အႀကီးဆုံး စစ္သေဘၤာ မုတၱမအပါအဝင္၊ စစ္သေဘၤာ ခုႏွစ္စင္း တပ္ေတာ္ဝင္

၂၀၁၉၊ ဒီဇင္ဘာ ၂၅ ရက္ေန႔ က်င္းပတဲ့ တပ္မေတာ္-ေရ (၇၂) ႀကိမ္ေျမာက္ အခမ္းအနားမွာ တပ္ေတာ္ဝင္တဲ့ စစ္သေဘၤာေတြကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ေတာင္ကိုးရီးယားႏိုင္ငံကေန တည္ေဆာက္ေပးတဲ့ Makassar Class / LPD Vessel မာကာဆာအမ်ိဳးအစား ဘက္စုံသုံး စစ္သေဘၤာ မုတၱမ အပါအဝင္ ကမ္း႐ိုးတန္း သယ္ယူပို႔ေဆာင္ေရး ေရယာဥ္ ျမစ္ႀကီးနား၊ ၂၇ မီတာ အျမန္သြား ကင္းလွည့္ေရယာဥ္ ႏွစ္စီး၊ ၂၆ မီတာ ပင္လယ္သြား တြဲ/ဆြဲ ေရယာဥ္ ႏွစ္စီးနဲ႔ ျမစ္အတြင္းသြား ေရယာဥ္ ႏွစ္စီး၊ စုစုေပါင္း ခုႏွစ္စင္းဟာ ဒီဇင္ဘာလ ၂၄ ရက္ေန႔က ရန္ကုန္တိုင္း သီလဝါမွာရွိတဲ့ တပ္မေတာ္ (ေရ) မွာ စတင္တာဝန္ထမ္းေဆာင္ပါတယ္။

ဖြင့္ပြဲကို တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကိုယ္တိုင္ တက္ေရာက္ ဖြင့္လွစ္ခဲ့ပါတယ္။ သတင္းမီဒီယာေတြကို မုတၱမစစ္သေဘၤာေပၚ တက္ေရာက္ေလ့လာခြင့္ ေပးခဲ့ေပမယ့္ မွတ္တမ္းဗီဒီယို၊ ဓာတ္ပုံ ႐ိုက္ကူးခြင့္ မျပဳခဲ့ပါဘူး။

ဒီေရယာဥ္ဟာ လက္နက္တပ္ဆင္ထားတာ မရွိဘဲ ဝန္ထမ္း ၁၀၀ ေက်ာ္ လိုက္ပါႏိုင္တဲ့အျပင္ သံခ်ပ္ကာယာဥ္ ၁၆ စီး၊ ထရပ္ကား ၁၃ စီး၊ ကမ္းတက္ေရယာဥ္ ၁ စီးနဲ႔ ရဟတ္ယာဥ္ ၂ စီး တင္ေဆာင္ႏိုင္တဲ့ ျမန္မာ့တပ္မေတာ္ရဲ႕ ၾကည္း၊ ေရ၊ ေလ ဘက္စုံသုံး အႀကီးဆုံးေရယာဥ္လည္း ျဖစ္ပါတယ္။

ဒါ့အျပင္ မုတၱမ စစ္ေရယာဥ္ေပၚမွာ ကုတင္ ၁၇ ခုပါဝင္တဲ့ ေဆး႐ုံအေသးစားတစ္ခု ပါဝင္သလို ခြဲစိတ္ခန္း၊ ဓာတ္မွန္ခန္းေတြ၊ သြားေဆးကုခန္းေတြအျပင္ ဆရာဝန္ေတြနဲ႔ သူနာျပဳေတြလည္း ပါဝင္ပါတယ္။ Makassar Class / LPD Vessel  ဘက္စုံသုံး ေထာက္ပို႔ေရယာဥ္အတြက္ တပ္မေတာ္နဲ႔ ကိုးရီးယားႏိုင္ငံ ဘူဆန္အေျခစိုက္  ေဒဆန္းကုမၸဏီတို႔ ၂၀၁၈ ခုႏွစ္တုန္းက လက္မွတ္ထိုးခဲ့ၿပီး၊ ဒီႏွစ္ထဲမွာ အၿပီးလႊဲေျပာင္းေပးခဲ့တာပါ။ သေဘၤာ ဝယ္ယူတဲ့ ကုန္က်စရိတ္ကိုေတာ့ တပ္မေတာ္ဘက္က ထုတ္ျပန္ေျပာဆိုျခင္း မရွိပါဘူး။

ေတာင္ကိုးရီးယားႏိုင္ငံကေန Makassar Class / LPD Vessel  ဘက္စုံသုံး ေထာက္ပို႔ေရယာဥ္ကို ဖိလစ္ပိုင္နဲ႔ အင္ဒိုနီးရွားႏိုင္ငံေတြက ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အၾကာကတည္းက စတင္သုံးစြဲေနတာျဖစ္ပါတယ္။  ျမန္မာႏိုင္ငံက Makassar Class ကို ဒီႏွစ္မွာ စတင္ပိုင္ဆိုင္တာျဖစ္ပါတယ္။

၂၀၀၄ တုန္းက အင္ဒိုနီးရွားေရတပ္ဟာ Makassar Class LPD ကို ေဒဆန္းကုမၸဏီကေန LPD vessel ေလးစီးထိ ဝယ္ယူၿပီးေတာ့ အဲဒီတုန္းက ကန္ေဒၚလာ သန္း ၁၅၀ ဝန္းက်င္နဲ႔ ဝယ္ယူတာျဖစ္တယ္လို႔ Naval Technology ဝက္ဆိုက္ေဖာ္ျပခ်က္အရ သိရပါတယ္။ အဲဒီကာလတုန္းက တစ္စင္းတန္ေၾကး အနည္းဆုံး ေဒၚလာ ၃၇ သန္းရွိတဲ့သေဘာပါ။

တပ္မေတာ္- ေရကို အင္အားတိုးခ်ဲ႕တဲ့အေနနဲ႔ ျမန္မာႏိုင္ငံဟာ အိႏၵိယႏိုင္ငံက အသုံးျပဳၿပီးျဖစ္တဲ့၊ ႐ုရွားႏိုင္ငံထုတ္ တစ္ပတ္ရစ္ Kilo Class ေရငုပ္သေဘၤာကိုလည္း ဒီႏွစ္အေစာပိုင္းမွာ လႊဲေျပာင္းရယူခဲ့ပါေသးတယ္။ တစ္ပတ္ရစ္ ကီလိုရဲ႕ တန္ေၾကး ဘယ္ေလာက္ရွိတယ္ဆိုတာ မသိရပါဘူး။

ေရငုပ္သေဘၤာကို ဒီႏွစ္တပ္ေတာ္ဝင္အခမ္းအနားမွာေတာ့ မေတြ႕ရပါဘူး။ တပ္မေတာ္သားေဟာင္းတစ္ဦးျဖစ္တဲ့  ေသနဂၤဗ်ဴဟာေလ့လာေရးအဖြဲ႕ရဲ႕ အမႈေဆာင္ ဒါ႐ိုက္တာ ဦးႏိုင္ေဆြဦးကေတာ့ လာမယ့္ ၂၀၂၀ မွာ တပ္ေတာ္ဝင္မယ္လို႔ ခန႔္မွန္းပါတယ္။

RFA Burmese
https://www.rfa.org
---------
(Unicode)⤵⤵⤵
အကြီးဆုံး စစ်သင်္ဘော မုတ္တမအပါအဝင်၊ စစ်သင်္ဘော ခုနှစ်စင်း တပ်တော်ဝင်

၂၀၁၉၊ ဒီဇင်ဘာ ၂၅ ရက်နေ့ ကျင်းပတဲ့ တပ်မတော်-ရေ (၇၂) ကြိမ်မြောက် အခမ်းအနားမှာ တပ်တော်ဝင်တဲ့ စစ်သင်္ဘောတွေကို တွေ့ရစဉ်
ဓါတ်ပုံ - နေမျိုးထွန်း/ RFA

တောင်ကိုးရီးယားနိုင်ငံကနေ တည်ဆောက်ပေးတဲ့ Makassar Class / LPD Vessel မာကာဆာအမျိုးအစား ဘက်စုံသုံး စစ်သင်္ဘော မုတ္တမ အပါအဝင် ကမ်းရိုးတန်း သယ်ယူပို့ဆောင်ရေး ရေယာဉ် မြစ်ကြီးနား၊ ၂၇ မီတာ အမြန်သွား ကင်းလှည့်ရေယာဉ် နှစ်စီး၊ ၂၆ မီတာ ပင်လယ်သွား တွဲ/ဆွဲ ရေယာဉ် နှစ်စီးနဲ့ မြစ်အတွင်းသွား ရေယာဉ် နှစ်စီး၊ စုစုပေါင်း ခုနှစ်စင်းဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်တိုင်း သီလဝါမှာရှိတဲ့ တပ်မတော် (ရေ) မှာ စတင်တာဝန်ထမ်းဆောင်ပါတယ်။

ဖွင့်ပွဲကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ခဲ့ပါတယ်။ သတင်းမီဒီယာတွေကို မုတ္တမစစ်သင်္ဘောပေါ် တက်ရောက်လေ့လာခွင့် ပေးခဲ့ပေမယ့် မှတ်တမ်းဗီဒီယို၊ ဓာတ်ပုံ ရိုက်ကူးခွင့် မပြုခဲ့ပါဘူး။

ဒီရေယာဉ်ဟာ လက်နက်တပ်ဆင်ထားတာ မရှိဘဲ ဝန်ထမ်း ၁၀၀ ကျော် လိုက်ပါနိုင်တဲ့အပြင် သံချပ်ကာယာဉ် ၁၆ စီး၊ ထရပ်ကား ၁၃ စီး၊ ကမ်းတက်ရေယာဉ် ၁ စီးနဲ့ ရဟတ်ယာဉ် ၂ စီး တင်ဆောင်နိုင်တဲ့ မြန်မာ့တပ်မတော်ရဲ့ ကြည်း၊ ရေ၊ လေ ဘက်စုံသုံး အကြီးဆုံးရေယာဉ်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် မုတ္တမ စစ်ရေယာဉ်ပေါ်မှာ ကုတင် ၁၇ ခုပါဝင်တဲ့ ဆေးရုံအသေးစားတစ်ခု ပါဝင်သလို ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်းတွေ၊ သွားဆေးကုခန်းတွေအပြင် ဆရာဝန်တွေနဲ့ သူနာပြုတွေလည်း ပါဝင်ပါတယ်။ Makassar Class / LPD Vessel  ဘက်စုံသုံး ထောက်ပို့ရေယာဉ်အတွက် တပ်မတော်နဲ့ ကိုးရီးယားနိုင်ငံ ဘူဆန်အခြေစိုက်  ဒေဆန်းကုမ္ပဏီတို့ ၂၀၁၈ ခုနှစ်တုန်းက လက်မှတ်ထိုးခဲ့ပြီး၊ ဒီနှစ်ထဲမှာ အပြီးလွှဲပြောင်းပေးခဲ့တာပါ။ သင်္ဘော ဝယ်ယူတဲ့ ကုန်ကျစရိတ်ကိုတော့ တပ်မတော်ဘက်က ထုတ်ပြန်ပြောဆိုခြင်း မရှိပါဘူး။

တောင်ကိုးရီးယားနိုင်ငံကနေ Makassar Class / LPD Vessel  ဘက်စုံသုံး ထောက်ပို့ရေယာဉ်ကို ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ပြီးခဲ့တဲ့ ဆယ်စုနှစ်အကြာကတည်းက စတင်သုံးစွဲနေတာဖြစ်ပါတယ်။  မြန်မာနိုင်ငံက Makassar Class ကို ဒီနှစ်မှာ စတင်ပိုင်ဆိုင်တာဖြစ်ပါတယ်။

၂၀၀၄ တုန်းက အင်ဒိုနီးရှားရေတပ်ဟာ Makassar Class LPD ကို ဒေဆန်းကုမ္ပဏီကနေ LPD vessel လေးစီးထိ ဝယ်ယူပြီးတော့ အဲဒီတုန်းက ကန်ဒေါ်လာ သန်း ၁၅၀ ဝန်းကျင်နဲ့ ဝယ်ယူတာဖြစ်တယ်လို့ Naval Technology ဝက်ဆိုက်ဖော်ပြချက်အရ သိရပါတယ်။ အဲဒီကာလတုန်းက တစ်စင်းတန်ကြေး အနည်းဆုံး ဒေါ်လာ ၃၇ သန်းရှိတဲ့သဘောပါ။

တပ်မတော်- ရေကို အင်အားတိုးချဲ့တဲ့အနေနဲ့ မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံက အသုံးပြုပြီးဖြစ်တဲ့၊ ရုရှားနိုင်ငံထုတ် တစ်ပတ်ရစ် Kilo Class ရေငုပ်သင်္ဘောကိုလည်း ဒီနှစ်အစောပိုင်းမှာ လွှဲပြောင်းရယူခဲ့ပါသေးတယ်။ တစ်ပတ်ရစ် ကီလိုရဲ့ တန်ကြေး ဘယ်လောက်ရှိတယ်ဆိုတာ မသိရပါဘူး။

ရေငုပ်သင်္ဘောကို ဒီနှစ်တပ်တော်ဝင်အခမ်းအနားမှာတော့ မတွေ့ရပါဘူး။ တပ်မတော်သားဟောင်းတစ်ဦးဖြစ်တဲ့  သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးနိုင်ဆွေဦးကတော့ လာမယ့် ၂၀၂၀ မှာ တပ်တော်ဝင်မယ်လို့ ခန့်မှန်းပါတယ်။

RFA Burmese
https://www.rfa.org
အႀကီးဆုံး စစ္သေဘၤာ မုတၱမအပါအဝင္၊ စစ္သေဘၤာ ခုႏွစ္စင္း တပ္ေတာ္ဝင္ အႀကီးဆုံး စစ္သေဘၤာ မုတၱမအပါအဝင္၊ စစ္သေဘၤာ ခုႏွစ္စင္း တပ္ေတာ္ဝင္ Reviewed by THITHTOOLWIN on 00:58 Rating: 5
Powered by Blogger.