အေမရိကန္ စစ္ေလယာဥ္ တစ္စင္း အာဖဂန္ နစၥတန္ ႏိုင္ငံ အေရွ႕ပိုင္း၌ ပ်က္က်မႈ ျဖစ္ပြား

အာဖဂန္ နစၥတန္ ႏိုင္ငံ အေရွ႕ပိုင္း၌ ပ်က္က်သြားခဲ့သည့္ ေလယာဥ္ အပ်က္အစီးမ်ားအား ေတြ႕ရစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
 ကဘူးလ္ ၊ ဇန္နဝါရီ ၂၈ ရက္(ဆင္ဟြာ)

အေမရိကန္ စစ္ေလယာဥ္ တစ္စင္းသည္ အာဖဂန္နစၥတန္ ႏိုင္ငံ အေရွ႕ပိုင္း Ghazni ျပည္နယ္၌ ဇန္နဝါရီ ၂၇ ရက္တြင္ ပ်က္က်သြားခဲ့ေၾကာင္း အေမရိကန္ စစ္တပ္ထံမွ သိရသည္။

အာဖဂန္နစၥတန္ ႏိုင္ငံရွိ အေမရိကန္ စစ္တပ္မွ ေျပာေရးဆိုခြင့္ ရွိသူ William Leggett က E-11A အမ်ိဳးအစား အေမရိကန္ ဗုံးႀကဲေလယာဥ္ တစ္စင္းသည္ Ghazni ျပည္နယ္၌ ဇန္နဝါရီ ၂၇ ရက္တြင္ ပ်က္က်သြားခဲ့ေၾကာင္း အတည္ျပဳခဲ့ၿပီး ပ်က္က်မႈ အေၾကာင္းအရင္းအား စုံစမ္း စစ္ေဆးလ်က္ ရွိေၾကာင္း ေျပာၾကားခဲ့သည္။

အာဖဂန္ နစၥတန္ ႏိုင္ငံ အေရွ႕ပိုင္း၌ ပ်က္က်သြားခဲ့သည့္ ေလယာဥ္ အပ်က္အစီးမ်ားအား ေတြ႕ရစဥ္ (ဆင္ဟြာ) 
“ရန္သူေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ ပ်က္က်ခဲ့တယ္ဆိုတဲ့ အေထာက္အထား မေတြ႕ရပါဘူး။” ဟု ေျပာေရးဆိုခြင့္ ရွိသူ William Leggett က တြစ္တာ စာမ်က္ႏွာတြင္ တင္ထားသည့္ ေၾကညာခ်က္တြင္ ေျပာၾကားခဲ့သည္။သို႔ေသာ္ တာလီဘန္ ေျပာေရးဆိုခြင့္ ရွိသူ တစ္ဦး ျဖစ္သည့္ Zabiullah Mujahid က စစ္ေသြးႂကြမ်ားသည္ အေမရိကန္ စစ္တပ္၏ ေထာက္လွမ္းေရး ေလယာဥ္ တစ္စီးကို Ghazni ျပည္နယ္၏ Deh Yak နယ္ေျမရွိ Sadokhil ေဒသ၌ ဇန္နဝါရီ ၂၇ ရက္ ေန႔လည္ပိုင္းတြင္ ပစ္ခ်ခဲ့ေၾကာင္း အေစာပိုင္းတြင္ အခိုင္အမာ ေျပာၾကားခဲ့သည္။

Ghazni ျပည္နယ္ရွိ အာဖဂန္ အရာရွိမ်ားက ဇန္နဝါရီ ၂၇ ရက္တြင္ Deh Yak နယ္ေျမ၌ ေလယာဥ္ တစ္စင္း မေတာ္တဆ ပ်က္က်မႈ ျဖစ္ပြားခဲ့ေၾကာင္း အတည္ျပဳခဲ့ေသာ္လည္း ထိခိုက္ေသဆုံးမႈ အေျခအေန အေသးစိတ္ အား ေျပာၾကားႏိုင္ျခင္း မရွိဘဲ ယင္းပ်က္က်မႈ ျဖစ္စဥ္သည္ တာလီဘန္ထိန္းခ်ဳပ္ထားသည့္ ေဒသတြင္ ျဖစ္ပြား ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
-----------
(Unicode)⤵⤵⤵
အမေရိကန် စစ်လေယာဉ် တစ်စင်း အာဖဂန် နစ္စတန် နိုင်ငံ အရှေ့ပိုင်း၌ ပျက်ကျမှု ဖြစ်ပွား

အာဖဂန် နစ္စတန် နိုင်ငံ အရှေ့ပိုင်း၌ ပျက်ကျသွားခဲ့သည့် လေယာဉ် အပျက်အစီးများအား တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ် ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ)

အမေရိကန် စစ်လေယာဉ် တစ်စင်းသည် အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း Ghazni ပြည်နယ်၌ ဇန်နဝါရီ ၂၇ ရက်တွင် ပျက်ကျသွားခဲ့ကြောင်း အမေရိကန် စစ်တပ်ထံမှ သိရသည်။

အာဖဂန်နစ္စတန် နိုင်ငံရှိ အမေရိကန် စစ်တပ်မှ ပြောရေးဆိုခွင့် ရှိသူ William Leggett က E-11A အမျိုးအစား အမေရိကန် ဗုံးကြဲလေယာဉ် တစ်စင်းသည် Ghazni ပြည်နယ်၌ ဇန်နဝါရီ ၂၇ ရက်တွင် ပျက်ကျသွားခဲ့ကြောင်း အတည်ပြုခဲ့ပြီး ပျက်ကျမှု အကြောင်းအရင်းအား စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ပြောကြားခဲ့သည်။

အာဖဂန် နစ္စတန် နိုင်ငံ အရှေ့ပိုင်း၌ ပျက်ကျသွားခဲ့သည့် လေယာဉ် အပျက်အစီးများအား တွေ့ရစဉ် (ဆင်ဟွာ)

“ရန်သူတွေရဲ့ ပစ်ခတ်မှုကြောင့် ပျက်ကျခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။” ဟု ပြောရေးဆိုခွင့် ရှိသူ William Leggett က တွစ်တာ စာမျက်နှာတွင် တင်ထားသည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။သို့သော် တာလီဘန် ပြောရေးဆိုခွင့် ရှိသူ တစ်ဦး ဖြစ်သည့် Zabiullah Mujahid က စစ်သွေးကြွများသည် အမေရိကန် စစ်တပ်၏ ထောက်လှမ်းရေး လေယာဉ် တစ်စီးကို Ghazni ပြည်နယ်၏ Deh Yak နယ်မြေရှိ Sadokhil ဒေသ၌ ဇန်နဝါရီ ၂၇ ရက် နေ့လည်ပိုင်းတွင် ပစ်ချခဲ့ကြောင်း အစောပိုင်းတွင် အခိုင်အမာ ပြောကြားခဲ့သည်။

Ghazni ပြည်နယ်ရှိ အာဖဂန် အရာရှိများက ဇန်နဝါရီ ၂၇ ရက်တွင် Deh Yak နယ်မြေ၌ လေယာဉ် တစ်စင်း မတော်တဆ ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ် အား ပြောကြားနိုင်ခြင်း မရှိဘဲ ယင်းပျက်ကျမှု ဖြစ်စဉ်သည် တာလီဘန်ထိန်းချုပ်ထားသည့် ဒေသတွင် ဖြစ်ပွား ခဲ့ကြောင်း ပြောကြားခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
အေမရိကန္ စစ္ေလယာဥ္ တစ္စင္း အာဖဂန္ နစၥတန္ ႏိုင္ငံ အေရွ႕ပိုင္း၌ ပ်က္က်မႈ ျဖစ္ပြား အေမရိကန္ စစ္ေလယာဥ္ တစ္စင္း အာဖဂန္ နစၥတန္ ႏိုင္ငံ အေရွ႕ပိုင္း၌ ပ်က္က်မႈ ျဖစ္ပြား Reviewed by THITHTOOLWIN on 01:05 Rating: 5
Powered by Blogger.