ေက်ာက္မဲၿမိဳ႕နယ္ ျပည္ခုိင္ၿဖိဳးပါတီ ေကာ္မတီဝင္ အမ်ိဳးသားတဦး ေသနတ္ပစ္သတ္ခံရ


(Zawgyi)⤵⤵⤵
သွ်မ္းျပည္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ ေဝလံုေက်းရြာ တြင္ေနထုိင္သည့္ အမ်ိဳးသားတဦး ယမန္ မနက္ ပိုင္းတြင္ ေသနတ္ပစ္သတ္ခံရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ (ဒီဇင္ဘာ ၂၃) မနက္ ၁၀နာရီ ဝန္းက်င္တြင္ ေက်ာက္မဲၿမိဳ႕နယ္ မိုင္းတင္းေက်းရြာ အုပ္စု ေဝလံု ေက်းရြာ ၌ အသက္ ၄၀ အရြယ္ စိုင္းေဌးေအာင္ ကို အမည္မသိ အမ်ိဳးသား ၂ဦးက ေသနတ္ ၁၀ခ်က္ျဖင့္ လာေရာက္ ပစ္သတ္ခဲ့သည္ ဟု ေက်ာက္မဲၿမိဳ႕မ ရဲစခန္းမွ စံုစမ္းသိရသည္။

“ ေသနတ္ပစ္တာက ၁၀ခ်က္ပါ။ အဲ့ေနရာမွာပဲ လွဲခ် ေသဆံုးသြားတယ္။ စိုင္းေဌးေအာင္ ကို လာပစ္တဲ့ အမည္မသိ အမ်ိဳးသား၂ဦးကို စံုစမ္းေနပါတယ္” ဟု ေက်ာက္မဲၿမိဳ႕ မ ရဲစခန္းမွ တာဝန္ရွိသူ တဦးက သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

အဆိုပါ ေသနတ္ပစ္ခံရသည့္ စိုင္းေဌးေအာင္ သည္ ေက်ာက္မဲၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳး ပါတီ ေကာ္မတီ ဝင္ တဦးျဖစ္ၿပီး၊စုိင္းေဌးေအာင္ကို ပစ္သည့္ က်ည္ဆံခြံ ၁၀ခု သည္ LUGER အမ်ိဳးအစား 9MM ျဖစ္ေၾကာင္း ေက်ာက္မဲၿမိဳ႕မ ရဲစခန္း စစ္ေဆးခ်က္ မွ သိရသည္။

“ က်ေနာ္ ၾကားရတာေတာ့ ေသနတ္ပစ္ခံရတဲ့ အမ်ိဳးသားက သူ႔ အေမ အိမ္ျပင္ေနတာ သြားကူေနခ်ိန္ အမည္မသိတဲ့ အမ်ိဳးသား ၂ဦး က လာၿပီး ေသနတ္ပစ္တယ္။ ေနာက္ ပစ္ခံရတဲ့သူက ႀကံ့ခိုင္ေရး ပါတီ အဖြဲ႔ ျဖစ္ေနတယ္။ သူတုိ႔ေတြ ျပႆနာ တခုခု ေတာ့ရွိပံုရတယ္” ဟု ေက်ာက္မဲၿမိဳ႕နယ္ အိုမ္းတေမာဝ္ လူမႈကူညီေရး အသင္း က အဘမ္း ကေျပာသည္။

သွ်မ္းျပည္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ တြင္ တုိင္းရင္းသားလက္နက္ကိုင္မ်ား ႏွင့္ ျမန္မာ့တပ္မေတာ္ လႈပ္ရွားသည့္ေနရာျဖစ္ၿပီး၊ မၾကာခဏ တုိက္ပြဲျဖစ္ပြားသည့္ ေနရာတခုလည္း ျဖစ္သည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
-------
(Unicode)⤵⤵⤵
ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် အမျိုးသားတဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ဝေလုံကျေးရွာ တွင်နေထိုင်သည့် အမျိုးသားတဦး ယမန် မနက် ပိုင်းတွင် သေနတ်ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန် (ဒီဇင်ဘာ ၂၃) မနက် ၁၀နာရီ ဝန်းကျင်တွင် ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာ အုပ်စု ဝေလုံ ကျေးရွာ ၌ အသက် ၄၀ အရွယ် စိုင်းဌေးအောင် ကို အမည်မသိ အမျိုးသား ၂ဦးက သေနတ် ၁၀ချက်ဖြင့် လာရောက် ပစ်သတ်ခဲ့သည် ဟု ကျောက်မဲမြို့မ ရဲစခန်းမှ စုံစမ်းသိရသည်။

“ သေနတ်ပစ်တာက ၁၀ချက်ပါ။ အဲ့နေရာမှာပဲ လှဲချ သေဆုံးသွားတယ်။ စိုင်းဌေးအောင် ကို လာပစ်တဲ့ အမည်မသိ အမျိုးသား၂ဦးကို စုံစမ်းနေပါတယ်” ဟု ကျောက်မဲမြို့ မ ရဲစခန်းမှ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

အဆိုပါ သေနတ်ပစ်ခံရသည့် စိုင်းဌေးအောင် သည် ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ကော်မတီ ဝင် တဦးဖြစ်ပြီး၊စိုင်းဌေးအောင်ကို ပစ်သည့် ကျည်ဆံခွံ ၁၀ခု သည် LUGER အမျိုးအစား 9MM ဖြစ်ကြောင်း ကျောက်မဲမြို့မ ရဲစခန်း စစ်ဆေးချက် မှ သိရသည်။

“ ကျနော် ကြားရတာတော့ သေနတ်ပစ်ခံရတဲ့ အမျိုးသားက သူ့ အမေ အိမ်ပြင်နေတာ သွားကူနေချိန် အမည်မသိတဲ့ အမျိုးသား ၂ဦး က လာပြီး သေနတ်ပစ်တယ်။ နောက် ပစ်ခံရတဲ့သူက ကြံ့ခိုင်ရေး ပါတီ အဖွဲ့ ဖြစ်နေတယ်။ သူတို့တွေ ပြဿနာ တခုခု တော့ရှိပုံရတယ်” ဟု ကျောက်မဲမြို့နယ် အိုမ်းတမောဝ် လူမှုကူညီရေး အသင်း က အဘမ်း ကပြောသည်။

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် တွင် တိုင်းရင်းသားလက်နက်ကိုင်များ နှင့် မြန်မာ့တပ်မတော် လှုပ်ရှားသည့်နေရာဖြစ်ပြီး၊ မကြာခဏ တိုက်ပွဲဖြစ်ပွားသည့် နေရာတခုလည်း ဖြစ်သည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ေက်ာက္မဲၿမိဳ႕နယ္ ျပည္ခုိင္ၿဖိဳးပါတီ ေကာ္မတီဝင္ အမ်ိဳးသားတဦး ေသနတ္ပစ္သတ္ခံရ ေက်ာက္မဲၿမိဳ႕နယ္ ျပည္ခုိင္ၿဖိဳးပါတီ ေကာ္မတီဝင္ အမ်ိဳးသားတဦး ေသနတ္ပစ္သတ္ခံရ Reviewed by THITHTOOLWIN on 01:09 Rating: 5
Powered by Blogger.