ပုသိမ္ေက်ာက္မီးေသြးသုံး စက္႐ုံ အတြက္ တ႐ုတ္ေျခလွမ္းစ

 ေက်ာက္မီးေသြးစက္႐ုံ တည္ေဆာက္ဖို႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ စာခ်ဳပ္ကို လက္မွတ္ေရးထိုး
(Zawgyi)⤵⤵⤵
ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕မွာ ဖြင့္လွစ္မယ့္ ပုသိမ္စက္မႈဇုန္မွာ တ႐ုတ္ယူနန္ Union Resources and Engineering Company Limited နဲ႔ ADPCL ဧရာဝတီဖြံ႕ၿဖိဳးတိုးတက္ေရး အမ်ားပိုင္ကုမၸဏီလီမိတက္တို႔က ေက်ာက္မီးေသြးစက္႐ုံ တည္ေဆာက္ေရး ပူးေပါင္းေဆာင္႐ြက္ဖို႔ စာခ်ဳပ္ကို လက္မွတ္ေရးထိုးလိုက္တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက ဒီဇင္ဘာ ၃ ရက္ေန႔က သတင္းထုတ္ျပန္ပါတယ္။

ပုသိမ္စက္မႈဇုန္ထဲမွာ ၃၅၀ မဂၢါဝပ္ရွိတဲ့ ေက်ာက္မီးေသြးသုံး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ တည္ေဆာက္ဖို႔ လက္မွတ္ေရးထိုးတဲ့ေနရာမွာ တ႐ုတ္သံ႐ုံးက ႏိုဝင္ဘာ ၂၉ ရက္က အသိသက္ေသ လုပ္ခဲ့တာလို႔ လည္းေဖာ္ျပပါတယ္။

ဒါအျပင္ ပုသိမ္ စက္မႈဇုန္မွာ တ႐ုတ္အထည္ခ်ဳပ္စက္႐ုံ Texplus အတြက္ ရင္းႏွီးျမႇဳပ္ႏွံခြင့္ ခြင့္ျပဳခ်က္လက္မွတ္ ေပးအပ္ခဲ့တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာပါပါတယ္ ။

ပုသိမ္စက္မႈၿမိဳ႕ေတာ္ဟာ ျမန္မာႏိုင္ငံမွာ ဒုတိယလူဦးေရအမ်ားဆုံး ဧရာဝတီတိုင္းရဲ႕ ၿမိဳ႕ေတာ္ ပုသိမ္ၿမိဳ႕ ၿမိဳ႕ျပင္မွာ တည္ရွိၿပီး ပုသိမ္-ငပုေတာ ကားလမ္း နဲ႔ပုသိမ္ျမစ္(ငဝန္ျမစ္) အၾကားက ေျမဧက ၆၇၀၀ ေက်ာ္ အက်ယ္အဝန္း မွာ တည္ေဆာက္မွာ ျဖစ္ပါတယ္။

 ADPCL ဧရာဝတီဖြံ႕ၿဖိဳးတိုးတက္ေရး အမ်ားပိုင္ကုမၸဏီလီမိတက္က ျမန္မာဘက္ကပါ။

တ႐ုတ္သံ႐ုံးက ထုတ္ျပန္ခ်က္မွာေတာ့ တ႐ုတ္-ျမန္မာႏွစ္ဦးႏွစ္ဖက္က တ႐ုတ္ယူနန္ Union Resources & Engineering Company Limited (UREC) နဲ႔ ဧရာဝတီဖြံ႕ၿဖိဳးတိုးတက္ေရး အမ်ားပိုင္ကုမၸဏီလီမိတက္တို႔ ပုသိမ္စက္မႈဇုန္အတြင္း 2x350 မဂၢါဝပ္ ေက်ာက္မီးေသြး ဓာတ္အားေပး စက္႐ုံတည္ေဆာက္ေရးစီမံကိန္းအတြက္ မူေဘာင္စာခ်ဳပ္ လက္မွတ္ေရးထိုးတယ္လို႔ ေဖာ္ျပထားပါတယ္။

ဧရာဝတီတိုင္းအစိုးရက ထုတ္ျပန္တဲ့ သတင္းေတြမွာေတာ့ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံအမတ္ႀကီးနဲ႔ ကိုယ္စားလွယ္အဖြဲ႕က လာေရာက္ေတြ႕ဆုံေဆြးေႏြးပြဲမွာ ADPCL ကုမၸဏီနဲ႔ UREC ကုမၸဏီတို႔အၾကား သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးပြဲ အခမ္းအနားကို ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႕႐ုံးမွာ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလ ၂၉ ရက္ နံနက္ ၁၀ နာရီ မွာ က်င္းပခဲ့တယ္လို႔ ေဖာ္ျပပါတယ္။

ဧရာဝတီတိုင္းေဒသႀကီးအစိုးရဘက္ ကေတာ့ ေက်ာက္မီးေသြးသုံးလို႔ ေဖာ္ျပတာ မေတြ႕ရပါဘူး။

ေက်ာက္မီးေသြးသုံး ဓာတ္အားေပးစက္႐ုံေတြဟာ ေရ၊ ေလ၊ ေျမ စတဲ့ သဘာဝပတ္ဝန္းက်င္၊ က်န္းမာေရးထိခိုက္မႈ ေတြရွိႏိုင္တာေၾကာင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးပညာရွင္ေတြ၊ လူမႈ အဖြဲ႕အစည္းေတြနဲ႔ ေဒသခံေတြ အမ်ားစုက ကန႔္ကြက္မႈေတြ ရွိပါတယ္။

ကရင္ျပည္နယ္မွာေတာ့ ေဒသခံေတြ ကန္႔ကြက္ေနတဲ့အတြက္ ေက်ာက္မီးေသြး ဓာတ္အားေပးစက္႐ုံ စီမံကိန္းနဲ႔ ပတ္သက္လို႔ ေက်း႐ြာသားေတြ၊ ကရင္ျပည္နယ္ အစိုးရ၊ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြက ကိုယ္စားလွယ္ေတြ၊ အရပ္ဘက္ အဖြဲ႕အစည္းေတြနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမယ့္ ကုမၸဏီဘက္က တာဝန္ရွိသူေတြ ပါတဲ့ ေဆြးေႏြးပြဲေတြ လုပ္ခဲ့ရပါတယ္။

ဓာတ္ပုံ မူပိုင္ ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး
ပုသိမ္စက္မႈၿမိဳ႕ေတာ္စီမံကိန္းအတြင္း အေကာင္အထည္ေဖာ္မယ့္ အထည္ခ်ဳပ္စက္႐ုံ

ႏိုဝင္ဘာလ၂၉ရက္ေန႔မွာပဲ ပုသိမ္စက္မႈ ၿမိဳ႕ေတာ္ Pathein Industrial City စီမံကိန္း ဧရိယာအတြင္းက ေျမဧက ၅၀ မွာ ပထမ အဆင့္ စီမံခ်က္ ခ်မွတ္ၿပီး အေမရိကန္ ေဒၚလာ သန္း ၂၀၀ ရင္းႏွီး ျမႇဳပ္ႏွံတဲ့ ဧရာဝတီ အျပည္ျပည္ဆိုင္ရာ စက္မႈ ဆိပ္ကမ္း (ပုသိမ္)ကို ဆိပ္ကမ္း ပင္လယ္ကူး သေဘၤာဆိပ္ (Jetty) ရတနာ ပိုင္တိုင္ စိုက္ထူၿပီးဖြင့္လွစ္ခဲ့ပါတယ္ ။

ပုသိမ္-ငပုေတာ ကားလမ္းေဘးက ပုသိမ္စက္မႈဇုန္ဒီစီမံကိန္းမွာ ကုန္စည္ပို႔ေဆာင္ဖို႔၊ ေဒသထြက္ကုန္ပစၥည္းေတြ တင္ပို႔ေရာင္းခ်ဖို႔အတြက္ အျပည္ျပည္ဆိုင္ရာ ဆိပ္ကမ္းတစ္ခု ပါဝင္တယ္လို႔လည္း သိရပါတယ္။

တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးလွမိုးေအာင္က ဧရာဝတီတိုင္းေဒသႀကီးမွာ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းေတြကို လြယ္ကူေခ်ာေမာစြာ ေဆာင္႐ြက္ေပးလ်က္ရွိၿပီး တ႐ုတ္ႏိုင္ငံကလာေရာက္ရင္းႏွီးျမႇဳပ္ႏွံသူမ်ားစြာရွိေၾကာင္း၊ ၊ အခုေတြ႕ဆုံပြဲမွာ တ႐ုတ္ႏိုင္ငံဘက္ က လာေရာက္ရင္းႏွီးျမႇဳပ္ႏွံမႈ တစ္ခုကိုလည္း အတည္ျပဳမိန႔္ ေပးအပ္သြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က ပုသိမ္စက္မႈၿမိဳ႕ေတာ္ စီမံကိန္းအတြင္း အေကာင္အထည္ေဖာ္မယ့္ ပထမဦးဆုံးအထည္ခ်ဳပ္စက္႐ုံျဖစ္တဲ့ TEX PLUS GARMENT CO.,Ltd ကို အဲဒီေန႔မွာ MIC Permit ေပးအပ္ခဲ့ပါတယ္။

ေက်ာက္မီးေသြးသုံးစက္႐ုံ စီမံကိန္းနဲ႔ ပတ္သက္လို႔ ဘယ္လိုတည္ေဆာက္မယ္ဆိုတာကို တိုင္းေဒသႀကီး အစိုးရအဖြဲ႕က အခုထိေတာ့ အေသးစိတ္ ထုတ္ျပန္တာမ်ိဳး မရွိေသးပါဘူး။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ပုသိမ်ကျောက်မီးသွေးသုံး စက်ရုံ အတွက် တရုတ်ခြေလှမ်းစ

ဓာတ်ပုံ မူပိုင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး
Image caption ကျောက်မီးသွေးစက်ရုံ တည်ဆောက်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ စာချုပ်ကို လက်မှတ်ရေးထိုး

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ဖွင့်လှစ်မယ့် ပုသိမ်စက်မှုဇုန်မှာ တရုတ်ယူနန် Union Resources and Engineering Company Limited နဲ့ ADPCL ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်တို့က ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ စာချုပ်ကို လက်မှတ်ရေးထိုးလိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီဇင်ဘာ ၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ပုသိမ်စက်မှုဇုန်ထဲမှာ ၃၅၀ မဂ္ဂါဝပ်ရှိတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ လက်မှတ်ရေးထိုးတဲ့နေရာမှာ တရုတ်သံရုံးက နိုဝင်ဘာ ၂၉ ရက်က အသိသက်သေ လုပ်ခဲ့တာလို့ လည်းဖော်ပြပါတယ်။

ဒါအပြင် ပုသိမ် စက်မှုဇုန်မှာ တရုတ်အထည်ချုပ်စက်ရုံ Texplus အတွက် ရင်းနှီးမြှုပ်နှံခွင့် ခွင့်ပြုချက်လက်မှတ် ပေးအပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာပါပါတယ် ။

ပုသိမ်စက်မှုမြို့တော်ဟာ မြန်မာနိုင်ငံမှာ ဒုတိယလူဦးရေအများဆုံး ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်မြို့ မြို့ပြင်မှာ တည်ရှိပြီး ပုသိမ်-ငပုတော ကားလမ်း နဲ့ပုသိမ်မြစ်(ငဝန်မြစ်) အကြားက မြေဧက ၆၇၀၀ ကျော် အကျယ်အဝန်း မှာ တည်ဆောက်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Chinese Embassy in Myanmar
Image caption ADPCL ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်က မြန်မာဘက်ကပါ။

တရုတ်သံရုံးက ထုတ်ပြန်ချက်မှာတော့ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်က တရုတ်ယူနန် Union Resources & Engineering Company Limited (UREC) နဲ့ ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်တို့ ပုသိမ်စက်မှုဇုန်အတွင်း 2x350 မဂ္ဂါဝပ် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတည်ဆောက်ရေးစီမံကိန်းအတွက် မူဘောင်စာချုပ် လက်မှတ်ရေးထိုးတယ်လို့ ဖော်ပြထားပါတယ်။

ဧရာဝတီတိုင်းအစိုးရက ထုတ်ပြန်တဲ့ သတင်းတွေမှာတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံဆွေးနွေးပွဲမှာ ADPCL ကုမ္ပဏီနဲ့ UREC ကုမ္ပဏီတို့အကြား သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် နံနက် ၁၀ နာရီ မှာ ကျင်းပခဲ့တယ်လို့ ဖော်ပြပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရဘက် ကတော့ ကျောက်မီးသွေးသုံးလို့ ဖော်ပြတာ မတွေ့ရပါဘူး။

ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေဟာ ရေ၊ လေ၊ မြေ စတဲ့ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးထိခိုက်မှု တွေရှိနိုင်တာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေ၊ လူမှု အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ အများစုက ကန့်ကွက်မှုတွေ ရှိပါတယ်။

ကရင်ပြည်နယ်မှာတော့ ဒေသခံတွေ ကန့်ကွက်နေတဲ့အတွက် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံကိန်းနဲ့ ပတ်သက်လို့ ကျေးရွာသားတွေ၊ ကရင်ပြည်နယ် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီဘက်က တာဝန်ရှိသူတွေ ပါတဲ့ ဆွေးနွေးပွဲတွေ လုပ်ခဲ့ရပါတယ်။
ဓာတ်ပုံ မူပိုင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး
Image caption ပုသိမ်စက်မှုမြို့တော်စီမံကိန်းအတွင်း အကောင်အထည်ဖော်မယ့် အထည်ချုပ်စက်ရုံ

နိုဝင်ဘာလ၂၉ရက်နေ့မှာပဲ ပုသိမ်စက်မှု မြို့တော် Pathein Industrial City စီမံကိန်း ဧရိယာအတွင်းက မြေဧက ၅၀ မှာ ပထမ အဆင့် စီမံချက် ချမှတ်ပြီး အမေရိကန် ဒေါ်လာ သန်း ၂၀၀ ရင်းနှီး မြှုပ်နှံတဲ့ ဧရာဝတီ အပြည်ပြည်ဆိုင်ရာ စက်မှု ဆိပ်ကမ်း (ပုသိမ်)ကို ဆိပ်ကမ်း ပင်လယ်ကူး သင်္ဘောဆိပ် (Jetty) ရတနာ ပိုင်တိုင် စိုက်ထူပြီးဖွင့်လှစ်ခဲ့ပါတယ် ။

ပုသိမ်-ငပုတော ကားလမ်းဘေးက ပုသိမ်စက်မှုဇုန်ဒီစီမံကိန်းမှာ ကုန်စည်ပို့ဆောင်ဖို့၊ ဒေသထွက်ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချဖို့အတွက် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခု ပါဝင်တယ်လို့လည်း သိရပါတယ်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်းဒေသကြီးမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို လွယ်ကူချောမောစွာ ဆောင်ရွက်ပေးလျက်ရှိပြီး တရုတ်နိုင်ငံကလာရောက်ရင်းနှီးမြှုပ်နှံသူများစွာရှိကြောင်း၊ ၊ အခုတွေ့ဆုံပွဲမှာ တရုတ်နိုင်ငံဘက် က လာရောက်ရင်းနှီးမြှုပ်နှံမှု တစ်ခုကိုလည်း အတည်ပြုမိန့် ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုသိမ်စက်မှုမြို့တော် စီမံကိန်းအတွင်း အကောင်အထည်ဖော်မယ့် ပထမဦးဆုံးအထည်ချုပ်စက်ရုံဖြစ်တဲ့ TEX PLUS GARMENT CO.,Ltd ကို အဲဒီနေ့မှာ MIC Permit ပေးအပ်ခဲ့ပါတယ်။

ကျောက်မီးသွေးသုံးစက်ရုံ စီမံကိန်းနဲ့ ပတ်သက်လို့ ဘယ်လိုတည်ဆောက်မယ်ဆိုတာကို တိုင်းဒေသကြီး အစိုးရအဖွဲ့က အခုထိတော့ အသေးစိတ် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

BBC Burmese
https://www.bbc.com
ပုသိမ္ေက်ာက္မီးေသြးသုံး စက္႐ုံ အတြက္ တ႐ုတ္ေျခလွမ္းစ ပုသိမ္ေက်ာက္မီးေသြးသုံး စက္႐ုံ အတြက္ တ႐ုတ္ေျခလွမ္းစ Reviewed by THITHTOOLWIN on 09:12 Rating: 5
Powered by Blogger.