တ႐ုတ္လႊမ္းမိုးမႈကို စိုးရိမ္ေၾကာင္း တိုင္းရင္းသားပါတီတခ်ိဳ႕ ေထာက္ျပ

(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံကို ႏွစ္ရက္ၾကာ လာေရာက္လည္ပတ္ခဲ့တဲ့ တ႐ုတ္သမၼတ ရွီက်င္းဖ်င္ရဲ႕ ခရီးစဥ္မွာ ျမန္မာႏိုင္ငံနဲ႔ သေဘာတူညီမႈ လက္မွတ္ေရးထိုးသြားတဲ့ စီမံကိန္းေတြနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားပါတီေတြအေနနဲ႔ စိုးရိမ္မႈေတြရွိေနတယ္လို႔ ေျပာၾကပါတယ္။

ျမန္မာ့ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားပါတီေတြပါဝင္တဲ့ ေဆြးေႏြးပြဲကို ဖက္ဒရယ္ဒီကရက္တစ္အင္အားစုကေန ဦးစီးၿပီး မေန႔က ရန္ကုန္ၿမိဳ႕မွာ ျပဳလုပ္ခဲ့ပါတယ္။

ျမန္မာ့ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားေဒသေတြမွာရွိတဲ့ တိုင္းရင္းပါတီေတြ စုေပါင္းၿပီး ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ေအာင္ျမင္မႈ ရရွိေရးအတြက္ ဇန္နဝါရီ ၂၀ ရက္ကေန ၂၁ ရက္ေန႔ထိ ရန္ကုန္ၿမိဳ႕မွာ ေဆြးေႏြးခဲ့ၾကပါတယ္။

ေဆြးေႏြးပြဲက ရလဒ္တဲသေဘာထားေတြကို ႏိုင္ငံေတာ္ အစိုးရ၊ တပ္မေတာ္၊ NRPC နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြဆီကို ေပးပို႔သြားမွာျဖစ္တယ္လို႔ ဖက္ဒရယ္ဒီမိုကရက္တစ္ အင္အားစုက ဦးျမေအးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၁၇ ရက္ေန႔ကေန ၁၈ ရက္ေန႔ထိ ျမန္မာႏိုင္ငံကို လာေရာက္လည္ပတ္တဲ့ တ႐ုတ္သမၼတ ရွီက်င္းဖ်င္ရဲ႕ ခရီးစဥ္မွာ ျမန္မာအစိုးရနဲ႔ သေဘာတူညီ လက္မွတ္ထိုးခဲ့တဲ့ စီမံကိန္းေတြနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားပါတီေတြ အေနနဲ႔ စိုးရိမ္မႈေတြ ရွိေနၾကပါတယ္။

တိုင္းရင္းသားေဒသေတြ လုပ္ေဆာင္မယ့္ စီမံကိန္းေတြနဲ႔ ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံနဲ႔ သေဘာတူညီ လက္မွတ္ထိုးခဲ့တဲ့ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ စီမံကိန္းမ်ိဳးနဲ႔ ပတ္သက္ၿပီး ရခိုင္ျပည္သူလူထုေတြက လိုးလာမႈမရွိတဲ့အျပင္ ရခိုင္မွာလာေရာက္လုပ္ကိုင္တဲ့ တ႐ုတ္စီမံကိန္းေတြဟာ ရခိုင္ျပည္သူေတြ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လုပ္ေဆာင္ေပးတာ မရွိဘူးလို႔ ေျမာက္ဦးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဦးလွေစာက ေျပာပါတယ္။

တ႐ုတ္သမၼတ ခရီးစဥ္မွာ ျမန္မာႏိုင္ငံနဲ႔ သေဘာတူစာခ်ဳပ္ ၃၃ ခုေရးထိုးလိုက္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ႏိုင္ငံေတာ္ အႀကီးအကဲေတြနဲ႔ ေတြ႕ဆုံမႈေတြ ျပဳလုပ္ခဲ့ၿပီး တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္နဲ႔ ေတြ႕ဆုံခ်ိန္မွာ တ႐ုတ္ႏိုင္ငံအေနနဲ႔ ျမန္မာျပည္နယ္စပ္က တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြကို လက္နက္ကူညီ ေထာက္ပံ့မႈ မရွိေၾကာင္း တ႐ုတ္သမၼတ ရွီက်င္းဖ်င္က ေျပာခဲ့ပါတယ္။

တ႐ုတ္ျပည္သူ႔သမၼတ ႏိုင္ငံအေနနဲ႔ ျမန္မာ့ၿငိမ္းခ်မ္းေရးမွာ ကူညီေဆာင္႐ြက္ေပးမႈေတြ ရွိေနေပမယ့္ တစ္ဖက္မွာ သူ႔အက်ိဳးစီးပြားအတြက္ အဓိကလုပ္ေဆာင္ေနတာျဖစ္ၿပီး ျမန္မာ့ၿငိမ္းခ်မ္းလုပ္ငန္းစဥ္မွာ အေနာက္ႏိုင္ငံက အေမရိကန္တို႔ ပါဝင္လာမယ္ဆိုရင္ေတာ့ ပိုမိုခိုင္မာတဲ့ ၿငိမ္းခ်မ္းေရး ရရွိလာႏိုင္မယ္လို႔ ကခ်င္ဒီမို ကရက္တစ္ပါတီ ဥကၠ႒ ဦးကြမ္ေဂါင္ေအာင္ခမ္းက ေျပာပါတယ္။

ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြကို ေထာက္ပံ့မႈေတြ လုပ္ကိုင္ေနတာဟာ တ႐ုတ္ႏိုင္ငံျဖစ္တဲ့အတြက္ ျမန္မာ့ၿငိမ္း ခ်မ္းေရးမွာ တ႐ုတ္ႏိုင္ငံရဲ႕ လႊမ္းမိုးမႈ ပိုႀကီးလာႏိုင္တယ္လို႔ ခ်င္းအမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ရဲ႕ ပူးတြဲ အေထြ ေထြအတြင္းေရးမႉး ဆလိုင္းရွိန္းထြန္း ကေျပာပါတယ္။

ႏွစ္ရက္ၾကာ က်င္းပခဲ့တဲ့ ေဆြးေႏြးပြဲမွာ တိုင္းရင္းသားပါတီေတြ အေနနဲ႔ ပူးေပါင္းလုပ္ေဆာင္ၾကဖို႔ လိုအပ္တဲ့အေၾကာင္း ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ေ႐ြးေကာက္ပြဲေကာ္မရွင္ အေနနဲ႔ ပါတီေတြနဲ႔ ေတြ႕ဆုံဖို႔လိုအပ္ေၾကာင္း၊ ျမန္မာ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္နဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားေတြရဲ႕ အသံကို အစိုးရအေနနဲ႔ နားေထာင္ဖို႔ လိုအပ္တဲ့အေၾကာင္း စတာေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

ေဆြးေႏြးပြဲကို တိုင္းရင္းသားေဒသေတြက ပါတီေတြ အျပင္အျခားပါတီေတြကိုလည္း ဖိတ္ေခၚခဲ့ၿပီး ပါတီေပါင္း ၃၉ ပါတီ တက္ေရာက္ခဲ့ၾကပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
တရုတ်လွှမ်းမိုးမှုကို စိုးရိမ်ကြောင်း တိုင်းရင်းသားပါတီတချို့ ထောက်ပြ

မြန်မာနိုင်ငံကို နှစ်ရက်ကြာ လာရောက်လည်ပတ်ခဲ့တဲ့ တရုတ်သမ္မတ ရှီကျင်းဖျင်ရဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံနဲ့ သဘောတူညီမှု လက်မှတ်ရေးထိုးသွားတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားပါတီတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေတယ်လို့ ပြောကြပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားပါတီတွေပါဝင်တဲ့ ဆွေးနွေးပွဲကို ဖက်ဒရယ်ဒီကရက်တစ်အင်အားစုကနေ ဦးစီးပြီး မနေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားဒေသတွေမှာရှိတဲ့ တိုင်းရင်းပါတီတွေ စုပေါင်းပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်အောင်မြင်မှု ရရှိရေးအတွက် ဇန်နဝါရီ ၂၀ ရက်ကနေ ၂၁ ရက်နေ့ထိ ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲက ရလဒ်တဲသဘောထားတွေကို နိုင်ငံတော် အစိုးရ၊ တပ်မတော်၊ NRPC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဆီကို ပေးပို့သွားမှာဖြစ်တယ်လို့ ဖက်ဒရယ်ဒီမိုကရက်တစ် အင်အားစုက ဦးမြအေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ တရုတ်သမ္မတ ရှီကျင်းဖျင်ရဲ့ ခရီးစဉ်မှာ မြန်မာအစိုးရနဲ့ သဘောတူညီ လက်မှတ်ထိုးခဲ့တဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားပါတီတွေ အနေနဲ့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

တိုင်းရင်းသားဒေသတွေ လုပ်ဆောင်မယ့် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ သဘောတူညီ လက်မှတ်ထိုးခဲ့တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းမျိုးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်သူလူထုတွေက လိုးလာမှုမရှိတဲ့အပြင် ရခိုင်မှာလာရောက်လုပ်ကိုင်တဲ့ တရုတ်စီမံကိန်းတွေဟာ ရခိုင်ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးတာ မရှိဘူးလို့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောပါတယ်။

တရုတ်သမ္မတ ခရီးစဉ်မှာ မြန်မာနိုင်ငံနဲ့ သဘောတူစာချုပ် ၃၃ ခုရေးထိုးလိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတော် အကြီးအကဲတွေနဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံချိန်မှာ တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို လက်နက်ကူညီ ထောက်ပံ့မှု မရှိကြောင်း တရုတ်သမ္မတ ရှီကျင်းဖျင်က ပြောခဲ့ပါတယ်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးမှာ ကူညီဆောင်ရွက်ပေးမှုတွေ ရှိနေပေမယ့် တစ်ဖက်မှာ သူ့အကျိုးစီးပွားအတွက် အဓိကလုပ်ဆောင်နေတာဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းလုပ်ငန်းစဉ်မှာ အနောက်နိုင်ငံက အမေရိကန်တို့ ပါဝင်လာမယ်ဆိုရင်တော့ ပိုမိုခိုင်မာတဲ့ ငြိမ်းချမ်းရေး ရရှိလာနိုင်မယ်လို့ ကချင်ဒီမို ကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို ထောက်ပံ့မှုတွေ လုပ်ကိုင်နေတာဟာ တရုတ်နိုင်ငံဖြစ်တဲ့အတွက် မြန်မာ့ငြိမ်း ချမ်းရေးမှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု ပိုကြီးလာနိုင်တယ်လို့ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပူးတွဲ အထွေ ထွေအတွင်းရေးမှူး ဆလိုင်းရှိန်းထွန်း ကပြောပါတယ်။

နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ တိုင်းရင်းသားပါတီတွေ အနေနဲ့ ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်တဲ့အကြောင်း ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ပါတီတွေနဲ့ တွေ့ဆုံဖို့လိုအပ်ကြောင်း၊ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေရဲ့ အသံကို အစိုးရအနေနဲ့ နားထောင်ဖို့ လိုအပ်တဲ့အကြောင်း စတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို တိုင်းရင်းသားဒေသတွေက ပါတီတွေ အပြင်အခြားပါတီတွေကိုလည်း ဖိတ်ခေါ်ခဲ့ပြီး ပါတီပေါင်း ၃၉ ပါတီ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
https://www.rfa.org
တ႐ုတ္လႊမ္းမိုးမႈကို စိုးရိမ္ေၾကာင္း တိုင္းရင္းသားပါတီတခ်ိဳ႕ ေထာက္ျပ တ႐ုတ္လႊမ္းမိုးမႈကို စိုးရိမ္ေၾကာင္း တိုင္းရင္းသားပါတီတခ်ိဳ႕ ေထာက္ျပ Reviewed by THITHTOOLWIN on 23:28 Rating: 5
Powered by Blogger.