ICJ မွာ စြဲဆိုတာ လူသားတရပ္လံုးနဲ႔ သက္ဆိုင္ဟု ဂမ္ဘီယာ ယူဆ

ဂမ္ဘီယာ တရားေရးဝန္ႀကီး Tambadou က ICJ မွာ ျမန္မာႏိုင္ငံကို တရားစြဲဆိုအၿပီး

(Zawgyi/Unicode)

ျမန္မာႏုိင္ငံကို အျပည္ျပည္ဆုိင္ရာတရား႐ံုး (ICJ) မွာ တရားစြဲတဲ့ကိစၥဟာ အစၥလာမ္မစ္ကိစၥရပ္တခုထက္ ေက်ာ္လြန္ၿပီး လူသားတရပ္လံုးနဲ႔ သက္ဆိုင္တဲ့ကိစၥရပ္ျဖစ္တယ္လုိ႔ ဂမ္ဘီယာ တရားေရးဝန္ႀကီး Abubacarr Tambadou က ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ရင္ဆိုင္ေျဖရွင္းမယ့္ အေပၚမွာလည္း ဝမ္းေျမာက္ေၾကာင္း ဂမ္ဘီယာႏုိင္ငံဘက္ေန ဦးေဆာင္ေလွ်ာက္ထားမယ့္ မစၥတာ Tambadou ကေျပာပါတယ္။ ဂမ္ဘီယာႏုိင္ငံ၊ Banjul ၿမိဳ႕ေတာ္မွာ မစၥတာ Tambadou ကို ေတြ႔ဆံုေမးျမန္းထားတဲ့ ႐ိုက္တာသတင္းဌာနရဲ႕ သတင္းလႊာကို ကိိုေက်ာ္ေက်ာ္သိန္းက ေျပာျပပါမယ္။

ဂမ္ဘီယာ တရားေရးဝန္ႀကီး Tambadou ဟာ ဘဂၤလားေဒ့ရွ္ႏုိင္္ငံ၊ Cox’s Bazar ေဒသက ဒုကၡသည္စခန္းေတြကို ၂၀၁၈ ခုႏွစ္ အေစာပိုင္းက သြားေရာက္ခဲ့ဖူးသူပါ။ သူတို႔ ေတြ႔ၾကံဳခံစားခဲ့ရတာေတြကို ဒုကၡသည္ေတြေျပာျပတာ ၾကားခဲ့ရတဲ့ မစၥတာ Tambadou ဟာ ၁၉၉၄ ခုႏွစ္ ရဝမ္ဒါ လူမ်ဳိးတုန္းသတ္ျဖတ္မႈဆိုင္ရာ တရားစီရင္မႈမွာ ဆယ္စုႏွစ္တခုေက်ာ္ၾကာ ပါဝင္ေဆာင္ရြက္ ခဲ့ဖူးသူမို႔ သူၾကားရတာေတြက သိပ္ကိုဆင္တူူေနတယ္လုိ႔ ေျပာပါတယ္။

“လူအမ်ားအျပား သတ္ျဖတ္ခံရတာကို ရင္ဆိုင္ရခ်ိန္ အကူအညီမဲ့ပံုေတြ၊ မုဒိန္းက်င့္ခံရတာေတြ၊ ႏွိပ္စက္ညႇဥ္း ပန္းခံရတာေတြ၊ ကေလးေတြကို အရွင္လတ္လတ္ မီး႐ိႈ႕သတ္တာေတြ စတဲ့အျဖစ္အပ်က္ေတြဟာ ရဝမ္ဒါဆုိင္ရာ ႏုိင္ငံတကာ တရားခံု႐ံုးမွာ ေရွ႕ေနတဦးအျဖစ္ လုပ္ကိုင္ေဆာင္ရြက္ဖူးတဲ့ က်ေနာ့္အေတြ႔အၾကံဳအရဆိုရင္ သိပ္ကိုတူလြန္းပါတယ္။ အဲဒီအျဖစ္ အပ်က္ေတြအားလံုးဟာ genocide ျပစ္မႈေျမာက္တာကို က်ေနာ္ေတြ႔ရပါတယ္။ ဒီအျဖစ္အပ်က္ေတြဟာ အရင္က က်ေနာ္ၾကားခဲ့ ရတဲ့အျဖစ္အပ်က္ေတြနဲ႔ သိပ္ကိုဆင္တူတာေၾကာင့္ ဒါေတာ့ မျဖစ္သင့္ေတာ့ဘူး၊ ဒါနဲ႔ပတ္သက္ၿပီး တခုခုေတာ့ လုပ္ရမယ္ဆိုၿပီး က်ေနာ္ေတြးခဲ့ပါတယ္။”

ျမန္မာအစိုးရတာဝန္ရွိသူေတြကေတာ့ လံုျခံဳေရးတပ္ဖြဲ႔ေတြက genocide ျပစ္မႈကို က်ဴးလြန္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြ မဟုတ္မွန္ ေၾကာင္း ျငင္းထားၿပီး လက္နက္ကိုင္ အစြန္းေရာက္ဝါဒီေတြကို တိုက္ခိုက္တာသာျဖစ္တယ္လုိ႔ တုံ႔ျပန္ေျပာဆိုထားပါတယ္။

မစၥတာ Tambadou ဟာ ႐ိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္တဲ့ ျပစ္မႈေတြကို ဆန္းစစ္ဖို႔ အစၥလာမ္မစ္ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔ (OIC) မွာ ေကာ္မတီတခုဖြဲ႔စည္းေရး ဆံုးျဖတ္ခ်က္ မူၾကမ္းတရပ္ကို တင္သြင္းခဲ့ပါတယ္။ ဒီႏွစ္မွာေတာ့ ျမန္မာႏုိင္ငံကို တရားစြဲဆို ေရး OIC အဖြဲ႔ဝင္ ၅၇ ႏုိင္ငံလံုးကေထာက္ခံဖို႔ စည္း႐ံုးခဲ့ပါတယ္။

ဒီလုိလုပ္ေဆာင္တာနဲ႔ပတ္္သက္ၿပီး မစၥတာ Tabadou ရွင္းျပတာက

“ဒီအေျခအေနမွာ အဲဒါက အေရးႀကီးတဲ့ အခ်က္တခ်က္ပါ။ OIC ဟာ အစၥလာမ္မစ္အဖြဲ႔တဖြဲ႔ဆိုတာ မွန္ပါ တယ္။ ကမာၻတဝန္းက မြတ္ဆလင္ေတြရဲ႕ အခြင့္အေရးကို ကာကြယ္ထိန္းသိမ္းဖို႔ ဖြဲ႔စည္းထားတာပါ။ ျမန္မာႏုိင္္ငံျဖစ္ရပ္မွာေတာ့ အစၥလာမ္မစ္ကိစၥရပ္တခု ဆိုတာထက္ အမ်ားႀကီး ေက်ာ္လြန္ပါတယ္။ ဒါက က်ေနာ္တို႔ လူသားမ်ဳိးႏြယ္တရပ္လံုးနဲ႔ ဆိုင္တယ္လုိ႔ က်ေနာ္ယူဆပါတယ္။”

ေရွ႕သီတင္းပတ္က်ရင္ေတာ့ နယ္သာလန္ႏုိင္္ငံ၊ The Hague ၿမိဳ႕က ICJ မွာ မစၥတာ Tambadou ဦးေဆာင္တဲ့အဖြဲ႔ဟာ ျမန္မာ ႏုိင္္ငံအေပၚ သူတို႔တရားစြဲဆိုထားတာနဲ႔ပတ္သက္ၿပီး ေလွ်ာက္ထားၾကေတာ့မွာပါ။

႐ိုဟင္ဂ်ာအရပ္သားေတြအေပၚ အင္အားသံုး ဖိႏွိပ္တာေတြ ရပ္တန္႔ဖို႔၊ ျမန္မာႏုိင္္ငံဟာ လူမ်ဳိးတံုးသတ္ျဖတ္မႈကို က်ဴးလြန္ထား တယ္ဆိုတာ အဆံုးတေန႔မွာ သိရွိႏိုင္ေစမယ့္ အေထာက္အထားေတြကို ထိန္းသိမ္းထားဖုိ႔ ICJ တရားသူႀကီးေတြက ျမန္မာႏုိင္္ငံကို ခ်က္ျခင္း အမိန္႔ထုတ္ၫႊန္ၾကားေပးေရး မစၥတာ Tambadou က ေလွ်ာက္ထားမွာပါ။

ျမန္မာစစ္ဘက္ဟာ “လူမ်ဳိးတုန္းသတ္ျဖတ္ဖို႔ ရည္ရြယ္ခ်က္” နဲ႔ လုပ္ေဆာင္ခဲ့တယ္ဆိုတဲ့ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရး အဖြဲ႔ရဲ႕ ေတြ႔ရွိခ်က္ေတြအေပၚ အေျခခံထားတဲ့ စြဲခ်က္ေတြအေပၚ ႐ိုဟင္ဂ်ာလို႔ သံုးႏႈန္းတာကို လက္မခံတဲ့ ျမန္မာအစုိးရက အျပင္း အထန္ တုံ႔ျပန္ထားပါတယ္။

နုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ဦးေဆာင္ၿပီး ICJ မွာ ရင္ဆုုိင္ေျဖရွင္းသြားမယ္လုိ႔လည္း ေၾကညာ ထားပါတယ္။

႐ိုဟင္ဂ်ာအက်ပ္အတည္းကို ကိုင္တြယ္ေျဖရွင္းေရး ႏုိင္္ငံတကာအဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္ဖို႔ ျမန္မာအစိုးရက ႏွစ္ေပါင္းမ်ားစြာ ျငင္းဆန္လာရာကေန အခုလို တုံ႔ျပန္လာတဲ့အေပၚ မစၥတာ Tambadou ကေတာ့ ေက်နပ္တယ္လုိ႔ေျပာပါတယ္။

“ျမန္မာအစိုးရအဖြဲ႔ရဲ႕ တကယ့္အဆင့္ျမင့္ပုဂၢိဳလ္ေတြ တရား႐ံုးမွာ ရင္ဆိုုင္ေျဖရွင္းမယ့္အေပၚ က်ေနာ္ ဝမ္းေျမာက္ပါတယ္။ ဒါက ဒီအမႈနဲ႔ပတ္သက္ၿပီး သူတို႔ တကယ္ပဲ အေလးအနက္ထားတယ္ဆိုတာ ျပပါတယ္။”

သူ႔ႏုိင္္ငံ လူထုအတြက္သာမက ကိုယ္တိုင္ ထုတ္ေဖာ္ေျပာဆိုခြင့္ မရသူေတြအတြက္ပါ သူ႔မွာတာဝန္ရွိတယ္လုိ႔ ခံယူတဲ့အတြက္ အခုလိုမ်ဳိး ဂမ္ဘီယာႏုိင္္ငံအေနနဲ႔ ျမန္မာႏုိင္္ငံကို တရားစြဲဆိုရတာျဖစ္တယ္လုိ႔ ုမစၥတာ Tambadou ကေျပာပါတယ္။

.........................

ICJ မှာ စွဲဆိုတာ လူသားတရပ်လုံးနဲ့ သက်ဆိုင်ဟု ဂမ်ဘီယာ ယူဆ

(Unicode)

မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲတဲ့ကိစ္စဟာ အစ္စလာမ်မစ်ကိစ္စရပ်တခုထက် ကျော်လွန်ပြီး လူသားတရပ်လုံးနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်ဖြစ်တယ်လို့ ဂမ်ဘီယာ တရားရေးဝန်ကြီး Abubacarr Tambadou က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းမယ့် အပေါ်မှာလည်း ဝမ်းမြောက်ကြောင်း ဂမ်ဘီယာနိုင်ငံဘက်နေ ဦးဆောင်လျှောက်ထားမယ့် မစ္စတာ Tambadou ကပြောပါတယ်။ ဂမ်ဘီယာနိုင်ငံ၊ Banjul မြို့တော်မှာ မစ္စတာ Tambadou ကို တွေ့ဆုံမေးမြန်းထားတဲ့ ရိုက်တာသတင်းဌာနရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ဂမ်ဘီယာ တရားရေးဝန်ကြီး Tambadou ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသက ဒုက္ခသည်စခန်းတွေကို ၂၀၁၈ ခုနှစ် အစောပိုင်းက သွားရောက်ခဲ့ဖူးသူပါ။ သူတို့ တွေ့ကြုံခံစားခဲ့ရတာတွေကို ဒုက္ခသည်တွေပြောပြတာ ကြားခဲ့ရတဲ့ မစ္စတာ Tambadou ဟာ ၁၉၉၄ ခုနှစ် ရဝမ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ တရားစီရင်မှုမှာ ဆယ်စုနှစ်တခုကျော်ကြာ ပါဝင်ဆောင်ရွက် ခဲ့ဖူးသူမို့ သူကြားရတာတွေက သိပ်ကိုဆင်တူူနေတယ်လို့ ပြောပါတယ်။

“လူအများအပြား သတ်ဖြတ်ခံရတာကို ရင်ဆိုင်ရချိန် အကူအညီမဲ့ပုံတွေ၊ မုဒိန်းကျင့်ခံရတာတွေ၊ နှိပ်စက်ညှဉ်း ပန်းခံရတာတွေ၊ ကလေးတွေကို အရှင်လတ်လတ် မီးရှို့သတ်တာတွေ စတဲ့အဖြစ်အပျက်တွေဟာ ရဝမ်ဒါဆိုင်ရာ နိုင်ငံတကာ တရားခုံရုံးမှာ ရှေ့နေတဦးအဖြစ် လုပ်ကိုင်ဆောင်ရွက်ဖူးတဲ့ ကျနော့်အတွေ့အကြုံအရဆိုရင် သိပ်ကိုတူလွန်းပါတယ်။ အဲဒီအဖြစ် အပျက်တွေအားလုံးဟာ genocide ပြစ်မှုမြောက်တာကို ကျနော်တွေ့ရပါတယ်။ ဒီအဖြစ်အပျက်တွေဟာ အရင်က ကျနော်ကြားခဲ့ ရတဲ့အဖြစ်အပျက်တွေနဲ့ သိပ်ကိုဆင်တူတာကြောင့် ဒါတော့ မဖြစ်သင့်တော့ဘူး၊ ဒါနဲ့ပတ်သက်ပြီး တခုခုတော့ လုပ်ရမယ်ဆိုပြီး ကျနော်တွေးခဲ့ပါတယ်။”

မြန်မာအစိုးရတာဝန်ရှိသူတွေကတော့ လုံခြုံရေးတပ်ဖွဲ့တွေက genocide ပြစ်မှုကို ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ မဟုတ်မှန် ကြောင်း ငြင်းထားပြီး လက်နက်ကိုင် အစွန်းရောက်ဝါဒီတွေကို တိုက်ခိုက်တာသာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

မစ္စတာ Tambadou ဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို ဆန်းစစ်ဖို့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) မှာ ကော်မတီတခုဖွဲ့စည်းရေး ဆုံးဖြတ်ချက် မူကြမ်းတရပ်ကို တင်သွင်းခဲ့ပါတယ်။ ဒီနှစ်မှာတော့ မြန်မာနိုင်ငံကို တရားစွဲဆို ရေး OIC အဖွဲ့ဝင် ၅၇ နိုင်ငံလုံးကထောက်ခံဖို့ စည်းရုံးခဲ့ပါတယ်။

ဒီလိုလုပ်ဆောင်တာနဲ့ပတ်သက်ပြီး မစ္စတာ Tabadou ရှင်းပြတာက

“ဒီအခြေအနေမှာ အဲဒါက အရေးကြီးတဲ့ အချက်တချက်ပါ။ OIC ဟာ အစ္စလာမ်မစ်အဖွဲ့တဖွဲ့ဆိုတာ မှန်ပါ တယ်။ ကမ္ဘာတဝန်းက မွတ်ဆလင်တွေရဲ့ အခွင့်အရေးကို ကာကွယ်ထိန်းသိမ်းဖို့ ဖွဲ့စည်းထားတာပါ။ မြန်မာနိုင်ငံဖြစ်ရပ်မှာတော့ အစ္စလာမ်မစ်ကိစ္စရပ်တခု ဆိုတာထက် အများကြီး ကျော်လွန်ပါတယ်။ ဒါက ကျနော်တို့ လူသားမျိုးနွယ်တရပ်လုံးနဲ့ ဆိုင်တယ်လို့ ကျနော်ယူဆပါတယ်။”

ရှေ့သီတင်းပတ်ကျရင်တော့ နယ်သာလန်နိုင်ငံ၊ The Hague မြို့က ICJ မှာ မစ္စတာ Tambadou ဦးဆောင်တဲ့အဖွဲ့ဟာ မြန်မာ နိုင်ငံအပေါ် သူတို့တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး လျှောက်ထားကြတော့မှာပါ။

ရိုဟင်ဂျာအရပ်သားတွေအပေါ် အင်အားသုံး ဖိနှိပ်တာတွေ ရပ်တန့်ဖို့၊ မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ထား တယ်ဆိုတာ အဆုံးတနေ့မှာ သိရှိနိုင်စေမယ့် အထောက်အထားတွေကို ထိန်းသိမ်းထားဖို့ ICJ တရားသူကြီးတွေက မြန်မာနိုင်ငံကို ချက်ခြင်း အမိန့်ထုတ်ညွှန်ကြားပေးရေး မစ္စတာ Tambadou က လျှောက်ထားမှာပါ။

မြန်မာစစ်ဘက်ဟာ “လူမျိုးတုန်းသတ်ဖြတ်ဖို့ ရည်ရွယ်ချက်” နဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ တွေ့ရှိချက်တွေအပေါ် အခြေခံထားတဲ့ စွဲချက်တွေအပေါ် ရိုဟင်ဂျာလို့ သုံးနှုန်းတာကို လက်မခံတဲ့ မြန်မာအစိုးရက အပြင်း အထန် တုံ့ပြန်ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ICJ မှာ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့လည်း ကြေညာ ထားပါတယ်။

ရိုဟင်ဂျာအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရေး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ မြန်မာအစိုးရက နှစ်ပေါင်းများစွာ ငြင်းဆန်လာရာကနေ အခုလို တုံ့ပြန်လာတဲ့အပေါ် မစ္စတာ Tambadou ကတော့ ကျေနပ်တယ်လို့ပြောပါတယ်။

“မြန်မာအစိုးရအဖွဲ့ရဲ့ တကယ့်အဆင့်မြင့်ပုဂ္ဂိုလ်တွေ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းမယ့်အပေါ် ကျနော် ဝမ်းမြောက်ပါတယ်။ ဒါက ဒီအမှုနဲ့ပတ်သက်ပြီး သူတို့ တကယ်ပဲ အလေးအနက်ထားတယ်ဆိုတာ ပြပါတယ်။”

သူ့နိုင်ငံ လူထုအတွက်သာမက ကိုယ်တိုင် ထုတ်ဖော်ပြောဆိုခွင့် မရသူတွေအတွက်ပါ သူ့မှာတာဝန်ရှိတယ်လို့ ခံယူတဲ့အတွက် အခုလိုမျိုး ဂမ်ဘီယာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို တရားစွဲဆိုရတာဖြစ်တယ်လို့ ုမစ္စတာ Tambadou ကပြောပါတယ်။

ေက်ာ္ေက်ာ္သိန္း/ VOA Burmese
https://burmese.voanews.com
ICJ မွာ စြဲဆိုတာ လူသားတရပ္လံုးနဲ႔ သက္ဆိုင္ဟု ဂမ္ဘီယာ ယူဆ ICJ မွာ စြဲဆိုတာ လူသားတရပ္လံုးနဲ႔ သက္ဆိုင္ဟု ဂမ္ဘီယာ ယူဆ Reviewed by THITHTOOLWIN on 09:07 Rating: 5
Powered by Blogger.