တ႐ုတ္ဇနီးမယားအျဖစ္ လူကုန္ကူးခံရသူ အမ်ားအျပားရွိေန

တ႐ုတ္- ျမန္မာ နယ္စပ္ဂိတ္ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ဒီႏွစ္အတြင္း တ႐ုတ္ႏိုင္ငံကို လူကုန္ကူးခံရမႈေတြထဲမွာ ဇနီးမယားအျဖစ္ ေရာင္းစားဖို႔ လူကုန္ကူးခံရသူေတြမ်ားၿပီး အဲအထဲကအမ်ိဳးသမီး ၆၀ ေက်ာ္ကို ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕နယ္ လူကုန္ကူးမႈ တာဆီးကာကြယ္ေရး ရဲတပ္ဖြဲ႕က ကယ္တင္ႏိုင္ခဲ့ပါတယ္။

တ႐ုတ္ဇနီးမယားအျဖစ္ ေရာင္းစားမခံရခင္ ကယ္တင္ႏိုင္ခဲ့တာေတြရွိသလို နယ္စပ္ကိုေက်ာ္သြားၿပီး တ႐ုတ္ျပည္ထဲေရာက္သြားလို႔ တ႐ုတ္မယားအျဖစ္ ေရာင္းစားခံရသူေတြလည္း အမ်ားအျပား ရွိတယ္လို႔  အကူအညီေပးေနသူေတြက ေျပာပါတယ္။

ဒီႏွစ္စကေန ႏိုဝင္ဘာလကုန္အထိ တ႐ုတ္-ျမန္မာနယ္စပ္ မူဆယ္ဘက္မွာ လူကုန္ကူးမႈ ၃၉ မႈ ျဖစ္ပြားခဲ့ၿပီး အဲဒီထဲက အမ်ိဳးသမီး ၆၁ ဦးနဲ႔ ကေလးႏွစ္ဦးကို ကယ္တင္လိုက္ႏိုင္ခဲ့ၿပီး အားလုံးနီးပါးဟာ ဇနီးမယားအျဖစ္ ေရာင္းစားဖို႔ လူပြဲစားေတြက ေသြးေဆာင္ျဖားေယာင္း ေခၚေဆာင္ခံရတာလို႔ အမွတ္ အမွတ္ ၁၇ လူကုန္ကူးမႈတားဆီးကာကြယ္ေရး ရဲတပ္ဖြဲ႕႐ုံး ရဲမႉး ေက်ာ္ၫႊန႔္က ေျပာပါတယ္။

လူကုန္ကူးခံရသူေတြဟာ နယ္စပ္မွာ ဝင္ေငြေကာင္းတဲ့ အလုပ္ေတြရွိတယ္ဆိုၿပီး ယုံၾကည္ေအာင္ ပြဲစားေတြက ေျပာဆိုေခၚလာၿပီး ဒီေရာက္မွ တ႐ုတ္မယားအျဖစ္ အတင္းအဓမၼ ေရာင္းစားခံရတာမ်ားတယ္လို႔ ရဲမႉး ေက်ာ္ၫႊန႔္က ေျပာပါတယ္။

“အဓိက နယ္စပ္ေဒသမွာ မူဆယ္မွာဝင္ေငြေကာင္းတဲ့ အလုပ္ေတြရမယ္၊ ဒီပုံစံနဲ႔ ယုံၾကည္ေအာင္ စည္း႐ုံးေခၚလာတယ္၊ ဒီက်မွ တ႐ုတ္ေယာက်ၤားယူရမယ္၊ တ႐ုတ္ေယာက်ၤားယူရင္ အလုပ္လုပ္တာထက္ ပိုက္ဆံပိုရမယ္ စသျဖင့္ျဖစ္လာတာေတြ႕ရတယ္၊ ေနာက္ပိုင္းမွာေတာ့ အဲလိုမ်ိဳး စည္း႐ုံးေခၚေဆာင္လာၿပီး တ႐ုတ္ေယာက်ၤားကို အဓမၼလက္ထပ္ဖို႔ ေရာင္းစားခံရတဲ့ျဖစ္ေနတာကို အမ်ားဆုံးေတြ႕ရတယ္”

ဒီလူကုန္ကူးမႈမွာ ပါဝင္တဲ့ ပြဲစား ၁၃၆ ေယာက္ကိုလည္း လူကုန္ကူးမႈတိုက္ဖ်က္ေရးဥပေဒေတြနဲ႔ အမႈဖြင့္ အေရးယူထားတယ္လို႔ သိရပါတယ္။

လူကုန္ကူးခံရသူေတြထဲမွာ ရန္ကုန္တိုင္းေဒသႀကီး လႈိင္သာယာနဲ႔ ေျမာက္ဥကၠလာပၿမိဳ႕နယ္ေတြက အမ်ားဆုံးျဖစ္ၿပီး ရခိုင္ျပည္နယ္က  ဒုတိယအမ်ားဆုံးျဖစ္တယ္လို႔ ဆိုပါတယ္။

ႏိုဝင္ဘာလ ၂၆ ရက္ေန႔ကလည္း ေ႐ႊလီၿမိဳ႕က ဟိုတယ္တစ္ခုမွာ အမ်ိဳးသမီးေတြကို တ႐ုတ္မယားအျဖစ္ ေရာင္းစားဖို႔ စုထားတယ္ဆိုတဲ့ သတင္းေပး တိုင္ၾကားခ်က္ရတာေၾကာင့္ တ႐ုတ္ႏိုင္ငံဘက္က လူကုန္ကူးမႈ တိုက္ဖ်က္ေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕႐ုံးနဲ႔ ပူးေပါင္းကာ ကယ္တယ္ခဲ့ရတယ္လို႔ သိရပါတယ္။

အဲဒီမွာ အမ်ိဳးသမီး ကိုးဦးနဲ႔ အမ်ိဳးသားတစ္ဦးကို ေတြ႕ရၿပီး အမ်ိဳးသမီး ခုႏွစ္ဦးဟာ တ႐ုတ္မယားအျဖစ္ ေရာင္းစားဖို႔ လူကုန္ကူးခံရတာပါ။

သူတို႔ကို လူကုန္ကူးခဲ့တယ္လို႔ ယူဆရတဲ့ အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးသမီးႏွစ္ဦးကို မူဆယ္ၿမိဳ႕မစခန္းမွာ အမႈဖြင့္ အေရးယူထားပါတယ္။

ဒီလူကုန္ကူးခံရသူေတြကို အကူညီေပးေနတဲ့ တ႐ုတ္ ျမန္မာနယ္စပ္က လူမႈကူညီေရးအသင္းေတြလည္းရွိၿပီး သူတို႔ကို အကူညီေတာင္းသူေတြကို မူဆယ္ လူကုန္ကူးမႈတားဆီးကာကြယ္ေရး ရဲတပ္ဖြဲ႕၊ တ႐ုတ္ႏိုင္ငံက တာဝန္ရွိသူေတြ ပူးေပါင္းၿပီး ကယ္တင္ႏိုင္ခဲ့တာေတြလည္း ရွိပါတယ္။ ဒါေပမဲ့ မကယ္တင္ႏိုင္ခဲ့ဘဲ ေရာင္းစားခံထားရသူ အမ်ားအျပားရွိေနပါေသးတယ္။

တ႐ုတ္ႏိုင္ငံမွာ လူပြဲစားေတြကေန တ႐ုတ္မယားအျဖစ္ ေရာင္းစားခံရသူေတြက ကယ္တင္ႏိုင္ခဲ့တဲ့ အေရအတြက္ထက္မ်ားတယ္လို႔ ေ႐ႊလီအေျခစိုက္  မိုးမခေဖာင္ေဒးရွင္းနာယက ေဒၚမိုးမခက ေျပာပါတယ္။

“ကယ္ႏိုင္တဲ့ လူဦးေရက နည္းတာေပါ့၊ မကယ္ႏိုင္ဘဲ ဟိုဘက္မွာ ေရာင္းစားခံရတဲ့သူ အေရအတြက္ကမ်ားမယ္လို႔ က်မတို႔က ျမင္ပါတယ္၊ ဘာျဖစ္လို႔လဲဆိုရင္ အကူညီေတာင္းလာတယ္ဆိုရင္ က်မတို႔ လက္လွမ္းမီသေလာက္ေတာ့ အကူညီေပးႏိုင္တယ္၊ အတြင္းဘက္ကို ေရာက္သြားၿပီဆိုရင္ေတာ့ အနည္းနဲ႔အမ်ား ကူညီႏိုင္ခဲ့တဲ့ဟာေတြလည္းရွိတယ္၊ အခ်ိန္ကေတာ့ အကန႔္အသတ္ထားလို႔ မရဘူးေပါ့”

မိုးမခေဖာင္ေဒးရွင္းဟာ တ႐ုတ္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားေတြကို လိုအပ္တဲ့အကူအညီေတြ ေပးေနတဲ့ အဖြဲ႕တစ္ခုျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ဇနီးမယားအျဖစ္ ေရာင္းစားခံရသူ အမ်ားစုဟာ ေတာ႐ြာေတြကို ေရာင္းစားခံရသူ မ်ားတာေၾကာင့္ အကူညီေတာင္းသူေတြရွိေပမယ့္ ကူညီဖို႔ခက္ခဲတယ္လို႔ ေဒၚမိုးမခ က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံအတြင္း ဇနီးမယားအျဖစ္ ေရာင္းစားခံရတဲ့ အမ်ိဳးသမီး တစ္ေထာင္နီးပါးေလာက္ ရွိႏိုင္တယ္လို႔ သူက ခန႔္မွန္းပါတယ္။

တ႐ုတ္နယ္စပ္မွာ ေရာင္းစားခံရသူေတြကို ကူညီႏိုင္ေပမယ့္ တ႐ုတ္ျပည္အထဲေရာက္သြားရင္ ကူညီဖို႔ခက္ခဲတယ္လို႔ မူဆယ္လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ရဲတပ္ဖြဲ႕ ရဲမႉး ေက်ာ္ၫႊန႔္က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံနဲ႔ ႏွစ္ႏိုင္ငံအစိုးရခ်င္း သေဘာတူစာခ်ဳပ္ေတြနဲ႔ တရားဝင္သြားေရာက္ အလုပ္လုပ္ခြင့္ရရွိထားတဲ့ ႏိုင္ငံမဟုတ္ေပမယ့္ ျမန္မာႏိုင္ငံသား အမ်ားအျပား သြားေရာက္လုပ္ကိုင္ေနၾကတာပါ။

တရားဝင္သြားေရာက္တာ မဟုတ္တဲ့အတြက္ တ႐ုတ္ႏိုင္ငံဘက္မွာ လူကုန္ကူးခံရတာ၊ လုပ္ခလစာ မရတာေတြ ရင္ဆိုင္ႀကဳံေတြ႕ရပါတယ္။

အစိုးရအေနနဲ႔ တ႐ုတ္ႏိုင္ငံကို အလုပ္သမားေတြ တရားဝင္သြားခြင့္ရေအာင္ လုပ္ေဆာင္ေပးသင့္တယ္လို႔ မူဆယ္ၿမိဳ႕ က႐ုဏာ လူမႈကူညီေရးအသင္းက ဦးေသာင္းထြန္း ေျပာပါတယ္။

“တကယ္တမ္းဆိုရင္ေလ တ႐ုတ္ႏိုင္ငံဘက္မွာလည္း အလုပ္သမားလိုအပ္ခ်က္ ျမင့္မားေနတာပဲ၊ က်ေနာ္ ျမန္မာႏိုင္ငံက အလုပ္လုပ္မယ့္သူေတြ တရားဝင္ခြင့္ျပဳခ်က္ေတြ၊ ႏွစ္ႏိုင္ငံ MOU လက္မွတ္ထိုးတာေတြ ေဆာင္႐ြက္ႏိုင္လို႔ရွိရင္ေတာ့ ခုနက လူကုန္ကူးခံရတာေတြ၊ မတရားဖိႏွိပ္ခံရတာေတြ၊ လုပ္ခလစာမရတာေတြ၊ အဖမ္းဆီးခံရတာေတြ၊ အမ်ားႀကီး သက္သာသြားမယ္၊ ကိုယ္ႏိုင္ငံလည္း အလုပ္လုပ္သြားတဲ့သူေတြ အဆင္ေျပသြားမယ္၊ အဲလိုပဲ က်ေနာ္တို႔က ယူဆပါတယ္”

၂၀၁၈ ခုႏွစ္အတြင္းမွာေတာ့ လူကုန္ကူးမႈ ၄၀ အနည္းဆုံးရွိခဲ့ၿပီး အမ်ိဳးသမီး ၅၈ ေယာက္ကို ရဲတပ္ဖြဲ႕က ကယ္တင္ခဲ့ရပါတယ္။ ဒီႏွစ္ ၁၁ လအတြင္း လူကုန္ကူးခံရသူ အမ်ိဳးသမီး ၆၀ ေက်ာ္ ရွိလာတာေၾကာင့္ တ႐ုတ္ဇနီးမယားအျဖစ္ လူကုန္ကူးခံရသူ ပိုတိုးလာတယ္လို႔ ဆိုရမွာပါ။ ဒီလိုလူကုန္ကူးမႈေတြမွာ လူပြဲစားေတြကေနတဆင့္ ခံရတာရွိသလို မိဘေဆြမ်ိဳး၊ အိမ္နီးနားခ်င္း အသိမိတ္ေဆြေတြကလည္း ေရာင္းစားတာေတြရွိတယ္လို႔ အကူအညီေပးေနသူေတြက ေျပာၾကပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
တရုတ်ဇနီးမယားအဖြစ် လူကုန်ကူးခံရသူ အများအပြားရှိနေ

တရုတ်- မြန်မာ နယ်စပ်ဂိတ်ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ဒီနှစ်အတွင်း တရုတ်နိုင်ငံကို လူကုန်ကူးခံရမှုတွေထဲမှာ ဇနီးမယားအဖြစ် ရောင်းစားဖို့ လူကုန်ကူးခံရသူတွေများပြီး အဲအထဲကအမျိုးသမီး ၆၀ ကျော်ကို ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် လူကုန်ကူးမှု တာဆီးကာကွယ်ရေး ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ပါတယ်။

တရုတ်ဇနီးမယားအဖြစ် ရောင်းစားမခံရခင် ကယ်တင်နိုင်ခဲ့တာတွေရှိသလို နယ်စပ်ကိုကျော်သွားပြီး တရုတ်ပြည်ထဲရောက်သွားလို့ တရုတ်မယားအဖြစ် ရောင်းစားခံရသူတွေလည်း အများအပြား ရှိတယ်လို့  အကူအညီပေးနေသူတွေက ပြောပါတယ်။

ဒီနှစ်စကနေ နိုဝင်ဘာလကုန်အထိ တရုတ်-မြန်မာနယ်စပ် မူဆယ်ဘက်မှာ လူကုန်ကူးမှု ၃၉ မှု ဖြစ်ပွားခဲ့ပြီး အဲဒီထဲက အမျိုးသမီး ၆၁ ဦးနဲ့ ကလေးနှစ်ဦးကို ကယ်တင်လိုက်နိုင်ခဲ့ပြီး အားလုံးနီးပါးဟာ ဇနီးမယားအဖြစ် ရောင်းစားဖို့ လူပွဲစားတွေက သွေးဆောင်ဖြားယောင်း ခေါ်ဆောင်ခံရတာလို့ အမှတ် အမှတ် ၁၇ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ရုံး ရဲမှူး ကျော်ညွှန့်က ပြောပါတယ်။

လူကုန်ကူးခံရသူတွေဟာ နယ်စပ်မှာ ဝင်ငွေကောင်းတဲ့ အလုပ်တွေရှိတယ်ဆိုပြီး ယုံကြည်အောင် ပွဲစားတွေက ပြောဆိုခေါ်လာပြီး ဒီရောက်မှ တရုတ်မယားအဖြစ် အတင်းအဓမ္မ ရောင်းစားခံရတာများတယ်လို့ ရဲမှူး ကျော်ညွှန့်က ပြောပါတယ်။

“အဓိက နယ်စပ်ဒေသမှာ မူဆယ်မှာဝင်ငွေကောင်းတဲ့ အလုပ်တွေရမယ်၊ ဒီပုံစံနဲ့ ယုံကြည်အောင် စည်းရုံးခေါ်လာတယ်၊ ဒီကျမှ တရုတ်ယောင်္ကျားယူရမယ်၊ တရုတ်ယောင်္ကျားယူရင် အလုပ်လုပ်တာထက် ပိုက်ဆံပိုရမယ် စသဖြင့်ဖြစ်လာတာတွေ့ရတယ်၊ နောက်ပိုင်းမှာတော့ အဲလိုမျိုး စည်းရုံးခေါ်ဆောင်လာပြီး တရုတ်ယောင်္ကျားကို အဓမ္မလက်ထပ်ဖို့ ရောင်းစားခံရတဲ့ဖြစ်နေတာကို အများဆုံးတွေ့ရတယ်”

ဒီလူကုန်ကူးမှုမှာ ပါဝင်တဲ့ ပွဲစား ၁၃၆ ယောက်ကိုလည်း လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

လူကုန်ကူးခံရသူတွေထဲမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေက အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်က  ဒုတိယအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း ရွှေလီမြို့က ဟိုတယ်တစ်ခုမှာ အမျိုးသမီးတွေကို တရုတ်မယားအဖြစ် ရောင်းစားဖို့ စုထားတယ်ဆိုတဲ့ သတင်းပေး တိုင်ကြားချက်ရတာကြောင့် တရုတ်နိုင်ငံဘက်က လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရုံးနဲ့ ပူးပေါင်းကာ ကယ်တယ်ခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီမှာ အမျိုးသမီး ကိုးဦးနဲ့ အမျိုးသားတစ်ဦးကို တွေ့ရပြီး အမျိုးသမီး ခုနှစ်ဦးဟာ တရုတ်မယားအဖြစ် ရောင်းစားဖို့ လူကုန်ကူးခံရတာပါ။

သူတို့ကို လူကုန်ကူးခဲ့တယ်လို့ ယူဆရတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးကို မူဆယ်မြို့မစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။

ဒီလူကုန်ကူးခံရသူတွေကို အကူညီပေးနေတဲ့ တရုတ် မြန်မာနယ်စပ်က လူမှုကူညီရေးအသင်းတွေလည်းရှိပြီး သူတို့ကို အကူညီတောင်းသူတွေကို မူဆယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့၊ တရုတ်နိုင်ငံက တာဝန်ရှိသူတွေ ပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့တာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ မကယ်တင်နိုင်ခဲ့ဘဲ ရောင်းစားခံထားရသူ အများအပြားရှိနေပါသေးတယ်။

တရုတ်နိုင်ငံမှာ လူပွဲစားတွေကနေ တရုတ်မယားအဖြစ် ရောင်းစားခံရသူတွေက ကယ်တင်နိုင်ခဲ့တဲ့ အရေအတွက်ထက်များတယ်လို့ ရွှေလီအခြေစိုက်  မိုးမခဖောင်ဒေးရှင်းနာယက ဒေါ်မိုးမခက ပြောပါတယ်။

“ကယ်နိုင်တဲ့ လူဦးရေက နည်းတာပေါ့၊ မကယ်နိုင်ဘဲ ဟိုဘက်မှာ ရောင်းစားခံရတဲ့သူ အရေအတွက်ကများမယ်လို့ ကျမတို့က မြင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုရင် အကူညီတောင်းလာတယ်ဆိုရင် ကျမတို့ လက်လှမ်းမီသလောက်တော့ အကူညီပေးနိုင်တယ်၊ အတွင်းဘက်ကို ရောက်သွားပြီဆိုရင်တော့ အနည်းနဲ့အများ ကူညီနိုင်ခဲ့တဲ့ဟာတွေလည်းရှိတယ်၊ အချိန်ကတော့ အကန့်အသတ်ထားလို့ မရဘူးပေါ့”

မိုးမခဖောင်ဒေးရှင်းဟာ တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို လိုအပ်တဲ့အကူအညီတွေ ပေးနေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ဇနီးမယားအဖြစ် ရောင်းစားခံရသူ အများစုဟာ တောရွာတွေကို ရောင်းစားခံရသူ များတာကြောင့် အကူညီတောင်းသူတွေရှိပေမယ့် ကူညီဖို့ခက်ခဲတယ်လို့ ဒေါ်မိုးမခ က ပြောပါတယ်။

တရုတ်နိုင်ငံအတွင်း ဇနီးမယားအဖြစ် ရောင်းစားခံရတဲ့ အမျိုးသမီး တစ်ထောင်နီးပါးလောက် ရှိနိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။

တရုတ်နယ်စပ်မှာ ရောင်းစားခံရသူတွေကို ကူညီနိုင်ပေမယ့် တရုတ်ပြည်အထဲရောက်သွားရင် ကူညီဖို့ခက်ခဲတယ်လို့ မူဆယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ ရဲမှူး ကျော်ညွှန့်က ပြောပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံအစိုးရချင်း သဘောတူစာချုပ်တွေနဲ့ တရားဝင်သွားရောက် အလုပ်လုပ်ခွင့်ရရှိထားတဲ့ နိုင်ငံမဟုတ်ပေမယ့် မြန်မာနိုင်ငံသား အများအပြား သွားရောက်လုပ်ကိုင်နေကြတာပါ။

တရားဝင်သွားရောက်တာ မဟုတ်တဲ့အတွက် တရုတ်နိုင်ငံဘက်မှာ လူကုန်ကူးခံရတာ၊ လုပ်ခလစာ မရတာတွေ ရင်ဆိုင်ကြုံတွေ့ရပါတယ်။

အစိုးရအနေနဲ့ တရုတ်နိုင်ငံကို အလုပ်သမားတွေ တရားဝင်သွားခွင့်ရအောင် လုပ်ဆောင်ပေးသင့်တယ်လို့ မူဆယ်မြို့ ကရုဏာ လူမှုကူညီရေးအသင်းက ဦးသောင်းထွန်း ပြောပါတယ်။

“တကယ်တမ်းဆိုရင်လေ တရုတ်နိုင်ငံဘက်မှာလည်း အလုပ်သမားလိုအပ်ချက် မြင့်မားနေတာပဲ၊ ကျနော် မြန်မာနိုင်ငံက အလုပ်လုပ်မယ့်သူတွေ တရားဝင်ခွင့်ပြုချက်တွေ၊ နှစ်နိုင်ငံ MOU လက်မှတ်ထိုးတာတွေ ဆောင်ရွက်နိုင်လို့ရှိရင်တော့ ခုနက လူကုန်ကူးခံရတာတွေ၊ မတရားဖိနှိပ်ခံရတာတွေ၊ လုပ်ခလစာမရတာတွေ၊ အဖမ်းဆီးခံရတာတွေ၊ အများကြီး သက်သာသွားမယ်၊ ကိုယ်နိုင်ငံလည်း အလုပ်လုပ်သွားတဲ့သူတွေ အဆင်ပြေသွားမယ်၊ အဲလိုပဲ ကျနော်တို့က ယူဆပါတယ်”

၂၀၁၈ ခုနှစ်အတွင်းမှာတော့ လူကုန်ကူးမှု ၄၀ အနည်းဆုံးရှိခဲ့ပြီး အမျိုးသမီး ၅၈ ယောက်ကို ရဲတပ်ဖွဲ့က ကယ်တင်ခဲ့ရပါတယ်။ ဒီနှစ် ၁၁ လအတွင်း လူကုန်ကူးခံရသူ အမျိုးသမီး ၆၀ ကျော် ရှိလာတာကြောင့် တရုတ်ဇနီးမယားအဖြစ် လူကုန်ကူးခံရသူ ပိုတိုးလာတယ်လို့ ဆိုရမှာပါ။ ဒီလိုလူကုန်ကူးမှုတွေမှာ လူပွဲစားတွေကနေတဆင့် ခံရတာရှိသလို မိဘဆွေမျိုး၊ အိမ်နီးနားချင်း အသိမိတ်ဆွေတွေကလည်း ရောင်းစားတာတွေရှိတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။

RFA Burmese
https://www.rfa.org
တ႐ုတ္ဇနီးမယားအျဖစ္ လူကုန္ကူးခံရသူ အမ်ားအျပားရွိေန တ႐ုတ္ဇနီးမယားအျဖစ္ လူကုန္ကူးခံရသူ အမ်ားအျပားရွိေန Reviewed by THITHTOOLWIN on 21:40 Rating: 5
Powered by Blogger.