လူမ်ိဳးတုံးသတ္ျဖတ္မႈမေျမာက္ အတိုင္ပင္ခံ ICJ ကို ေလွ်ာက္လဲ


(Zawgyi/Unicode)

ရခုိင္ျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ စြပ္စဲြခ်က္ေတြဟာ လူမ်ဳိးတုံး သတ္ျဖတ္မႈ မေျမာက္ေၾကာင္း ICJ ႏုိင္ငံတကာ တရား႐ုံးမွာ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဒီကေန႔ပဲ ေျပာဆုိလုိက္ပါတယ္။

“ျမန္မာလုံၿခံဳေရး တပ္ဖဲြ႔၀င္ေတြ အေနနဲ႔ စစ္ဆင္ေရးေတြအတြင္း လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဳးလြန္ခဲ့တယ္ဆုိတာ ထင္ရွားရင္ လူသားခ်င္းစာနာမႈဆုိင္ရာ ႏုိင္ငံတကာ ဥပေဒ၊ လူ႔အခြင့္အေရးသေဘာတူညီခ်က္ေတြအရ အေရးယူႏုိင္ေပမဲ့ ၁၉၄၈ ခုႏွစ္ လူမ်ဳိးတုန္း သတ္ျဖတ္မႈ တားဆီးေရး သေဘာတူညီခ်က္အရ အေရးယူလုိ႔ မရေၾကာင္း” ေဒၚေအာင္ဆန္းစုၾကည္ ေျပာဆုိခဲ့တာပါ။

ျမန္မာစစ္တပ္ အေနနဲ႔ စစ္ရာဇ၀တ္မႈေျမာက္တဲ့ လုပ္ရပ္ေတြ က်ဳးလြန္ခဲ့ရင္လည္း လက္ရွိျမန္မာႏုိင္ငံရဲ႕ ဥပေဒေတြနဲ႔အညီ အေရးယူမွာ ျဖစ္ေၾကာင္းလည္း ေျပာဆုိသြားပါတယ္။ ၂၀၁၇ ခုႏွစ္မွာ ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အဖဲြ႔က ရခုိင္ျပည္နယ္ေျမာက္ပုိင္းမွာရွိတဲ့ ရဲကင္းစခန္းေတြကို ၀င္ေရာက္ တုိက္ခုိက္တာကို ျမန္မာစစ္တပ္က တုံ႔ျပန္ရာမွာ ႐ုိဟင္ဂ်ာမြတ္ဆလင္ အမ်ားအျပား ေသဆုံးၿပီး အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္နုိင္ငံကို သိန္းနဲ႔ခ်ီ ထြက္ေျပးခဲ့ၾကရတဲ့အေပၚ တာ၀န္ရွိသူေတြကုိ ေဖာ္ထုတ္ အေရးယူဖုိ႔ ကုလသမဂၢ တာ၀န္ရွိသူေတြ အပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀န္းနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက တုိက္တြန္းေနၾကတာပါ။

အခုေနာက္ဆုံးမွာလည္း ICJ အပါအ၀င္ ႏုိင္ငံတကာ တရား႐ုံးေတြမွာ အေရးယူႏုိင္ဖုိ႔ ႀကိဳးပမ္းမႈေတြနဲ႔လည္း ျမန္မာႏုိင္ငံ ရင္ဆုိင္ေနရတာ ျဖစ္ပါတယ္။ ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ လက္မခံတဲ့ ျမန္မာအစုိးရကေတာ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ စြပ္စဲြခ်က္ေတြနဲ႔ ပတ္သက္လုိ႔ စုံစမ္းေဖာ္ထုတ္ခဲ့တာေတြ၊ ေဖာ္ထုတ္ဖုိ႔ ႀကိဳးစားေနတာေတြ ရွိေနၿပီး အေရးယူခဲ့တာေတြ ရွိခဲ့ေၾကာင္းလည္း ေျပာဆုိထားတာပါ။

ICJ မွာ တရားလုိလုပ္ တရားစဲြဆုိခဲ့တဲ့ ဂမ္ဘီယာႏုိင္ငံက တရားေရး၀န္ႀကီး Aboubacarr Tambadou ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ ပကတိအေျခအေနေတြကို လက္ခံဖုိ႔ လုိအပ္ေၾကာင္း မေန႔တုန္းက ၾကားနာမႈ ပထမေန႔မွာပဲ ေျပာဆုိထားပါတယ္။

....................

လူမျိုးတုံးသတ်ဖြတ်မှုမမြောက် အတိုင်ပင်ခံ ICJ ကို လျှောက်လွှဲ

(Unicode)

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု မမြောက်ကြောင်း ICJ နိုင်ငံတကာ တရားရုံးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။

“မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့ စစ်ဆင်ရေးတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်ဆိုတာ ထင်ရှားရင် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေ၊ လူ့အခွင့်အရေးသဘောတူညီချက်တွေအရ အရေးယူနိုင်ပေမဲ့ ၁၉၄၈ ခုနှစ် လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်အရ အရေးယူလို့ မရကြောင်း” ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာပါ။

မြန်မာစစ်တပ် အနေနဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ကျုးလွန်ခဲ့ရင်လည်း လက်ရှိမြန်မာနိုင်ငံရဲ့ ဥပဒေတွေနဲ့အညီ အရေးယူမှာ ဖြစ်ကြောင်းလည်း ပြောဆိုသွားပါတယ်။ ၂၀၁၇ ခုနှစ်မှာ ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို ဝင်ရောက် တိုက်ခိုက်တာကို မြန်မာစစ်တပ်က တုံ့ပြန်ရာမှာ ရိုဟင်ဂျာမွတ်ဆလင် အများအပြား သေဆုံးပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီ ထွက်ပြေးခဲ့ကြရတဲ့အပေါ် တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူဖို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက တိုက်တွန်းနေကြတာပါ။

အခုနောက်ဆုံးမှာလည်း ICJ အပါအဝင် နိုင်ငံတကာ တရားရုံးတွေမှာ အရေးယူနိုင်ဖို့ ကြိုးပမ်းမှုတွေနဲ့လည်း မြန်မာနိုင်ငံ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းဖော်ထုတ်ခဲ့တာတွေ၊ ဖော်ထုတ်ဖို့ ကြိုးစားနေတာတွေ ရှိနေပြီး အရေးယူခဲ့တာတွေ ရှိခဲ့ကြောင်းလည်း ပြောဆိုထားတာပါ။

ICJ မှာ တရားလိုလုပ် တရားစွဲဆိုခဲ့တဲ့ ဂမ်ဘီယာနိုင်ငံက တရားရေးဝန်ကြီး Aboubacarr Tambadou ကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပကတိအခြေအနေတွေကို လက်ခံဖို့ လိုအပ်ကြောင်း မနေ့တုန်းက ကြားနာမှု ပထမနေ့မှာပဲ ပြောဆိုထားပါတယ်။

VOA Burmese
https://burmese.voanews.com
လူမ်ိဳးတုံးသတ္ျဖတ္မႈမေျမာက္ အတိုင္ပင္ခံ ICJ ကို ေလွ်ာက္လဲ လူမ်ိဳးတုံးသတ္ျဖတ္မႈမေျမာက္ အတိုင္ပင္ခံ ICJ ကို ေလွ်ာက္လဲ Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.