ဖမ္းဆီးခံ ျမန္မာစစ္သား ၂ ေယာက္ AA ျပန္လႊတ္

ဖမ္းဆီးခံ တပ္ၾကပ္ဦးေဇာ္ေဇာ္ႏွင့္ တပ္ၾကဦးေမာင္ေထြးတိို႔ ၂ ေယာက္ကို AA ျပန္လႊတ္ (Arakan army)

(zawgyi/Unicode)

ရခိုင္လက္နက္က္ိုင္ AAအဖြဲ႔ နဲ႔ တပ္မေတာ္တို႔ၾကား ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြ အတြင္း AA က ႏွစ္လ ေက်ာ္ၾကာဖမ္းဆီးထားတဲ့ စစ္သံု႔ပန္းေတြထဲက သက္ႀကီးပိုင္း တပ္ၾကပ္ ႏွစ္ဦးကို ဒီကေန႔မွာ ျပန္လႊတ္ေပးလိုက္ပါတယ္။ အခုလို စစ္ဘက္ဆိုင္ရာ တာဝန္ရွိသူေတြကို AA က ျပန္လႊတ္ေပးေနတဲ့ အခ်ိန္မွာပဲ ေျမပံုၿမိဳႈ႕နယ္ ဘက္မွာ ေတာ့ တိုက္ပြဲအျပင္းအထန္ျဖစ္ပြားေန ပါတယ္။ သတင္းအျပည့္အစံုကုိေတာ့ ဗီြအိုေအ သတင္းေထာက္ ကိုသက္နိုင္က ေမးျမန္းတင္ဆက္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ႏိုင္ဝင္ဘာလ အတြင္းက ပလက္ဝၿမိဳ႕နယ္ ပကာဝ ေက်းရြာရဲ႕ အေနာက္ေတာင္ဘက္ ကာမေခ်ာင္းေတာင္တန္းေပၚမွာ AAအဖြဲ႔နဲ႔ အစိုးရတပ္တို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီးတိုက္ပြဲအတြင္း ဖမ္းဆီရထားတဲ့ တပ္မေတာ္သား ၁၃ ဦးထဲက သက္ႀကီးပိုင္းတပ္ၾကပ္ႏွစ္ဦးကိုရခိုင္လက္နက္ကိုင္ AAအဖြဲ႔က ဒီကေန႔ မွာ ျပန္လႊတ္ေပးလိုက္ပါတယ္။

သူတို႔နွစ္ဦးဟာ က်န္းမာေရး မေကာင္းသူေတြ ျဖစ္တာေၾကာင့္ မိသားစုေတြနဲ႔ အတူတူေနထိုင္ရန္ လူသားခ်င္း စာနာေထာက္ထားတဲ့အေနနဲ႔ ျပန္လည္လႊတ္ေပးလိုက္ရတာ ျဖစ္ၿပီး က်န္တဲ့ သူေတြကိုေတာ့ ဆက္လက္ထိန္း သိမ္းထားမွာ ျဖစ္တယ္လို႔AAေျပာခြင့္ရ ခိုင္သုခက ေျပာပါ တယ္။

“သူတို႔ကို က်ေနာ္တို႔ လႊတ္ေပးရတဲ့ အဓိကရည္ရြယ္ခ်က္ကေတာ့ ဒီလူေတြကေနၿပီးေတာ့ က်န္းမာေရးလည္း မေကာင္းဘူး။ အသက္လည္း ႀကီးေနၿပီဆိုေတာ့ လူသားခ်င္စာနာတဲ့ အေနနဲ႔ သူတို႔ရဲ႕ မိသားစုေတြနဲ႔ ေကာင္းေကာင္းမြန္မြန္ ျပန္လည္ဆံုစည္းႏိုင္ဖို႔အတြက္က်ေနာ္တို႔လႊတ္ေပးလိုက္တာျဖစ္တယ္။ သူတို႔ကို ခရီးစရိုတ္ဆိုၿပီးေတာ့ ျမန္မာက်ပ္ေငြ ၅ေသာင္းစီေပးလိုက္တာေပါ့ေနာ္္။ေနာက္က်န္တဲ့ သူေတြ စစ္သံုပန္းေတြ စစ္ဘက္နဲ႔ ဆိုင္တဲ့ သူေတြကိုေတာ့ က်ေနာ္တို႔ ဆက္ၿပီးေတာ့ ထိန္းသိမ္းထားဖို႔ရွိပါတယ္။

သူတို႔ႏွစ္ဦးကို ဒီကေန႔ ေန႔လည္ပိုင္းက ပလက္ဝၿမိဳ႕နယ္ ကင္းတလင္းေက်းရြာမွာရွိတဲ့ ရပ္မိရပ္ဖေတြဆီကို လႊတ္ေပးခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ ဇန္နဝါရီ္လ ၂၁ ရက္ေန႔ကလည္း ၂လေက်ာ္ၾကာဖမ္္းဆီးထိန္းသိမ္းထားတဲ့ ခ်င္းျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးေဝွ႔တင္းကို AAအဖြဲ႔က ျပန္လႊတ္ေပးခဲ့တာလည္း ျဖစ္ပါတယ္။

အခုလို AAဘက္က ဖမ္းဆီးထားတဲ့ စစ္ဘက္ဆိုင္ရာ တာဝန္ရွိသူေတြကို လႊတ္ေပးေနတဲ့ တစ္ခ်ိန္တည္းမွာပဲ ေျမပံုၿမိဳ႕နယ္ အတြင္းမွာ အစိုးရတပ္နဲ႔ AAအဖြဲ႔တို႔ တိုက္ပြဲအျပင္းအထန္း ျဖစ္ပြားေနၿပီး ႏွစ္ဘက္ အက်အဆံုးမ်ား တယ္လို႔AAေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

“ဒီေန႔ မွာလည္းပဲ မကန္ ၈နာရီေလာက္ကေန စတင္ၿပီးေတာ့ နွစ္ဘက္အျပန္အလွန္ တိုက္ပြဲျပင္းထန္ေန တာရွိတယ္။ ရန္သူေတြဘက္ကေတာ့ လက္နက္ႀကီးပစ္ကူ အေျမာက္အမ်ားသံုးၿပီးေတာ့ ပစ္ေနတယ္။ က်ေနာ္တို႔ဘက္ကလည္း ျပန္လည္ ခုခံေနတယ္။ တိုက္ပြဲက အျပင္းအထန္ျဖစ္ေနတာ။ ေျမပံုၿမိဳ႕နယ္ ထဲမွာ ျဖစ္ေနတာ မေန႔ကလည္း ေျမပံုၿမိဳ႕နယ္ ထဲမွာ ျဖစ္တာ ဒီေန႔လည္း ေျမပံုၿမိဳ႕နယ္ ထဲမွာ ျဖစ္တာ။ပလက္ဝ ၿမိဳ႕နယ္ထဲမွာ လည္း တိုက္ပြဲေတြ ရွိတယ္။ အေသးစိတ္ေတာ့ မသိရေသးဘူး။”

ရခိုင္ျပည္နယ္အတြင္းမွာ အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႔တို႔ ျဖစ္ပြားေနတဲ့ တိုက္ပြဲအတြင္းမွာ တပ္မေတာ္ဘက္က အရပ္သားျပည္သူေတြကို ဖမ္းဆီးထားတာေတြ ရွိသလို ရခိုင္လက္နက္ကိုင္ AAအဖြဲ႔ဘက္ ကလည္း စစ္ဖက္ဆိုင္ရာ တာဝန္ရွိသူေတြ ရဲတပ္ဖြဲ႔ဝင္ေတြကို ဖမ္းဆီးထားပါတယ္။

တပ္မေတာ္က ဖမ္ဆီးထားတဲ့ အရပ္သားေတြကို ျပန္လည္ လႊတ္ေပးမယ္ဆိုပါက AAအဖြဲ႔က ဖမ္းဆီးထားတဲ့ စစ္ဘက္ဆိုင္ရာ တာဝန္ရွိသူေတြ ရဲတပ္ဖြဲ႔ဝင္ေတြကို ျပန္လည္ လႊတ္ေပးမယ္ဆိုၿပီး စစ္သံု႔ပန္းခ်င္း လဲလွယ္ဖို႔ AAဘက္ကလည္း ကမ္းလွမ္းထားေပမယ့္ တပ္မေတာ္က အၾကမ္းဖက္အဖြဲ႔နဲ႔ လဲလွယ္စရာ အေၾကာင္းမရွိဆိုၿပီး ေတာ့ ေျပာဆိုထားပါတယ္။

လက္ရွိရခိုင္ျပည္နယ္မွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနၾကရတဲ့ ေဒသခံ စစ္ေဘးဒုကၡသည္ ဦးေရဟာလည္း တစ္သိန္းေျခာက္ေထာင္ေက်ာ္ ရွိလာၿပီးျဖစ္တယ္လို႔ စစ္ေဘးေရွာင္ေတြကို စာရင္းေကာက္ယူေနတဲ့ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စု REC က ထုတ္ျပန္ထားပါတယ္။

......................

ဖမ်းဆီးခံ မြန်မာစစ်သား ၂ ယောက် AA ပြန်လွှတ်

(Unicode)

ရခိုင်လက်နက်ကိုင် AAအဖွဲ့ နဲ့ တပ်မတော်တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း AA က နှစ်လ ကျော်ကြာဖမ်းထားတဲ့ စစ်သုံ့ပန်းတွေထဲက သက်ကြီးပိုင်း တပ်ကြပ် နှစ်ဦးကို ဒီကနေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ အခုလို စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေကို AA က ပြန်လွှတ်ပေးနေတဲ့ အချိန်မှာပဲ မြေပုံမြိုှု့နယ် ဘက်မှာ တော့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေ ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က မေးမြန်းတင်ဆက်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ နိုင်ဝင်ဘာလ အတွင်းက ပလက်ဝမြို့နယ် ပကာဝ ကျေးရွာရဲ့ အနောက်တောင်ဘက် ကာမချောင်းတောင်တန်းပေါ်မှာ AAအဖွဲ့နဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်း ဖမ်းဆီရထားတဲ့ တပ်မတော်သား ၁၃ ဦးထဲက သက်ကြီးပိုင်းတပ်ကြပ်နှစ်ဦးကိုရခိုင်လက်နက်ကိုင် AAအဖွဲ့က ဒီကနေ့ မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

သူတို့နှစ်ဦးဟာ ကျန်းမာရေး မကောင်းသူတွေ ဖြစ်တာကြောင့် မိသားစုတွေနဲ့ အတူတူနေထိုင်ရန် လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ပြန်လည်လွှတ်ပေးလိုက်ရတာ ဖြစ်ပြီး ကျန်တဲ့ သူတွေကိုတော့ ဆက်လက်ထိန်း သိမ်းထားမှာ ဖြစ်တယ်လို့AAပြောခွင့်ရ ခိုင်သုခက ပြောပါ တယ်။

“သူတို့ကို ကျနော်တို့ လွှတ်ပေးရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဒီလူတွေကနေပြီးတော့ ကျန်းမာရေးလည်း မကောင်းဘူး။ အသက်လည်း ကြီးနေပြီဆိုတော့ လူသားချင်စာနာတဲ့ အနေနဲ့ သူတို့ရဲ့ မိသားစုတွေနဲ့ ကောင်းကောင်းမွန်မွန် ပြန်လည်ဆုံစည်းနိုင်ဖို့အတွက်ကျနော်တို့လွှတ်ပေးလိုက်တာဖြစ်တယ်။ သူတို့ကို ခရီးစရိုတ်ဆိုပြီးတော့ မြန်မာကျပ်ငွေ ၅သောင်းစီပေးလိုက်တာပေါ့နော်။နောက်ကျန်တဲ့ သူတွေ စစ်သုံပန်းတွေ စစ်ဘက်နဲ့ ဆိုင်တဲ့ သူတွေကိုတော့ ကျနော်တို့ ဆက်ပြီးတော့ ထိန်းသိမ်းထားဖို့ရှိပါတယ်။

သူတို့နှစ်ဦးကို ဒီကနေ့ နေ့လည်ပိုင်းက ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာမှာရှိတဲ့ ရပ်မိရပ်ဖတွေဆီကို လွှတ်ပေးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ်လ ၂၁ ရက်နေ့ကလည်း ၂လကျော်ကြာဖမ်းဆီးထိန်းသိမ်းထားတဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို AAအဖွဲ့က ပြန်လွှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

အခုလို AAဘက်က ဖမ်းဆီးထားတဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေကို လွှတ်ပေးနေတဲ့ တစ်ချိန်တည်းမှာပဲ မြေပုံမြို့နယ် အတွင်းမှာ အစိုးရတပ်နဲ့ AAအဖွဲ့တို့ တိုက်ပွဲအပြင်းအထန်း ဖြစ်ပွားနေပြီး နှစ်ဘက် အကျအဆုံးများ တယ်လို့AAပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ဒီနေ့ မှာလည်းပဲ မကန် ၈နာရီလောက်ကနေ စတင်ပြီးတော့ နှစ်ဘက်အပြန်အလှန် တိုက်ပွဲပြင်းထန်နေ တာရှိတယ်။ ရန်သူတွေဘက်ကတော့ လက်နက်ကြီးပစ်ကူ အမြောက်အများသုံးပြီးတော့ ပစ်နေတယ်။ ကျနော်တို့ဘက်ကလည်း ပြန်လည် ခုခံနေတယ်။ တိုက်ပွဲက အပြင်းအထန်ဖြစ်နေတာ။ မြေပုံမြို့နယ် ထဲမှာ ဖြစ်နေတာ မနေ့ကလည်း မြေပုံမြို့နယ် ထဲမှာ ဖြစ်တာ ဒီနေ့လည်း မြေပုံမြို့နယ် ထဲမှာ ဖြစ်တာ။ပလက်ဝ မြို့နယ်ထဲမှာ လည်း တိုက်ပွဲတွေ ရှိတယ်။ အသေးစိတ်တော့ မသိရသေးဘူး။”

ရခိုင်ပြည်နယ်အတွင်းမှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်းမှာ တပ်မတော်ဘက်က အရပ်သားပြည်သူတွေကို ဖမ်းဆီးထားတာတွေ ရှိသလို ရခိုင်လက်နက်ကိုင် AAအဖွဲ့ဘက် ကလည်း စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးထားပါတယ်။

တပ်မတော်က ဖမ်ဆီးထားတဲ့ အရပ်သားတွေကို ပြန်လည် လွှတ်ပေးမယ်ဆိုပါက AAအဖွဲ့က ဖမ်းဆီးထားတဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည် လွှတ်ပေးမယ်ဆိုပြီး စစ်သုံ့ပန်းချင်း လဲလှယ်ဖို့ AAဘက်ကလည်း ကမ်းလှမ်းထားပေမယ့် တပ်မတော်က အကြမ်းဖက်အဖွဲ့နဲ့ လဲလှယ်စရာ အကြောင်းမရှိဆိုပြီး တော့ ပြောဆိုထားပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒေသခံ စစ်ဘေးဒုက္ခသည် ဦးရေဟာလည်း တစ်သိန်းခြောက်ထောင်ကျော် ရှိလာပြီးဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကို စာရင်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု REC က ထုတ်ပြန်ထားပါတယ်။

သက္ႏိုင္/ VOA (Burmese)
https://burmese.voanews.com
ဖမ္းဆီးခံ ျမန္မာစစ္သား ၂ ေယာက္ AA ျပန္လႊတ္ ဖမ္းဆီးခံ ျမန္မာစစ္သား ၂ ေယာက္ AA ျပန္လႊတ္ Reviewed by THITHTOOLWIN on 01:27 Rating: 5
Powered by Blogger.