ျမန္မာကို စြပ္စြဲထားတဲ့အမႈ အိုင္စီေဂ်မွာ ဂမ္ဘီယာ ဘာေတြ ေလွ်ာက္လဲသြားလဲ

ဂမ္ဘီယာ ဘက္က သက္ေသတင္သြားတဲ့ ကရင္ျပည္နယ္က ပိုစတာ
(Zawgyi)⤵⤵⤵
ျမန္မာက လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ ဂ်ီႏိုဆိုက္ ကြန္ဗန္းရွင္းကို ခ်ိဳးေဖာက္တယ္ဆိုၿပီး ဂမ္ဘီယာ ႏိုင္ငံက စြပ္စြဲထားၿပီး ၾကားျဖတ္အစီအမံ အမိန႔္ေတြ ခ်မွတ္ေပးဖို႔ ေတာင္းဆိုထားတာကို နယ္သာလန္ ႏိုင္ငံ သည္ဟိဂ္ၿမိဳ႕ အျပည္ျပည္ဆိုင္ရာ တရား႐ုံး အိုင္စီေဂ်မွာဒီဇင္ဘာ ၁၀ ရက္က ၾကားနာခဲ့ပါတယ္ ။

ဒီေန႔ တရား႐ုံးကို ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာကိုယ္စားလွယ္အဖြဲ႕ကို ဦးေဆာင္ၿပီး တက္ေရာက္လာခဲ့ၿပီး ေတာ့ ျမန္မာႏိုင္ငံဘက္ က ငွားရမ္းထားတဲ့ေရွ႕ေန ဝီလီယံ ရွားဘတ္စ္လည္း တက္ေရာက္တာ ေတြ႕ရပါတယ္။

လူမ်ိဳးတုံးသတ္ျဖတ္မႈ အႏၲရာယ္က ျမန္မာႏိုင္ငံမွာ ဆက္ရွိေနလို႔ ဆိုၿပီး provisional measures လို႔ေခၚတဲ့ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ေတြ ျမန္မာဘက္က လုပ္ေဆာင္ေအာင္ အိုင္စီေဂ်က အမိန႔္ထုတ္ျပန္ေပးဖို႔ ဒီေန႔ ဂမ္ဘီယာဘက္က ေလွ်ာက္ထားတာ ျဖစ္ပါတယ္။

ဂမ္ဘီယာဘက္ကေတာ့ ဂမ္ဘီယာ တရားေရးဝန္ႀကီး နဲ႔ ေရွ႕ေနခ်ဳပ္ အဘူဘာကာ တမ္ဘာဒူးက ဦးေဆာင္ၿပီးေတာ့ ဂမ္ဘီယာ ငွားထားတဲ့ အေမရိကန္ေရွ႕ေနအဖြဲ႕က ေလွ်ာက္လဲပါတယ္။

လူမ်ိဳးတုံးသတ္ျဖတ္မႈ အႏၲရာယ္ ျမန္မာႏိုင္ငံမွာ ဆက္ရွိေနလို႔ဆိုၿပီး provisional measures လို႔ေခၚတဲ့ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ေတြ ထုတ္ေပးႏိုင္ေအာင္ သက္ေသ အေထာက္အထားေတြ၊ လိုအပ္ခ်က္ေတြ ဘယ္လိုရွိတယ္ဆိုတာကို အေမရိကန္ေရွ႕ေနအဖြဲ႕က ေရွ႕ေန ေပါလ္ ႐ိုက္ဂနာအပါ အဝင္ ေရွ႕ေန ၈ ေယာက္ေလာက္ က ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးအဖြဲ႕ ရဲ႕ အစီရင္ခံစာေတြကို ကိုးကားၿပီး၃ နာရီနီးပါး ေလွ်ာက္လဲ သြားတာ ျဖစ္ပါတယ္။

ဂမ္ဘီယာ အဖြဲ႕ေခါင္းေဆာင္ အဘူဘာကာ တမ္ဘာဒူး

ဂမ္ဘီယာ အဖြဲ႕ေခါင္းေဆာင္ အဘူဘာကာ တမ္ဘာဒူးက ဘာေၾကာင့္တရားစြဲတယ္ဆိုတာကို အဓိက စေျပာပါတယ္။

ဂမ္ဘီယာဟာ ကုလသမဂၢရဲ႕ ဂ်ီႏိုဆိုက္ ကြန္ဗင္းရွင္းမွာ လက္မွတ္ထိုးထားတယ္၊ ႐ိုဟင္ဂ်ာအေရးကိစၥမွာ ျမန္မာဘက္က ဂ်ီႏိုဆိုက္ ကြန္ဗင္းရွင္းကို လိုက္နာဖို႔ တာဝန္ ပ်က္ကြက္တယ္ဆိုၿပီး တရားစြဲတာပါ။

ျမန္မာႏိုင္ငံဟာ ဂမ္ဘီယာ ေျပာဆိုတာကို ေတာက္ေလွ်ာက္ျငင္းတာေၾကာင့္ အခုလို အိုင္စီေဂ်မွာ လာၿပီး ေလွ်ာက္လဲရတာလို႔လည္း အဘူဘာကာ တမ္ဘာဒူးက တရား႐ုံးမွာ ေျပာသြားပါတယ္ ။

ျမန္မာႏိုင္ငံထဲမွာ လူအမ်ားအျပားေသဆုံးၿပီး တိုင္းျပည္က လူေတြ ထြက္ေျပးခဲ့ရသလို လူမ်ိဳးတုံးသတ္ျဖတ္မႈေတြ ရပ္တန႔္ဖို႔ကို လည္းဂမ္ဘီယာက ေတာင္းဆိုပါတယ္။

သူဟာ အိုအိုင္စီကိုယ္စားလွယ္အေနနဲ႔ ဘဂၤလားေဒ့ရွ္ ဘက္က ႐ိုဟင္ဂ်ာ ဒုကၡသည္ စခန္းေတြကိုေရာက္ခဲ့ၿပီးေတာ့ သူတို႔ေတြ အခြင့္အေရးအတြက္ အခုလို တရားစြဲရတာပါလို႔လည္း သူက ေျပာခဲ့ပါတယ္။
သည္ဟိဂ္ၿမိဳ႕ အျပည္ျပည္ဆိုင္ရာ တရား႐ုံး အိုင္စီေဂ်

ျမန္မာ ဂ်ီႏိုဆိုက္ ကြန္ဗန္းရွင္းကို ခ်ိဳးေဖာက္တယ္ဆိုၿပီး အခ်က္ ၇ခ်က္ကိုေျပာ

ဂမ္ဘီယာ ဘက္က ေရွ႕ေနေနာက္တစ္ဦးကေတာ့ ႐ိုဟင္ဂ်ာေတြကို ကယ္တင္ဖို႔ အခြင့္အေရးရွိတဲ့ အေၾကာင္းနဲ႔ ျမန္မာတပ္မေတာ္ဘက္က ဒါေတြကို က်ဳးလြန္ ခဲ့ၿပီးေတာ့ ျမန္မာအစိုးရက တားဆီးဖို႔ပ်က္ကြက္ခဲ့တယ္ ဆိုၿပီးေတာ့ ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးအဖြဲ႕ ရဲ႕ အစီရင္ခံစာေတြ ကို အဓိက ကိုးကားၿပီးေျပာပါတယ္။

ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔ အခြင့္အေရး အထူးကိုယ္စားလွယ္ ရန္ဟီးလီေျပာခဲ့သလို ျမန္မာတပ္မေတာ္ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို ႏိုင္ငံတကာစစ္ခုံ႐ုံးမွာ တရားစြဲသင့္တယ္ဆိုတာကိုလည္း ေျပာသြားခဲ့ပါတယ္။

႐ိုဟင္ဂ်ာေတြ အေပၚမွာ ရည္႐ြယ္ခ်က္ ရွိရွိ လူမ်ိဳးတုံးသတ္ျဖတ္တယ္လို႔ ၫြန္ျပတဲ့ အခ်က္ ၇ ခ်က္ ကို ဂမ္ဘီယာဘက္က တင္ျပခဲ့ပါတယ္။

၁။ တပ္မေတာ္ရဲ႕ နယ္ေျမရွင္းလင္းေရး ေဆာင္႐ြက္ခ်က္ေတြမွာ ရက္စက္ ၾကမ္းၾကဳတ္မႈ။

၂။ တပ္မေတာ္ရဲ႕ စနစ္တက် ေခ်မႈန္းဖ်က္ဆီးေရး ေဆာင္႐ြက္ခဲ့မႈ။

၃။ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြမွာ အမ်ိဳးသမီးနဲ႔ မိန္းကေလးေတြ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြကို က်ဴးလြန္ခဲ့မႈ။

၄။ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရး အတြင္းနဲ႔ ေနာက္ပိုင္း ျဖစ္စဥ္ေတြမွာ ႐ိုဟင္ဂ်ာေတြ အေပၚ ျမန္မာ တာဝန္ရွိသူေတြက လူမ်ိဳးေရး ခြဲျခား ဆက္ဆံမႈ၊ ေစာ္ကားမႈ။

၅။ ႏိုင္ငံေတာ္ အဆင့္ မူဝါဒေတြမွာ ႏိုင္ငံသားျဖစ္မႈ ဥပေဒနဲ႔ ႏိုင္ငံသား စိစစ္ေရး ကတ္ျပား ထုတ္ေပးမႈ လုပ္ငန္းစဥ္ေတြမွာ ခြဲျခား ဆက္ဆံတဲ့ မူဝါဒနဲ႔ အစီအမံေတြရွိမႈ၊ ရခိုင္ ျပည္နယ္ အတြင္းက ရွိႏွင့္ၿပီး လူမ်ိဳးစု၊ လူမႈ အသိုင္းအဝန္းနဲ႔ လူဦးေရ တည္ရွိ ပုံစံ ပ်က္ျပားေအာင္ ေဆာင္႐ြက္မႈ။

၆။ အမ်ားျပည္သူၾကား ႐ိုဟင္ဂ်ာနဲ႔ ပတ္သက္ၿပီး အမုန္းတရား ျဖန႔္ခ်ိေနတာကို အစိုးရက အေရးယူ ေဆာင္႐ြက္မႈ မရွိခဲ့မႈ။

၇။ ႏိုင္ငံတကာ လူ႔အခြင့္အေရး နဲ႔ လူသားခ်င္း စာနာေထာက္ထားမႈ ဆိုင္ရာ ဥပေဒေတြ ခ်ိဳးေဖာက္ေနမႈကို အစိုးရ အေနနဲ႔ စုံစမ္းစစ္ေဆးဖို႔နဲ႔ တရားစြဲဆိုဖို႔ ပ်က္ကြက္ခဲ့မႈ တို႔ကို အဓိကေထာက္ျပသြားခဲ့ပါတယ္။
အဆုံးအျဖတ္မဲေပးႏိုင္တဲ့ အိုင္စီေဂ် ဥကၠ႒ (အလယ္)
UEHRDအေနနဲ႔ လည္းတာဝန္ရွိတယ္ လို႔လည္းေျပာ

ျမန္မာအစိုးရဟာ ဒါေတြကို တားဆီးဖို႔ ပ်က္ကြက္တယ္ဆိုၿပီး ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးအဖြဲ႕ရဲ႕ အစီရင္ခံစာေတြကို အဓိက ကိုးကားၿပီး ေထာက္ျပခဲ့ပါတယ္။

ဒါအျပင္ အစိုးရရဲ႕ ရခိုင္ျပည္နယ္ လူသားခ်င္းစာနာမႈ အကူအညီ အေထာက္အပံ့ေပးေရး၊ ျပန္လည္ ေနရာခ်ထားေရး၊ ဖြံ႕ၿဖိဳးေရး ေကာ္မတီ(UEHRD)အေနနဲ႔ လည္းတာဝန္ရွိတယ္ လို႔လည္းေျပာသြားပါတယ္။

ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး ပါဝင္တဲ့ UEHRD ဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈ ေတြမွာ အေထာက္အထားေတြကို ဖ်က္ဆီးခဲ့တဲ့ အထဲမွာပါတယ္လို႔လည္း ဂမ္ဘီယာ ဘက္က ေလွ်ာက္လဲသြားခဲ့ပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈေတြအတြက္ ေနာင္တမရ သလို ႐ိုဟင္ဂ်ာေတြကို အသိမွတ္ျပဳဖို႔ ပ်က္ကြက္တာ ေၾကာင့္ လူမ်ိဳးတုံးသတ္ျဖတ္မႈေတြ ဆက္လက္ က်ဳးလြန္ဖို႔ ရည္႐ြယ္ခ်က္ ရွိတယ္လို႔လည္းေလ်ာက္ လဲ သြားခဲ့ပါတယ္။
အေထာက္အထား

ဂမ္ဘီယာဘက္က တင္ျပတဲ့ အေထာက္အထားေတြကေတာ့ ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးအဖြဲ႕ရဲ႕ အစီရင္ခံစာေတြပါတဲ့ အေထာက္အထားေတြ ျဖစ္ပါတယ္။

ေမာင္းေတာ မင္းႀကီး႐ြာ မွာ တပ္မေတာ္က လူေပါင္း ၇၀၀ ေက်ာ္ ေလာက္ သတ္ျဖတ္ခဲ့တယ္ဆိုတဲ့ အခ်က္ အလက္ကို ေျပာသလို၊ ၿဂိဳဟ္တုပုံေတြအရ အေဆာက္အအုံေပါင္း ၄၀၀ ေက်ာ္ေလာက္ ဖ်က္ဆီးခံ ခဲ့ရတာနဲ႔ ေဘးက ဗုဒၶဘာသာ ဝင္ေတြရဲ႕ အိမ္ေတြ အေကာင္းအတိုင္းရွိေနတာကိုလည္း ဂမ္ဘီယာဘက္က တင္ျပခဲ့ပါတယ္။

ဒါ့အျပင္ ရခိုင္ျပည္နယ္ေျမာက္ပိုင္း က်ပ္ျပင္ ေက်း႐ြာမွာ စစ္သားေတြ ရာနဲ႔ခ်ီၿပီးေတာ့ ႐ြာသား ၃၀၀ ေက်ာ္ကို သတ္တာ၊ အိမ္ေတြကို မီးရႈိ႕တာ၊ အမ်ိဳးသမီးေတြကို အဓမၼျပဳက်င့္တာေတြကို လည္း မ်က္ျမင္ေတြ႕ရွိသူေတြကို ေမးျမန္းထားခ်က္ေတြ နဲ႔ ဂမ္ဘီယာဘက္က တင္ျပပါတယ္။ ဒါလည္း ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးအဖြဲ႕ ရဲ႕ အစီရင္ခံစာေတြပါတဲ့ အခ်က္ျဖစ္ပါတယ္။

ျမန္မာအစိုးရဘက္ ကေတာ့ ဒီအခ်က္ကို ႐ြာသားေတြ ဟာ ကိုယ္ဘာသာကို မီးရႈိ႕တာလို႔ ျပန္ရွင္းထားတယ္လို႔ လည္း ဂမ္ဘီယာ ဘက္ ကေျပာသြားခဲ့ပါတယ္။

 ဂမ္ဘီယာ ဘက္ကေထာက္ခံသူေတြ

ျမန္မာႏိုင္ငံ အတြင္း ဒုကၡသည္ စခန္းေတြ မွာ ၂၀၁၂ ေလာက္က စၿပီး ဒုကၡသည္ ၆ သိန္းေလာက္ ေနထိုင္ေနရ ၿပီးေတာ့ စစ္ေတြေအာင္မဂၤလာလို ေနရာမ်ိဳးမွာ ရဲေတြက လုံၿခဳံေရးယူထားၿပီး ခြင့္ျပဳခ်က္ပါမွ ပဲ သြားခြင့္ရွိတာ ကိုလည္း ေျပာသြားပါတယ္။

ဘာေၾကာင့္ အခုလို အၾကာႀကီး တားထားရတာကို အေၾကာင္းမျပႏိုင္တာကိုလည္း ေထာက္ျပသြားပါတယ္။

ဒါ့အျပင္ ႐ိုဟင္ဂ်ာ စခန္းေတြမွာ အေထာက္အပံ့ေတြ ကို တားခံရတာ၊ ႐ိုဟင္ဂ်ာနယ္ေတြကို ရွင္းလင္းေရးလုပ္ၿပီး အစိုးရက ေျမေတြသိမ္းသြားတာေတြကိုလည္း ေထာက္ျပသြားပါတယ္။

တပ္မေတာ္က ႐ိုဟင္ဂ်ာေတြရဲ႕ အစားအေသာက္နဲ႔ တိရစာၦန္ေတြကို အခေၾကးေငြ မေပးဘဲ အလကားရယူတာကို လည္း ဂမ္ဘီယာဘက္က ေျပာသြားပါတယ္။

ေနာက္ဆုံးတစ္ခ်က္ကေတာ့ အစိုးရက ေဆာင္႐ြက္ေပးေနတဲ့ အန္ ဗီစီကတ္ - ႏိုင္ငံသား ျဖစ္မႈ စိစစ္ေရးကတ္ကိုလည္း ကန္႔သတ္ျခင္းခံရတဲ့ အထဲမွာ ပါတယ္လို႔လည္း ဂမ္ဘီယာဘက္က ေရွ႕ေနေတြက ေျပာသြားပါတယ္။
 နယ္သာလန္ ႏိုင္ငံ သည္ဟိဂ္ၿမိဳ႕ကို ေရာက္လာတဲ့ ေဒၚေအာင္ဆန္းစုၾကည္
အစိုးရဟာ ျမန္မာစစ္တပ္ကို မဆန႔္က်င္ႏိုင္ေၾကာင္း အေထာက္ထားေတြျပ

အစိုးရဟာ ျမန္မာစစ္တပ္ကို မဆန႔္က်င္ႏိုင္ေၾကာင္း အေထာက္ထားေတြ ျပတဲ့ေနရာမွာ အျပစ္ရွိသူေတြ အျပစ္ေပးခံရမႈကေန ကင္းလြတ္ေနတာေတြကိုလည္း ေျပာသြားပါတယ္။

ျမန္မာတပ္မေတာ္ဟာ ႏိုင္ငံရဲ႕ ႏိုင္ငံေရး စီးပြားေရးမွာ ခ်ဳပ္ကိုင္ထားၿပီး အစိုးရက ဆန႔္က်င္ဖို႔ ဆႏၵမရွိတာ ဒါမွမဟုတ္ လုပ္ႏိုင္စြမ္းမရွိတာကို လည္း ေထာက္ျပသြားပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းက ေဒၚေအာင္ဆန္းစုၾကည္ဟာ တပ္မေတာ္က ဗိုလ္ခ်ဳပ္ ႀကီးသုံးေယာက္နဲ႔ အတူ ရပ္ေနတဲ့ပိုစတာပုံႀကီးကိုလည္း အစိုးရဟာ စစ္ေခါင္းေဆာင္ေတြနဲ႔ အတူတူပါဝင္ေနတယ္၊ အစိုးရအေနနဲ႔ စစ္ေခါင္းေဆာင္ေတြကို တာဝန္ခံဖို႔ မရွိဘူးဆိုတာကို ျပတယ္လို႔ စြပ္စြဲသြားပါတယ္။

ဒါအျပင္ တပ္က ႐ိုဟင္ဂ်ာေတြနဲ႔ ပတ္သက္ၿပီး အမ်ိဳးသမီးေတြကို အဓမၼျပဳက်င့္တာေတြကို ႏိုင္ငံေတာ္ အတိုင္ပင္ခံ ႐ုံး ေဖ့ဘုတ္ စာမ်က္ႏွာက FakeRapeဆိုၿပီး ထုတ္ျပန္တာကိုလည္း ဆက္စပ္ေနတယ္ဆိုၿပီး ဂမ္ဘီယာဘက္က သြားပါတယ္။

 ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္တဲ့ ျမန္မာကိုယ္စားလွယ္အဖြဲ႕

ျမန္မာအစိုးရဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈ ျဖစ္တာကို ရာဇဝတ္မႈအျဖစ္ အျပစ္ေပးဖို႔ ပ်က္ကြက္တယ္ ၊ရခိုင္ျပည္နယ္မွာ ရွိေနတဲ့ ႐ိုဟင္ဂ်ာေတြဟာ အေျခခံက်တဲ့ အခြင့္အေရးေတြ ခ်ိဳးေဖာက္ခံရမႈ ႀကဳံေနရၿပီး ေနာက္ထပ္ လူမ်ိဳးတုံး သတ္ျဖတ္မႈ ႀကဳံရမယ့္ အႏၲရာယ္ေၾကာင့္ ၾကားျဖတ္စီရင္ခြင့္ ကို ေတာင္းရတာျဖစ္တယ္လို႔ လည္း ဂမ္ဘီယာဘက္က ေျပာပါတယ္ ။

ျမန္မာႏိုင္ငံကို စြဲခ်က္ေတြနဲ႔ ပတ္သက္ၿပီး ခုခံေခ်ပမယ့္ ျမန္မာေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အဖြဲ႕ဟာလည္း ဒီဇင္ဘာလ ၁၀ ရက္ေန႔က အျပည္ျပည္ဆိုင္ရာ တရား႐ုံးကို ေရာက္ရွိလာခဲ့ၿပီး နားေထာင္ခဲ့ပါတယ္။

ျမန္မာကိုယ္စားလွယ္အဖြဲ႕က ဒီစြပ္စြဲခ်က္ေတြကို ဒီဇင္ဘာလ ၁၁ ရက္ေန႔ တရား႐ုံးမွာ ျပန္လည္ တုံ႔ျပန္ ခုခံေခ်ပေလ်ာက္လဲမွာ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
----------------
(Unicode)⤵⤵⤵
မြန်မာကို စွပ်စွဲထားတဲ့အမှု အိုင်စီဂျေမှာ ဂမ်ဘီယာ ဘာတွေ လျှောက်လဲသွားလဲ

ဓာတ်ပုံ မူပိုင် AFP
Image caption ဂမ်ဘီယာ ဘက်က သက်သေတင်သွားတဲ့ ကရင်ပြည်နယ်က ပိုစတာ

မြန်မာက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာ နိုင်ငံက စွပ်စွဲထားပြီး ကြားဖြတ်အစီအမံ အမိန့်တွေ ချမှတ်ပေးဖို့ တောင်းဆိုထားတာကို နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး အိုင်စီဂျေမှာဒီဇင်ဘာ ၁၀ ရက်က ကြားနာခဲ့ပါတယ် ။

ဒီနေ့ တရားရုံးကို ဒေါ်အောင်ဆန်းစုကြည်က မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တက်ရောက်လာခဲ့ပြီး တော့ မြန်မာနိုင်ငံဘက် က ငှားရမ်းထားတဲ့ရှေ့နေ ဝီလီယံ ရှားဘတ်စ်လည်း တက်ရောက်တာ တွေ့ရပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ်က မြန်မာနိုင်ငံမှာ ဆက်ရှိနေလို့ ဆိုပြီး provisional measures လို့ခေါ်တဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်တွေ မြန်မာဘက်က လုပ်ဆောင်အောင် အိုင်စီဂျေက အမိန့်ထုတ်ပြန်ပေးဖို့ ဒီနေ့ ဂမ်ဘီယာဘက်က လျှောက်ထားတာ ဖြစ်ပါတယ်။

ဂမ်ဘီယာဘက်ကတော့ ဂမ်ဘီယာ တရားရေးဝန်ကြီး နဲ့ ရှေ့နေချုပ် အဘူဘာကာ တမ်ဘာဒူးက ဦးဆောင်ပြီးတော့ ဂမ်ဘီယာ ငှားထားတဲ့ အမေရိကန်ရှေ့နေအဖွဲ့က လျှောက်လဲပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ် မြန်မာနိုင်ငံမှာ ဆက်ရှိနေလို့ဆိုပြီး provisional measures လို့ခေါ်တဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်တွေ ထုတ်ပေးနိုင်အောင် သက်သေ အထောက်အထားတွေ၊ လိုအပ်ချက်တွေ ဘယ်လိုရှိတယ်ဆိုတာကို အမေရိကန်ရှေ့နေအဖွဲ့က ရှေ့နေ ပေါလ် ရိုက်ဂနာအပါ အဝင် ရှေ့နေ ၈ ယောက်လောက် က ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ ရဲ့ အစီရင်ခံစာတွေကို ကိုးကားပြီး၃ နာရီနီးပါး လျှောက်လဲ သွားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂမ်ဘီယာ အဖွဲ့ခေါင်းဆောင် အဘူဘာကာ တမ်ဘာဒူး

ဂမ်ဘီယာ အဖွဲ့ခေါင်းဆောင် အဘူဘာကာ တမ်ဘာဒူးက ဘာကြောင့်တရားစွဲတယ်ဆိုတာကို အဓိက စပြောပါတယ်။

ဂမ်ဘီယာဟာ ကုလသမဂ္ဂရဲ့ ဂျီနိုဆိုက် ကွန်ဗင်းရှင်းမှာ လက်မှတ်ထိုးထားတယ်၊ ရိုဟင်ဂျာအရေးကိစ္စမှာ မြန်မာဘက်က ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို လိုက်နာဖို့ တာဝန် ပျက်ကွက်တယ်ဆိုပြီး တရားစွဲတာပါ။

မြန်မာနိုင်ငံဟာ ဂမ်ဘီယာ ပြောဆိုတာကို တောက်လျှောက်ငြင်းတာကြောင့် အခုလို အိုင်စီဂျေမှာ လာပြီး လျှောက်လဲရတာလို့လည်း အဘူဘာကာ တမ်ဘာဒူးက တရားရုံးမှာ ပြောသွားပါတယ် ။

မြန်မာနိုင်ငံထဲမှာ လူအများအပြားသေဆုံးပြီး တိုင်းပြည်က လူတွေ ထွက်ပြေးခဲ့ရသလို လူမျိုးတုံးသတ်ဖြတ်မှုတွေ ရပ်တန့်ဖို့ကို လည်းဂမ်ဘီယာက တောင်းဆိုပါတယ်။

သူဟာ အိုအိုင်စီကိုယ်စားလှယ်အနေနဲ့ ဘင်္ဂလားဒေ့ရှ် ဘက်က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကိုရောက်ခဲ့ပြီးတော့ သူတို့တွေ အခွင့်အရေးအတွက် အခုလို တရားစွဲရတာပါလို့လည်း သူက ပြောခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး အိုင်စီဂျေ
မြန်မာ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်ဆိုပြီး အချက် ၇ချက်ကိုပြော

ဂမ်ဘီယာ ဘက်က ရှေ့နေနောက်တစ်ဦးကတော့ ရိုဟင်ဂျာတွေကို ကယ်တင်ဖို့ အခွင့်အရေးရှိတဲ့ အကြောင်းနဲ့ မြန်မာတပ်မတော်ဘက်က ဒါတွေကို ကျုးလွန် ခဲ့ပြီးတော့ မြန်မာအစိုးရက တားဆီးဖို့ပျက်ကွက်ခဲ့တယ် ဆိုပြီးတော့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ ရဲ့ အစီရင်ခံစာတွေ ကို အဓိက ကိုးကားပြီးပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေး အထူးကိုယ်စားလှယ် ရန်ဟီးလီပြောခဲ့သလို မြန်မာတပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတကာစစ်ခုံရုံးမှာ တရားစွဲသင့်တယ်ဆိုတာကိုလည်း ပြောသွားခဲ့ပါတယ်။

ရိုဟင်ဂျာတွေ အပေါ်မှာ ရည်ရွယ်ချက် ရှိရှိ လူမျိုးတုံးသတ်ဖြတ်တယ်လို့ ညွန်ပြတဲ့ အချက် ၇ ချက် ကို ဂမ်ဘီယာဘက်က တင်ပြခဲ့ပါတယ်။

၁။ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်တွေမှာ ရက်စက် ကြမ်းကြုတ်မှု။

၂။ တပ်မတော်ရဲ့ စနစ်တကျ ချေမှုန်းဖျက်ဆီးရေး ဆောင်ရွက်ခဲ့မှု။

၃။ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့မှု။

၄။ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး အတွင်းနဲ့ နောက်ပိုင်း ဖြစ်စဉ်တွေမှာ ရိုဟင်ဂျာတွေ အပေါ် မြန်မာ တာဝန်ရှိသူတွေက လူမျိုးရေး ခွဲခြား ဆက်ဆံမှု၊ စော်ကားမှု။

၅။ နိုင်ငံတော် အဆင့် မူဝါဒတွေမှာ နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးမှု လုပ်ငန်းစဉ်တွေမှာ ခွဲခြား ဆက်ဆံတဲ့ မူဝါဒနဲ့ အစီအမံတွေရှိမှု၊ ရခိုင် ပြည်နယ် အတွင်းက ရှိနှင့်ပြီး လူမျိုးစု၊ လူမှု အသိုင်းအဝန်းနဲ့ လူဦးရေ တည်ရှိ ပုံစံ ပျက်ပြားအောင် ဆောင်ရွက်မှု။

၆။ အများပြည်သူကြား ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး အမုန်းတရား ဖြန့်ချိနေတာကို အစိုးရက အရေးယူ ဆောင်ရွက်မှု မရှိခဲ့မှု။

၇။ နိုင်ငံတကာ လူ့အခွင့်အရေး နဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေတွေ ချိုးဖောက်နေမှုကို အစိုးရ အနေနဲ့ စုံစမ်းစစ်ဆေးဖို့နဲ့ တရားစွဲဆိုဖို့ ပျက်ကွက်ခဲ့မှု

တို့ကို အဓိကထောက်ပြသွားခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption အဆုံးအဖြတ်မဲပေးနိုင်တဲ့ အိုင်စီဂျေ ဥက္ကဋ္ဌ (အလယ်)

UEHRDအနေနဲ့ လည်းတာဝန်ရှိတယ် လို့လည်းပြော

မြန်မာအစိုးရဟာ ဒါတွေကို တားဆီးဖို့ ပျက်ကွက်တယ်ဆိုပြီး ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာတွေကို အဓိက ကိုးကားပြီး ထောက်ပြခဲ့ပါတယ်။

ဒါအပြင် အစိုးရရဲ့ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး ကော်မတီ(UEHRD)အနေနဲ့ လည်းတာဝန်ရှိတယ် လို့လည်းပြောသွားပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပါဝင်တဲ့ UEHRD ဟာ လူမျိုးတုံးသတ်ဖြတ်မှု တွေမှာ အထောက်အထားတွေကို ဖျက်ဆီးခဲ့တဲ့ အထဲမှာပါတယ်လို့လည်း ဂမ်ဘီယာ ဘက်က လျှောက်လဲသွားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် နောင်တမရ သလို ရိုဟင်ဂျာတွေကို အသိမှတ်ပြုဖို့ ပျက်ကွက်တာ ကြောင့် လူမျိုးတုံးသတ်ဖြတ်မှုတွေ ဆက်လက် ကျုးလွန်ဖို့ ရည်ရွယ်ချက် ရှိတယ်လို့လည်းလျောက် လဲ သွားခဲ့ပါတယ်။
အထောက်အထား

ဂမ်ဘီယာဘက်က တင်ပြတဲ့ အထောက်အထားတွေကတော့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာတွေပါတဲ့ အထောက်အထားတွေ ဖြစ်ပါတယ်။

မောင်းတော မင်းကြီးရွာ မှာ တပ်မတော်က လူပေါင်း ၇၀၀ ကျော် လောက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အချက် အလက်ကို ပြောသလို၊ ဂြိုဟ်တုပုံတွေအရ အဆောက်အအုံပေါင်း ၄၀၀ ကျော်လောက် ဖျက်ဆီးခံ ခဲ့ရတာနဲ့ ဘေးက ဗုဒ္ဓဘာသာ ဝင်တွေရဲ့ အိမ်တွေ အကောင်းအတိုင်းရှိနေတာကိုလည်း ဂမ်ဘီယာဘက်က တင်ပြခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း ကျပ်ပြင် ကျေးရွာမှာ စစ်သားတွေ ရာနဲ့ချီပြီးတော့ ရွာသား ၃၀၀ ကျော်ကို သတ်တာ၊ အိမ်တွေကို မီးရှို့တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေကို လည်း မျက်မြင်တွေ့ရှိသူတွေကို မေးမြန်းထားချက်တွေ နဲ့ ဂမ်ဘီယာဘက်က တင်ပြပါတယ်။ ဒါလည်း ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ ရဲ့ အစီရင်ခံစာတွေပါတဲ့ အချက်ဖြစ်ပါတယ်။

မြန်မာအစိုးရဘက် ကတော့ ဒီအချက်ကို ရွာသားတွေ ဟာ ကိုယ်ဘာသာကို မီးရှို့တာလို့ ပြန်ရှင်းထားတယ်လို့ လည်း ဂမ်ဘီယာ ဘက် ကပြောသွားခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂမ်ဘီယာ ဘက်ကထောက်ခံသူတွေ
အထောက်အပံ့တွေကို ငြင်းတာ နေထိုင်ခွင့်ကန့် သတ်တာကို လည်းပြော

မြန်မာနိုင်ငံ အတွင်း ဒုက္ခသည် စခန်းတွေ မှာ ၂၀၁၂ လောက်က စပြီး ဒုက္ခသည် ၆ သိန်းလောက် နေထိုင်နေရ ပြီးတော့ စစ်တွေအောင်မင်္ဂလာလို နေရာမျိုးမှာ ရဲတွေက လုံခြုံရေးယူထားပြီး ခွင့်ပြုချက်ပါမှ ပဲ သွားခွင့်ရှိတာ ကိုလည်း ပြောသွားပါတယ်။

ဘာကြောင့် အခုလို အကြာကြီး တားထားရတာကို အကြောင်းမပြနိုင်တာကိုလည်း ထောက်ပြသွားပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာ စခန်းတွေမှာ အထောက်အပံ့တွေ ကို တားခံရတာ၊ ရိုဟင်ဂျာနယ်တွေကို ရှင်းလင်းရေးလုပ်ပြီး အစိုးရက မြေတွေသိမ်းသွားတာတွေကိုလည်း ထောက်ပြသွားပါတယ်။

တပ်မတော်က ရိုဟင်ဂျာတွေရဲ့ အစားအသောက်နဲ့ တိရစ္ဆာန်တွေကို အခကြေးငွေ မပေးဘဲ အလကားရယူတာကို လည်း ဂမ်ဘီယာဘက်က ပြောသွားပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ အစိုးရက ဆောင်ရွက်ပေးနေတဲ့ အန် ဗီစီကတ် - နိုင်ငံသား ဖြစ်မှု စိစစ်ရေးကတ်ကိုလည်း ကန့်သတ်ခြင်းခံရတဲ့ အထဲမှာ ပါတယ်လို့လည်း ဂမ်ဘီယာဘက်က ရှေ့နေတွေက ပြောသွားပါတယ်။
ဓာတ်ပုံ မူပိုင် Myanmar State counsellor Office
Image caption နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်
အစိုးရဟာ မြန်မာစစ်တပ်ကို မဆန့်ကျင်နိုင်ကြောင်း အထောက်ထားတွေပြ

အစိုးရဟာ မြန်မာစစ်တပ်ကို မဆန့်ကျင်နိုင်ကြောင်း အထောက်ထားတွေ ပြတဲ့နေရာမှာ အပြစ်ရှိသူတွေ အပြစ်ပေးခံရမှုကနေ ကင်းလွတ်နေတာတွေကိုလည်း ပြောသွားပါတယ်။

မြန်မာတပ်မတော်ဟာ နိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေးမှာ ချုပ်ကိုင်ထားပြီး အစိုးရက ဆန့်ကျင်ဖို့ ဆန္ဒမရှိတာ ဒါမှမဟုတ် လုပ်နိုင်စွမ်းမရှိတာကို လည်း ထောက်ပြသွားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်က ဗိုလ်ချုပ် ကြီးသုံးယောက်နဲ့ အတူ ရပ်နေတဲ့ပိုစတာပုံကြီးကိုလည်း အစိုးရဟာ စစ်ခေါင်းဆောင်တွေနဲ့ အတူတူပါဝင်နေတယ်၊ အစိုးရအနေနဲ့ စစ်ခေါင်းဆောင်တွေကို တာဝန်ခံဖို့ မရှိဘူးဆိုတာကို ပြတယ်လို့ စွပ်စွဲသွားပါတယ်။

ဒါအပြင် တပ်က ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေကို နိုင်ငံတော် အတိုင်ပင်ခံ ရုံး ဖေ့ဘုတ် စာမျက်နှာက FakeRapeဆိုပြီး ထုတ်ပြန်တာကိုလည်း ဆက်စပ်နေတယ်ဆိုပြီး ဂမ်ဘီယာဘက်က သွားပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့

မြန်မာအစိုးရဟာ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်တာကို ရာဇဝတ်မှုအဖြစ် အပြစ်ပေးဖို့ ပျက်ကွက်တယ် ၊ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ရိုဟင်ဂျာတွေဟာ အခြေခံကျတဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံရမှု ကြုံနေရပြီး နောက်ထပ် လူမျိုးတုံး သတ်ဖြတ်မှု ကြုံရမယ့် အန္တရာယ်ကြောင့် ကြားဖြတ်စီရင်ခွင့် ကို တောင်းရတာဖြစ်တယ်လို့ လည်း ဂမ်ဘီယာဘက်က ပြောပါတယ် ။

မြန်မာနိုင်ငံကို စွဲချက်တွေနဲ့ ပတ်သက်ပြီး ခုခံချေပမယ့် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာလည်း ဒီဇင်ဘာလ ၁၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာ တရားရုံးကို ရောက်ရှိလာခဲ့ပြီး နားထောင်ခဲ့ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့က ဒီစွပ်စွဲချက်တွေကို ဒီဇင်ဘာလ ၁၁ ရက်နေ့ တရားရုံးမှာ ပြန်လည် တုံ့ပြန် ခုခံချေပလျောက်လဲမှာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ျမန္မာကို စြပ္စြဲထားတဲ့အမႈ အိုင္စီေဂ်မွာ ဂမ္ဘီယာ ဘာေတြ ေလွ်ာက္လဲသြားလဲ ျမန္မာကို စြပ္စြဲထားတဲ့အမႈ အိုင္စီေဂ်မွာ ဂမ္ဘီယာ ဘာေတြ ေလွ်ာက္လဲသြားလဲ Reviewed by THITHTOOLWIN on 23:24 Rating: 5
Powered by Blogger.