အတိုင္ပင္ခံဖိတ္ၾကားခ်က္အရ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ျမန္မာျပည္လာမည္

၂၀၁၇ ႏို၀င္ဘာလတုန္းက တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီး ၀မ္ရီႏွင့္ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ ေတြ႔ဆံုစဥ္ (Myanmar State Counsellor Office)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံအေနနဲ႔ ႏုိင္ငံတကာမွာ သံတမန္ေရးဖိအားနဲ႔ အတူ ICJ ႏုိင္ငံတကာတရား႐ုံးမွာရင္ဆုိင္ရဖို႔ရွိေနခ်ိန္မွာပဲ အခုလာမယ့္ ဒီဇင္ဘာ ၇ ရက္ေန႔မွာ တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီး ျမန္မာႏုိင္ငံကိုလာဖု႔ိ ရွိေနပါတယ္။ တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးရဲ႕ ဒီခရီးစဥ္ဟာ ျမန္မာႏုိင္ငံအတြက္ ဘယ္ေလာက္အေထာက္အကူျဖစ္ေစမလဲဆုိတဲ့သုံးသပ္ခ်က္ကို ကိုရန္ႏုိင္က စုံစမ္းေမးျမန္တင္ထားပါတယ္။

တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီး ၀မ္ရီဟာ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဖိတ္ၾကားခ်က္အရ ျမန္မာႏုိင္ငံကို လာမယ့္ ဒီဇင္ဘာလ ၇ ရက္ေန႔မွာ လာေရာက္မွာျဖစ္ပါတယ္။ ႏုိင္ငံျခားေရး၀န္ႀကီး ၀မ္ရီဟာ ျမန္မာႏုိင္ငံကို ဒီဇင္ဘာ ၇ ရက္ နဲ႔ ၈ ရက္ေန႔ေတြမွာ ၂ ရက္ၾကာ ခရီးစဥ္အျဖစ္နဲ႔ သြားေရာက္မွာျဖစ္တယ္လို႔ တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးဌာနက ဒီကေန႔မွာ သတင္းထုတ္ျပန္ထားပါတယ္။ ႐ုိဟင္ဂ်ာအေရး ကိစၥနဲ႔ ပတ္သက္ၿပီး ျမန္မာႏုိင္ငံဟာ ႏုိင္ငံတကာရဲ႕ ဖိအားေတြနဲ႔ ရင္ဆုိင္ေနရၿပီး သံတမန္ေရးအၾကပ္အတည္း ျဖစ္ေနခ်ိန္မွာ တ႐ုတ္ႏုိင္ငံျခားေရး ၀န္ႀကီး အခုလို ျမန္မာႏုိင္ငံကို သြားေရာက္မွာျဖစ္ပါတယ္။ ဒီခရီးစဥ္အတြင္း ႐ုိဟင္ဂ်ာအေရးကိစၥနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးႏုိင္ဖြယ္ရွိတယ္လို႔ တ႐ုတ္-ျမန္မာအေရးကၽြမ္းက်င္သူ ေဒါက္တာလွေက်ာ္ေဇာက အခုလိုေျပာပါတယ္။

“႐ုိဟင္ဂ်ာကိစၥေတြလည္း သူတို႔က ကူညီပါ့မယ္လို႔သူတို႔က ေျပာထားတာေရာ၊ ဘဂၤလားေဒ့ရွ္မွာေရာက္ေနတဲ့ ရိုဟင္ဂ်ာေတြရဲ႕ ေနရပ္ျပန္ေရးကိစၥ သူတို႔ အမ်ားႀကီးကူညီမယ္လို႔ ေျပာထားေတာ့ ဒီကိစၥေတြလည္း ပါေကာင္းပါႏိုင္မယ္လို႔ ထင္တယ္။ ေဒၚေအာင္ဆန္းစုၾကည္လာတုန္းကလည္း သမၼတ Xi Jinping ကိုယ္တိုင္ေျပာလိုက္တာပဲ။ ဒီရိုဟင္ဂ်ာကိစၥေတြ သူတို႔ အတတ္ႏိုင္ဆံုးကူညီေပးပါ့မယ္ ဆိုၿပီးေျပာလိုက္တာပဲ။”

႐ုိဟင္ဂ်ာေတြကို လူမ်ိဳးတုံးသတ္ျဖတ္တယ္ဆုိတဲ့ စြပ္စဲြခ်က္နဲ႔ ဂမ္ဘီယာႏုိင္ငံက ျမန္မာနုိင္ငံကုိ နယ္သာလန္ႏုိင္ငံ The Hague ၿမိဳ႕မွာရွိတဲ့ ႏုိင္ငံတကာတရား႐ုံး (ICJ) မွာ တရားစဲြထားၿပီး၊ လာမယ့္ ဒီဇင္ဘာ ၁၂ ရက္ေန႔မွာ ပထမဆုံးအႀကိမ္ ၾကားနာမွာျဖစ္ပါတယ္။ ဂမ္ဘီယာႏုိင္ငံက ျမန္မာႏုိင္ငံကို တရားစဲြထားတာနဲ႔ ပတ္သက္ၿပီး ျမန္မာႏုိင္ငံဘက္က ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ ဦးေဆာင္ေျဖရွင္းသြားမယ္လို႔ ျမန္မာအစိုးရက ေျပာထားၿပီး၊ အခုလို ႏုိင္ငံတကာတရား႐ုံး (ICJ) မွာ သြားေရာက္ရင္ဆုိင္ဖို႔ရွိေနခ်ိန္မွာ တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးသြားေရာက္မွာျဖစ္တဲ့အတြက္ ျမန္မာႏုိင္ငံအတြက္ တစုံတရာ အေထာက္အကူျဖစ္ႏုိင္မယ္လို႔ ခန္႔မွန္းေၾကာင္း ေဒါက္တာလွေက်ာ္ေဇာက သုံးသပ္ပါတယ္။

“အခ်ိန္ကို ၾကည့္ရတာေပါ့ေနာ္၊ time ကို ၾကည့္ရတာ ေဒၚေအာင္ဆန္းစုၾကည္က ၁၀ ရက္ေန႔ေလာက္ ထြက္မွာကို ၊ ေဒၚေအာင္ဆန္းစုၾကည္ မထြက္ခင္လာတာက တခုက ဒီလိုရွိတယ္၊ ဘဂၤလားေဒ့ရွ္ကို ေရာက္သြားတဲ့ ဒုကၡသည္ေတြကို သူတို႔ ကၽြန္းတကၽြန္းကို ပို႔ဖို႔ စီစဥ္ေနတယ္ဆိုတဲ့ ကိစၥရွိတယ္ အဲဒါကို တရုတ္က သူတို႔ ကူညီပါ့မယ္လို႔ ေျပာတယ္။ ေတာင္အာဖရိက ႏိုင္ငံမွာလည္း slum ေတြကို ဖ်က္ၿပီး သူတို႔ တေနရာပို႔တုန္းက တရုတ္က ကူညီခဲ့တာရွိတယ္။ အဲဒီေတာ့ အဲလိုနည္းနဲ႔ တရုတ္က ကူညီဖို႔မ်ား စဥ္းစားသလားမသိဘူး။ အဲဒီအခ်က္အလက္ကို ရရင္ေတာ့ ေဒၚေအာင္ဆန္းစုၾကည္အတြက္ကေတာ့ ႏိုင္ငံတကာ ခံုရံုးမွာ ေျပာဆိုတဲ့အခါမွာ သူ႔အတြက္ နည္းနည္းအားရွိတာေပါ့ဗ်ာ။ ဒီလိုေျဖရွင္းဖို႔အတြက္လည္း ဒီလို ႀကိဳးစားထားပါတယ္ ဆိုတာမ်ိဳးလည္း ျဖစ္ႏိုင္တယ္။”

ဒါ့အျပင္ တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးရဲ႕ခရီးစဥ္အတြင္း တ႐ုတ္ႏုိင္ငံက ေဒသတြင္းမွာ ေဖာ္ေဆာင္ဖို႔ႀကိဳးပမ္းေနတဲ့ ခါးပတ္လမ္းစီမံကိန္း နဲ႔ ေဒသတြင္းကိစၥရပ္ေတြကိုလည္း ေဆြြးေႏြးႏုိင္ဖြယ္ရွိတယ္လို႔ ေဒါက္တာလွေက်ာ္ေဇာ္က ေျပာပါတယ္။

“တရုတ္က အခု RCEP လို႔ေခၚတဲ့Regional Economic Partnershipအာဆီယံႏိုင္ငံ ၁၀ ႏိုင္ငံနဲ႔ သူတို႔ တျခား ၆ ႏိုင္ငံေပါ့ေနာ္ ၊ တရုတ္ရယ္ ၊ေတာင္ကိုရီးယားရယ္၊ ဂ်ပန္၊ အိႏိၵယရယ္၊ ၾသစေတးလ်ရယ္၊ နယူးဇီလန္ရယ္ ။ အခု အိႏိၵယကေတာ့ႏုတ္ထြက္သြားၿပီ။ အဲဒီ RCEP ကို ျမန္ျမန္ဆန္ဆန္ အေကာင္အထည္ေဖာ္ေရးအတြက္ တရုတ္က ႀကိဳးစားေနတာ တပိုင္းရွိတယ္။ ေနာက္တခုက ေတာင္တရုတ္ပင္လယ္အတြင္းက ျပႆနာေတြကိုCode of conduct လက္မွတ္ထိုးဖို႔ တရုတ္က ႀကိဳးစားေနတာရွိတယ္။ ဆိုေတာ့ အဲဒီကိစၥေတြနဲ႔ ျမန္မာျပည္ကို လာၿပီးေတာ့ ေမးတာျမန္းတာ တခုခု ရွိမယ္ထင္တယ္။”

တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးရဲ႕ ျမန္မာနုိင္ငံခရီးစဥ္နဲ႔ ပတ္သက္ၿပီး ျမန္မာႏုိင္ငံျခားေရး၀န္ႀကီးဌာန တာ၀န္ရွိသူေတြကို ဆက္သြယ္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ဆက္သြယ္လို႔မရခဲ့ပါဘူး။

.....................

အတိုင်ပင်ခံဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်

(Unicode)

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာမှာ သံတမန်ရေးဖိအားနဲ့ အတူ ICJ နိုင်ငံတကာတရားရုံးမှာရင်ဆိုင်ရဖို့ရှိနေချိန်မှာပဲ အခုလာမယ့် ဒီဇင်ဘာ ၇ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုလာဖု့ိ ရှိနေပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက် ဘယ်လောက်အထောက်အကူဖြစ်စေမလဲဆိုတဲ့သုံးသပ်ချက်ကို ကိုရန်နိုင်က စုံစမ်းမေးမြန်တင်ထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့မှာ လာရောက်မှာဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီဟာ မြန်မာနိုင်ငံကို ဒီဇင်ဘာ ၇ ရက် နဲ့ ၈ ရက်နေ့တွေမှာ ၂ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ သွားရောက်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ရိုဟင်ဂျာအရေး ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး သံတမန်ရေးအကြပ်အတည်း ဖြစ်နေချိန်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး အခုလို မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ဖွယ်ရှိတယ်လို့ တရုတ်-မြန်မာအရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက အခုလိုပြောပါတယ်။

“ရိုဟင်ဂျာကိစ္စတွေလည်း သူတို့က ကူညီပါ့မယ်လို့သူတို့က ပြောထားတာရော၊ ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာတွေရဲ့ နေရပ်ပြန်ရေးကိစ္စ သူတို့ အများကြီးကူညီမယ်လို့ ပြောထားတော့ ဒီကိစ္စတွေလည်း ပါကောင်းပါနိုင်မယ်လို့ ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်လာတုန်းကလည်း သမ္မတ Xi Jinping ကိုယ်တိုင်ပြောလိုက်တာပဲ။ ဒီရိုဟင်ဂျာကိစ္စတွေ သူတို့ အတတ်နိုင်ဆုံးကူညီပေးပါ့မယ် ဆိုပြီးပြောလိုက်တာပဲ။”

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ The Hague မြို့မှာရှိတဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ တရားစွဲထားပြီး၊ လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပထမဆုံးအကြိမ် ကြားနာမှာဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ဖြေရှင်းသွားမယ်လို့ မြန်မာအစိုးရက ပြောထားပြီး၊ အခုလို နိုင်ငံတကာတရားရုံး (ICJ) မှာ သွားရောက်ရင်ဆိုင်ဖို့ရှိနေချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးသွားရောက်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် တစုံတရာ အထောက်အကူဖြစ်နိုင်မယ်လို့ ခန့်မှန်းကြောင်း ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

“အချိန်ကို ကြည့်ရတာပေါ့နော်၊ time and space ကို ကြည့်ရတာ ဒေါ်အောင်ဆန်းစုကြည်က ၁၀ ရက်နေ့လောက် ထွက်မှာကို ၊ ဒေါ်အောင်ဆန်းစုကြည် မထွက်ခင်လာတာက တခုက ဒီလိုရှိတယ်၊ ဘင်္ဂလားဒေ့ရှ်ကို ရောက်သွားတဲ့ ဒုက္ခသည်တွေကို သူတို့ ကျွန်းတကျွန်းကို ပို့ဖို့ စီစဉ်နေတယ်ဆိုတဲ့ ကိစ္စရှိတယ် အဲဒါကို တရုတ်က သူတို့ ကူညီပါ့မယ်လို့ ပြောတယ်။ တောင်အာဖရိက နိုင်ငံမှာလည်း slum တွေကို ဖျက်ပြီး သူတို့ တနေရာပို့တုန်းက တရုတ်က ကူညီခဲ့တာရှိတယ်။ အဲဒီတော့ အဲလိုနည်းနဲ့ တရုတ်က ကူညီဖို့များ စဉ်းစားသလားမသိဘူး။ အဲဒီအချက်အလက်ကို ရရင်တော့ ဒေါ်အောင်ဆန်းစုကြည်အတွက်ကတော့ နိုင်ငံတကာ ခုံရုံးမှာ ပြောဆိုတဲ့အခါမှာ သူ့အတွက် နည်းနည်းအားရှိတာပေါ့ဗျာ။ ဒီလိုဖြေရှင်းဖို့အတွက်လည်း ဒီလို ကြိုးစားထားပါတယ် ဆိုတာမျိုးလည်း ဖြစ်နိုင်တယ်။”

ဒါ့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်အတွင်း တရုတ်နိုင်ငံက ဒေသတွင်းမှာ ဖော်ဆောင်ဖို့ကြိုးပမ်းနေတဲ့ ခါးပတ်လမ်းစီမံကိန်း နဲ့ ဒေသတွင်းကိစ္စရပ်တွေကိုလည်း ဆွေးနွေးနိုင်ဖွယ်ရှိတယ်လို့ ဒေါက်တာလှကျော်ဇော်က ပြောပါတယ်။

“တရုတ်က အခု RCEP လို့ခေါ်တဲ့Regional Economic Partnershipအာဆီယံနိုင်ငံ ၁၀ နိုင်ငံနဲ့ သူတို့ တခြား ၆ နိုင်ငံပေါ့နော် ၊ တရုတ်ရယ် ၊တောင်ကိုရီးယားရယ်၊ ဂျပန်၊ အိန္ဒိယရယ်၊ သြစတေးလျရယ်၊ နယူးဇီလန်ရယ် ။ အခု အိန္ဒိယကတော့နုတ်ထွက်သွားပြီ။ အဲဒီ RCEP ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရေးအတွက် တရုတ်က ကြိုးစားနေတာ တပိုင်းရှိတယ်။ နောက်တခုက တောင်တရုတ်ပင်လယ်အတွင်းက ပြဿနာတွေကိုCode of conduct လက်မှတ်ထိုးဖို့ တရုတ်က ကြိုးစားနေတာရှိတယ်။ ဆိုတော့ အဲဒီကိစ္စတွေနဲ့ မြန်မာပြည်ကို လာပြီးတော့ မေးတာမြန်းတာ တခုခု ရှိမယ်ထင်တယ်။”

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ဆက်သွယ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ရန္ႏိုင္/ VOA Burmese
https://burmese.voanews.com
အတိုင္ပင္ခံဖိတ္ၾကားခ်က္အရ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ျမန္မာျပည္လာမည္ အတိုင္ပင္ခံဖိတ္ၾကားခ်က္အရ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ျမန္မာျပည္လာမည္ Reviewed by THITHTOOLWIN on 09:04 Rating: 5
Powered by Blogger.