ICJ ၾကားနာပဲြ ပထမေန႔ တရားလိုတင္ျပခ်က္

နယ္သာလန္ႏုိင္ငံ ႏိုင္ငံတကာတရားရံုး ICJ ျမင္ကြင္းမ်ား (VOA ျမန္မာပိုင္းသတင္းဓာတ္ပံု)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံဟာ လူမ်ိဳးတုံး သတ္ျဖတ္မႈ တားျမစ္ေရးဆိုင္ရာ ႏိုင္ငံတကာ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ICJ ႏိုင္ငံတကာတရားရံုးမွာ ဒီေန႔ စတင္ ၾကားနာစစ္ေဆးပါတယ္။ တရားစြဲတင္တဲ့ ဂမ္ဘီယာႏိုင္ငံ ကိုယ္စားလွယ္ေတြကေန တရားရံုးကို ေလွ်ာက္ထားရာမွာေတာ့ ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္တာေတြကို ကုလသမဂၢ စံုစမ္းေရးအဖဲြ႕ရဲ႕ အေထာက္အထားေတြနဲ႔ တင္ျပသလို၊ ျမန္မာႏိုင္ငံထဲ က်န္ရွိေနတဲ့ ႐ိုဟင္ဂ်ာ ၆ သိန္းေလာက္ဟာ ေနာက္ထပ္ လူမ်ိဳးတုန္း သတ္ျဖတ္ခံရမႈ အႏၲရာယ္ၾကံဳေနတာမို႔ ဒီအတြက္ ကာကြယ္တားဆီးဖို႔ ယာယီအစီအမံတခု ခ်ေပးဖို႔ ICJ တရားရံုးကို တင္ျပခဲ့ၾကပါတယ္။ ကိုသားၫြန္႔ဦးက ဒီေန႔ ၾကားနာမႈအေၾကာင္း အႏွစ္ခ်ဳပ္ တင္ျပေပးမွာပါ။

ICJ ႏိုင္ငံတကာရံုးကို ဂမ္ဘီယာႏိ္ုင္ငံက စြဲခ်က္ေလွ်ာက္လဲြရာမွာ ကုလသမဂၢရဲ႕ အခ်က္အလက္ ရွာေဖြေရး အစီရင္ခံစာေတြနဲ႔ ျမန္မာလူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္ရဲ႕ အေထာက္အထားတင္ျပခ်က္ေတြကို အဓိက ကိုးကားသြားတာေတြ႕ရပါတယ္။ ဂမ္ဘီယာႏိ္ုင္ငံ တရားေရး၀န္ႀကီး Abubacarr Marie Tambaou က ၾကားနာပဲြရဲ႕ ဂမ္ဘီယာႏိုင္ငံကိုယ္စားလွယ္အဖြင့္ေလွ်ာက္ထားခ်က္ကို တင္သြင္းရာမွာ နာဇီဂ်ာမဏီေတြ က်ဴးလြန္ခဲ့တဲ့ လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြျဖစ္ပြားခဲ့တာ ၇၅ႏွစ္ေျမာက္အခ်ိန္မွာ အလားတူ အေျခအေနမ်ိဳး ကမာၻႀကီးအေနနဲ႕ ထပ္မံၾကံဳေတြ႕ေနၿပီး ဒါကို ခုခ်ိန္အထိ ဘာမွ အေရးမယူႏိုင္ေသးဘူးလို႔ ေထာက္ျပသြားပါတယ္။

“လူမ်ိဳးတုန္းသတ္ျဖတ္မႈကို တားျမစ္ၾကမယ္ ဒါမ်ိဳးထပ္မျဖစ္ေစရဘူးဆိုၿပီး ကမာၻလူသားေတြ ဂတိက၀တ္ျပဳၿပီးတဲ့ အခု ၇၅ ႏွစ္ေျမာက္မွာပဲ ေနာက္ထပ္ လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြကို က်ေနာ္တို႔ မ်က္စိေရွ႕ေမွာက္မွာ ၾကံဳလာရပါၿပီ။ အခု က်ေနာ္ ဒါကို တင္ျပေနတဲ့အခ်ိန္မွာပဲ၊ ဒီအေပၚမွာ က်ေနာ္တို႔ ဘာမွ မလုပ္ႏိုင္ေသးပါဘူး။”

ဂမ္ဘီယာတရားေရး ၀န္ႀကီးက အဖြင့္ေလွ်ာက္လြဲခ်က္အၿပီးမွာေတာ့ ဂမ္ဘီယာေရွ႕ေနတဦးျဖစ္တဲ့ ပါေမာကၡ Payam Akhavan က ႐ိုဟင္ဂ်ာေတြ ၾကံဳေနရတဲ့ လူမ်ိဳးတုန္းသတ္ျဖတ္ခံရမႈ ဆိုးဆိုးဝါးဝါး အေျခအေနရွိေနတာကို ေထာက္ျပခဲ့ပါတယ္။ အဲဒီမွာေတာ့ အခု ၾကားနာမႈကေန ကနဦးအဆင့္ ယာယီအစီအမံတရပ္ကို ဆံုးျဖတ္ေပးဖို႔ ေတာင္းဆိုတင္ျပပါတယ္။

“ေနာက္ထပ္ ႐ိုဟင္ဂ်ာ ၆သိန္းေလာက္ ျမန္မာႏိုင္ငံထဲမွာ ရွိပါေသးတယ္။ သူတို႔ကို ကာကြယ္ဖို႔ အေရးေပၚအေျခအေနလိုအပ္ေနပါတယ္။ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရး အဖဲြဲ႔ရဲ႕ သံုးသပ္ခ်က္အရဆိုရင္ ဒီလူေတြဟာ လူမ်ိဳးတုန္းသတ္ျဖတ္မႈ က်ဴးလြန္ခံရဖို႔ အလြန္အမင္းစိုးရိမ္ရတဲ့ အေျခအေနမွာ ရွိေနပါတယ္။”

ဂမ္ဘီယာႏိုင္ငံကိုယ္စား ေနာက္ထပ္ ေရွ႕ေနတဦးျဖစ္တဲ့ Andrew Loewenstein ကေတာ့ ျမန္မာႏိုင္ငံတြင္းမွာ အမ်ားျပည္သူၾကားမွာေရာ အစိုးရ တာ၀န္ရွိသူေတြၾကားမွာပါ Genocide လူမ်ိဳးတုန္းသတ္ျဖတ္မႈကို ဦးတည္ေစတဲ့ ေရးသားေျပာဆို လံႈေဆာ္မႈေတြရွိေနတာကို ေလွ်ာက္လဲႊပါတယ္။

“ကုလသမဂၢ မွတ္တမ္းေတြအရဆိုရင္ေတာ့ ျမန္မာႏိုင္ငံထဲမွာ ႐ိုဟင္ဂ်ာဆန္႔က်င္ေရး ေရးသားေျပာဆိုမႈေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။ ဒါဟာ လူဦးရည္အခ်ိဳးအစားအရ တည္ရွိေနတဲ့ အေနအထားကို ၿခိမ္းေျခာက္လာတဲ့ ကိစၥပါ။ လူမ်ိဳးႏြယ္တရပ္တည္ရွိမႈကို စိုးရိမ္ၿပီးေတာ့ ဒါကို ႀကိဳတင္တားဆီးတာမလုပ္ႏိုင္ရင္ တိုင္းျပည္ဟာ ႏိုင္ငံျခားကလာတဲ့ အသားမဲ မြတ္ဆလင္ေတြ ဝါးၿမိဳတာခံရလိမ့္မယ္ဆိုၿပီး သတိေပးေနၾကပါတယ္။ ဒါေၾကာင့္ လူမ်ိဳးေရးအရႏွိမ္ခ်တဲ့ စကားေတြနဲ႔ လြႊမ္းမိုးေနပါတယ္။”

လူမႈကြန္ယက္ေတြေပၚမွာ ႐ိုဟင္ဂ်ာနဲ႔ မြတ္ဆလင္ဆန္႔က်င္ေရး အမုန္းစကားေတြ ေရးသားေနတာကိုလည္း ေထာက္ျပသြားသလို၊ အစိုးရရဲ႕ မူဝါဒအဆင့္အဆင့္မွာလည္း ဒီလို အမုန္းတရားကို အားေပးလံႈေဆာ္တာေတြ ရွိေနတယ္လို႔လည္း ဂမ္ဘီယာေရွ႕ေန Andrew Loewenstein က ေျပာပါတယ္။

“လူ၀င္မႈႀကီးၾကပ္ေရးနဲ႔ အလုပ္သမား၀န္ႀကီးဌာနမွာ ေဆာင္ပုဒ္တခုရွိပါတယ္။ ေျမၿမိဳလို႔ လူမ်ိဳးမျပဳတ္ လူၿမိဳမွ လူမ်ိဳးျပဳတ္မယ္ဆိုတာပါ။ ဒီ အမုန္းစကားေတြ က်ယ္က်ယ္ျပန္႔ျပန္႔ျဖစ္ေနတယ္ဆိုတာကို ကုလသမဂၢ အထူးကိုယ္စားလွယ္က ဒီႏွစ္ေမလ အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။ ဒါဟာ အႀကီးတန္းအစိုးရအရာရွိေတြ ပါ၀င္ပတ္သက္ေနတဲ့ အေထာက္အထားပါ။ ဒါ့အျပင္ ေဖ့ဘုတ္ တြစ္တာ လူမႈကြန္ယက္ေတြကေန ျမန္မာတပ္မတော္ ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ အေကာင့္ကို ပိတ္ပစ္ခဲ့ရတာရွိပါတယ္။”

ဂမ္ဘီယာႏိ္ုင္ငံဖက္က အမ်ိဳးသမီးေရွ႕ေန တဦးျဖစ္တဲ့ Tafadzwa Pasipanodya ကေတာ့ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္မႈဆက္ျဖစ္ႏိုင္တဲ့ အေနအထားေတြကို ေလွ်ာက္လဲႊသလို၊ ဂမ္ဘီယာေရွ႕ေန Arsalan Suleman ကေတာ့ ဒီ တရားစဲြခ်က္ကို ICJ တရားရံုးအေနနဲ႕ စီရင္ပိုင္ခြင့္ရွိတယ္ဆိုတာ အဓိက ေလွ်ာက္ထားပါတယ္။

အဲဒီမွာေတာ့ ဒီမတိုင္ခင္ကတုန္း ဂမ္ဘီယာႏိ္ုင္ငံအေနနဲ႔ ကုလသမဂၢအပါအ၀င္ ႏိုင္ငံတကာအစည္းအေ၀းေတြမွာ ႐ိုဟင္၈်ာအေျခအေနေတြနဲ႔ ပတ္သက္လို႔ စိုးရိမ္မႈကို ေထာက္ျပခဲ့တာ၊ ျမန္မာအစိုးရကို ဆက္သြယ္ေျပာဆိုခဲ့တာေတြကိုလည္း ထည့္သြင္းေလွ်ာက္ထားပါတယ္။ ေနာက္ပိုင္းေရွ႕ေနေတြျဖစ္ကေတာ့ ႐ိုဟင္ဂ်ာေတြ လက္ရွိၾကံဳေနရတဲ့ အေျခအေန အခက္အခဲေတြနဲ႔ အေရးေပၚအေျခအေနအရ တရားရံုးအေနနဲ႔ ယာယီစီမံမႈတခုခုကို ဆံုးျဖတ္ေပးဖို႔ဆိုတာကို အဓိက တင္သြင္းခဲ့ၾကပါတယ္။

႐ိုဟင္ဂ်ာအသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာႏိ္ုင္ငံဘက္ေတာ့ ေခ်ပခ်က္ေတြကို မနက္ျဖန္မွာ တင္သြင္းေလွ်ာက္လဲြရမွာျဖစ္ၿပီး ဒီဇင္ဘာ ၁၂ ရက္ေန႔က်ရင္ေတာ့ အျပန္အလွန္ေလွ်ာက္လဲႊခ်က္ေတြ တင္သြင္းရမွာျဖစ္ပါတယ္။

[Unicode Version]

မြန်မာနိုင်ငံဟာ လူမျိုးတုံး သတ်ဖြတ်မှု တားမြစ်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ ဒီနေ့ စတင် ကြားနာစစ်ဆေးပါတယ်။ တရားစွဲတင်တဲ့ ဂမ်ဘီယာနိုင်ငံ ကိုယ်စားလှယ်တွေကနေ တရားရုံးကို လျှောက်ထားရာမှာတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တာတွေကို ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့ရဲ့ အထောက်အထားတွေနဲ့ တင်ပြသလို၊ မြန်မာနိုင်ငံထဲ ကျန်ရှိနေတဲ့ ရိုဟင်ဂျာ ၆ သိန်းလောက်ဟာ နောက်ထပ် လူမျိုးတုန်း သတ်ဖြတ်ခံရမှု အန္တရာယ်ကြုံနေတာမို့ ဒီအတွက် ကာကွယ်တားဆီးဖို့ ယာယီအစီအမံတခု ချပေးဖို့ ICJ တရားရုံးကို တင်ပြခဲ့ကြပါတယ်။ ကိုသားညွန့်ဦးက ဒီနေ့ ကြားနာမှုအကြောင်း အနှစ်ချုပ် တင်ပြပေးမှာပါ။

ICJ နိုင်ငံတကာရုံးကို ဂမ်ဘီယာနိုင်ငံက စွဲချက်လျှောက်လွဲရာမှာ ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေး အစီရင်ခံစာတွေနဲ့ မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ အထောက်အထားတင်ပြချက်တွေကို အဓိက ကိုးကားသွားတာတွေ့ရပါတယ်။ ဂမ်ဘီယာနိုင်ငံ တရားရေးဝန်ကြီး Abubacarr Marie Tambaou က ကြားနာပွဲရဲ့ ဂမ်ဘီယာနိုင်ငံကိုယ်စားလှယ်အဖွင့်လျှောက်ထားချက်ကို တင်သွင်းရာမှာ နာဇီဂျာမဏီတွေ ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်ပွားခဲ့တာ ၇၅နှစ်မြောက်အချိန်မှာ အလားတူ အခြေအနေမျိုး ကမ္ဘာကြီးအနေနဲ့ ထပ်မံကြုံတွေ့နေပြီး ဒါကို ခုချိန်အထိ ဘာမှ အရေးမယူနိုင်သေးဘူးလို့ ထောက်ပြသွားပါတယ်။

“လူမျိုးတုန်းသတ်ဖြတ်မှုကို တားမြစ်ကြမယ် ဒါမျိုးထပ်မဖြစ်စေရဘူးဆိုပြီး ကမ္ဘာလူသားတွေ ဂတိကဝတ်ပြုပြီးတဲ့ အခု ၇၅ နှစ်မြောက်မှာပဲ နောက်ထပ် လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ကျနော်တို့ မျက်စိရှေ့မှောက်မှာ ကြုံလာရပါပြီ။ အခု ကျနော် ဒါကို တင်ပြနေတဲ့အချိန်မှာပဲ၊ ဒီအပေါ်မှာ ကျနော်တို့ ဘာမှ မလုပ်နိုင်သေးပါဘူး။”

ဂမ်ဘီယာတရားရေး ဝန်ကြီးက အဖွင့်လျှောက်လွဲချက်အပြီးမှာတော့ ဂမ်ဘီယာရှေ့နေတဦးဖြစ်တဲ့ ပါမောက္ခ Payam Akhavan က ရိုဟင်ဂျာတွေ ကြုံနေရတဲ့ လူမျိုးတုန်းသတ်ဖြတ်ခံရမှု ဆိုးဆိုးဝါးဝါး အခြေအနေရှိနေတာကို ထောက်ပြခဲ့ပါတယ်။ အဲဒီမှာတော့ အခု ကြားနာမှုကနေ ကနဦးအဆင့် ယာယီအစီအမံတရပ်ကို ဆုံးဖြတ်ပေးဖို့ တောင်းဆိုတင်ပြပါတယ်။

“နောက်ထပ် ရိုဟင်ဂျာ ၆သိန်းလောက် မြန်မာနိုင်ငံထဲမှာ ရှိပါသေးတယ်။ သူတို့ကို ကာကွယ်ဖို့ အရေးပေါ်အခြေအနေလိုအပ်နေပါတယ်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ သုံးသပ်ချက်အရဆိုရင် ဒီလူတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခံရဖို့ အလွန်အမင်းစိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။”

ဂမ်ဘီယာနိုင်ငံကိုယ်စား နောက်ထပ် ရှေ့နေတဦးဖြစ်တဲ့ Andrew Loewenstein ကတော့ မြန်မာနိုင်ငံတွင်းမှာ အများပြည်သူကြားမှာရော အစိုးရ တာဝန်ရှိသူတွေကြားမှာပါ Genocide လူမျိုးတုန်းသတ်ဖြတ်မှုကို ဦးတည်စေတဲ့ ရေးသားပြောဆို လှုံဆော်မှုတွေရှိနေတာကို လျှောက်လွဲှပါတယ်။

“ကုလသမဂ္ဂ မှတ်တမ်းတွေအရဆိုရင်တော့ မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာဆန့်ကျင်ရေး ရေးသားပြောဆိုမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါဟာ လူဦးရည်အချိုးအစားအရ တည်ရှိနေတဲ့ အနေအထားကို ခြိမ်းခြောက်လာတဲ့ ကိစ္စပါ။ လူမျိုးနွယ်တရပ်တည်ရှိမှုကို စိုးရိမ်ပြီးတော့ ဒါကို ကြိုတင်တားဆီးတာမလုပ်နိုင်ရင် တိုင်းပြည်ဟာ နိုင်ငံခြားကလာတဲ့ အသားမဲ မွတ်ဆလင်တွေ ဝါးမြိုတာခံရလိမ့်မယ်ဆိုပြီး သတိပေးနေကြပါတယ်။ ဒါကြောင့် လူမျိုးရေးအရနှိမ်ချတဲ့ စကားတွေနဲ့ လွှမ်းမိုးနေပါတယ်။”

လူမှုကွန်ယက်တွေပေါ်မှာ ရိုဟင်ဂျာနဲ့ မွတ်ဆလင်ဆန့်ကျင်ရေး အမုန်းစကားတွေ ရေးသားနေတာကိုလည်း ထောက်ပြသွားသလို၊ အစိုးရရဲ့ မူဝါဒအဆင့်အဆင့်မှာလည်း ဒီလို အမုန်းတရားကို အားပေးလှုံဆော်တာတွေ ရှိနေတယ်လို့လည်း ဂမ်ဘီယာရှေ့နေ Andrew Loewenstein က ပြောပါတယ်။

“လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားဝန်ကြီးဌာနမှာ ဆောင်ပုဒ်တခုရှိပါတယ်။ မြေမြိုလို့ လူမျိုးမပြုတ် လူမြိုမှ လူမျိုးပြုတ်မယ်ဆိုတာပါ။ ဒီ အမုန်းစကားတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်ဆိုတာကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဒီနှစ်မေလ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒါဟာ အကြီးတန်းအစိုးရအရာရှိတွေ ပါဝင်ပတ်သက်နေတဲ့ အထောက်အထားပါ။ ဒါ့အပြင် ဖေ့ဘုတ် တွစ်တာ လူမှုကွန်ယက်တွေကနေ မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အကောင့်ကို ပိတ်ပစ်ခဲ့ရတာရှိပါတယ်။”

ဂမ်ဘီယာနိုင်ငံဖက်က အမျိုးသမီးရှေ့နေ တဦးဖြစ်တဲ့ Tafadzwa Pasipanodya ကတော့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုဆက်ဖြစ်နိုင်တဲ့ အနေအထားတွေကို လျှောက်လွဲှသလို၊ ဂမ်ဘီယာရှေ့နေ Arsalan Suleman ကတော့ ဒီ တရားစွဲချက်ကို ICJ တရားရုံးအနေနဲ့ စီရင်ပိုင်ခွင့်ရှိတယ်ဆိုတာ အဓိက လျှောက်ထားပါတယ်။

အဲဒီမှာတော့ ဒီမတိုင်ခင်ကတုန်း ဂမ်ဘီယာနိုင်ငံအနေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစည်းအဝေးတွေမှာ ရိုဟင်၈ျာအခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုကို ထောက်ပြခဲ့တာ၊ မြန်မာအစိုးရကို ဆက်သွယ်ပြောဆိုခဲ့တာတွေကိုလည်း ထည့်သွင်းလျှောက်ထားပါတယ်။ နောက်ပိုင်းရှေ့နေတွေဖြစ်ကတော့ ရိုဟင်ဂျာတွေ လက်ရှိကြုံနေရတဲ့ အခြေအနေ အခက်အခဲတွေနဲ့ အရေးပေါ်အခြေအနေအရ တရားရုံးအနေနဲ့ ယာယီစီမံမှုတခုခုကို ဆုံးဖြတ်ပေးဖို့ဆိုတာကို အဓိက တင်သွင်းခဲ့ကြပါတယ်။

ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံဘက်တော့ ချေပချက်တွေကို မနက်ဖြန်မှာ တင်သွင်းလျှောက်လွဲရမှာဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့ကျရင်တော့ အပြန်အလှန်လျှောက်လွဲှချက်တွေ တင်သွင်းရမှာဖြစ်ပါတယ်။

သားၫြန္႔ဦး/ VOA Burmese
https://burmese.voanews.com
ICJ ၾကားနာပဲြ ပထမေန႔ တရားလိုတင္ျပခ်က္ ICJ ၾကားနာပဲြ ပထမေန႔ တရားလိုတင္ျပခ်က္ Reviewed by THITHTOOLWIN on 23:27 Rating: 5
Powered by Blogger.