မြင့် ကပြောပါတယ်။

မူဆယ်ကနေ တရုတ်နိုင်ငံဘက်ကို နန်းတော် ၊ဆင်ဖြူနဲ့မန်ဝိန်းဂိတ်ပေါက်သုံးခုကနေ နေ့စဉ်လူဦးရေ ၂၂၀၀ နဲ့ ၂၄၀၀ ကြား ဝင်ထွက်သွားလာနေကြတာမှာ တရုတ်ဘက်က ၂၀၁၉ ဇန်နဝါရီ ၁ ရက်နေ့ကနေစပြီး လူဝင်ထွက်မှု အတွက် စက်ပစ္စည်းနဲ့နည်းပညာတွေကို ပိုမိုအဆင့်မြင့်တင်တင်းကျပ်နေပါတယ်။

လက်ရှိမှာ ဆင်ဖြူနဲ့နန်းတော်ပေါက်တွေကို မနက်ခြောက်နာရီနဲ့ ည၈နာရီအထိ၊ ကုန်တင်ကားတွေဝင်ရောက်တဲ့ မန်ဝိန်းဂိတ်ပေါက်ကို မနက် ခြောက်နာရီကနေ ဆယ်နာရီခွဲအထိ ဖွင့်လှစ်ထားပြီး လူဝင်လူထွက်တွေကို လက်ခံ ဆောင်ရွက်နေတာပါ။

တရုတ်ဘက်က နည်းပညာအဆင့်မြင့်တင်မှုတွေလုပ်ပြီးနောက်ပိုင်း လူဝင်လူထွက်တွေကို ပိုမိုစီစစ်လာသလို တရုတ်ထဲဝင်မယ့် မြန်မာနိုင်ငံသားတွေနယ်စပ်မှာ ပိုမိုတန်းစီစောင့်ရတာတွေရှိလာပါတယ်။ လက်ရှိမှာ တရုတ် ထဲမှာနေထိုင်မယ့်သူတွေကို နေထိုင်ခွင့်စာအုပ်တွေလုပ်ကိုင်ကြဖို့ ညွှန်ကြားထားပြီး စာအုပ်မရှိသူတွေကို ဆက်တိုက်ဖမ်းဆီးမယ့် အခြေအနေဖြစ်နေတယ်လို့ ရွှေလီမြို့မှာ နေထိုင်သူအချို့က ပြောပါတယ်။

RFA Burmese
https://www.rfa.org
တ႐ုတ္-ျမန္မာနယ္စပ္ ေ႐ႊလီၿမိဳ႕မွာ ျမန္မာႏိုင္ငံသားေတြ ဖမ္းဆီးခံေနရ တ႐ုတ္-ျမန္မာနယ္စပ္ ေ႐ႊလီၿမိဳ႕မွာ ျမန္မာႏိုင္ငံသားေတြ ဖမ္းဆီးခံေနရ Reviewed by THITHTOOLWIN on 20:30 Rating: 5
Powered by Blogger.