ICJ အေရးရပ္တည္ခ်က္မတူတဲ့ ေျမာက္ပိုင္းအဖြဲ႕ေတြၾကား ဆက္ဆံေရး

 ျမန္မာကိုတရားစြဲတာဟာ ရွမ္းျပည္အေရွ႕ပိုင္း အထူးေဒသ (၄) နဲ႔လည္း တစ္စုံတစ္ရာပတ္သက္ေနတဲ့ကိစၥလို႔ မိုင္းလားအဖြဲ႕က ေျပာပါတယ္။
(Zawgyi)⤵⤵⤵
ကုလသမဂၢရဲ႕ အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ မွာ သြားေရာက္တရားရင္ဆိုင္မယ့္ ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံေၾကာင္း မိုင္းလားအဖြဲ႕က ထုတ္ျပန္လိုက္ပါတယ္။

ႏိုဝင္ဘာ ၃၀ ရက္ေန႔စြဲနဲ႔ ထုတ္ျပန္တဲ့ အဲဒီေၾကညာခ်က္မွာ ဂမ္ဘီယာႏိုင္ငံက ျမန္မာကို တရားစြဲထားတဲ့သတင္းကို မီဒီယာကေနတစ္ဆင့္ သိရၿပီး ဒါဟာ မိမိတို႔ ရွမ္းျပည္အေရွ႕ပိုင္း အထူးေဒသ (၄) နဲ႔လည္း တစ္စုံတစ္ရာပတ္သက္ေနတဲ့ကိစၥတစ္ရပ္လို႔ ေဖာ္ျပထားပါတယ္။
 မိုင္းလားအဖြဲ႕ဟာ စစ္အစိုးရလက္ထက္ကတည္းက ၿငိမ္းခ်မ္းေရးယူခဲ့တဲ့အဖြဲ႕ျဖစ္ၿပီး သမၼတ ဦးသိန္းစိန္လက္ထက္မွာ ျပည္နယ္အဆင့္ ျပည္ေထာင္စု အပစ္ရပ္စဲေရး သေဘာတူ ညီခ်က္ လက္မွတ္ေရးထိုးထား

ဒီအမႈကို ေဒၚေအာင္ဆန္းစုၾကည္က ကိုယ္တိုင္ ဦးေဆာင္ၿပီး သြားေရာက္ရင္ဆိုင္ေခ်ပမယ့္အျပဳအမူကို ေထာက္ခံေၾကာင္းနဲ႔ ႏိုင္ငံတကာအဖြဲ႕အစည္း အသီးသီးကလည္း ျမန္မာႏိုင္ငံရဲ႕အသံကို နားစြင့္ ၊ နားေထာင္ေပးၾကဖို႔ ေမတၱာရပ္ခံတယ္လို႔လည္း ပါရွိပါတယ္။

မိုင္းလားအဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္လို႔ အဲဒီအဖြဲ႕ရဲ႕ ေျပာခြင့္ရသူ ဦးၾကည္ျမင့္နဲ႔ ဦးခမ္းေမာင္တို႔ကို ဘီဘီစီကို ဒီဇင္ဘာ ၁ ရက္မွာ ဖုန္းနဲ႔အႀကိမ္ႀကိမ္ ဆက္သြယ္ေပမယ့္ အဆက္အသြယ္မရရွိေသးပါဘူး။

မိုင္းလားအဖြဲ႕ဟာ ၁၉၈၉ ခုႏွစ္ စစ္အစိုးရလက္ထက္ကတည္းက ၿငိမ္းခ်မ္းေရးယူခဲ့တဲ့အဖြဲ႕ျဖစ္ၿပီး သမၼတ ဦးသိန္းစိန္လက္ထက္မွာ ျပည္နယ္အဆင့္ ျပည္ေထာင္စု အပစ္ရပ္စဲေရး သေဘာတူညီခ်က္ လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႕တစ္ဖြဲ႕ျဖစ္သလို ေျမာက္ပိုင္းလက္နက္ကိုင္ခုနစ္ဖြဲ႕ စုေပါင္းဖြဲ႕စည္းထားတဲ့ ျပည္ေထာင္စုႏိုင္ငံေရးေဆြးေႏြးညႇိႏႈိင္းေရးေကာ္မတီ (FPNCC) ရဲ႕ အဖြဲ႕ဝင္လည္းျဖစ္ပါတယ္။

ႏိုဝင္ဘာ ၃၀ ရက္မွာ ဝျပည္ေသြးစည္းညီၫြတ္ေရးပါတီကလည္း ICJ အေရး အစိုးရရပ္တည္ခ်က္ကို ေထာက္ခံတယ္လို႔ ေၾကညာခ်က္ထုတ္ျပန္ ထားပါတယ္။

ဒါေပမဲ့ တပ္မေတာ္ကို ICC နဲ႔ ICJ မွာ တရားစြဲဆိုထားတာကို ေထာက္ခံတယ္လို႔ ရကၡိဳင့္တပ္ေတာ္ AA၊ တအာင္း၊ ပေလာင္ TNLA နဲ႔ ကိုးကန႔္ MNDAA စတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြက ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။ ဒီသုံးဖြဲ႕ဟာလည္း ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ဝင္ေတြျဖစ္ပါတယ္။

ဒီသုံးဖြဲ႕ထဲမွာ ေအေအနဲ႔ TNLA တို႔ဟာ တပ္မေတာ္နဲ႔ တိုက္ပြဲေတြျဖစ္ပြားေနၿပီး စစ္ေရးတင္းမာမႈေတြရွိေနပါတယ္။
 ၀တပ္ဖြဲ႕ဟာလည္း မိုင္းလားနည္းတူ စစ္အစိုးရလက္ထက္ကတည္းက ၿငိမ္းခ်မ္းေရးရယူထားတဲ့အဖြဲ႕ျဖစ္ပါတယ္။
အခုလို ျမန္မာအစိုးရအေပၚ တရားစြဲဆိုထားမႈ နဲ႔ပတ္သက္လို႔ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြၾကား သေဘာထားကြဲလြဲမႈေတြဟာ အဖြဲ႕အတြင္း ဆက္ဆံေရးအေပၚ သက္ေရာက္မႈရွိလာႏိုင္သလားဆိုတဲ့ ေမးခြန္းေတြလည္း ထြက္ေပၚလာပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ဝတပ္ဖြဲ႕ရဲ႕ ေျပာခြင့္ရသူ ဦးညီရန္းကေတာ့ ႏိုင္ငံေရးမဟာမိတ္ေတြနဲ႔ သီးျခားအျမင္ရွိတာသာျဖစ္ၿပီး အခ်င္းခ်င္း ယုံၾကည္မႈ ပ်က္ျပား မယ္လို႔ မျမင္ေၾကာင္း ေျပာၾကားထားပါတယ္။

ဒါ့အျပင္ အဲဒီအဖြဲ႕ေတြနဲ႔ ဝအဖြဲ႕ဟာ ေနာက္ခံျဖစ္တည္မႈခ်င္းလည္း ကြာျခားၿပီး ဝျပည္နယ္က ၿငိမ္းခ်မ္းေရး ယူလာတာ ႏွစ္ ၃၀ ေက်ာ္လာၿပီျဖစ္တယ္လို႔ သူက ဆိုပါတယ္။

ေျမာက္ပိုင္းစုဖြဲ႕မႈထဲမွာပါတဲ့ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ ေကအိုင္ေအရဲ႕ ေျပာခြင့္ရသူ ဗိုလ္မႉး ႀကီးေနာ္ဘူကေတာ့ သက္ေရာက္မႈ တစ္စုံ တစ္ရာရွိႏိုင္တယ္လို႔ ဘီဘီစီကို ေျပာပါတယ္။
 ေကအိုင္ေအကေတာ့ ဒီလိုရပ္တည္ခ်က္ကြဲလြဲတာဟာ မဟာမိတ္ေတြၾကား ဆက္ဆံေရးမွာ သက္ေရာက္မႈ တစ္စုံတစ္ရာရွိႏိုင္တယ္လို႔ဆို

"ဘာပဲျဖစ္ျဖစ္ သက္ေရာက္မႈကေတာ့ တစ္စုံတစ္ခုေတာ့ရွိမွာပါ။ ဒါေပမဲ့ ဘယ္ေလာက္ထိ အက်ိဳးသက္ေရာက္မႈ ရွိမွာလား ၊ မရွိဘူးလားဆိုတာေတာ့ ကြၽန္ေတာ္တို႔ သုံးသပ္လို႔မရဘူး။ ဒါေပမဲ့ ကိုယ့္သေဘာထားနဲ႔ ကိုယ့္အေနအထားနဲ႔ ရပ္တည္တယ္ဆိုတာ သေဘာထားထုတ္ျပန္တာေတာ့ ေကာင္းပါ တယ္" လို႔ ေျပာပါတယ္။

ICJ မွာ တရားစြဲခံထားရတဲ့ ျမန္မာအေပၚ ေကအိုင္ေအရဲ႕ သေဘာထားရပ္တည္ခ်က္ကိုေမးတဲ့အခါမွာေတာ့ ဗဟိုေကာ္မတီအေနနဲ႔ ၫႊန္ၾကားထားတာ မရွိေသးဘူးလို႔ သူက ဆက္ေျပာပါတယ္။
 ဒါဟာ ႏိုင္ငံေရးမဟုတ္ဘဲ ရာဇဝတ္မႈျဖစ္တယ္ဆိုတာ ခြဲျခားျမင္ဖို႔လိုတယ္လို႔ တအာန္းအဖြဲ႕ TNLA ေျပာ

တပ္မေတာ္ကို တရားစြဲတာ ေထာက္ခံေၾကာင္း ထုတ္ျပန္ထားတဲ့ TNLA အဖြဲ႕က ဗိုလ္မႉးမိုင္းအိုက္ေက်ာ္ကေတာ့ ဒါဟာ ႏိုင္ငံေရးျပႆနာမဟုတ္ဘဲ ရာဇဝတ္မႈျဖစ္ၿပီး ဝနဲ႔ မိုင္းလားေဒသမွာ တိုက္ပြဲျဖစ္ပြားတာမရွိသလို ျမန္မာ့တပ္မေတာ္ရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရတာ မရွိတဲ့အတြက္ သူတို႔အဖြဲ႕နဲ႔ ရပ္တည္ခ်က္ ေတြ မတူႏိုင္ဘူးလို႔ ေျပာပါတယ္။

ဒါ့အျပင္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕အခ်င္း ႏိုင္ငံေရးအရ ေပါင္းစည္းထားတာျဖစ္ၿပီး ဒီတရားစြဲခံရမႈျဖစ္စဥ္ဟာ ႏိုင္ငံေရးမဟုတ္ဘဲ ရာဇဝတ္မႈျဖစ္ တယ္ဆိုတာ ခြဲျခားျမင္ဖို႔လိုတယ္လို႔ ဗိုလ္မႉးမိုင္းအိုက္ေက်ာ္က ေျပာပါတယ္။

"ႏိုင္ငံေရးမဟာမိတ္ျဖစ္တယ္။ ဒါေပမဲ့ ေျမျပင္အေျခအေနခ်င္းက တျခားစီျဖစ္တယ္။ ပုံစံခ်င္းလည္းကြာတယ္။ ကြၽန္ေတာ္တို႔ လူထု ခံစားေနရ တာကိုအေျခခံၿပီး အခုလို ထုတ္ျပန္ထားတာျဖစ္တယ္" လို႔ ဗိုလ္မႉး မိုင္းအိုက္ေက်ာ္ကေျပာပါတယ္။

ဒါေပမဲ့ ဒီလိုရပ္တည္ခ်က္မတူတာဟာ ႏိုင္ငံေရးမဟာမိတ္အခ်င္းခ်င္းၾကား ဆက္ဆံေရးကို သက္ေရာက္မႈမရွိသလို ဝနဲ႔ မိုင္းလားတို႔နဲ႔ ဆက္ဆံေရး ထိခိုက္မွာကိုလည္း မစိုးရိမ္ဘူးလို႔လည္း သူက ေျပာပါတယ္။

႐ိုဟင္ဂ်ာေတြကို လူမ်ိဳးတုံးသတ္ျဖတ္တယ္ဆိုတဲ့စြပ္စြဲခ်က္နဲ႔ အစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (OIC) ကိုယ္စား ဂမ္ဘီယာႏိုင္ငံက ျမန္မာကို တရားစြဲဆိုထားတာကို နယ္သာလန္ႏိုင္ငံ၊ သေဟ့ဂ္ၿမိဳ႕မွာ ရွိတဲ့ ICJ တရား႐ုံးမွာ ေဒၚေအာင္ဆန္းစုၾကည္က ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္နဲ႔ ဦးေဆာင္ သြားေရာက္ရင္ဆိုင္မွာျဖစ္ပါတယ္။

႐ုံးခ်ိန္းေတြကို ဒီဇင္ဘာ ၁၀ ရက္မွာစတင္မယ္လို႔ ICJ ဘက္က ထုတ္ျပန္ထားပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
ICJ အရေးရပ်တည်ချက်မတူတဲ့ မြောက်ပိုင်းအဖွဲ့တွေကြား ဆက်ဆံရေး


Image caption မြန်မာကိုတရားစွဲတာဟာ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) နဲ့လည်း တစ်စုံတစ်ရာပတ်သက်နေတဲ့ကိစ္စလို့ မိုင်းလားအဖွဲ့က ပြောပါတယ်။

ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ သွားရောက်တရားရင်ဆိုင်မယ့် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း မိုင်းလားအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီကြေညာချက်မှာ ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲထားတဲ့သတင်းကို မီဒီယာကနေတစ်ဆင့် သိရပြီး ဒါဟာ မိမိတို့ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) နဲ့လည်း တစ်စုံတစ်ရာပတ်သက်နေတဲ့ကိစ္စတစ်ရပ်လို့ ဖော်ပြထားပါတယ်။
ဓာတ်ပုံ မူပိုင် MOngla
Image caption မိုင်းလားအဖွဲ့ဟာ စစ်အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေးယူခဲ့တဲ့အဖွဲ့ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပြည်နယ်အဆင့် ပြည်ထောင်စု အပစ်ရပ်စဲရေး သဘောတူ ညီချက် လက်မှတ်ရေးထိုးထား

ဒီအမှုကို ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင် ဦးဆောင်ပြီး သွားရောက်ရင်ဆိုင်ချေပမယ့်အပြုအမူကို ထောက်ခံကြောင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်း အသီးသီးကလည်း မြန်မာနိုင်ငံရဲ့အသံကို နားစွင့် ၊ နားထောင်ပေးကြဖို့ မေတ္တာရပ်ခံတယ်လို့လည်း ပါရှိပါတယ်။

မိုင်းလားအဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အဲဒီအဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးကြည်မြင့်နဲ့ ဦးခမ်းမောင်တို့ကို ဘီဘီစီကို ဒီဇင်ဘာ ၁ ရက်မှာ ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် အဆက်အသွယ်မရရှိသေးပါဘူး။

မိုင်းလားအဖွဲ့ဟာ ၁၉၈၉ ခုနှစ် စစ်အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေးယူခဲ့တဲ့အဖွဲ့ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပြည်နယ်အဆင့် ပြည်ထောင်စု အပစ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်သလို မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ရဲ့ အဖွဲ့ဝင်လည်းဖြစ်ပါတယ်။
ရပ်တည်ချက်မတူတဲ့ ထုတ်ပြန်ချက်တွေနဲ့ မြောက်ပိုင်းအဖွဲ့တွေကြားက ဆက်ဆံရေး

နိုဝင်ဘာ ၃၀ ရက်မှာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီကလည်း ICJ အရေး အစိုးရရပ်တည်ချက်ကို ထောက်ခံတယ်လို့ ကြေညာချက်ထုတ်ပြန် ထားပါတယ်။

ဒါပေမဲ့ တပ်မတော်ကို ICC နဲ့ ICJ မှာ တရားစွဲဆိုထားတာကို ထောက်ခံတယ်လို့ ရက္ခိုင့်တပ်တော် AA၊ တအာင်း၊ ပလောင် TNLA နဲ့ ကိုးကန့် MNDAA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒီသုံးဖွဲ့ဟာလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်ပါတယ်။

ဒီသုံးဖွဲ့ထဲမှာ အေအေနဲ့ TNLA တို့ဟာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။
ဓာတ်ပုံ မူပိုင် Khin Mg Win
Image caption ဝတပ်ဖွဲ့ဟာလည်း မိုင်းလားနည်းတူ စစ်အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေးရယူထားတဲ့အဖွဲ့ဖြစ်ပါတယ်။

အခုလို မြန်မာအစိုးရအပေါ် တရားစွဲဆိုထားမှု နဲ့ပတ်သက်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကြား သဘောထားကွဲလွဲမှုတွေဟာ အဖွဲ့အတွင်း ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိလာနိုင်သလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။

ဒါနဲ့ပတ်သက်လို့ ဝတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးညီရန်းကတော့ နိုင်ငံရေးမဟာမိတ်တွေနဲ့ သီးခြားအမြင်ရှိတာသာဖြစ်ပြီး အချင်းချင်း ယုံကြည်မှု ပျက်ပြား မယ်လို့ မမြင်ကြောင်း ပြောကြားထားပါတယ်။

ဒါ့အပြင် အဲဒီအဖွဲ့တွေနဲ့ ဝအဖွဲ့ဟာ နောက်ခံဖြစ်တည်မှုချင်းလည်း ကွာခြားပြီး ဝပြည်နယ်က ငြိမ်းချမ်းရေး ယူလာတာ နှစ် ၃၀ ကျော်လာပြီဖြစ်တယ်လို့ သူက ဆိုပါတယ်။

မြောက်ပိုင်းစုဖွဲ့မှုထဲမှာပါတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေရဲ့ ပြောခွင့်ရသူ ဗိုလ်မှူး ကြီးနော်ဘူကတော့ သက်ရောက်မှု တစ်စုံ တစ်ရာရှိနိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Hein Htet
Image caption ကေအိုင်အေကတော့ ဒီလိုရပ်တည်ချက်ကွဲလွဲတာဟာ မဟာမိတ်တွေကြား ဆက်ဆံရေးမှာ သက်ရောက်မှု တစ်စုံတစ်ရာရှိနိုင်တယ်လို့ဆို

"ဘာပဲဖြစ်ဖြစ် သက်ရောက်မှုကတော့ တစ်စုံတစ်ခုတော့ရှိမှာပါ။ ဒါပေမဲ့ ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိမှာလား ၊ မရှိဘူးလားဆိုတာတော့ ကျွန်တော်တို့ သုံးသပ်လို့မရဘူး။ ဒါပေမဲ့ ကိုယ့်သဘောထားနဲ့ ကိုယ့်အနေအထားနဲ့ ရပ်တည်တယ်ဆိုတာ သဘောထားထုတ်ပြန်တာတော့ ကောင်းပါ တယ်" လို့ ပြောပါတယ်။

ICJ မှာ တရားစွဲခံထားရတဲ့ မြန်မာအပေါ် ကေအိုင်အေရဲ့ သဘောထားရပ်တည်ချက်ကိုမေးတဲ့အခါမှာတော့ ဗဟိုကော်မတီအနေနဲ့ ညွှန်ကြားထားတာ မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။
ဓာတ်ပုံ မူပိုင် YE AUNG THU/AFP/GETTY IMAGES
Image caption ဒါဟာ နိုင်ငံရေးမဟုတ်ဘဲ ရာဇဝတ်မှုဖြစ်တယ်ဆိုတာ ခွဲခြားမြင်ဖို့လိုတယ်လို့ တအာန်းအဖွဲ့ TNLA ပြော

တပ်မတော်ကို တရားစွဲတာ ထောက်ခံကြောင်း ထုတ်ပြန်ထားတဲ့ TNLA အဖွဲ့က ဗိုလ်မှူးမိုင်းအိုက်ကျော်ကတော့ ဒါဟာ နိုင်ငံရေးပြဿနာမဟုတ်ဘဲ ရာဇဝတ်မှုဖြစ်ပြီး ဝနဲ့ မိုင်းလားဒေသမှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတာ မရှိတဲ့အတွက် သူတို့အဖွဲ့နဲ့ ရပ်တည်ချက် တွေ မတူနိုင်ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့အချင်း နိုင်ငံရေးအရ ပေါင်းစည်းထားတာဖြစ်ပြီး ဒီတရားစွဲခံရမှုဖြစ်စဉ်ဟာ နိုင်ငံရေးမဟုတ်ဘဲ ရာဇဝတ်မှုဖြစ် တယ်ဆိုတာ ခွဲခြားမြင်ဖို့လိုတယ်လို့ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောပါတယ်။

"နိုင်ငံရေးမဟာမိတ်ဖြစ်တယ်။ ဒါပေမဲ့ မြေပြင်အခြေအနေချင်းက တခြားစီဖြစ်တယ်။ ပုံစံချင်းလည်းကွာတယ်။ ကျွန်တော်တို့ လူထု ခံစားနေရ တာကိုအခြေခံပြီး အခုလို ထုတ်ပြန်ထားတာဖြစ်တယ်" လို့ ဗိုလ်မှူး မိုင်းအိုက်ကျော်ကပြောပါတယ်။

ဒါပေမဲ့ ဒီလိုရပ်တည်ချက်မတူတာဟာ နိုင်ငံရေးမဟာမိတ်အချင်းချင်းကြား ဆက်ဆံရေးကို သက်ရောက်မှုမရှိသလို ဝနဲ့ မိုင်းလားတို့နဲ့ ဆက်ဆံရေး ထိခိုက်မှာကိုလည်း မစိုးရိမ်ဘူးလို့လည်း သူက ပြောပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲဆိုထားတာကို နယ်သာလန်နိုင်ငံ၊ သဟေ့ဂ်မြို့မှာ ရှိတဲ့ ICJ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ ဦးဆောင် သွားရောက်ရင်ဆိုင်မှာဖြစ်ပါတယ်။

ရုံးချိန်းတွေကို ဒီဇင်ဘာ ၁၀ ရက်မှာစတင်မယ်လို့ ICJ ဘက်က ထုတ်ပြန်ထားပါတယ်။

BBC Burmese
https://www.bbc.com
ICJ အေရးရပ္တည္ခ်က္မတူတဲ့ ေျမာက္ပိုင္းအဖြဲ႕ေတြၾကား ဆက္ဆံေရး ICJ အေရးရပ္တည္ခ်က္မတူတဲ့ ေျမာက္ပိုင္းအဖြဲ႕ေတြၾကား ဆက္ဆံေရး Reviewed by THITHTOOLWIN on 21:35 Rating: 5
Powered by Blogger.