ၿငိမ္းခ်မ္းေရးလႈပ္ရွားမႈထဲ ကရင္တိုင္းရင္းသားတို႔ ပါဝင္ဖို႔ KNU ဖိတ္ေခၚ

ေကအဲန္ယူ ဥကၠ႒ ဗိုလ္ခ်ဴပ္ႀကီး ေစာမူတူးေစးဖိုး (မတ္တတ္ရပ္ေနသူ) ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ဒီဇင္ဘာလ ၂၆ ရက္ေန႔မွာ က်ေရာက္မယ့္ ၂၇၅၉ ခုႏွစ္ ကရင္ႏွစ္သစ္ကူးေန႔ကို ေပးပို႔တဲ့ သဝဏ္လႊာမွာ KNU ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးမူးတူးေစးဖိုးက စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးရေအာင္ ေဆာင္႐ြက္ေနေၾကာင္းနဲ႔ ကရင္တိုင္းရင္း သားေတြ ဝိုင္းဝန္းေဆာင္႐ြက္ဖို႔ ထည့္သြင္းတိုက္တြန္းလိုက္တာပါ။

လက္နက္ကိုင္ တိုက္ပြဲဝင္တာေတြကိုနားၿပီး စားပြဲဝိုင္းေပၚကေန ေဆြးေႏြးအေျဖရွာတဲ့ နည္းလမ္းနဲ႔ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးရဖို႔ ဆက္လက္ေဆာင္႐ြက္သြားမယ္လို႔ သဝဏ္လႊာမွာ ေဖာ္ျပထားတာပါ။

ကရင္အမ်ိဳးသားပါတီ အေထြေထြအတြင္းေရးမႉး မန္းေက်ာ္ၿငိမ္းက KNU ဥကၠ႒ရဲ႕ သဝဏ္လႊာပါ ေဖာ္ျပခ်က္ အတိုင္း စားပြဲဝိုင္းေပၚကေန အေျဖရွာတာ၊ အျခားတိုင္းရင္းသားေတြနဲ႔ ပူးေပါင္း ေဆာင္႐ြက္တာေတြကို ေထာက္ခံတယ္လို႔ ေျပာပါတယ္။

ဒါေပမဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးတဲ့အခါမွာ ႏွစ္ဦးႏွစ္ဖက္လက္ခံႏိုင္တဲ့ပုံစံမ်ိဳးနဲ႔ ေဆြးေႏြးသင့္ၿပီး တဖက္သတ္ တရားေသကိုင္ၿပီး ေဆြးေႏြးတာမ်ိဳးေတြေတာ့ မျဖစ္သင့္ဘူးလို႔ ေျပာပါတယ္။
ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီ ဥကၠ႒ မန္းေအာင္ျပည့္စိုးကလည္း KNU ရပ္တည္ခ်က္ကို ေထာက္ ခံေၾကာင္းနဲ႔ လက္နက္နဲ႔အေျဖမရွာဘဲ ေဆြးေႏြးပြဲေတြကေန အေျဖရွာတာမ်ိဳးေတြကို လုပ္သင့္တယ္လို႔ ေျပာပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ အမ်ိဳးသားတန္းတူေရး၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္ေတြကို တိုင္းရင္းသားေတြက အကန႔္အသတ္နဲ႔ သာရရွိေနတာေၾကာင့္ ဆက္လက္ေဆာင္႐ြက္သြားမယ္လို႔ မန္းေအာင္ျပည္စိုးက ေျပာပါတယ္။

ကရင္ျပည္နယ္ အရပ္ဘက္အဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ နန္းျမင့္ေအာင္ကလည္း KNU သဝဏ္လႊာနဲ႔ပက္သက္ၿပီး ေထာက္ခံတယ္လို႔ ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ KNU က အျခားတိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ တခ်ိဳ႕နဲ႔အတူ လက္နက္ကိုင္ တိုက္ပြဲဝင္တဲ့ နည္းလမ္းကို ရပ္ဆိုင္းထားၿပီး အပစ္အခတ္ရပ္စဲၿပီး အစိုးရနဲ႔ ေဆြးေႏြးေနေပမယ့္ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရး မရေသးဘူးလို႔ သဝဏ္လႊာမွာ ထည့္သြင္း ေျပာဆိုထားပါတယ္။

ကရင္တိုင္းရင္းသားေတြအေနနဲ႔ အျခားတိုင္းရင္းသားေတြနည္းတူ လြတ္လပ္မႈ၊ တန္းတူညီမွ်မႈနဲ႔ အမ်ိဳးသားေရး အရ တရားမွ်တမႈေတြအျပင္ လူမ်ိဳးတမ်ိဳးရဲ႕ ရပိုင္ခြင့္ေတြျဖစ္တဲ့ ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ လူ႔အခြင့္အေရးေတြကို မရေသးဘူးလို႔ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ကရင္အမ်ိဳးသားစည္းလုံးေရးနဲ႔ ၿငိမ္းခ်မ္းေရးေကာ္မတီဝင္လည္းျဖစ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ လည္းျဖစ္တဲ့ ေနာ္စူစန္နာလွလွစိုးကေတာ့ တိုင္းရင္းသားေတြ လိုလားတဲ့ တန္းတူေရးနဲ႔ ကိုယ္ပိုင္ျပ႒ာန္းခြင့္ေတြ ရဖို႔အတြက္ ၂၀၀၈ အေျခခံဥပေဒကို ျပင္ဖို႔လိုတယ္လို႔ ေျပာပါတယ္။

လက္ရွိ KNU ဟာ အပစ္ရပ္လက္မွတ္ေရးထိုးထားေပမယ့္ တရားဝင္ ႏိုင္ငံေရးေဆြးေႏြးပြဲေတြကေန ပါဝင္ေဆြး ေႏြးဖို႔ ရပ္ဆိုင္းထားေၾကာင္း ေၾကညာထားပါတယ္။

တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးစာခ်ဳပ္မွာ ပါဝင္လက္မွတ္ေရးထိုးထားတဲ့ ပအိုဝ္းအမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ PNLO အဖြဲ႕ နာယက ဦးခြန္ဥကၠာကေတာ့ KNU အေနနဲ႔ တရားဝင္ေဆြးေႏြးပြဲထဲ ျပန္ဝင္ေရာက္လာမွာကို ႀကိဳဆိုေၾကာင္းနဲ႔ တိုင္းရင္းသားေတြလိုလားေနတဲ့ ႏိုင္ငံေရးအခြင့္အေရးဟာ ေဆြးေႏြးပြဲကေနသြားရမယ္လို႔ ေျပာပါတယ္။

KNU အဖြဲ႕ဟာ ၁၉၄၈ ခုႏွစ္ ႏိုင္ငံလြတ္လပ္ေရးရၿပီး မၾကာခင္မွာ ေပၚေပါက္လာပါတယ္။ ထိုင္းျမန္မာနယ္စပ္မွာ တပ္မေတာ္နဲ႔ ဆယ္စုႏွစ္အတန္ၾကာ တိုက္ပြဲေတြ အႀကီးအက်ယ္ျဖစ္ပြားခဲ့တာ  ၂၀၁၀ ဝန္းက်င္အထိျဖစ္ပါတယ္။ ဒီအဖြဲ႕ႀကီးကေန ခြဲထြက္ၿပီး ေပၚေပါက္လာတဲ့ DKBA, KNU/KNLA ၿငိမ္းခ်မ္းေရးေကာင္စီဆိုတဲ့ အဖြဲ႕ေတြလိုပဲ ဦးသိန္းစိန္အစိုးရ လက္ထက္အတြင္း တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး စာခ်ဳပ္မွာပါဝင္ လက္မွတ္ ထိုးထားပါတယ္။

KNU ဥကၠ႒ရဲ႕ သဝဏ္လႊာမွာ ၁၉၃၇ ပါလီမန္မွာ ကရင္ႏွစ္သစ္ကူးေန႔ကို အသိအမွတ္ျပဳေပးဖို႔ တင္ျပေတာင္းဆို ခဲ့ၿပီး တရားဝင္ အသိအမွတ္ျပဳလိုက္တာေၾကာင့္ တစ္ႏိုင္ငံလုံးမွာ  က်င္းပေနၾကတာျဖစ္တယ္လို႔ ေဖာ္ျပပါ ရွိပါတယ္။

လက္ရွိအခ်ိန္မွာ ကရင္ႏွစ္သစ္ကူးေန႔ အခမ္းအနားေတြကို ကရင္တိုင္းရင္းသားေတြရွိတဲ့ ႏိုင္ငံအႏွံ႔မွာ က်င္းပေနတဲ့အျပင္ ႏိုင္ငံတကာမွာလည္း က်င္းပျပဳလုပ္ၾကပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
ငြိမ်းချမ်းရေးလှုပ်ရှားမှုထဲ ကရင်တိုင်းရင်းသားတို့ ပါဝင်ဖို့ KNU ဖိတ်ခေါ်
လ်ချူပ်ကြီး စောမူတူးစေးဖိုး (မတ်တတ်ရပ်နေသူ) ကို တွေ့ရစဉ်

ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ကျရောက်မယ့် ၂၇၅၉ ခုနှစ် ကရင်နှစ်သစ်ကူးနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူးတူးစေးဖိုးက စစ်မှန်တဲ့ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နေကြောင်းနဲ့ ကရင်တိုင်းရင်း သားတွေ ဝိုင်းဝန်းဆောင်ရွက်ဖို့ ထည့်သွင်းတိုက်တွန်းလိုက်တာပါ။

လက်နက်ကိုင် တိုက်ပွဲဝင်တာတွေကိုနားပြီး စားပွဲဝိုင်းပေါ်ကနေ ဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားတာပါ။

ကရင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းက KNU ဥက္ကဋ္ဌရဲ့ သဝဏ်လွှာပါ ဖော်ပြချက် အတိုင်း စားပွဲဝိုင်းပေါ်ကနေ အဖြေရှာတာ၊ အခြားတိုင်းရင်းသားတွေနဲ့ ပူးပေါင်း ဆောင်ရွက်တာတွေကို ထောက်ခံတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ နှစ်ဦးနှစ်ဖက်လက်ခံနိုင်တဲ့ပုံစံမျိုးနဲ့ ဆွေးနွေးသင့်ပြီး တဖက်သတ် တရားသေကိုင်ပြီး ဆွေးနွေးတာမျိုးတွေတော့ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။
ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည့်စိုးကလည်း KNU ရပ်တည်ချက်ကို ထောက် ခံကြောင်းနဲ့ လက်နက်နဲ့အဖြေမရှာဘဲ ဆွေးနွေးပွဲတွေကနေ အဖြေရှာတာမျိုးတွေကို လုပ်သင့်တယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို တိုင်းရင်းသားတွေက အကန့်အသတ်နဲ့ သာရရှိနေတာကြောင့် ဆက်လက်ဆောင်ရွက်သွားမယ်လို့ မန်းအောင်ပြည်စိုးက ပြောပါတယ်။

ကရင်ပြည်နယ် အရပ်ဘက်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နန်းမြင့်အောင်ကလည်း KNU သဝဏ်လွှာနဲ့ပက်သက်ပြီး ထောက်ခံတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ KNU က အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့နဲ့အတူ လက်နက်ကိုင် တိုက်ပွဲဝင်တဲ့ နည်းလမ်းကို ရပ်ဆိုင်းထားပြီး အပစ်အခတ်ရပ်စဲပြီး အစိုးရနဲ့ ဆွေးနွေးနေပေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရသေးဘူးလို့ သဝဏ်လွှာမှာ ထည့်သွင်း ပြောဆိုထားပါတယ်။

ကရင်တိုင်းရင်းသားတွေအနေနဲ့ အခြားတိုင်းရင်းသားတွေနည်းတူ လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ အမျိုးသားရေး အရ တရားမျှတမှုတွေအပြင် လူမျိုးတမျိုးရဲ့ ရပိုင်ခွင့်တွေဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူ့အခွင့်အရေးတွေကို မရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကရင်အမျိုးသားစည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကော်မတီဝင်လည်းဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လည်းဖြစ်တဲ့ နော်စူစန်နာလှလှစိုးကတော့ တိုင်းရင်းသားတွေ လိုလားတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ရဖို့အတွက် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့လိုတယ်လို့ ပြောပါတယ်။

လက်ရှိ KNU ဟာ အပစ်ရပ်လက်မှတ်ရေးထိုးထားပေမယ့် တရားဝင် နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ပါဝင်ဆွေး နွေးဖို့ ရပ်ဆိုင်းထားကြောင်း ကြေညာထားပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အဖွဲ့ နာယက ဦးခွန်ဥက္ကာကတော့ KNU အနေနဲ့ တရားဝင်ဆွေးနွေးပွဲထဲ ပြန်ဝင်ရောက်လာမှာကို ကြိုဆိုကြောင်းနဲ့ တိုင်းရင်းသားတွေလိုလားနေတဲ့ နိုင်ငံရေးအခွင့်အရေးဟာ ဆွေးနွေးပွဲကနေသွားရမယ်လို့ ပြောပါတယ်။

KNU အဖွဲ့ဟာ ၁၉၄၈ ခုနှစ် နိုင်ငံလွတ်လပ်ရေးရပြီး မကြာခင်မှာ ပေါ်ပေါက်လာပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာ တပ်မတော်နဲ့ ဆယ်စုနှစ်အတန်ကြာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားခဲ့တာ  ၂၀၁၀ ဝန်းကျင်အထိဖြစ်ပါတယ်။ ဒီအဖွဲ့ကြီးကနေ ခွဲထွက်ပြီး ပေါ်ပေါက်လာတဲ့ DKBA, KNU/KNLA ငြိမ်းချမ်းရေးကောင်စီဆိုတဲ့ အဖွဲ့တွေလိုပဲ ဦးသိန်းစိန်အစိုးရ လက်ထက်အတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်မှာပါဝင် လက်မှတ် ထိုးထားပါတယ်။

KNU ဥက္ကဋ္ဌရဲ့ သဝဏ်လွှာမှာ ၁၉၃၇ ပါလီမန်မှာ ကရင်နှစ်သစ်ကူးနေ့ကို အသိအမှတ်ပြုပေးဖို့ တင်ပြတောင်းဆို ခဲ့ပြီး တရားဝင် အသိအမှတ်ပြုလိုက်တာကြောင့် တစ်နိုင်ငံလုံးမှာ  ကျင်းပနေကြတာဖြစ်တယ်လို့ ဖော်ပြပါ ရှိပါတယ်။

လက်ရှိအချိန်မှာ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွေကို ကရင်တိုင်းရင်းသားတွေရှိတဲ့ နိုင်ငံအနှံ့မှာ ကျင်းပနေတဲ့အပြင် နိုင်ငံတကာမှာလည်း ကျင်းပပြုလုပ်ကြပါတယ်။

RFA Burmese
https://www.rfa.org
ၿငိမ္းခ်မ္းေရးလႈပ္ရွားမႈထဲ ကရင္တိုင္းရင္းသားတို႔ ပါဝင္ဖို႔ KNU ဖိတ္ေခၚ ၿငိမ္းခ်မ္းေရးလႈပ္ရွားမႈထဲ ကရင္တိုင္းရင္းသားတို႔ ပါဝင္ဖို႔ KNU ဖိတ္ေခၚ Reviewed by THITHTOOLWIN on 01:01 Rating: 5
Powered by Blogger.