ICJ ျမန္မာ-ဂမ္ဘီယာအမႈ ဒုတိယေန႔ၾကားနာ


(Zawgyi/Unicode)

ႏိုင္ငံတကာ လူမ်ိဳးတုန္းသတ္ျဖတ္မႈ တားဆီးေရး သေဘာတူညီခ်က္ကို ျမန္မာႏိုင္ငံ ခ်ိဳးေဖာက္ရာေရာက္တယ္ဆိုၿပီး ဂမ္ဘီယာႏုိင္ငံက တရားစြဲတဲ့အမႈအတြက္ ၾကားနာမႈကို ဒီကေန႔ ဒုတိယေန႔အျဖစ္ ႏိုင္ငံတကာတရား႐ံုး ICJ မွာ ဒီကေန႔ ျပဳလုပ္ခဲ့ပါတယ္။ ဒီေန႔ကေတာ့ တရားစြဲခံရတဲ့ ျမန္မာႏိုင္ငံဘက္က လူမ်ဳိးုတံုးသတ္ျဖတ္ဖုိ႔ ရည္႐ြယ္ခ်က္နဲ႔ လုပ္ေဆာင္ခဲ့တာ မဟုတ္ဘူးဆိုတာကို အဓိက တံု႔ျပန္ေခ်ပ ေလွ်ာက္ထားခဲ့တာျဖစ္ပါတယ္။ ႏို္င္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္၊ ဥပေဒပညာ႐ွင္ William Schabas၊ ဥပေဒပညာ႐ွင္ Christopher Staker နဲ႔ ဥပေဒပညာ႐ွင္ Phoebe Okowa တို႔က ေလွ်ာက္ထားခဲ့ၾကတာပါ။ ဒီေလွ်ာက္ထားခ်က္ေတြကို ကိုသားၫြန္႔က နားေထာင္ထားတယ္ဆုိေတာ့ အရင္ဆံုး ၁၉၄၈ ခုႏွစ္ လူမ်ဳိးတုန္း သတ္ျဖတ္မႈ တားဆီးေရး သေဘာတူညီခ်က္ အရ ျမန္မာကုိ အေရးယူလို႔မရဘူးဆိုတဲ့ အခ်က္ကို ေဒၚေအာင္ဆန္းစုၾကည္ေလွ်ာက္ထားသြားခ်က္ကို မစုျမတ္မြန္က ကိုသားညႊန္႔ဦးကို ေမးျမန္းတဲ့အခါမွာ သူက အခုလိုေျပာပါတယ္။

သားညႊန္႔ဦး။ ။ ေဒၚေအာင္ဆန္းစုၾကည္ အဓိက ေျပာသြားတာကေတာ့ ၁၉၄၈ ခုႏွစ္ လူမ်ိဳးတံုးသတ္ျဖတ္ေရး တားဆီးမႈသေဘာတူညီခ်က္အရ အေရးယူလို႔မရဘူးလို႔ ၊ ဒါေပမယ့္ တဘက္မွာ ျမန္မာလံုၿခံဳေရး တပ္ဖြဲ႔၀င္ေတြဘက္က စစ္ဆင္ေရးအတြင္းမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ က်ဴးလြန္ခဲ့တာ ထင္ရွားရင္ေတာင္မွ လူသားခ်င္း စာနာမႈဆိုင္ရာ ႏိုင္ငံတကာဥပေဒ လူ႔အခြင့္အေရးသေဘာတူညီခ်က္ေတြအရပဲ အေရးယူႏိုင္မယ္ဆိုၿပီးေတာ ့ေျပာသြားတာျဖစ္ပါတယ္။ အဲဒီမွာေဒၚေအာင္ဆန္းစုၾကည္ ေျပာသြားတာကေတာ့ ရခိုင္ျပည္နယ္ရဲ႕ သမိုင္းေၾကာင္းအရ လံုၿခံဳေရးရႈပ္ေထြးတဲ့ အေနအထားကို သမိုင္းနဲ႔ ခ်ီၿပီးေတာ့ ေျပာပါတယ္။ ေနာက္ ၂၀၁၇ အျဖစ္အပ်က္ကေတာ့ အရင္အစိုးရက ေတာက္ေလ်ာက္ေျပာေနသလိုပဲ ARSA အဖြဲ႔ တိုက္ခိုက္မႈ ေနာက္ပိုင္းျဖစ္တာ ၊ ဒါေတြကို သူျပန္ရွင္းျပပါတယ္။ ေနာက္ ေလေၾကာင္းသံုး တိုက္ခိုက္တာနဲ႔ ပတ္သက္လို႔ ေျပာတဲ့ေနရာမွာေတာ့ ေလေၾကာင္းသံုးတိုက္ခိုက္မႈေတြ ရွင္းလင္းမႈ ေတြကို သူတို႔ အေတာ္ေလးကို သတိထားၿပီး ေရွာင္ၾကဥ္ခဲ့တယ္လို႔ ေျပာပါတယ္။ ျဖစ္ရပ္တခုမွာပဲ တပ္မေတာ္ရဲ႕ တပ္စုတခုက ပိတ္မိေနလို႔ ရဟတ္ယာဥ္သံုးၿပီးေတာ့ တိုက္ခိုက္ရတာေတြ ျဖစ္ခဲ့တယ္ အဲဒီမွာ အရပ္သားနဲ႔ သူပုန္နဲ႔ မခြဲႏိုင္လို႔ သူပုန္မဟုတ္တဲ့ သူေတြကို ထိခိုက္မႈေတြရွိခဲ့တယ္ ဆိုတာ သူ ၀န္ခံထားပါတယ္။ ႏိုင္ငံတကာ လူသားခ်င္းစာနာမႈ ဥပေဒသေတြကို အဲဒီအခ်ိန္မွာ ပစ္ပယ္ခဲ့ရတယ္။ ဒါေပမယ့္ ဘယ္သူမွ အဲဒီမွာ ျဖစ္တဲ့ အျဖစ္အပ်က္ေတြကို firsthand account မရခဲ့ဘူးလို႔ ေျပာပါတယ္။ တခ်ိဳ႕တပ္မေတာ္က က်ဴးလြန္ခဲ့တဲ့ အင္းဒင္လို ကိစၥေတြမွာ တပ္မေတာ္ စစ္ခံုရံုးက အေရးယူမႈ ရွိခဲ့တာေတြကို သူေထာက္ျပပါတယ္။ အဲဒီ စစ္ခံုရံုးက အျပစ္ရွိတယ္လို႔ အျပစ္ေပးခံရတဲ့ စစ္သားေတြကို စစ္တပ္ကေနၿပီးေတာ ့လႊတ္ေပးတဲ့အေပၚမွာ သူ႔အေနနဲ႔ မႏွစ္ျမိဳ႕ဘူးလို႔ သူေျပာသြားပါတယ္။ ေျပာရမယ္ဆိုရင္ေတာ့ ေဒၚေအာင္ဆန္းစုၾကည္က တစံုတရာအတိုင္းအတာ အရ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ရွိတယ္။ ဒါေပမယ့္ လူမ်ိဳးတံုးသတ္ျဖတ္မႈ အထိ မေျမာက္ဘူးဆိုတဲ့အေနအထား ကို ေျပာသြားတာပါ။

“ ရခိုင္ျပည္နယ္အေျခအေနဟာ ရႈပ္ေထြးၿပီး၊ ေတာ္႐ုံ တန္႐ုံ နားလည္ဖို႔ မလြယ္ပါဘူး။ က်ိန္းေသတာတခုကေတာ့ ၂၀၁၆ နဲ႔ ၂၀၁၇ ခုႏွစ္ စစ္ေရးပဋိပကၡေတြေၾကာင့္ ဘယ္ဘက္မဆို အျပစ္မဲ့ ျပည္သူေတြအားလုံးလိုလိုပဲ နစ္နာခံစားရမွာအမွန္ပါပဲ။ အထူးသျဖင့္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးၾကသူေတြ နဲ႔ အခု လက္ရွိ Cox’s Bazar မွာ ေနေနရသူလည္း ပါဝင္ပါတယ္။”

ေဒၚေအာင္ဆန္းစုၾကည္ ေျပာသြားတဲ့အထဲမွာ ထူးထူးျခားျခား AA ရခိုင္လက္နက္ကိုင္ေတြနဲ႔ ေနာက္ပိုင္းျဖစ္ေနတဲ့ အေျခအေနေတြကိုလည္း သူ မီးေမာင္းထိုး ေျပာသြားပါတယ္။ ဒါေၾကာင့္ ဒီ လံုၿခံဳေရးေဆာင္ရြက္ခ်က္ အစီအမံေတြ လုပ္ရပါတယ္ ဆိုတာ ေျပာပါတယ္။ ေနာက္တခုက Clearing Operation နယ္ေျမရွင္းလင္းေရးနဲ႔ ပတ္သက္ၿပီးေတာ့ ႏိုင္ငံတကာေတြ တဘက္က ဂမ္ဘီယာ ဘက္က စြပ္စြဲခ်က္ေတြမွာ နည္းနည္းေလး ရႈပ္ေထြးခ်က္ေတြရွိေနတာကို နည္းနည္းေလး နားလည္မႈ လြဲေနတာကို သူေထာက္ျပပါတယ္။ အစိုးရဘက္က နယ္ေျမအတြင္းက သူပုန္ေတြကို ရွင္းလင္းတာကို သူ အဓိက ေထာက္ျပပါတယ္။ ေျပာမယ္ဆိုရင္ ရခို္င္ျပည္နယ္ အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ တခု သူေထာက္ျပတာက ၂၀၀၈ ဖြဲ႔စည္းပံုအရ ျမန္မာႏိုင္ငံမွာ စစ္တရားစီရင္မႈ စနစ္ ရွိပါတယ္။ စစ္ဘက္က က်ဴးလြန္တဲ့ စစ္ရာဇ၀တ္မႈကို အဲဒီ စနစ္အရပဲ စစ္ေဆးအေရးယူႏိုင္ပါတယ္။ ဒါေၾကာင့္လည္း ဂူတာျပင္ ကိစၥမ်ိဳးမွာ စစ္တရားရံုးနဲ႔ စစ္ေဆးေနတာ ရွိတယ္လို႔ ေျပာပါတယ္။ ျမန္မာအစိုးရအေနနဲ႔ သီးျခားလြတ္လပ္တဲ့ စံုစမ္းစစ္ေဆးေရးအဖြဲ႔ဖြဲ႔ထားတယ္။ အဲဒီမွာ ဖိလစ္ပိုင္ဒုတိယ ႏိုင္ငံျခားေရး၀န္ႀကီးေဟာင္း ဦးေဆာင္တယ္ဆိုၿပီး သူရွင္းျပပါတယ္။ ဒါေပမယ့္ ရခို္င္ျပည္နယ္နဲ႔ ပတ္သက္လို႔ အေျခအေနကို တရားရံုးကို သူေျပာတဲ့အခါမွာ ရခို္င္ျပည္နယ္နဲ႔ ပတ္သက္တဲ့ အေျခအေနကို ႏိုင္ငံတကာက ျမင္ေနတဲ့ အျမင္နဲ႔ ပတ္သက္လို႔ သူ အခုလို ေျပာပါတယ္။

“ ရခိုင္ျပည္နယ္ရဲ႕ ရႈပ္ေထြးလြန္းတဲ့အေျခအေနကို မီးထိုးေပးျခင္းအားျဖင့္ ျမန္မာႏိုင္ငံရဲ႕ၿငိမ္းခ်မ္ေရးနဲ႔ သဟာဇာတရွိမႈေတြကိုပဲ ထိခိုက္နစ္နာေစမွာပါ။”

ဒါကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ေျပာသြားတာပါ။ ေျပာရမယ္ဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္က တစံုတရာလူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရွိခဲ့တယ္ဆိုတဲ့ သေဘာကိုေတာ့ ၀န္ခံတယ္၊ ဒါေပမယ့္ သူက ဒါလူမ်ိဳးတံုးသတ္ျဖတ္မႈ မေျမာက္ဘူးဆိုတဲ့ သေဘာမ်ိဳးေျပာတာပါ။

ေမး။ ။ ဟုတ္ကဲ့ ျမန္မာႏို္င္ငံ ဘက္က ဒုတိယေျမာက္ေလွ်ာက္ထားတဲ့ ဥပေဒပညာ႐ွင္ William Schabas ကလည္း ရခိုင္ေျမာက္ပိုင္းမွာျဖစ္ခဲ့တဲ့ အေျခအေနဟာ လူမ်ဳိးတုန္းသတ္ျဖတ္မႈ မေျမာက္ဘူးဆိုတာကို အရင္ ICJ မွာတင္ခဲ့တဲ့ အမႈေတြနဲ႔ ဥပမာေပး ႏႈိင္းယွဥ္ၿပီး ေျပာျပသြားပါတယ္။ ဆိုေတာ့ သူက ဘယ္လိုကိစၥေတြကို အသားေပးေျပာသြားသလဲဆိုတာကိုလည္း ေျပာပါဦး ကိုသားၫြန္႔ဦးရွင့္။

သားညႊန္႔ဦး။ ။ အဓိက သူက ၂ ခ်က္ေျပာတယ္။ Intent ေပါ့ေနာ္ Genocide လူမ်ဳိးတုန္းသတ္ျဖတ္မႈ ရည္မွန္းခ်က္ရွိလားဆိုတဲ့ ျငင္းခ်က္ထုတ္တယ္ ၊ ေနာက္တခုက Genocide ေျမာက္မေျမာက္ေပ့ါေနာ္။ အဓိက ၂ ခ်က္ကို ေျပာတယ္။ Intent ကို သူေျပာတဲ့အခါမွာလည္း Intent ဆိုတဲ့ေနရာမွာ ရည္ရြယ္ခ်က္ လုပ္ေဆာင္ထားမႈ မရွိဘူးဆိုတာကို သူက ျငင္းခ်က္ထုတ္သြားတယ္။ ေနာက္အဓိက သူေျပာသြားတာက Genocide ေျမာက္မေျမာက္ဘူးဆိုတဲ့ ကိစၥပါ။ ႏိုင္ငံတိုင္း ပဋိပကၡတိုင္းမွာ၊ ဒုကၡသည္ျပႆနာေတြ Deportation လုပ္တာေတြ ထြက္ေျပးရတာေတြ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြရွိမယ္။ ဒါေပမယ့္ ဒီအဆင့္ေတြေျပာရံုနဲ႔ Genocide ေျမာက္တယ္လို႔ ေျပာလို႔မရဘူးဆိုတာကို Serbia တို႔ ေကာ္ဆိုဘို အမႈတို႔ နဲ႔ ႏိႈင္းယွဥ္ၿပီးေတာ့ ေျပာပါတယ္။ ေနာက္တခုက FFM ကုလအခ်က္အလက္စ ုေဆာင္းေရးအဖြဲ႔က ေပးထားတဲ့ အခ်က္ေတြကို Gambia က တင္တာကို ။ အဲဒီအခ်က္အလက္ေတြကို ၾကည့္မယ္ဆိုရင္ သူ႔ရဲ႕ အခ်က္အလက္ ရွာေဖြေရး သပ္သပ္ပါပဲ။ ဥပေဒေၾကာင္းအရ ကိစၥေတြမပါဘူး ၊ ဥပေဒအရ ေထာက္ျပႏိုင္တဲ့ အခ်က္အလက္ ေတြကို ေျပာပိုင္ခြင့္မရွိဘူး ၊ ဥပေဒအရအခ်က္အလက္နဲ႔ မဆိုင္ဘူး လို႔ ေျပာပါတယ္ ေနာက္တခုက Gambia တင္ျပတဲ့အထဲမွာ ရိုဟင္ဂ်ာ ၁၀၀၀၀ ေက်ာ္ နီးပါးေသဆံုးတယ္ဆိုတာ အခ်က္အလက္ မခိုင္မာဘူးလို႔ ေျပာပါတယ္။ တဖက္မွာ အခ်က္အလက္ ခို္င္ခဲ့ရင္ေတာင္မွ ခရိုေအးရွားအမႈကို ေထာက္ျပပါတယ္။ ဆိုေတာ့ ခရိုေအးရွားမွာ ၂ ေသာင္းနီးပါးေလာက္ အသတ္ခံရတယ္ ဒါေပမယ့္ လူဦးေရ ပမာဏအားျဖင့္ ခရိုေအးရွားအမႈေတာင္မွ ICJ ဆံုးျဖတ္ခ်က္ မွာ လူမ်ိဳးတံုး သတ္ျဖတ္မႈ မေျမာက္ခဲ့ဘူး ဆိုတာ သူျပန္ေထာက္ျပပါတယ္။ ဆိုလိုတာက အခုျဖစ္ေနတဲ့ အေျခအေန အျဖစ္အပ်က္ေတြဟာ လူမ်ိဳးတံုးသတ္ျဖတ္မႈအဆင့္အထိ မေရာက္ဘူးဆိုတာ သူေခ်ပတာပါ။

ေမး။ ။ ျမန္မာႏိုင္ငံဖက္ကပဲ ေနာက္ဥပေဒပညာရွင္တေယာက္ျဖစ္တဲ့ Christopher Staker ကလည္း Gambia ႏိုင္ငံဖက္က တရားစြဲတဲ့အမႈကို ႏိုင္ငံတကာ တရားစီရင္ပိုင္ခြင့္အခ်က္အလက္ေတြနဲ႔ ျငင္းခ်က္ထုတ္သြားပါတယ္။ ဘယ္လိုအခ်က္ေတြနဲ႔ ေထာက္ျပျငင္းခ်က္ထုတ္သလဲဆိုတာကိုလည္း ေျပာပါဦး ကိုသားၫြန႔္ဦး။

သားညႊန္႔ဦး။ ။ သူက အခ်က္ႏွစ္ခ်က္ကိုေထာက္ျပပါတယ္။ ပထမအခ်က္ကေတာ့ Dispute ေပါ့ - စာခ်ဳပ္မွာပါတဲ့ အျငင္းပြားမႈဆိုတာကို ေထာက္ျပတာပါ။ ဥပမာ ဂမ္ဘီယာဘက္က တင္ျပတဲ့အထဲ ႏွစ္ႏိုင္ငံအျငင္းပြားတဲ့သေဘာ မေဆာင္ခဲ့ဘူးဆိုတာကို ေျပာပါတယ္။ ဂမ္ဘီယာဘက္က ဒါကာ ေၾကညာစာတမ္းမွာ ျမန္မာႏိ္ုင္ငံနဲ႔ပတ္သက္လို႔ အဲဒီတုန္းက ေျပာခဲ့တယ္ ကုလအေထြေထြညီလာခံမွာ တင္ျပခဲ့တယ္။ ႏိုင္ငံစံုအဆင့္မွာ သူတို႔ဖက္က စိုးရိမ္ခ်က္ေတြကို ေျပာပါတယ္။ ျမန္မာဘက္ကို ဆက္သြယ္ခဲ့တယ္လို႔ေျပာပါတယ္။ ျမန္မာဘက္က ေထာက္ျပတာက ျမန္မာဖက္က ဆက္သြယ္ေျပာဆိုရာမွာ Genocide လူမ်ိဳးတုန္းသတ္ျဖတ္မႈဆိုတာ မသံုးခဲ့ပါဘူး။ ဒါကာ ေၾကညာစာတမ္းမွာ Ethnic Cleansing နဲ႔ Violence ဆိုတာပဲ သံုးခဲ့တယ္၊ အေထြေထြညီလာခံမွာ ဂမ္ဘီယာက တင္ျပတဲ့အခါမွာလည္း Genocide ဆိုတာ မသံုးပဲ ဆိုးဆိုးဝါးဝါး လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြပဲ သံုးခဲ့တယ္လို႔ေထာက္ျပပါတယ္။ Genocide ဆိုတဲ့ အသံုးအႏႈန္းနဲ႔ အျငင္းပြားမႈ မရွိခဲ့ဘူးဆိုတာကို ေထာက္ျပပါတယ္။ ဒါ ပထမအခ်က္ပါ။

ဒုတိယအခ်က္ကေတာ့ စာခ်ဳပ္ပါ အပိုဒ္ ၉ ကိစၥပါ။ State Party ႏိုင္ငံခ်င္းျဖစ္တဲ့ ပဋိပကၡျဖစ္တာကို ဆိုလိုပါတယ္။ ႏိုင္ငံေရးျဖစ္တဲ့ ပဋိပကၡကိုပဲ ေျဖရွင္းရပါတယ္တဲ့။ ဒါေပမယ့္ အခု ကိစၥမွာ ဂမ္ဘီယာက OIC ကို ကိုယ္စားျပဳၿပီး ေဆာင္ရြက္ေနတယ္။ ဂမ္ဘီယာႏိုင္ငံကိုယ္တိုင္ကလည္း OIC မွာ တာ၀န္ရွိသူအေနနဲ႕ OIC level နဲ႔ ေဆာင္ရြက္ေနတယ္ဆိုေတာ့ ဒါဟာ ႏိုင္ငံခ်င္းျဖစ္တဲ့ ကိစၥမဟုတ္ဘူးဆိုၿပီး ICJ အေနနဲ႕Jurisdiction တရားစီရင္ပိ္ုင္ခြင့္မရွိဘူးဆိုတာကို ေထာက္ျပပါတယ္။ အဲဒီ ႏွစ္ခ်က္နဲ႔ေထာက္ျပပါတယ္။ ဒါေၾကာင့္ သူေနာက္ဆံုးေလွ်ာက္လဲခ်က္မွာ အခုလို ေျပာပါတယ္။

“ဒီအေၾကာင္းျပခ်က္ေတြအားလုံးေၾကာင့္ ျမန္မာႏိုင္ငံကိစၥ တရားစီရင္ပိုင္ခြင့္မရွိဘူး။ အခု စစ္ေနတာေတြက ၾကားျဖတ္အေရးေပၚ စီမံေဆာင္႐ြက္မႈအတြက္ ေလွ်ာက္ထားတဲ့ အဆင့္ဆိုေပမယ့္လည္း ဒီအတြက္ေတာင္ ဆက္ၿပီး ၾကားနာစစ္ေဆးဖို႔ မသင့္ပါဘူး။”

လို႔ သူေလွ်ာက္လဲခ်က္ေပးသြားပါတယ္။

ဒါေတြကေတာ့ ဒီကေန႔ ICJ တရား႐ံုးမွာ ျမန္မာႏိုင္ငံဖက္က တံု႔ျပန္ေလွ်ာက္ထားခ်က္ေတြကို ကိုသားၫြန႔္ဦးက ေျပာျပခဲ့တာျဖစ္ပါတယ္။

.....................

ICJ မြန်မာ-ဂမ်ဘီယာအမှု ဒုတိယနေ့ကြားနာ

(Unicode)

နိုင်ငံတကာ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်ကို မြန်မာနိုင်ငံ ချိုးဖောက်ရာရောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲတဲ့အမှုအတွက် ကြားနာမှုကို ဒီကနေ့ ဒုတိယနေ့အဖြစ် နိုင်ငံတကာတရားရုံး ICJ မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ကတော့ တရားစွဲခံရတဲ့ မြန်မာနိုင်ငံဘက်က လူမျိုးုတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးဆိုတာကို အဓိက တုံ့ပြန်ချေပ လျှောက်ထားခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ဥပဒေပညာရှင် William Schabas၊ ဥပဒေပညာရှင် Christopher Staker နဲ့ ဥပဒေပညာရှင် Phoebe Okowa တို့က လျှောက်ထားခဲ့ကြတာပါ။ ဒီလျှောက်ထားချက်တွေကို ကိုသားညွန့်က နားထောင်ထားတယ်ဆိုတော့ အရင်ဆုံး ၁၉၄၈ ခုနှစ် လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက် အရ မြန်မာကို အရေးယူလို့မရဘူးဆိုတဲ့ အချက်ကို ဒေါ်အောင်ဆန်းစုကြည်လျှောက်ထားသွားချက်ကို မစုမြတ်မွန်က ကိုသားညွှန့်ဦးကို မေးမြန်းတဲ့အခါမှာ သူက အခုလိုပြောပါတယ်။

သားညွှန့်ဦး။ ။ ဒေါ်အောင်ဆန်းစုကြည် အဓိက ပြောသွားတာကတော့ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်ရေး တားဆီးမှုသဘောတူညီချက်အရ အရေးယူလို့မရဘူးလို့ ၊ ဒါပေမယ့် တဘက်မှာ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေဘက်က စစ်ဆင်ရေးအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တာ ထင်ရှားရင်တောင်မှ လူသားချင်း စာနာမှုဆိုင်ရာ နိုင်ငံတကာဥပဒေ လူ့အခွင့်အရေးသဘောတူညီချက်တွေအရပဲ အရေးယူနိုင်မယ်ဆိုပြီးတော့ပြောသွားတာဖြစ်ပါတယ်။ အဲဒီမှာဒေါ်အောင်ဆန်းစုကြည် ပြောသွားတာကတော့ ရခိုင်ပြည်နယ်ရဲ့ သမိုင်းကြောင်းအရ လုံခြုံရေးရှုပ်ထွေးတဲ့ အနေအထားကို သမိုင်းနဲ့ ချီပြီးတော့ ပြောပါတယ်။ နောက် ၂၀၁၇ အဖြစ်အပျက်ကတော့ အရင်အစိုးရက တောက်လျောက်ပြောနေသလိုပဲ ARSA အဖွဲ့ တိုက်ခိုက်မှု နောက်ပိုင်းဖြစ်တာ ၊ ဒါတွေကို သူပြန်ရှင်းပြပါတယ်။ နောက် လေကြောင်းသုံး တိုက်ခိုက်တာနဲ့ ပတ်သက်လို့ ပြောတဲ့နေရာမှာတော့ လေကြောင်းသုံးတိုက်ခိုက်မှုတွေ ရှင်းလင်းမှု တွေကို သူတို့ အတော်လေးကို သတိထားပြီး ရှောင်ကြဉ်ခဲ့တယ်လို့ ပြောပါတယ်။ ဖြစ်ရပ်တခုမှာပဲ တပ်မတော်ရဲ့ တပ်စုတခုက ပိတ်မိနေလို့ ရဟတ်ယာဉ်သုံးပြီးတော့ တိုက်ခိုက်ရတာတွေ ဖြစ်ခဲ့တယ် အဲဒီမှာ အရပ်သားနဲ့ သူပုန်နဲ့ မခွဲနိုင်လို့ သူပုန်မဟုတ်တဲ့ သူတွေကို ထိခိုက်မှုတွေရှိခဲ့တယ် ဆိုတာ သူ ဝန်ခံထားပါတယ်။ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေသတွေကို အဲဒီအချိန်မှာ ပစ်ပယ်ခဲ့ရတယ်။ ဒါပေမယ့် ဘယ်သူမှ အဲဒီမှာ ဖြစ်တဲ့ အဖြစ်အပျက်တွေကို firsthand account မရခဲ့ဘူးလို့ ပြောပါတယ်။ တချို့တပ်မတော်က ကျူးလွန်ခဲ့တဲ့ အင်းဒင်လို ကိစ္စတွေမှာ တပ်မတော် စစ်ခုံရုံးက အရေးယူမှု ရှိခဲ့တာတွေကို သူထောက်ပြပါတယ်။ အဲဒီ စစ်ခုံရုံးက အပြစ်ရှိတယ်လို့ အပြစ်ပေးခံရတဲ့ စစ်သားတွေကို စစ်တပ်ကနေပြီးတော့လွှတ်ပေးတဲ့အပေါ်မှာ သူ့အနေနဲ့ မနှစ်မြို့ဘူးလို့ သူပြောသွားပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်က တစုံတရာအတိုင်းအတာ အရ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်။ ဒါပေမယ့် လူမျိုးတုံးသတ်ဖြတ်မှု အထိ မမြောက်ဘူးဆိုတဲ့အနေအထား ကို ပြောသွားတာပါ။

“ ရခိုင်ပြည်နယ်အခြေအနေဟာ ရှုပ်ထွေးပြီး၊ တော်ရုံ တန်ရုံ နားလည်ဖို့ မလွယ်ပါဘူး။ ကျိန်းသေတာတခုကတော့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ် စစ်ရေးပဋိပက္ခတွေကြောင့် ဘယ်ဘက်မဆို အပြစ်မဲ့ ပြည်သူတွေအားလုံးလိုလိုပဲ နစ်နာခံစားရမှာအမှန်ပါပဲ။ အထူးသဖြင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြသူတွေ နဲ့ အခု လက်ရှိ Cox’s Bazar မှာ နေနေရသူလည်း ပါဝင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့အထဲမှာ ထူးထူးခြားခြား AA ရခိုင်လက်နက်ကိုင်တွေနဲ့ နောက်ပိုင်းဖြစ်နေတဲ့ အခြေအနေတွေကိုလည်း သူ မီးမောင်းထိုး ပြောသွားပါတယ်။ ဒါကြောင့် ဒီ လုံခြုံရေးဆောင်ရွက်ချက် အစီအမံတွေ လုပ်ရပါတယ် ဆိုတာ ပြောပါတယ်။ နောက်တခုက Clearing Operation နယ်မြေရှင်းလင်းရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာတွေ တဘက်က ဂမ်ဘီယာ ဘက်က စွပ်စွဲချက်တွေမှာ နည်းနည်းလေး ရှုပ်ထွေးချက်တွေရှိနေတာကို နည်းနည်းလေး နားလည်မှု လွဲနေတာကို သူထောက်ပြပါတယ်။ အစိုးရဘက်က နယ်မြေအတွင်းက သူပုန်တွေကို ရှင်းလင်းတာကို သူ အဓိက ထောက်ပြပါတယ်။ ပြောမယ်ဆိုရင် ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီးတော့ တခု သူထောက်ပြတာက ၂၀၀၈ ဖွဲ့စည်းပုံအရ မြန်မာနိုင်ငံမှာ စစ်တရားစီရင်မှု စနစ် ရှိပါတယ်။ စစ်ဘက်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုကို အဲဒီ စနစ်အရပဲ စစ်ဆေးအရေးယူနိုင်ပါတယ်။ ဒါကြောင့်လည်း ဂူတာပြင် ကိစ္စမျိုးမှာ စစ်တရားရုံးနဲ့ စစ်ဆေးနေတာ ရှိတယ်လို့ ပြောပါတယ်။ မြန်မာအစိုးရအနေနဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ထားတယ်။ အဲဒီမှာ ဖိလစ်ပိုင်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဆောင်တယ်ဆိုပြီး သူရှင်းပြပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ အခြေအနေကို တရားရုံးကို သူပြောတဲ့အခါမှာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ အခြေအနေကို နိုင်ငံတကာက မြင်နေတဲ့ အမြင်နဲ့ ပတ်သက်လို့ သူ အခုလို ပြောပါတယ်။

“ ရခိုင်ပြည်နယ်ရဲ့ ရှုပ်ထွေးလွန်းတဲ့အခြေအနေကို မီးထိုးပေးခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ငြိမ်းချမ်ရေးနဲ့ သဟာဇာတရှိမှုတွေကိုပဲ ထိခိုက်နစ်နာစေမှာပါ။”

ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောသွားတာပါ။ ပြောရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က တစုံတရာလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သဘောကိုတော့ ဝန်ခံတယ်၊ ဒါပေမယ့် သူက ဒါလူမျိုးတုံးသတ်ဖြတ်မှု မမြောက်ဘူးဆိုတဲ့ သဘောမျိုးပြောတာပါ။

မေး။ ။ ဟုတ်ကဲ့ မြန်မာနိုင်ငံ ဘက်က ဒုတိယမြောက်လျှောက်ထားတဲ့ ဥပဒေပညာရှင် William Schabas ကလည်း ရခိုင်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ အခြေအနေဟာ လူမျိုးတုန်းသတ်ဖြတ်မှု မမြောက်ဘူးဆိုတာကို အရင် ICJ မှာတင်ခဲ့တဲ့ အမှုတွေနဲ့ ဥပမာပေး နှိုင်းယှဉ်ပြီး ပြောပြသွားပါတယ်။ ဆိုတော့ သူက ဘယ်လိုကိစ္စတွေကို အသားပေးပြောသွားသလဲဆိုတာကိုလည်း ပြောပါဦး ကိုသားညွန့်ဦးရှင့်။

သားညွှန့်ဦး။ ။ အဓိက သူက ၂ ချက်ပြောတယ်။ Intent ပေါ့နော် Genocide လူမျိုးတုန်းသတ်ဖြတ်မှု ရည်မှန်းချက်ရှိလားဆိုတဲ့ ငြင်းချက်ထုတ်တယ် ၊ နောက်တခုက Genocide မြောက်မမြောက်ပေ့ါနော်။ အဓိက ၂ ချက်ကို ပြောတယ်။ Intent ကို သူပြောတဲ့အခါမှာလည်း Intent ဆိုတဲ့နေရာမှာ ရည်ရွယ်ချက် လုပ်ဆောင်ထားမှု မရှိဘူးဆိုတာကို သူက ငြင်းချက်ထုတ်သွားတယ်။ နောက်အဓိက သူပြောသွားတာက Genocide မြောက်မမြောက်ဘူးဆိုတဲ့ ကိစ္စပါ။ နိုင်ငံတိုင်း ပဋိပက္ခတိုင်းမှာ၊ ဒုက္ခသည်ပြဿနာတွေ Deportation လုပ်တာတွေ ထွက်ပြေးရတာတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိမယ်။ ဒါပေမယ့် ဒီအဆင့်တွေပြောရုံနဲ့ Genocide မြောက်တယ်လို့ ပြောလို့မရဘူးဆိုတာကို Serbia တို့ ကော်ဆိုဘို အမှုတို့ နဲ့ နှိုင်းယှဉ်ပြီးတော့ ပြောပါတယ်။ နောက်တခုက FFM ကုလအချက်အလက်စ ုဆောင်းရေးအဖွဲ့က ပေးထားတဲ့ အချက်တွေကို Gambia က တင်တာကို ။ အဲဒီအချက်အလက်တွေကို ကြည့်မယ်ဆိုရင် သူ့ရဲ့ အချက်အလက် ရှာဖွေရေး သပ်သပ်ပါပဲ။ ဥပဒေကြောင်းအရ ကိစ္စတွေမပါဘူး ၊ ဥပဒေအရ ထောက်ပြနိုင်တဲ့ အချက်အလက် တွေကို ပြောပိုင်ခွင့်မရှိဘူး ၊ ဥပဒေအရအချက်အလက်နဲ့ မဆိုင်ဘူး လို့ ပြောပါတယ် နောက်တခုက Gambia တင်ပြတဲ့အထဲမှာ ရိုဟင်ဂျာ ၁၀၀၀၀ ကျော် နီးပါးသေဆုံးတယ်ဆိုတာ အချက်အလက် မခိုင်မာဘူးလို့ ပြောပါတယ်။ တဖက်မှာ အချက်အလက် ခိုင်ခဲ့ရင်တောင်မှ ခရိုအေးရှားအမှုကို ထောက်ပြပါတယ်။ ဆိုတော့ ခရိုအေးရှားမှာ ၂ သောင်းနီးပါးလောက် အသတ်ခံရတယ် ဒါပေမယ့် လူဦးရေ ပမာဏအားဖြင့် ခရိုအေးရှားအမှုတောင်မှ ICJ ဆုံးဖြတ်ချက် မှာ လူမျိုးတုံး သတ်ဖြတ်မှု မမြောက်ခဲ့ဘူး ဆိုတာ သူပြန်ထောက်ပြပါတယ်။ ဆိုလိုတာက အခုဖြစ်နေတဲ့ အခြေအနေ အဖြစ်အပျက်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုအဆင့်အထိ မရောက်ဘူးဆိုတာ သူချေပတာပါ။

မေး။ ။ မြန်မာနိုင်ငံဖက်ကပဲ နောက်ဥပဒေပညာရှင်တယောက်ဖြစ်တဲ့ Christopher Staker ကလည်း Gambia နိုင်ငံဖက်က တရားစွဲတဲ့အမှုကို နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်အချက်အလက်တွေနဲ့ ငြင်းချက်ထုတ်သွားပါတယ်။ ဘယ်လိုအချက်တွေနဲ့ ထောက်ပြငြင်းချက်ထုတ်သလဲဆိုတာကိုလည်း ပြောပါဦး ကိုသားညွန့်ဦး။

သားညွှန့်ဦး။ ။ သူက အချက်နှစ်ချက်ကိုထောက်ပြပါတယ်။ ပထမအချက်ကတော့ Dispute ပေါ့ - စာချုပ်မှာပါတဲ့ အငြင်းပွားမှုဆိုတာကို ထောက်ပြတာပါ။ ဥပမာ ဂမ်ဘီယာဘက်က တင်ပြတဲ့အထဲ နှစ်နိုင်ငံအငြင်းပွားတဲ့သဘော မဆောင်ခဲ့ဘူးဆိုတာကို ပြောပါတယ်။ ဂမ်ဘီယာဘက်က ဒါကာ ကြေညာစာတမ်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အဲဒီတုန်းက ပြောခဲ့တယ် ကုလအထွေထွေညီလာခံမှာ တင်ပြခဲ့တယ်။ နိုင်ငံစုံအဆင့်မှာ သူတို့ဖက်က စိုးရိမ်ချက်တွေကို ပြောပါတယ်။ မြန်မာဘက်ကို ဆက်သွယ်ခဲ့တယ်လို့ပြောပါတယ်။ မြန်မာဘက်က ထောက်ပြတာက မြန်မာဖက်က ဆက်သွယ်ပြောဆိုရာမှာ Genocide လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာ မသုံးခဲ့ပါဘူး။ ဒါကာ ကြေညာစာတမ်းမှာ Ethnic Cleansing နဲ့ Violence ဆိုတာပဲ သုံးခဲ့တယ်၊ အထွေထွေညီလာခံမှာ ဂမ်ဘီယာက တင်ပြတဲ့အခါမှာလည်း Genocide ဆိုတာ မသုံးပဲ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချိုးဖောက်မှုတွေပဲ သုံးခဲ့တယ်လို့ထောက်ပြပါတယ်။ Genocide ဆိုတဲ့ အသုံးအနှုန်းနဲ့ အငြင်းပွားမှု မရှိခဲ့ဘူးဆိုတာကို ထောက်ပြပါတယ်။ ဒါ ပထမအချက်ပါ။

ဒုတိယအချက်ကတော့ စာချုပ်ပါ အပိုဒ် ၉ ကိစ္စပါ။ State Party နိုင်ငံချင်းဖြစ်တဲ့ ပဋိပက္ခဖြစ်တာကို ဆိုလိုပါတယ်။ နိုင်ငံရေးဖြစ်တဲ့ ပဋိပက္ခကိုပဲ ဖြေရှင်းရပါတယ်တဲ့။ ဒါပေမယ့် အခု ကိစ္စမှာ ဂမ်ဘီယာက OIC ကို ကိုယ်စားပြုပြီး ဆောင်ရွက်နေတယ်။ ဂမ်ဘီယာနိုင်ငံကိုယ်တိုင်ကလည်း OIC မှာ တာဝန်ရှိသူအနေနဲ့ OIC level နဲ့ ဆောင်ရွက်နေတယ်ဆိုတော့ ဒါဟာ နိုင်ငံချင်းဖြစ်တဲ့ ကိစ္စမဟုတ်ဘူးဆိုပြီး ICJ အနေနဲ့Jurisdiction တရားစီရင်ပိုင်ခွင့်မရှိဘူးဆိုတာကို ထောက်ပြပါတယ်။ အဲဒီ နှစ်ချက်နဲ့ထောက်ပြပါတယ်။ ဒါကြောင့် သူနောက်ဆုံးလျှောက်လဲချက်မှာ အခုလို ပြောပါတယ်။

“ဒီအကြောင်းပြချက်တွေအားလုံးကြောင့် မြန်မာနိုင်ငံကိစ္စ တရားစီရင်ပိုင်ခွင့်မရှိဘူး။ အခု စစ်နေတာတွေက ကြားဖြတ်အရေးပေါ် စီမံဆောင်ရွက်မှုအတွက် လျှောက်ထားတဲ့ အဆင့်ဆိုပေမယ့်လည်း ဒီအတွက်တောင် ဆက်ပြီး ကြားနာစစ်ဆေးဖို့ မသင့်ပါဘူး။”

လို့ သူလျှောက်လဲချက်ပေးသွားပါတယ်။

ဒါတွေကတော့ ဒီကနေ့ ICJ တရားရုံးမှာ မြန်မာနိုင်ငံဖက်က တုံ့ပြန်လျှောက်ထားချက်တွေကို ကိုသားညွန့်ဦးက ပြောပြခဲ့တာဖြစ်ပါတယ်။

သားၫြန္႔ဦး
 မစုုျမတ္မြန္/ VOA Burmese
https://burmese.voanews.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား