အေမရိကန္ပိတ္ဆို႔မႈအသစ္ကို တပ္မေတာ္ ေဝဖန္

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ေနျပည္ေတာ္မွာ ၂၀၁၉ ႏိုဝင္ဘာ ၁၄ ရက္ေန႔ကက်င္းပတဲ့ ဘာသာေပါင္းစုံ ေဆြးေႏြးပြဲမွာေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊  ဗိုလ္မႉးခ်ဳပ္ သန္းဦးနဲ႔ ဗိုလ္မႉးခ်ဳပ္ ေအာင္ေအာင္ တို႔ကို အေမရိကန္ျပည္ေထာင္စုက ရခိုင္ ျပည္နယ္ေျမာက္ပိုင္း၊ ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္အပါအဝင္ ျမန္မာႏိုင္ငံတြင္းက လူနည္းစု  တိုင္းရင္းသားေတြအေပၚ ျမန္မာစစ္တပ္ရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ စြဲခ်က္ေတြအတြက္ အခုလို  အေရးယူလိုက္တာလို႔ မေန႔က ေၾကညာခ်က္မွာ ထုတ္ျပန္ထားပါတယ္။

ဒါဟာ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး၊ အရပ္သား ဦးေဆာင္တဲ့ စီးပြားေရးျပဳ ျပင္ေျပာင္းေရးနဲ႔၊ စစ္တပ္ကို အရပ္သားအစိုးရက ထိန္းခ်ဳပ္ႏိုင္ေရးတို႔အတြက္ အေမရိကန္ရဲ႕ ႀကိဳးပမ္းမႈကို အေထာက္အကူ ျဖစ္ေစမယ္လို႔ အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနရဲ႕ ျပည္ပပိုင္ဆိုင္မႈ ထိန္းခ်ဳပ္ေရးဆိုင္ရာဌာန (Office of Foreign Assets Control) က ဆိုပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ရည္႐ြယ္ခ်က္ရွိရွိ ႏိုင္ငံေရးအရ ပစ္မွတ္ထား ဖိအားေပးမႈလို႔ ျမင္ေၾကာင္းနဲ႔ ျမန္မာအစိုးရနဲ႔ တပ္မေတာ္တို႔ဟာ ဒီမိုကေရစီစနစ္ ျပဳျပင္ေျပာင္းလဲ ေဆာင္႐ြက္တဲ့ေနရာမွာ လူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီး အင္တိုက္အားတိုက္ ႀကိဳးပမ္းေဆာင္႐ြက္ေနတယ္လို႔ RFA ကို ေျပာပါတယ္။

“အဓိကေတာ့ က်ေနာ္တို႔ ဒီဟာသည္ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ႏိုင္ငံေရးအရ ပစ္မွတ္ထားဖိအားေပးမႈလို႔ ျမင္ပါတယ္။ စြပ္စြဲတာကေတာ့ စြတ္စြဲသူေတြရဲ႕ အာေဘာ္ေပါ့ဗ်ာ။ က်ေနာ္တို႔ ျမန္မာႏိုင္ငံအစိုးရနဲ႔ တပ္မေတာ္အေနနဲ႔ကေတာ့ လူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီးေတာ့ ဒီမိုကေရစီအစိုးရအျဖစ္ ဒီမိုကေရစီစနစ္အျဖစ္ ျပဳျပင္ေျပာင္းလဲတဲ့အေနရာမွာ က်ေနာ္တို႔ အင္တိုက္အားတိုက္ ႀကိဳးပမ္းေဆာင္႐ြက္လွ်က္ရွိပါတယ္။ တပ္မေတာ္အေနနဲ႔ကေတာ့ ဒီမိုကေရစီစနစ္ကို ေလွ်ာက္လမ္းတဲ့ေနရာမွာ လိုအပ္တဲ့ စံခ်ိန္စံၫြန္းတစ္ခုျဖစ္တဲ့ လူ႔အခြင့္အေရးပတ္သက္ၿပီး အသိေပးမႈေတြ၊ သတိေပးမႈေတြ၊ ပညာေပးမႈေတြကို က်ယ္က်ယ္ျပန႔္ျပန႔္ေဆာင္႐ြက္ေနပါတယ္။”

ဒါ့အျပင္ အခုေနာက္ပိုင္း စြပ္စြဲမႈေတြ  လုပ္ေဆာင္လာတာေတြရွိေၾကာင္း၊ အေမရိကန္လက္ေထာက္  ႏိုင္ငံျခားေရးဝန္ႀကီးက ဓာတုလက္နက္နဲ႔ပတ္သက္ၿပီးလည္း စြပ္စြဲခဲ့ေၾကာင္းနဲ႔ လုပ္ကိုင္ေနတာ မရွိေၾကာင္းကိုလည္း မီဒီယာေတြကို ေျပာၾကားထားတယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက  ဆိုပါတယ္။

လူအခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ပတ္သက္ၿပီး ICJ မွာ တရားစြဲခံရမႈနဲ႔  ရင္ဆိုင္ေနရခ်ိန္မွာ အေမရိကန္ရဲ႕ အေရးယူမႈ ေပၚေပါက္လာတာပါ။

အခုလို အေရးယူပိတ္ဆို႔တာဟာ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရးအတြက္ အေထာက္အကူ မျပဳေၾကာင္း၊ အေမရိကန္အေနနဲ႔ ျမန္မာစစ္သားေတြကို သင္တန္းေပးၿပီး အဲဒီသင္တန္းဆင္းေတြ တျဖည္းျဖည္းနဲ႔ စစ္ဦးစီးခ်ဳပ္အဆင့္ ေရာက္သြားရင္ တပ္မေတာ္က အလိုလို အရပ္ဖက္အုပ္ခ်ဳပ္မႈေအာက္ကို သူ႔ဟာသူ ေရာက္သြားမွာျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕က တပ္မေတာ္ အၿငိမ္းစားအရာရွိ  ႏိုင္ငံေရး ေလ့လာသုံးသပ္သူ ေဒါက္တာ ေအာင္မ်ိဳးက ေျပာပါတယ္။

“ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တို႔ ဘာတို႔ က်ဴးလြန္တယ္ဆိုတာ ေရေရရာရာလည္း မသိရေသးဘဲနဲ႔ သံသယအက်ိဳးကိုေတာင္မွ ခံစားခြင့္မေပးဘဲနဲ႔ ဒီလို လုပ္လုပ္ေနတာေတြဟာ စစ္တပ္ထဲမွာ အေမရိကန္ အိုင္ဒီယာေတြနဲ႔ ပတ္သက္လို႔ က်ေနာ္တို႔က ေဝးသထက္ ေဝးေနတယ္ဆိုတာကိုေတာ့ ေျပာခ်င္တယ္။ အဲဒါမ်ိဳး ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲမႈအတြက္ကိုလည္း ဘာမွ အေထာက္အကူ မျဖစ္ဘူးလို႔လည္း ေျပာခ်င္တယ္။ ျဖစ္ေစခ်င္လို႔ရွိရင္ ဒီစစ္သားေတြကိုသာဗ်ာ အဲဒီမွာ သင္တန္းေပးလိုက္ပါ။ အေမရိကန္ Staff ေကာလိပ္ေပါ့ေနာ္ အဲဒီကေန ဆင္းလာတဲ့သူေတြ သင္တန္းတက္ဖူးတဲ့သူေတြ တေျဖးေျဖးနဲ႔ စစ္ဦးခ်ဳပ္အဆင့္ထိ ေရာက္သြားလို႔ရွိရင္ တပ္မေတာ္က အရပ္ဖက္အုပ္ခ်ဳပ္မႈေအာက္ကို သူဟာသူ ေရာက္သြားမွာပါ။ အခုလုပ္နဲ႔ ပတ္သက္လို႔ကေတာ့ မွားတယ္လို႔ ကြၽန္ေတာ့္အေနနဲ႔ ေျပာခ်င္တယ္။”

ဒီလိုအေရးယူမႈေတြေၾကာင့္ အေမရိကန္နဲ႔ ျမန္မာ ဆက္ဆံေရး အေျပာင္းအလဲ ရွိလာႏိုင္တယ္လို႔ တခ်ိဳ႕က ယူဆသလို တခ်ိဳ႕ကလည္း ဒီပိတ္ဆို႔မႈေၾကာင့္ ျမန္မာ တ႐ုတ္ဆက္ဆံေရးအေပၚလည္း သက္ေရာက္လာႏိုင္တယ္လို႔ ယူဆၾကပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ႏိုင္ငံတကာတရား႐ုံး ICJ မွာ သြားေရာက္မၾကားနာခင္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာ ဝမ္ယီ ျမန္မာႏိုင္ငံကို လာေရာက္ၿပီး ေတြ႕ဆုံခဲ့တာပါ။

တ႐ုတ္က ဒီလို ရပ္တည္ေနတဲ့အခ်ိန္မွာ အေမရိကန္က အခုလိုအမ်ိဳးမလုပ္သင့္ဘူးလို႔လည္း ေဒါက္တာ ေအာင္မ်ိဳးက ေျပာပါတယ္။

ယခင္က ဗမာျပည္ကြန္ျမဴနစ္ပါတီဝင္အျဖစ္ တ႐ုတ္ျမန္မာနယ္စပ္မွာ လႈပ္ရွားခဲ့ၿပီး ယခု ရန္ကုန္ၿမိဳ႕မွာ ေနထိုင္တဲ့ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးသန္းစိုးႏိုင္ကေတာ့ တပ္မေတာ္နဲ႔ပတ္သက္ၿပီး တာဝန္အရွိဆုံး စစ္ေခါင္းေဆာင္ေတြကို အေရးယူတဲ့ သေဘာျဖစ္သလို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ပတ္သက္ၿပီး ႏိုင္ငံေရးအရ၊ စီးပြားေရးအရ ထိခိုက္တဲ့အလုပ္ေတြ မလုပ္ဘူးလို႔ ယူဆေၾကာင္း ေျပာပါတယ္။

“အရင္တုန္းကလည္း လုပ္ၿပီးသားပါ။ အခုလဲ ဒီသေဘာပါပဲ။ ဒါေပမဲ့ အေမရိကန္က ျမန္မာျပည္ကို လက္လြတ္စပယ္ လုပ္တာလို႔ က်ေနာ္ကေတာ့ မယူဆပါဘူး။ အခုကေတာ့ အစီအစဥ္ရွိရွိ ဒီစစ္တပ္နဲ႔ပတ္သက္ၿပီး တာဝန္အရွိဆုံး စစ္ေခါင္းေဆာင္ေတြကို အေရးယူဖို႔ သေဘာထားပဲရွိတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ပတ္သက္ၿပီးေတာ့ ဘာမွ တိုက္႐ိုက္ ႏိုင္ငံေရးအရ၊ စီးပြားေရးအရ ထိခိုက္တဲ့အလုပ္ေတြ မလုပ္ဘူးဆိုတာကို ေဖာ္ျပလိုက္တာလို႔ က်ေနာ္ယူဆပါတယ္ခင္ဗ်။”

လူ႔အခြင့္အေရးနဲ႔ပတ္သက္ၿပီး အမွန္တရားကိုေဖာ္ထုတ္ႏိုင္ဖို႔၊ တရားဥပေဒေတြကို ေဖာ္ေဆာင္ဖို႔နဲ႔ ခ်ိဳးေဖာက္တဲ့သူေတြကို တတ္ႏိုင္သေလာက္ အေရးယူဖို႔အတြက္ သတိေပးတဲ့အရာေတြျဖစ္တယ္လို႔ ရန္ကုန္အေျခစိုက္ လူ႔အခြင့္အေရးအဖြဲ႕တစ္ခုျဖစ္တဲ့ Equality Myanmar ကို တည္ေထာင္သူ ဦးေအာင္မ်ိဳးမင္းက ေျပာပါတယ္။

“ႏိုင္ငံတစ္ခုက ေနာက္တစ္ခုကို အေရးယူဖို႔အတြက္ လုပ္ေဆာင္တဲ့ကိစၥေတြ ေနာက္ဆိုလို႔ရွိရင္ ႏိုင္ငံတကာကေန ပူးေပါင္းၿပီး ေဆာင္႐ြက္တဲ့ အစဥ္အလာအထိ ျဖစ္လာႏိုင္တယ္။ ဒါေတြကို တားဆီးဖို႔အတြက္ကေတာ့ လူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီးေတာ့ အမွန္တရားကို ေဖာ္ထုတ္ဖို႔၊ တရားဥပေဒေတြကို ေဖာ္ေဆာင္ဖို႔နဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရသူေတြကို ကြၽန္ေတာ္တို႔ အျမန္ဆုံး ကုစားမႈေတြ ျပဳလုပ္ၿပီးေတာ့ ခ်ိဳးေဖာက္တဲ့လူေတြကို တတ္ႏိုင္သေလာက္ အေရးယူဖို႔အတြက္ သတိေပးတဲ့ အရာေတြပဲျဖစ္ပါတယ္။”

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ လူေပါင္းငါးသိန္းေက်ာ္ ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးခဲ့ရတဲ့ ရခိုင္ျပည္နယ္က ရက္စက္ၾကမ္းၾကဳပ္တဲ့ စစ္ဆင္ေရးေတြမွာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္အျဖစ္ အဓိက တာဝန္ရွိသူ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

အလားတူပဲ တပ္မေတာ္ ဒုတိယ ကာကြယ္ေရးဦးစီးခ်ဳပ္ ျဖစ္တဲ့ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ အမွတ္ (၉၉) ေျချမန္တပ္မဌာနခ်ဳပ္ တပ္မမႉး တာဝန္ယူခဲ့တဲ့ ဗိုလ္မႉးခ်ဳပ္ သန္းဦး၊ အမွတ္ (၃၃) ေျချမန္တပ္မဌာနခ်ဳပ္ တပ္မမႉး တာဝန္ယူခဲ့တဲ့ ဗိုလ္မႉးခ်ဳပ္ ေအာင္ေအာင္ တို႔ဟာလည္း ဒီလူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြမွာ အသီးသီး တာဝန္ရွိသူေတြျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၆ ရက္ေန႔ကလည္း ဒီစစ္တပ္ေခါင္းေဆာင္ ေလးဦးနဲ႔ သူတို႔ရဲ႕ မိသားစုဝင္ေတြ အေမရိကန္ လာေရာက္ခြင့္ ပိတ္ပင္လိုက္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
အမေရိကန်ပိတ်ဆို့မှုအသစ်ကို တပ်မတော် ဝေဖန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နေပြည်တော်မှာ ၂၀၁၉ နိုဝင်ဘာ ၁၄ ရက်နေ့ကကျင်းပတဲ့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲမှာတွေ့ရစဉ်
Photo: Thiha Tun/RFA

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊  ဗိုလ်မှူးချုပ် သန်းဦးနဲ့ ဗိုလ်မှူးချုပ် အောင်အောင် တို့ကို အမေရိကန်ပြည်ထောင်စုက ရခိုင် ပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတွင်းက လူနည်းစု  တိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွဲချက်တွေအတွက် အခုလို  အရေးယူလိုက်တာလို့ မနေ့က ကြေညာချက်မှာ ထုတ်ပြန်ထားပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အရပ်သား ဦးဆောင်တဲ့ စီးပွားရေးပြု ပြင်ပြောင်းရေးနဲ့၊ စစ်တပ်ကို အရပ်သားအစိုးရက ထိန်းချုပ်နိုင်ရေးတို့အတွက် အမေရိကန်ရဲ့ ကြိုးပမ်းမှုကို အထောက်အကူ ဖြစ်စေမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာဌာန (Office of Foreign Assets Control) က ဆိုပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရ ပစ်မှတ်ထား ဖိအားပေးမှုလို့ မြင်ကြောင်းနဲ့ မြန်မာအစိုးရနဲ့ တပ်မတော်တို့ဟာ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲ ဆောင်ရွက်တဲ့နေရာမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ RFA ကို ပြောပါတယ်။

“အဓိကတော့ ကျနော်တို့ ဒီဟာသည် ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေးအရ ပစ်မှတ်ထားဖိအားပေးမှုလို့ မြင်ပါတယ်။ စွပ်စွဲတာကတော့ စွတ်စွဲသူတွေရဲ့ အာဘော်ပေါ့ဗျာ။ ကျနော်တို့ မြန်မာနိုင်ငံအစိုးရနဲ့ တပ်မတော်အနေနဲ့ကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရေစီအစိုးရအဖြစ် ဒီမိုကရေစီစနစ်အဖြစ် ပြုပြင်ပြောင်းလဲတဲ့အနေရာမှာ ကျနော်တို့ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါတယ်။ တပ်မတော်အနေနဲ့ကတော့ ဒီမိုကရေစီစနစ်ကို လျှောက်လမ်းတဲ့နေရာမှာ လိုအပ်တဲ့ စံချိန်စံညွန်းတစ်ခုဖြစ်တဲ့ လူ့အခွင့်အရေးပတ်သက်ပြီး အသိပေးမှုတွေ၊ သတိပေးမှုတွေ၊ ပညာပေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေပါတယ်။”

ဒါ့အပြင် အခုနောက်ပိုင်း စွပ်စွဲမှုတွေ  လုပ်ဆောင်လာတာတွေရှိကြောင်း၊ အမေရိကန်လက်ထောက်  နိုင်ငံခြားရေးဝန်ကြီးက ဓာတုလက်နက်နဲ့ပတ်သက်ပြီးလည်း စွပ်စွဲခဲ့ကြောင်းနဲ့ လုပ်ကိုင်နေတာ မရှိကြောင်းကိုလည်း မီဒီယာတွေကို ပြောကြားထားတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက  ဆိုပါတယ်။

လူအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ICJ မှာ တရားစွဲခံရမှုနဲ့  ရင်ဆိုင်နေရချိန်မှာ အမေရိကန်ရဲ့ အရေးယူမှု ပေါ်ပေါက်လာတာပါ။

အခုလို အရေးယူပိတ်ဆို့တာဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အထောက်အကူ မပြုကြောင်း၊ အမေရိကန်အနေနဲ့ မြန်မာစစ်သားတွေကို သင်တန်းပေးပြီး အဲဒီသင်တန်းဆင်းတွေ တဖြည်းဖြည်းနဲ့ စစ်ဦးစီးချုပ်အဆင့် ရောက်သွားရင် တပ်မတော်က အလိုလို အရပ်ဖက်အုပ်ချုပ်မှုအောက်ကို သူ့ဟာသူ ရောက်သွားမှာဖြစ်ကြောင်း ရန်ကုန်မြို့က တပ်မတော် အငြိမ်းစားအရာရှိ  နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက ပြောပါတယ်။

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဘာတို့ ကျူးလွန်တယ်ဆိုတာ ရေရေရာရာလည်း မသိရသေးဘဲနဲ့ သံသယအကျိုးကိုတောင်မှ ခံစားခွင့်မပေးဘဲနဲ့ ဒီလို လုပ်လုပ်နေတာတွေဟာ စစ်တပ်ထဲမှာ အမေရိကန် အိုင်ဒီယာတွေနဲ့ ပတ်သက်လို့ ကျနော်တို့က ဝေးသထက် ဝေးနေတယ်ဆိုတာကိုတော့ ပြောချင်တယ်။ အဲဒါမျိုး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက်ကိုလည်း ဘာမှ အထောက်အကူ မဖြစ်ဘူးလို့လည်း ပြောချင်တယ်။ ဖြစ်စေချင်လို့ရှိရင် ဒီစစ်သားတွေကိုသာဗျာ အဲဒီမှာ သင်တန်းပေးလိုက်ပါ။ အမေရိကန် Staff ကောလိပ်ပေါ့နော် အဲဒီကနေ ဆင်းလာတဲ့သူတွေ သင်တန်းတက်ဖူးတဲ့သူတွေ တဖြေးဖြေးနဲ့ စစ်ဦးချုပ်အဆင့်ထိ ရောက်သွားလို့ရှိရင် တပ်မတော်က အရပ်ဖက်အုပ်ချုပ်မှုအောက်ကို သူဟာသူ ရောက်သွားမှာပါ။ အခုလုပ်နဲ့ ပတ်သက်လို့ကတော့ မှားတယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်တယ်။”

ဒီလိုအရေးယူမှုတွေကြောင့် အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး အပြောင်းအလဲ ရှိလာနိုင်တယ်လို့ တချို့က ယူဆသလို တချို့ကလည်း ဒီပိတ်ဆို့မှုကြောင့် မြန်မာ တရုတ်ဆက်ဆံရေးအပေါ်လည်း သက်ရောက်လာနိုင်တယ်လို့ ယူဆကြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာတရားရုံး ICJ မှာ သွားရောက်မကြားနာခင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီ မြန်မာနိုင်ငံကို လာရောက်ပြီး တွေ့ဆုံခဲ့တာပါ။

တရုတ်က ဒီလို ရပ်တည်နေတဲ့အချိန်မှာ အမေရိကန်က အခုလိုအမျိုးမလုပ်သင့်ဘူးလို့လည်း ဒေါက်တာ အောင်မျိုးက ပြောပါတယ်။

ယခင်က ဗမာပြည်ကွန်မြူနစ်ပါတီဝင်အဖြစ် တရုတ်မြန်မာနယ်စပ်မှာ လှုပ်ရှားခဲ့ပြီး ယခု ရန်ကုန်မြို့မှာ နေထိုင်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တပ်မတော်နဲ့ပတ်သက်ပြီး တာဝန်အရှိဆုံး စစ်ခေါင်းဆောင်တွေကို အရေးယူတဲ့ သဘောဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ၊ စီးပွားရေးအရ ထိခိုက်တဲ့အလုပ်တွေ မလုပ်ဘူးလို့ ယူဆကြောင်း ပြောပါတယ်။

“အရင်တုန်းကလည်း လုပ်ပြီးသားပါ။ အခုလဲ ဒီသဘောပါပဲ။ ဒါပေမဲ့ အမေရိကန်က မြန်မာပြည်ကို လက်လွတ်စပယ် လုပ်တာလို့ ကျနော်ကတော့ မယူဆပါဘူး။ အခုကတော့ အစီအစဉ်ရှိရှိ ဒီစစ်တပ်နဲ့ပတ်သက်ပြီး တာဝန်အရှိဆုံး စစ်ခေါင်းဆောင်တွေကို အရေးယူဖို့ သဘောထားပဲရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ ဘာမှ တိုက်ရိုက် နိုင်ငံရေးအရ၊ စီးပွားရေးအရ ထိခိုက်တဲ့အလုပ်တွေ မလုပ်ဘူးဆိုတာကို ဖော်ပြလိုက်တာလို့ ကျနော်ယူဆပါတယ်ခင်ဗျ။”

လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အမှန်တရားကိုဖော်ထုတ်နိုင်ဖို့၊ တရားဥပဒေတွေကို ဖော်ဆောင်ဖို့နဲ့ ချိုးဖောက်တဲ့သူတွေကို တတ်နိုင်သလောက် အရေးယူဖို့အတွက် သတိပေးတဲ့အရာတွေဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Equality Myanmar ကို တည်ထောင်သူ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“နိုင်ငံတစ်ခုက နောက်တစ်ခုကို အရေးယူဖို့အတွက် လုပ်ဆောင်တဲ့ကိစ္စတွေ နောက်ဆိုလို့ရှိရင် နိုင်ငံတကာကနေ ပူးပေါင်းပြီး ဆောင်ရွက်တဲ့ အစဉ်အလာအထိ ဖြစ်လာနိုင်တယ်။ ဒါတွေကို တားဆီးဖို့အတွက်ကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အမှန်တရားကို ဖော်ထုတ်ဖို့၊ တရားဥပဒေတွေကို ဖော်ဆောင်ဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေကို ကျွန်တော်တို့ အမြန်ဆုံး ကုစားမှုတွေ ပြုလုပ်ပြီးတော့ ချိုးဖောက်တဲ့လူတွေကို တတ်နိုင်သလောက် အရေးယူဖို့အတွက် သတိပေးတဲ့ အရာတွေပဲဖြစ်ပါတယ်။”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လူပေါင်းငါးသိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတဲ့ ရခိုင်ပြည်နယ်က ရက်စက်ကြမ်းကြုပ်တဲ့ စစ်ဆင်ရေးတွေမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် အဓိက တာဝန်ရှိသူ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အလားတူပဲ တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ် သန်းဦး၊ အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ် အောင်အောင် တို့ဟာလည်း ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ အသီးသီး တာဝန်ရှိသူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ကလည်း ဒီစစ်တပ်ခေါင်းဆောင် လေးဦးနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အမေရိကန် လာရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org
အေမရိကန္ပိတ္ဆို႔မႈအသစ္ကို တပ္မေတာ္ ေဝဖန္ အေမရိကန္ပိတ္ဆို႔မႈအသစ္ကို တပ္မေတာ္ ေဝဖန္ Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.