ICJ တရားခြင္ ေထာက္ခံသူေတြနဲ႔ ကန္႔ကြက္သူေတြ သဟိဂတ္မွာစုေ၀း

ႏိုင္ငံတကာတရားခြင္ ICJ ေရွ႕ ကန္႔ကြက္ဆႏၵျပသူနဲ႔ ေထာက္ခံသူမ်ား စုေဝး (ႏိုင္ငံတကာတရား႐ံုးေရွ႕-သတင္းဓာတ္ပံု)/နိုင်ငံတကာတရားခွင် ICJ ရှေ့ ကန့်ကွက်ဆန္ဒပြသူနဲ့ ထောက်ခံသူများ စုဝေး (နိုင်ငံတကာတရားရုံးရှေ့-သတင်းဓာတ်ပုံ)

(Zawgyi/Unicode)

နယ္သာလန္ႏုိင္ငံ သဟိဂ္ၿမိဳ႕က ICJ တရား႐ုံးမွာ ျမန္မာႏုိင္ငံအေပၚ ဂမ္ဘီယာႏုိင္ငံက တရားလုိလုပ္ တရားစဲြဆုိထားတဲ့အေပၚ ေထာက္ခံသူေတြေရာ၊ ကန္႔ကြက္သူေတြပါ စုေ၀းေရာက္ရွိေနၾကပါတယ္။

ICJ မွာ ႐ုိဟင္ဂ်ာအေရး လႈပ္ရွားသူေတြ ျပည္ပေရာက္ ျမန္မာတုိင္းရင္းသားေတြက ေထာက္ခံ စုေ၀းခဲ့ၾကသလုိ၊ ခုခံေခ်ပမယ့္ ျမန္မာကုိယ္စားလွယ္ အဖဲြ႔ကုိ ဦးေဆာင္လာတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကုိ ေထာက္ခံသူေတြလည္း သဟိဂ္ၿမိဳ႕မွာ စုေ၀းခဲ့ၾကတာပါ။ ၿဗိတိန္အေျခစုိက္ ျမန္မာ႐ုိဟင္ဂ်ာအသင္း ဥကၠ႒ ဦးထြန္းခင္ ကေတာ့ တရားခြင္အေပၚ ေမွ်ာ္လင့္ခ်က္နဲ႔ ပတ္သက္လုိ႔ သဟိဂ္ၿမိဳ႕မွာ ေရာက္ေနတဲ့ ဗြီအုိေအ၀ုိင္းေတာ္သား ကုိ၀င္းခန္႔ေမာင္ကုိ အခုလုိေျပာသြားပါတယ္။

“ က်ေနာ္တို႔ ေမွ်ာ္လင့္ထားတာက ဒီမွာက ၾကည့္ရမွာက Genocide လူမ်ိဳးတံုးသတ္ျဖတ္မႈနဲ႔ ဒီတရားရံုးမွာ တင္ထားတဲ့အမႈအတြက္ ၊ ဒီဂမ္ဘီယာဘက္ကက်ေတာ့ ရိုဟင္ဂ်ာလူမ်ိဳးေတြ ကို စနစ္တက် ႏွစ္ေပါင္းမ်ားစြာ သုတ္သင္ရွင္းလင္းတဲ့ စီမံကိန္းအေပၚ ရည္ရြယ္ခ်က္ရွိရွိနဲ႔ လုပ္ခဲ့တဲ့အေပၚ သမိုင္းေတြ ၿပီးေတာ့ အေထာက္အထားေတြ စစ္တပ္က ဘယ္လိုလုပ္ခဲ့သလဲ ဆိုတာေတြ အေထာက္အထားအမ်ားႀကီးရွိတယ္။ ဒါေတြကို သူတို႔အေနနဲ႔ ေကာင္းေကာင္းမြန္မြန္တင္ျပႏိုင္မယ္လို႔ က်ေနာ္ထင္ပါတယ္။ ၿပီးေတာ့ က်ေနာ္အဓိက ေျပာခ်င္တာကေတာ့ ဒီမွာ က်ေနာ္တို႔ရယ္မဟုတ္ဘူး တျခားတိုင္းရင္းသားအားလံုးရွိတယ္၊ ကခ်င္၊ ကရင္၊ ရွမ္း တိုင္းရင္းသားေတြအားလံုး ႏွစ္ေပါင္းမ်ားစြာ ရက္ရက္စက္စက္ ညွဥ္းပမ္းနိတ္စက္ သက္ျဖတ္မႈေတြ ခံေနရတာ ၾကာၿပီ။ ဒါ ရိုဟင္ဂ်ာ အတြက္သာမက တျခား တိုင္းရင္းသားေတြအားလံုးအတြက္လည္း ဒီ case က ေတာ္ေတာ္ေလးကို အေရးပါမယ္လို႔ ျမန္မာျပည္မွာ ရွိေနတဲ့ ဖိႏွိပ္ခံေနရတဲ့ လူနည္းစုေတြအတြက္ ဒီေန႔က သမိုင္း၀င္ ေန႔တေန႔၊ သမိုင္း၀င္ hearing တခုလို႔ က်ေန္ာေျပာခ်င္ပါတယ္။”

ႏုိင္ငံတကာ ကရင္အစည္းအ႐ုံး တဲြဖက္အတြင္းေရးမွဴး စလုံးဖန္း ကလည္း လူနည္းစုေတြအေပၚ ဖိ၊ႏွိပ္မႈေတြကုိ ရပ္တန္႔ဖုိ႔ ႀကိဳးပမ္းတဲ့ လုပ္ရပ္အျဖစ္ ႀကိဳဆုိခဲ့တာပါ။

“အဓိက message ကေတာ့ လူမ်ိဳးတံုး သတ္ျဖတ္မႈတို႔ စစ္ရာဇ၀တ္မႈတို႔ အဲဒီ တိုင္းရင္းသားေတြအေပၚမွာ လုပ္ခဲ့တာေတြက မေကာင္းတဲ့ဟာေတြေပ့ါ ၊ အဲဒါ ရပ္တန္႔ဖို႔ က်ေန္ာတို႔လိုခ်င္တယ္။ ဘာျဖစ္လိို႔လဲဆိုေတာ့ က်ေနာ္တို႔ ကရင္ေတြက ႏွစ္ေပါင္း ၇၀ ေက်ာ္ ခံရတယ္ဆိုေတာ့ က်ေနာ္တုိ႔ကရင္ေတြက တကယ္ Victim of Genocide ၊ Victim of War crime ဆိုေတာ့ က်ေနာ္တို႔ တကယ္လိုခ်င္ပါတယ္ ရပ္တန္႔ဖို႔အတြက္ကို။”

တခ်ိန္တည္းမွာပဲ ခုခံေခ်ပမယ့္ ျမန္မာကိုယ္စားလွယ္အဖဲြ႔ကုိ ဦးေဆာင္လာတဲ့ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကုိ ေထာက္ခံသူေတြလည္း သဟိဂ္ၿမိဳ႕မွာ စုေ၀းခဲ့ၾကတာပါ။ ဒီအထဲက တဦးျဖစ္တဲ့ ဦးေအာင္တင္သိန္း ကေတာ့ ေထာက္ခံမႈျပသဖုိ႔ ကုိယ့္စရိတ္နဲ႔ကုိယ္ နယ္သာလန္ႏုိင္ငံ သဟိဂ္ၿမိဳ႕အထိ လာေရာက္ခဲ့တာလုိ႔ ေျပာပါတယ္။
“ဒီအတြက္ အကုန္လံုး support လုပ္တဲ့သေဘာပါပဲ ၊ ဒါက ႏိုင္ငံ႔အေရးျဖစ္သြားၿပီေလ အဲဒါကို သူကိုယ္တိုင္ လာၿပီး defend လုပ္တယ္ဆိုေတာ့ က်ေနာ္တို႔ ဘက္ကလည္း အနည္းဆံုးေတာ့ ဒီေလာက္ေတာ့ ျပေပးႏိုင္ရမွာေပါ့ေနာ္ ။ အဲဒီယံုၾကည္မႈ အျပည့္နဲ႔ က်ေနာ္တို႔ လာခ်င္းျဖစ္ပါတယ္။ အန္တီ ဘာပဲလုပ္လုပ္၊ ဘာပဲ decide လုပ္လုပ္ မွန္ကန္မယ္ဆိုတာ ယံုၾကည္ထားပါတယ္။ က်ေနာ္တို႔ ရန္ကုန္ကေန လာတာ ၂၃ ေယာက္ ဒီမွာ join လုပ္တာ အားလံုး ၂၈ ေယာက္ရွိပါတယ္။ ”

လူမ်ဳိးတုန္းသတ္ျဖတ္မႈ စြပ္စဲြခ်က္နဲ႔ ICJ မွာ တရားစဲြထားတဲ့အေပၚ မတူတဲ့ ရပ္တည္ခ်က္ေတြနဲ႔ လႈပ္ရွားမႈေတြကုိ သဟိဂ္ၿမိဳ႕မွာ ေရာက္ေနတဲ့ ဗြီအုိေအ၀ုိင္းေတာ္သား ကုိ၀င္းခန္႔ေမာင္ ေမးျမန္းထားတာကုိ စုစည္းတင္ျပခဲ့တာျဖစ္ပါတယ္။

.......................

ICJ တရားခွင် ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေ သဟိဂတ်မှာစုဝေး

(Unicode)

နယ်သာလန်နိုင်ငံ သဟိဂ်မြို့က ICJ တရားရုံးမှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားလိုလုပ် တရားစွဲဆိုထားတဲ့အပေါ် ထောက်ခံသူတွေရော၊ ကန့်ကွက်သူတွေပါ စုဝေးရောက်ရှိနေကြပါတယ်။

ICJ မှာ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေ ပြည်ပရောက် မြန်မာတိုင်းရင်းသားတွေက ထောက်ခံ စုဝေးခဲ့ကြသလို၊ ခုခံချေပမယ့် မြန်မာကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေလည်း သဟိဂ်မြို့မှာ စုဝေးခဲ့ကြတာပါ။ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင် ကတော့ တရားခွင်အပေါ် မျှော်လင့်ချက်နဲ့ ပတ်သက်လို့ သဟိဂ်မြို့မှာ ရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုဝင်းခန့်မောင်ကို အခုလိုပြောသွားပါတယ်။

“ ကျနော်တို့ မျှော်လင့်ထားတာက ဒီမှာက ကြည့်ရမှာက Genocide လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဒီတရားရုံးမှာ တင်ထားတဲ့အမှုအတွက် ၊ ဒီဂမ်ဘီယာဘက်ကကျတော့ ရိုဟင်ဂျာလူမျိုးတွေ ကို စနစ်တကျ နှစ်ပေါင်းများစွာ သုတ်သင်ရှင်းလင်းတဲ့ စီမံကိန်းအပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တဲ့အပေါ် သမိုင်းတွေ ပြီးတော့ အထောက်အထားတွေ စစ်တပ်က ဘယ်လိုလုပ်ခဲ့သလဲ ဆိုတာတွေ အထောက်အထားအများကြီးရှိတယ်။ ဒါတွေကို သူတို့အနေနဲ့ ကောင်းကောင်းမွန်မွန်တင်ပြနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ပြီးတော့ ကျနော်အဓိက ပြောချင်တာကတော့ ဒီမှာ ကျနော်တို့ရယ်မဟုတ်ဘူး တခြားတိုင်းရင်းသားအားလုံးရှိတယ်၊ ကချင်၊ ကရင်၊ ရှမ်း တိုင်းရင်းသားတွေအားလုံး နှစ်ပေါင်းများစွာ ရက်ရက်စက်စက် ညှဉ်းပမ်းနိတ်စက် သက်ဖြတ်မှုတွေ ခံနေရတာ ကြာပြီ။ ဒါ ရိုဟင်ဂျာ အတွက်သာမက တခြား တိုင်းရင်းသားတွေအားလုံးအတွက်လည်း ဒီ case က တော်တော်လေးကို အရေးပါမယ်လို့ မြန်မာပြည်မှာ ရှိနေတဲ့ ဖိနှိပ်ခံနေရတဲ့ လူနည်းစုတွေအတွက် ဒီနေ့က သမိုင်းဝင် နေ့တနေ့၊ သမိုင်းဝင် hearing တခုလို့ ကျနေ်ာပြောချင်ပါတယ်။”

နိုင်ငံတကာ ကရင်အစည်းအရုံး တွဲဖက်အတွင်းရေးမှူး စလုံးဖန်း ကလည်း လူနည်းစုတွေအပေါ် ဖိ၊နှိပ်မှုတွေကို ရပ်တန့်ဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်အဖြစ် ကြိုဆိုခဲ့တာပါ။

“အဓိက message ကတော့ လူမျိုးတုံး သတ်ဖြတ်မှုတို့ စစ်ရာဇဝတ်မှုတို့ အဲဒီ တိုင်းရင်းသားတွေအပေါ်မှာ လုပ်ခဲ့တာတွေက မကောင်းတဲ့ဟာတွေပေ့ါ ၊ အဲဒါ ရပ်တန့်ဖို့ ကျနေ်ာတို့လိုချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကရင်တွေက နှစ်ပေါင်း ၇၀ ကျော် ခံရတယ်ဆိုတော့ ကျနော်တို့ကရင်တွေက တကယ် Victim of Genocide ၊ Victim of War crime ဆိုတော့ ကျနော်တို့ တကယ်လိုချင်ပါတယ် ရပ်တန့်ဖို့အတွက်ကို။”

တချိန်တည်းမှာပဲ ခုခံချေပမယ့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေလည်း သဟိဂ်မြို့မှာ စုဝေးခဲ့ကြတာပါ။ ဒီအထဲက တဦးဖြစ်တဲ့ ဦးအောင်တင်သိန်း ကတော့ ထောက်ခံမှုပြသဖို့ ကိုယ့်စရိတ်နဲ့ကိုယ် နယ်သာလန်နိုင်ငံ သဟိဂ်မြို့အထိ လာရောက်ခဲ့တာလို့ ပြောပါတယ်။
“ဒီအတွက် အကုန်လုံး support လုပ်တဲ့သဘောပါပဲ ၊ ဒါက နိုင်ငံ့အရေးဖြစ်သွားပြီလေ အဲဒါကို သူကိုယ်တိုင် လာပြီး defend လုပ်တယ်ဆိုတော့ ကျနော်တို့ ဘက်ကလည်း အနည်းဆုံးတော့ ဒီလောက်တော့ ပြပေးနိုင်ရမှာပေါ့နော် ။ အဲဒီယုံကြည်မှု အပြည့်နဲ့ ကျနော်တို့ လာချင်းဖြစ်ပါတယ်။ အန်တီ ဘာပဲလုပ်လုပ်၊ ဘာပဲ decide လုပ်လုပ် မှန်ကန်မယ်ဆိုတာ ယုံကြည်ထားပါတယ်။ ကျနော်တို့ ရန်ကုန်ကနေ လာတာ ၂၃ ယောက် ဒီမှာ join လုပ်တာ အားလုံး ၂၈ ယောက်ရှိပါတယ်။ ”

လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ICJ မှာ တရားစွဲထားတဲ့အပေါ် မတူတဲ့ ရပ်တည်ချက်တွေနဲ့ လှုပ်ရှားမှုတွေကို သဟိဂ်မြို့မှာ ရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုဝင်းခန့်မောင် မေးမြန်းထားတာကို စုစည်းတင်ပြခဲ့တာဖြစ်ပါတယ်။

၀င္းခန္႔ေမာင္/ VOA Burmese
https://burmese.voanews.com
ICJ တရားခြင္ ေထာက္ခံသူေတြနဲ႔ ကန္႔ကြက္သူေတြ သဟိဂတ္မွာစုေ၀း ICJ တရားခြင္ ေထာက္ခံသူေတြနဲ႔ ကန္႔ကြက္သူေတြ သဟိဂတ္မွာစုေ၀း Reviewed by THITHTOOLWIN on 23:29 Rating: 5
Powered by Blogger.